အတွဲ (၁၇)၊ အမှတ် (၆)

Issue Date: 
Thursday, April 12, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူး၊ (ဧပြီ ၁၁၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Tuesday 2018-04-10
    ဗဟိုဘဏ်စည်းမျဉ်း သတ်မှတ်ချက်များ ပြုပြင်ပြီးဖြစ်၍ ပုဂ္ဂလိကဘဏ်အချို့ ချေးငွေများ ပြန်လည်ထုတ်ချေးမည်ဟု ဘဏ်အကြီးတန်းအရာရှိအချို့ က ပြောသည်။
  • Tuesday 2018-04-10
    ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းမျှော်မှန်း ပမာဏပြည့်မီခဲ့ပြီး နှစ် ၂၀ အတွင်း အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။ 
  • Tuesday 2018-04-10
    သင်္ကြန်ကာလအတွင်း မောင်တောနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဖွင့်လှစ်ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ ပုံမှန်ကုန်သွယ်နိုင်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
  • Tuesday 2018-04-10
    ယခုဘဏ္ဍာနှစ်စတွင် မှတ်ပုံတင်ကြေးထက်ဝက်ခန့် လျှော့ချခဲ့၍ မှတ်ပုံတင်သည့် ကုမ္ပဏီအရေအတွက် တစ်ဆခွဲကျော် တိုးလာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။ 
  • Thursday 2018-04-12
    တစ်ရက်က လူမှုကွန်ရက်တွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သော စာပိုဒ်တိုလေးတစ်ခု တင်လိုက်မိသည်။ ‘‘မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေ ကျဆင်းသွားခြင်းမဟုတ်ဘဲ ခွင်(ခေါ်) လူတစ်စုအတွက် အခွင့်ထူးများ ရရှိခြင်းမရှိတော့သည့် စီးပွားရေး မလုပ်တတ်တော့ဘဲ ရပ်တန့်သွား ခြင်းဖြစ်သည်’’ ဆိုသည့် အဓိပ္ပာယ် ပါသော စာတစ်ကြောင်းဖြစ်သည်။ မိမိ၏လူမှုကွန်ရက်ထဲတွင် သူငယ် ချင်းလူရာဂဏန်းသာရှိပြီး တင် လိုက်သော Post ကို ပုံမှန်အားဖြင့် ဆယ်ဂဏန်းသာ အားပေးမှုရရှိ သော်လည်း ထိုစာပိုဒ်တင်လိုက်ပြီး ရက်ပိုင်းအတွင်း လူထောင်ချီထပ် ဆင့် Share လုပ်သည်ကို တအံ့ တသြသတိထားမိလိုက်သည်။ အ များစုက ထိုစာပိုဒ်ကို ထောက်ခံ ကြသော်လည်း တချို့သူများက NLD အစိုးရ၏အုပ်ချုပ်ပုံညံ့ဖျင်းမှု ကြောင့် စီးပွားရေးကျဆင်းသည် ဟု ဝေဖန်သူများလည်းရှိသည်။
  • Tuesday 2018-04-10
    သုံးလတစ်ကြိမ်ထုတ်ဝေသော မြန်မာရေးရာ စာစောင် ဧပြီလထုတ် အမှတ်(၇) ထွက်လာသည်။ လွန်ခဲ့သောသုံးလက မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်း ရေး၊ ရခိုင်အရေး၊ သံတမန်ရေးများဖြင့် ပျားပန်းခပ် လှုပ်ရှားနေခဲ့သည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့ရေးရာ များ၌ လုံခြုံရေးကိစ္စများ၊ ကာကွယ်ရေးမူဝါဒများ၊ လက်နက်ပြိုင်ဆိုင်ခြင်းဖြစ်ရပ်များနှင့် စစ်အသုံး စရိတ်မြှင့်တင်ခြင်း အကြောင်းအရာများက လွှမ်းခြုံ နေခဲ့သည်။
  • Tuesday 2018-04-10
    သစ်တောဦးစီးဌာနက လေ လံတင်ရောင်းချသည့် မည်သည့် သစ်ကိုမဆို နယ်ကျော်သယ်ဆောင်ခွင့်မပြုကြောင်း သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးရုံးက ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
  • Thursday 2018-04-12
    (တစ်) ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။ ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ သူ့အယူအ ဆ၊ သူ့ခံစားချက်များကို အိတ်သွန် ဖာမှောက်စိတ်ထဲတွင်ရှိသည်ကို ရှိသည့်အတိုင်း ဘွင်းဘွင်းကြီးချ ရေးထားခဲ့လေရာ သမားရိုးကျလူ များအဖို့ ခွခပ်ကျကျကြီးများဖြစ် နေလေမလား မပြောတတ်ပါ။
  • Tuesday 2018-04-10
    ရန်ကုန်− မဲခေါင်မြစ်ဝှမ်းဒေသ တွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာမှုကြောင့် အဆိုပါဒေသတွင်း ရှိ ရေနှင့် အခြားအရင်းအမြစ်များအပေါ် စိန်ခေါ်မှုများ ကြုံတွေ့နေရ ပြီး မြန်မာနိုင်ငံအတွက် အဓိက အရေးပါသည့် ဧရာဝတီမြစ်ဝှမ်း ဒေသတွင် အလားတူရင်ဆိုင်နေ ရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
  • Tuesday 2018-04-10
    မန္တလေးတိုင်း ဒေသကြီး အပါအ၀င် အထက်မြန်မာပြည်ရှိ ခရီးသွားဒေသများကိုဈေးကွက် မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ခရီး သွားမြှင့်တင်ရေး ၀က်ဘ်ဆိုက် တစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအထက်မြန်မာပြည်ရုံးခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
  • Tuesday 2018-04-10
    ငပလီကမ်းခြေရှိ ဟိုတယ်အားလုံး တည်းခိုသူများ ပြည့်နေ၍ သင်္ကြန်ကာလပြီးချိန်အထိ အခန်းကြိုတင်မှာယူထားသူများကလွဲ၍ အခန်းမရှိတော့ကြောင်း ငပလီဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြား သည်။
  • Thursday 2018-04-12
    ရခိုင်ပြည်နယ်လွှတ် တော်က ဖွဲ့စည်းထားသည့် မြောက် ဦးပဋိပက္ခစုံစမ်းလေ့လာရေးအဖွဲ့ အနေဖြင့် စုံစမ်းလေ့လာခြင်းလုပ် ငန်းများကို သင်္ကြန်ကာလပြီးမှ သာ စတင်ဆောင်ရွက်မည်ဖြစ် ကြောင်း ယင်းအဖွဲ့အတွင်းရေး မှူး ဦးထွန်းသာစိန်က ပြောသည်။
  • Tuesday 2018-04-10
    နယ်စပ်ဂိတ်မှ တရုတ်ခရီး သွား ဝင်ရောက်မှုကို လက်ရှိတွင် လုံးဝခွင့်မပြုသင့်ဘဲ လေကြောင်း ဖြင့် ဝင်ရာက်ခြင်းကိုသာ ခွင့်ပြု သင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဦးခင်ဇော်က ပြောသည်။
  • Thursday 2018-04-12
    မြန်မာနိုင်ငံသည် ၁၉၄၈ တွင် ကမ္ဘာ့ကုလသမဂ္ဂသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။ ကုလ၏ပထမ ဆုံးရုံးကို မြန်မာနိုင်ငံ၌ ၁၉၅၇ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခင်စစ် အစိုးရလက်ထက်၌ အကူအညီ ပေးမှုများလျှော့ချခဲ့ပြီး ၂၀၁၂ ကစ၍ အကူအညီများကို အကန့် အသတ်ဖြင့် ပြန်ပေးခဲ့သည်။ ပိတ် ဆို့မှုများဖယ်ရှားပြီးနောက် ကုလ သမဂ္ဂလက်အောက်ခံ အေဂျင်စီ များ ပိုမိုဝင်ရောက်လာပြီး အကူ အညီများ အရှိန်မြှင့်ပေးခဲ့သည်။ လက်ရှိတွင် ကုလသမဂ္ဂလက် အောက်ခံအေဂျင်စီ ၁၆ ခုက ပြည် တွင်းနှင့် နိုင်ငံတကာဝန်ထမ်း ၂,၄၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး၊ လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီများထောက် ပံ့ခြင်း၊ ကလေးသူငယ်ဆိုင်ရာကာ ကွယ်ဆေးထိုးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းနှင့် အများပြည်သူ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်ပံ့ပိုးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နေသည်။ ထို့အပြင် ကုလအဖွဲ့က မြန်မာနိုင်ငံတွင် စီးပွားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စသည့်  ကဏ္ဍများတွင် လည်း ပံ့ပိုးဆောင်ရွက်နေသည်။ ကုလလက်အောက်ခံ အေ ဂျင်စီ ၁၆ ခုမှာ UNAIDS၊ WFP၊ UNHCR၊ UNOPS၊ UNDP၊ WH0၊ UNODC၊ UNESO၊ UNI-CEF၊ ILO၊ IOM၊ FAO၊ UNFPA၊ UNHABITAT၊ UNOCHA နှင့် UNWOMEN စသည်တို့ဖြစ်သည်။
  • Thursday 2018-04-12
    နွေရယ်၊ ပိတောက်ရယ်၊ သင်္ကြန် ရယ်ဆိုတာ အမြဲဒွန်တွဲနေတတ် ကြတဲ့ သဘာဝပါပဲ။ ဒီမနက်နွေ ပိတောက်ကိုမြင်လိုက်ရတော့ နွေ မနက်ခင်းရဲ့အလှက ပိုပြီးတောက် ပြောင် အရောင်ထွက်နေကြသလို လိုပေါ့။ ပိတောက်ပန်းကလေး တွေလည်း ချိန်ခါမီ ပွင့်လာကြပြီး နှစ်သစ်သင်္ကြန်ကို ကြိုဆိုကြတာ နဲ့ တူပါရဲ့။ ဒီလိုဆိုတော့လည်း နွေရယ်၊ ပိတောက်ရယ်၊ သင်္ကြန် ရယ် ဆိုတာတစ်သားတည်း ဖြစ် သွားကြပြီပေါ့။ ပိတောက်ပန်းရဲ့ သဘာဝ ကိုက နွေနေပူပူမှာ မိုးကလေးတစ် ပြိုက်၊ နှစ်ပြိုက်လောက် ရွာချ လိုက်တာနဲ့ ပိတောက်ဖူးကလေး တွေက ပင်လုံးကျွတ်ပွင့်ကုန်ကြ တာ။ မိုးရေစက်တွေနဲ့ မထိတွေ့ ရမချင်း သူကပွင့်ကိုမပွင့်တာပါ။ အဲသလို ပိတောက်ဆိုတာ သစ္စာ ကြီးတဲ့ ပန်းမျိုးပါ။ ဒါပေမဲ့ အစဉ် အလာကြီးတဲ့ ပန်းပိတောက်က အစဉ်အလာတွေပျက်ပြီး သူ့အ ချိန်နဲ့သူ မပွင့်လာကြတာ အချိန် အခါမရွေးပွင့်နေကြတာ ကာလ တော်တော်ကြာပြီလေ။ နွေဆို တိုင်း၊ သင်္ကြန်ဆိုတိုင်းလည်း၊ သင်္ကြန်မိုးတွေ ရွာတိုင်းလည်း ပွင့် ချင်မှ ပွင့်တော့တာ။ သင်္ကြန်သာ ပြီးသွားတယ်၊ နွေကာလသာကုန် သွားကြတယ်၊ ပိတောက်ကိုမမြင် လိုက်ရတဲ့ နှစ်တွေဆိုတာလည်း ရှိ ခဲ့ကြတယ်။
  • Thursday 2018-04-12
    သမ္မတသမီး၏ အလုပ်အကိုင်နှင့် ပတ်သက်၍ ဝေဖန်မှတ်ချက်ပေး သည့်နိုင်ငံရေးဆောင်းပါးရှင်တစ် ဦး၏ပို့စ်ကို  လူမှုစံနှုန်းနှင့်ကိုက်ညီ မှုမရှိဆိုကာ ဖေ့စ်ဘွတ်ခ်က ၁၅ နာရီအတွင်း ဖြုတ်ချသည်။ ထိုသို့ ဖြုတ်ချသည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ ပို့စ်တင်ခဲ့သည့် ဒေါက် တာရန်မျိုးသိမ်းက ဖေ့စ်ဘွတ်ခ်ကို အကြောင်းပြချက်ပေးရန် စာလှမ်း ပို့ခဲ့သည်။ ထို့နောက် ဧပြီ ၅ ရက်နံနက် တွင် ဖေ့စ်ဘွတ်ခ်သည် ၎င်း၏ပို့စ် ကို မှားယွင်းစွာဖြုတ်ချမိသဖြင့် ပြန်လည်ဖော်ပြပေးခဲ့ကြောင်း အ ကြောင်းပြန်လာသည်။ ဒေါက် တာရန်မျိုးသိမ်း၏ ပို့စ်ဖြုတ်ချခံရ ခြင်းသည် ကျပ်သန်းခြောက် ထောင်ကျော်အသုံးပြုထားသည့် အစိုးရ၏ ‘ဆိုရှယ်မီဒီယာစောင့် ကြည့်ရေးအဖွဲ့’က ပထမဆုံးသော လှုပ်ရှားမှုကိုစတင်ခဲ့သည်ဟု လူ အများက ထင်ကြေးပေးခဲ့သည်။ သို့သော်အဆိုပါကိစ္စသည် စောင့် ကြည့်ရေးအဖွဲ့နှင့် သက်ဆိုင်မှုမရှိ ဘဲ ဖေ့စ်ဘွတ်ခ်၏စိစစ်မှုအားနည်း ချက်ကြောင့်သာ ဖြစ်သည်ဟု နည်းပညာနှင့် လူ့အခွင့်အရေး ဆောင်ရွက်သည့် အရပ်ဘက်အ ဖွဲ့အစည်းများက မှတ်ချက်ပြု သည်။
  • Thursday 2018-04-12
    တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုတွင် ဧပြီ ၁၀ ရက်ကစ ကာ နွေရာသီ‘အ’ သုံးလုံးစာသင်ဝိုင်းများ ဖွင့်လှစ်မည်ဟု ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။
  • Thursday 2018-04-12
    အမေရိကန်နိုင်ငံမှ စေတနာ့ဝန်ထမ်းအဖွဲ့ (Peace Corps) ၏ တတိယအသုတ်အဖွဲ့ဝင်များသည် ဇွန်လစကာတိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုရှိ အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ Peace Corps တတိယအ သုတ်တွင် စေတနာ့ဝန်ထမ်း  ၃၂ ဦး ပါဝင်ပြီး ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည် နယ်တို့ရှိ အခြေခံပညာအလယ် တန်းနှင့် အထက်တန်းကျောင်းများ တွင် အင်္ဂလိပ်ဘာသာစကား  ၂နှစ်ကြာသင်ကြားပေးမည်ဖြစ် သည်။
  • Thursday 2018-04-12
    ဆရာဖြစ်လက်မှတ်မရှိသည့် အခြေခံပညာဆရာ၊ ဆရာမ၂၈,၀၀၀ကျော်အား မူလတန်းဆရာအတတ်စာပေးစာယူ (မစယ) အနီးကပ်ပို့ချသင်တန်းများကို ဧပြီ ၂၅ရက်ကစတင်ကာ ပညာရေးကောလိပ်များ၌ ဖွင့်လှစ်မည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။
  • Thursday 2018-04-12
    သတ္တမတန်းအောင်မြင် ပြီးသူများကို ရန်ကုန်နှင့်မန္တလေးရှိ အနုပညာအထက်တန်းကျောင်း များက  သင်တန်းသားများ ခေါ်ယူ နေသည်ဟု အနုပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းက ပြောသည်။
  • Monday 2018-04-02
    ၂၀၁၀ နောက်ပိုင်းကစ၍ တက္ကသိုလ်ဝင်တန်းအောင် မြန်မာ ကျောင်းသား၊ ကျောင်းသူများသည် ပြည်တွင်းတက္ကသိုလ်များသာမက ပြည်ပပညာရေးလမ်းကြောင်းများကိုပါ ရွေးချယ်လာသည်။ ပြည်ပတက္ကသိုလ်များတက်ရောက်ရာတွင် မြန်မာကျောင်း သား၊ ကျောင်းသူအများစု ရင်ဆိုင်ရလေ့ရှိသည့် အခက်အခဲသည် မိမိဝါသနာပါသည့် ဘာသာရပ်ကို မည်သည့်တက္ကသိုလ်၌ တက်ရောက်မည်ကို ရွေးချယ်ရန် သတင်းအချက်အလက်ရရှိမှုအားနည်းခြင်းဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် ရှာဖွေရခြင်းကြောင့် နာမည်ပျက်စာရင်းဝင်တက္ကသိုလ်များ၊ သက်ဆိုင်ရာနိုင်ငံအစိုးရနှင့်အဖွဲ့ အစည်းများက အသိအမှတ်မပြုတော့သည့် တက္ကသိုလ်များတွင် တက်ရောက်မိခြင်းမျိုး ကြုံတွေ့ရသည်။ အမေရိကန်နိုင်ငံ၌ ပညာသင်ယူမည့် ကျောင်းသားများ ယင်းအခက်အခဲပြေလည်စေရန် အမေရိကန်အစိုးရ၏ Education USA အဖွဲ့အစည်းက ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခမဲ့ဝန်ဆောင်မှုများပေးနေသည်။ မြန်မာနိုင်ငံရှိ Education USA အဖွဲ့အစည်းမှ မြန်မာကျောင်းသားများအတွက် ရရှိနိုင်သောဝန်ဆောင်မှုများနှင့်ပတ်သက်၍ အမေရိကန်သံရုံး၏ ပညာရေးဆိုင်ရာအကြံပေး ဒေါ်ဇာနည်လွင်နှင့် တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
  • Tuesday 2018-04-10
    မော်စကိုနဲ့ ဝါရှင်တန်တို့ကြားက ဆက်ဆံရေးဟာ ဘယ်အဆင့်မှာ ရှိလဲ။ ဆီးရီးယားပြဿနာကို ဖြေ ရှင်းရေးအတွက် ရုရှား၊ အီရန်နဲ့ တူရကီတို့ရဲ့ ပူးပေါင်းဆောင်ရွက် မှုဟာ ဘယ်ဆီကို ဦးတည်သွား မလဲ။ ပြီးတော့ ရုရှားဟာ အန္တ ရာယ်တစ်ခုလို့ ဥရောပသမဂ္ဂက မြင်ဖို့ အကြောင်းရှိလား။ အဲဒီအ ကြောင်းအရာတွေနဲ့ တခြားမေး မြန်းစရာတွေနဲ့ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ် ရော့ကို Euronews သတင်းဌာန က တွေ့ဆုံဆွေးနွေးထားပါတယ်။  
  • Thursday 2018-04-12
    အနည်းဆုံး အခကြေးငွေနှုန်းထား အတည်ပြုခြင်း မရှိသေးသော်လည်း လုပ်ငန်းခွင်ခံစားခွင့်များ လျှော့ချ ခြင်းနှင့် ယခင်သတ်မှတ်နှုန်းထား တစ်ရက်လုပ်ခကျပ် ၃,၆၀၀ မရ ခြင်းများကြောင့် တိုင်ကြားမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှု၊လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)  အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်း အောင်က ပြောသည်။
  • Thursday 2018-04-12
    ဒုတိယအကြိမ် လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများကို ဇန်နဝါရီ ၁၅ ရက်မှ မတ်လ ၃၀ ရက်အထိ နှစ်လခွဲကြာကျင်းပခဲ့ သည်။ ယခုတစ်ကြိမ်လွှတ်တော်  အစည်းအဝေးကာလအတွင်း နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပြောင်းအလဲ တို့က အထင်ရှားဆုံးဖြစ်သည်။ ထို့အပြင် ပွဲဆူစေခဲ့သော ဥပဒေပြဋ္ဌာန်းရေး ကိစ္စရပ်များ ကြောင့်လည်း ယခုတစ်ကြိမ် လွှတ်တော်အစည်းအဝေးကို လေ့ လာစောင့်ကြည့်မှု မြင်တက်ခဲ့ သည်။ အခွန်သက်သာခွင့်ပြု၊ မပြု လွှတ်တော်နှင့် အစိုးရ အားပြိုင် ခြင်း၊ ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက် အပေါ် အငြင်းပွားခြင်းစသည့် အ ခြေအနေတို့ကြောင့် လှုပ်လှုပ်ခတ် ခတ်ရှိခဲ့သည်။ သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ထင်ရှားသည့် ဆောင်ရွက်ချက်အ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
  • Tuesday 2018-04-10
    မာတင်ဗစ်ကာရာသည် ပီရူး အင်ဂျင်နီယာနှင့် နိုင်ငံရေးသမား ဖြစ်ပြီး လက်ရှိ ပီရူးသမ္မတဖြစ် သည်။ ဗစ်ကာရာသည် ယခင်က မိုကူရွာပြည်နယ် အုပ်ချုပ်ရေး မှူး၊ ပီရူးသယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ ကနေဒါ နိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီး အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
  • Tuesday 2018-04-10
    ဝါရှင်တန်ပို့စ်၊ စီအင်န်အင်န် နှင့် အခြားသတင်းအဖွဲ့အစည်း များကို သမ္မတဒေါ်နယ်ထရန့်၏ တိုက်ခိုက်မှုသည် သမ္မတက ဒေါ သပြေလျော့စေရန် ရူးရူးမိုက်မိုက် နှင့် လုပ်ဆောင်သော၊ သို့သော်  နောက်ဆုံးတွင် ထိခိုက်မှုမရှိသော လုပ်ဆောင်မှုများအနက် တစ်ခု ဖြစ်သည်ဟု ရီပက်ဘလေကန် လွှတ်တော်အမတ်များ အပါအဝင် လူအများက ပြောကြားသည်။ သူ တို့မှားသည်။
  • Thursday 2018-04-12
    တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ဦးခေါင်း နှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံ၏ တိုးချဲ့ငါးထပ်ဆောင်သည် ဆောက်လုပ်စဉ်ကာလက လူသေဆုံးမှုရှိခဲ့သဖြင့် ရပ်နားထားပြီး ယခုနှစ်တွင်ဆက်လက်ဆောက်လုပ်ရန် စီစဉ်နေကြောင်း နား၊နှာခေါင်းနှင့်လည်ချောင်း အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာမောင်မောင်ခိုင်က ပြောသည်။
  • Thursday 2018-04-12
    ရက်အနည်းငယ်အတွင်း ကျရောက်လာတော့မည့် သင်္ကြန်ကာလသည် ရက်ကာလတိုတောင်း သော်လည်း တစ်နေကုန် ရေနှင့် ထိတွေ့မှု၊ နေရောင်ခြည်(ခရမ်း လွန်ရောင်ခြည်)နှင့် ထိတွေ့သဖြင့် နေဒဏ်၊ ရေဒဏ်ကြောင့် ရရှိနိုင် သော ကျန်းမာရေးပြဿနာများကို အထူးသတိပြုရမည်ဖြစ်သည်။ သင်္ကြန်ကာလတွင် အဖြစ် များသော ကျန်းမာရေးပြဿနာ များသည် ခရမ်းလွန်ရောင်ခြည် ကြောင့် နေလောင်ခြင်းနှင့် အသားအရေပျက်စီးခြင်း၊ မသန့်ရှင်းသောရေနှင့်အစားအစာကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်း၊ မျက်စိနှင့် နားရောဂါဆိုင်ရာ ပြဿနာများဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း အများဆုံးကြုံတွေ့ရနိုင်သည်။
  • Tuesday 2018-04-10
    ၂၀၁၈ သင်္ကြန်တွင် အနုပညာရှင်များ၏ သင်္ကြန်ဖြတ်သန်းမည့် အစီ အစဉ်များ၊ ၎င်းတို့ရေကစားမည့် မဏ္ဍပ်များနှင့် သင်္ကြန်အမှတ်တရအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။
  • Thursday 2018-04-12
    ရက်အနည်းငယ်အတွင်း ကျရောက်လာတော့မည့် သင်္ကြန်ကာလသည် ရက်ကာလတိုတောင်း သော်လည်း တစ်နေကုန် ရေနှင့် ထိတွေ့မှု၊ နေရောင်ခြည်(ခရမ်း လွန်ရောင်ခြည်)နှင့် ထိတွေ့သဖြင့် နေဒဏ်၊ ရေဒဏ်ကြောင့် ရရှိနိုင် သော ကျန်းမာရေးပြဿနာများကို အထူးသတိပြုရမည်ဖြစ်သည်။ သင်္ကြန်ကာလတွင် အဖြစ် များသော ကျန်းမာရေးပြဿနာ များသည် ခရမ်းလွန်ရောင်ခြည် ကြောင့် နေလောင်ခြင်းနှင့် အသားအရေပျက်စီးခြင်း၊ မသန့်ရှင်းသောရေနှင့်အစားအစာကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်း၊ မျက်စိနှင့် နားရောဂါဆိုင်ရာ ပြဿနာများဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း အများဆုံးကြုံတွေ့ရနိုင်သည်။

Pages