အတွဲ (၁၇)၊ အမှတ် (၆)

Issue Date: 
Thursday, April 12, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူး၊ (ဧပြီ ၁၁၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Thursday 2018-04-12
    မိမိရင်သွေးများ မူကြို ကျောင်း စတက်ပြီ၊ အိမ်ကနေပြီး အပြင်ကမ္ဘာကို စတင်ထိတွေ့ပြီဆိုသည်နှင့် မိဘများ အပူကြီးပူကြသည့် အတွေးတစ်ခုရှိသည်။ ကျောင်းမှာ မိမိကလေးကို တခြားကလေးများက အနိုင်ကျင့်ကြမလား၊ အားကြီး သော ကလေးများ၏ နှိပ်စက်မှုကို ခံနေရမလားဆိုသည့် အတွေးပဲဖြစ်၏။ ပူမည်ဆိုလည်း ပူစရာပင်။ ကလေးငယ်အချင်းချင်းပင် မဆိုထားနှင့် အထက်တန်းကျောင်းအရွယ် ကလေးများမှာပင် အချင်းချင်း အနိုင်ကျင့်ခြင်း၊ ခွန်အားကြီး သည့်  ကလေးက အငယ်များကို ဗိုလ်ကျခြင်းများ ရှိကြသည်။ သည်အချက်များကို ကာကွယ်ရန် မိဘအများစုက ‘‘ဘယ်သူလာလုပ်လုပ် ဆရာမကို ချက်ချင်းတိုင်နော်’’ဟု မိမိရင်သွေးများကို မှာကြားလေ့ ရှိသည်။
  • Tuesday 2018-04-10
    မကြာသေးသည့်ဆယ်စုနှစ် တစ်ခုခန့်က သင်္ကြန်ဆိုလျှင် ပြည် သူချစ်သော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို အ နယ်နယ်အရပ်ရပ်က သင်္ကြန် မဏ္ဍပ်ကြီးများတွင် ပြည်သူများက အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းတို့နှင့် အတူ ပရိသတ်များကတစ်သား တည်းလိုက်ပါသီဆိုကခုန်ရင်း သင်္ကြန်အချိန်အခါနှင့်ကိုက်ညီစွာ ဖြန့်ချိလာသော ရာသီစာတေးသီ ချင်းများကလည်း သင်္ကြန်ချစ်သူ တို့အတွက် အသင့်ပင်။
  • Thursday 2018-04-12
    ယခင်က ခန္ဓာကိုယ်ပြည့် ပြည့်ဖြိုးဖြိုးနှင့် မျက်နှာ ဖောင်းဖောင်းအိအိ၊ အပြုံးချိုချို အမျိုးသမီးငယ် လေးတစ်ယောက် ယခုတော့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးဖြင့် မျက်နှာ လည်း ပါးချောင်နားချောင်များ ကျနေသည်။ အသိသာဆုံးက သူ၏ မျက်လုံးများဖြစ်သည်။ ယခင်က ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များဖြင့် တောက်ပရွှန်းစိုခဲ့ဖူးသော သူ့မျက်လုံးအစုံသည် ယခုတော့ အားငယ်ဖျော့တော့နေသည်။ ထို့အပြင် ထိုမျက်လုံးအစုံက အရာရာကို ထိတ်လန့်ကြောက်ရွံ့ စွာ မ၀ံ့မရဲဖြစ်နေသည်။ စကား တစ်လုံးတစ်လုံးပြောထွက်ဖို့ အ တော်လေး အားယူနေရပြီး ပြော လိုက်တိုင်းလည်း မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းအမျိုးသမီးငယ်လေးသည် သူ့ဘ၀တစ်သက်တာတွင် ကြောက်မက်စရာ ကောင်းလွန်းလှသော၊ ရင်နာစရာ ကောင်းလွန်းလှသော အဖြစ်အ ပျက်ကြီးတစ်ခုကို ကိုယ်တွေ့ ရင် ဆိုင်ဖြတ်သန်းခဲ့ရခြင်းကြောင့် ဖြစ်သည်။
  • Thursday 2018-04-12
    လေးစားအပ်သောသမ္မတကြီးခင်ဗျား ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့သစ်ဆိုတဲ့ မြို့သစ်ကြီးတည်မည် ဖြစ်ကြောင်း၊ စင်ကာပူနှစ်ဆ လောက်အထိ ရှိလာမည်ဖြစ် ကြောင်း စတဲ့ကြွားဝင့်မှုများနှင့်အတူ အစိုးရသက်တမ်း တတိယနှစ်ရဲ့ ပထမခြေလှမ်းအဖြစ် NYDC ကုမ္ပဏီမိတ်ဆက်ခြင်းအခမ်းအနားကိုပါ ကျင်းပလာတာ တွေ့ရှိရ ပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဖွံ့ဖြိုးရေးဟာ နိုင်ငံ တော်ဖွံ့ဖြိုးရေးနှင့် ဆက်စပ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောကြားခဲ့ဖူးပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ သစ်တည်ဆောက်မယ်၊ အခြေခံ အဆောက်အအုံအတွက်ပင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ကုန်ကျမယ်၊ အစိုးရက နိုင်ငံ ပိုင်လယ်မြေဧက နှစ်သောင်းခန့် ရင်းနှီးပြီး ကုမ္ပဏီတွေက ငွေကို ရင်းနှီးမယ်ဆိုတာတွေဟာ ပြည် ထောင်စုကြီးရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ ဖြစ်လို့ ပြည်ထောင်စုအကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီကိစ္စဟာ ပြောတဲ့အတိုင်း ဖြစ် နိုင်၊ မဖြစ်နိုင်၊ လုပ်သင့်၊ မလုပ်သင့် အဆုံးအဖြတ်ပေးနိုင်ပါရန် ယခုကဲ့သို့ အိတ်ဖွင့်ပေးစာအဖြစ် လေးစားစွာ တင်ပြရခြင်းဖြစ်ပါ တယ်ခင်ဗျား... ။
  • Tuesday 2018-04-10
    မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်းအတွက် နည်းပြချုပ်အပြင် လက်ထောက်နည်းပြ၊ ကြံ့ခိုင်ရေး နည်းပြ၊ ဂိုးနည်းပြတို့ ပါဝင်မည့် ပြည်ပနည်းပြ အဖွဲ့လိုက်ခန့်အပ် ရန် စီစဉ်ထားကြောင်း ဘောလုံးအ ဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။
  • Tuesday 2018-04-10
    အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းသည် ဂျပန် (သို့) တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ရန် စီစဉ်နေကြောင်း နည်းပြချုပ် ဦးဌေးမြင့်က ပြောသည်။
  • Tuesday 2018-04-10
    မြန်မာယူ-၂၃ အသင်းပါဝင်မည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကို သြဂုတ်အတွင်း ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။ 
  • Tuesday 2018-04-10
    မြက်ခင်းပြင်ပြုပြင်နေသည့် ရန်ကုန်ယူနိုက်တက်အိမ်ကွင်းမြက် ခင်းတုကွင်းကို လိဂ်ဒုကျော့တွင် ပြန်လည် အသုံးပြုနိုင်မည်ဖြစ် ကြောင်း  အသင်းမန်နေဂျာ ဦးမြင့် သိန်းက ပြောကြားသည်။ 
  • Tuesday 2018-04-10
    လက်ရှိရာသီကို အတောက် ပဆုံးခြေစွမ်းတွေနဲ့ ဖြတ်သန်းပြနေ တဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ သီတင်း တစ်ပတ်မှာတော့ ပထမဆုံးအဖြစ် နှစ်ပွဲဆက်တိုက်  ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးတော့နှစ်ပွဲစလုံးကလည်း အရေးပါတဲ့ ပွဲစဉ်တွေပါ။ ဥရောပနဲ့ ပြည်တွင်းပွဲစဉ်တွေကို အိမ်ကွင်း ရော အဝေးကွင်းမှာပါ အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ ပိုပြီးစိတ်ပျက် စရာကောင်းတာက နှစ်ပွဲစလုံး မန်စီးတီးအနေနဲ့ သွင်းဂိုးသုံးဂိုးစီ အထိခွင့်ပြုခဲ့ရတာပါပဲ။
  • Thursday 2018-04-12
    ပြည်သူများ၏မျှော်လင့်ချက်များစွာထမ်းပိုးထားသည့် အရပ်သားအစိုးရသက်တမ်း(၂)နှစ်ပြည့်ချိန်တွင် နိုင်ငံတော်သမ္မတဦးထင် ကျော်အနားယူသွားပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က သမ္မတသစ်ဖြစ်လာသည်။ဦးဝင်း မြင့်၏နိုင်ငံရေးဖြတ်သန်းမှုများနှင့် ထက်ထက်မြက်မြက် လုပ်ကိုင် ဆောင်ရွက်တတ်သော အစဉ်အလာတို့ကြောင့် ဒီချုပ်အစိုးရ လက်ကျန်သက်တမ်းသုံးနှစ်တာကာလတွင် မည်သည့်အရာများ စွမ်း ဆောင်ပြမည်ကို ပြည်သူများက စောင့်မျှော်ကြည့်ရှုလျက်ရှိသည်။ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ ဦး ဆောင်သောအစိုးရအဖွဲ့က မြန်မာနိုင်ငံအောင်မြင်ရန် ဆောင်ရွက်သင့်သည့် အချက်ခုနစ်ချက်ကို ဖော်ပြပေးလိုက်ပါသည်။
  • Tuesday 2018-04-10
    ဆော်ဒီအာရေးဗီးယား အိမ်ရှေ့စံ မင်း သား မိုဟာမက် ဘင်ဆယ်လ်မန်ကို လက်တွေ့ ကျသည့် ပြုပြင်ပြောင်းလဲရေး ဝါဒီအဖြစ် နိုင်ငံတကာက ချီးကျူးသည်။ ငယ်ရွယ်သော် လည်း ထက်မြက်ပြီး လုပ်ရဲကိုင်ရဲ ရှိသည့် မင်းသားကလည်း ချီး ကျူးမှုများနှင့် အမှန်တကယ် ထိုက်တန်သည့် ပြုပြင်ပြောင်းလဲမှု များကို လက်တွေ့လုပ်ဆောင်ပြခဲ့ သူဖြစ်သည်။ သို့သော် ၎င်း၏ စီမံ ဆောင်ရွက်မှုများကို နှစ်သက်သူများရှိသလို အတိုက်အခံပြုလို သည့် အင်အားစုများ ပေါ်ပေါက် လာနိုင်သည်ကိုလည်း မျက်ကွယ် ပြုထား၍မရချေ။
  • Thursday 2018-04-12
    သင်္ကြန်နှင့် ယှဉ်တွဲနေသည်မှာ သံချပ်ဖြစ်သည်။ ပြည်သူများ၏   ခံ စားချက်ကို အနုပညာနှင့်ပေါင်းစပ်ထုတ်ဖော်ခြင်းဖြစ်သည့်သံချပ်ကို ပြည်သူများက နှစ်သက်သည်။ သို့ သော် အစိုးရမင်းများကမူ သံချပ်ကို နှစ်သက်ပုံမပေါ်ပေ။ အာဏာရှင်အစိုးရလက်ထက်ကမူ သံချပ် ကို ပိတ်ပင်ခြင်းဖြင့် ၎င်းတို့၏မနှစ်မြို့မှုကို ပြသခဲ့သည်။ ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဆင်ဆာ ထားခြင်းဖြင့် ၎င်းတို့၏စိုးရိမ်မှုကို ပြသသည်။ လွတ်လပ်သော ပြည် သူ့အသံကို အစိုးရမင်းများ ကြား စေအပ်သည့်သံချပ်သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အားပေး မည်ဟု ကြွေးကြော်သော ဒီမိုက ရေစီအစိုးရလက်ထက်တွင် ‘ဆင် ဆာလို၏၊ မလို၏’ အငြင်းပွားမှု ပေါ်လာသည်။ ‘‘ဒီမိုကရေစီအစိုးရကိုယ် တိုင်က ဒါတွေကို ကန့်သတ်နေ မယ်ဆိုရင်တော့ သူတို့ခံယူထား တဲ့ ဒီမိုကရေစီက ဘာလဲဆိုတာ ပြန်ပြီး မေးခွန်းထုတ်ရမယ်’’ဟု ဒဂုံတက္ကသိုလ်ကျောင်းနံရံသံချပ် အဖွဲ့မှ ကိုမင်းနောင်က သံချပ် ဆင်ဆာရှိသည့်အပေါ် မေးခွန်း ထုတ်သည်။ သို့သော် အစိုးရ၏စိုးရိမ် သောကသည် ဘာသာရေး၊ လူမျိုး ရေးအစွန်းရောက်စကားလုံးများ က သံချပ်ကို ခုတုံးလုပ်မည်ကိုပင် ဖြစ်သည်။
  • Thursday 2018-04-12
    သင်္ကြန်ဟု  ဆိုလိုက်ပါက မန္တလေးသည် ဦးဆောင်သူနေရာတွင်အမြဲရှိသည်။ ဆရာမြို့မငြိမ်း၏ သီချင်းများနှင့် သင်္ကြန်မိုးရုပ်ရှင်ကားတို့က အလွယ်တကူပြနိုင်သော ဥပမာများဖြစ်သည်။ ယမန်နှစ်က ကျုံးတောင်ဘက်ခြမ်းတွင် လမ်းလျှောက်သင်္ကြန် စတင် ကျင်းပခဲ့ရာ အောင်မြင်မှုရရှိ ပြန်သည်။ ယခု ၂၀၁၈ တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်၌ လမ်း လျှောက်သင်္ကြန်ကို ရိုးရာယဉ် ကျေးမှု အငွေ့အသက်များ ထည့်သွင်းမည့်အပြင် မန္တလေးသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်ရန် အစီအစဉ်များစွာ ထည့်သွင်းထားပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် လူအများစု ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက ဆိုသည်။
  • Thursday 2018-04-12
    တစ်လောလေးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက် ရေပန်းစားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ အများကြီးကျောင်းဝတ်စုံ ထဘီ၊ ပုဆိုးတွေနဲ့ ကျောင်းတွင်းသင်္ကြန် ဆင်နွှဲရင်း မြူးကြွတဲ့သံစဉ်တွေနဲ့အတူ ကခုန်နေတဲ့ ရုပ်သံမှတ်တမ်းလေးပါ။ အဲဒီရုပ်သံမှတ်တမ်းထဲမှာ စင်အောက်က ကျောင်းသား၊ ကျောင်းသူတွေ အားလုံးခုန်ပေါက် ကခုန်လာအောင် အမိုက်စားသံစဉ်တွေ ဖွင့်ပေးရင်း ကိုယ်တိုင်လည်း စည်းချက်နဲ့အညီ ကခုန်နေခဲ့တဲ့ ပိန်ပိန်သွယ်သွယ် လူရည်သန့် ဒီဂျေသမားလေးတစ်ယောက်ကို အတော်များများ သတိထားမိခဲ့ပါ တယ်။ အဲဒီ ဒီဂျေသမားလေးကိုယ်တိုင် စင်အောက်က ကျောင်းသား တွေလိုပဲ လုံချည်အပြာ၊ စတစ် ကော်လံအဖြူ ၀တ်ဆင်ထားပြီး ပွဲတော်နဲ့လိုက်ဖက်မယ့် သံစဉ်တွေ အချိုးညီညီ ပေါင်းစပ်ကာ တင်ဆက်ပေးခဲ့တာပါ။ အဲဒီရုပ်သံ မှတ်တမ်းလေးဟာ ကြည့်ရှုသူ (1.1 M) တစ်သန်းကျော်ပြီး ပြည်တွင်းသာမက အိမ်နီးချင်း ထိုင်း နိုင်ငံအထိ လူသိများခဲ့ပါတယ်။
  • Thursday 2018-04-12
    ရန်ကုန်ရေ သန့်၊ မသန့် ဂယက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖြန့်ဖြူးပေး နေသော သောက်သုံးရေ သန့်ရှင်း မှုနှင့်ပတ်သက်၍ မကြာမီရက်ပိုင်း အတွင်း ဂယက်ရိုက်ခတ်မှုပြင်းထန်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဂျိုးဖြူရေများ တွင် မစင်ပါဝင်နေသည်ဟူသော ပါမောက္ခဒေါက်တာခင်မောင်ဝင်း ၏ ပြောစကားက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖြန့်ဝေသည့်ရေသာ အဓိက အသုံးပြုနေသည့် ရန်ကုန် မြို့ပေါ်နေ လူဦးရေ ငါးသန်းကျော်ကို ထိတ်လန့်စေခဲ့ပြီး နောက်ဆက်တွဲ စိုးရိမ်ဝေဖန်မှုများစွာ ပေါ်ပေါက်စေခဲ့သည်။
  • Thursday 2018-04-12
    စီးပွားရေးမြို့တော် ရန်ကုန်သည် ဧပြီလဆန်းကစ၍ မြန်မာနှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်မှုများဖြင့် သက်ဝင်လှုပ်ရှားစပြုနေသည်။ လမ်းမအချို့တွင် ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ်များက ရုပ်လုံးပေါ်စပြုလာပြီဖြစ်ပြီး ယင်းမြင်ကွင်းများကပင် သင်္ကြန်အတွက် ကြိုတင်၍ ရင်ခုန်စိတ် လှုပ်ရှားစေသည်။

Pages