အတွဲ (၁၇)၊ အမှတ် (၉)

Issue Date: 
Thursday, May 10, 2018
Myanmar Date: 
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ ဗုဒ္ဓဟူး၊ (မေ ၉၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Wednesday 2018-05-09
    ဘရာဇီးနိုင်ငံဟာ သမ္မတဟောင်း လူလာဒါဆေးလ်ဗား အကျင့်ပျက် ခြစားမှု ပြစ်ဒဏ်ကို အယူခံဝင် ရှုံးနိမ့်တာနဲ့အတူ တစ်ခါပြန်ပြီး တော့ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေထဲ ပစ်သွင်းခံခဲ့ရပါ တယ်။လာမယ့် သမ္မတရွေး ကောက်ပွဲမှာ နိုင်ငံရေးအရ ပြန် လည်အောင်မြင်ဖို့ သူ့ရဲ့ မျှော်လင့် ချက်လည်း ပျက်စီးသွားပါတယ်။
  • Wednesday 2018-05-09
    ဂျူးလီးယက်စ်မာဒါဘိုင်အိုသည် ဆီယာရာလီယွန်နိုင်ငံရေးသမား ဖြစ်ပြီး ယင်းနိုင်ငံ၏ ငါးဦးမြောက် နှင့် လက်ရှိသမ္မတဖြစ်သည်။ ၂၀၁၈ သမ္မတရွေးကောက်ပွဲတွင် အဓိကအတိုက်အခံပါတီ ဆီယာ ရာလီယွန် ပြည်သူ့ပါတီ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အာ ဏာရ ပြည်သူ့ကွန်ဂရက်ပါတီမှ ဆာပူရာ ကာမာရာကို အနိုင်ရခဲ့ သည်။ ဘိုင်အိုသည် သမ္မတအဖြစ် အာနက်စ်ဘိုင်ကို ရိုမာ၏နေရာကို ဆက်ခံခဲ့သည်။ ကိုရိုမာသည် ငါးနှစ်သက်တမ်း နှစ်ကြိမ် သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် အ ခြေခံဥပဒေအရ သမ္မတတာဝန် ဆက်မယူနိုင်တော့ပေ။
  • Wednesday 2018-05-09
    မလေးရှားရွေးကောက်ပွဲကို မေလ ၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ အရှုပ်တော်ပုံများ စွန်းထင်နေ သော လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇက်က ၎င်းအား တစ်ချိန်က ထုဆစ်ပုံသွင်းခဲ့သူ ဝန်ကြီးချုပ် ဟောင်း မဟာသီယာမိုဟာမက်၏ စိန်ခေါ်မှုကို ဖယ်ရှားပစ်နိုင်မည် လားဆိုသည်ကို အနီးကပ်စောင့် ကြည့်နေမည်ဖြစ်သည်။
  • Wednesday 2018-05-09
    ပရိသတ်များ စိတ်ဝင်စားမှု ရရှိ နေသည့် ဒုဋ္ဌ၀တီကိုလွန်၍  ဇာတ် ကားတွင် အဆိုတော် အမွန်း ပါဝင်သရုပ်ဆောင်ထားသည်။ အဆိုတော်အဖြစ် ရပ်တည်ခဲ့ ရာမှ သရုပ်ဆောင်အဖြစ် ပထမဆုံး ရိုက်ကူးသော ရုပ်ရှင်ကားလည်း ဖြစ်သည်။ ထို့ကြောင့် အမွန်းကို ဒုဋ္ဌ၀တီကို လွန်၍ ရုပ်ရှင်ရိုက်ကူး ရေး အတွေ့အကြုံများအပါအ၀င် ၎င်း၏အနုပညာလှုပ်ရှားမှုများအ ကြောင်း တွေ့ဆုံမေးမြန်းခဲ့သည်။
  • Wednesday 2018-05-09
    ‘ဒုဋ္ဌ၀တီကိုလွန်၍’ ရုပ်ရှင် ဇာတ်ကားကို ဟောလိဝုဒ်တွင် ဒေါ်လာသန်းချီ အကုန်အကျခံ ရိုက်ကူးထားသည့် ရုပ်ရှင်များနှင့် နှိုင်းယှဉ်၍ မှတ်ချက်ပေးမည်ကို  ကြောက်မိကြောင်း ဒါရိုက်တာ အာကာကပြောသည်။ 
  • Thursday 2018-05-10
    ဧပြီ ၂၁ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ ကာယဗလပြိုင်ပွဲဝင်ကစားသမား သတ်မှတ်ပြိုင်ပွဲ၌ မြန်မာကစားသမား ရဲထွန်းနောင်က ၇၅ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ Man of Steelအမည်ဖြင့် ကျင်းပသည့် အဆိုပါပြိုင်ပွဲ၌ ရဲထွန်းနောင်က ၇၅ကီလိုတန်းပြိုင်ပွဲတွင် ကိုရီးယား၊ အီရန်အစရှိသည့် အာရှကစားသမားများကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်ရဲထွန်းနောင်သည် မြန်မာနိုင်ငံမှ ပထမဆုံးနိုင်ငံတကာ ကာယဗလပြိုင်ပွဲဝင် ဆုကြေးစား ကစားသမားအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံတကာအဆင့် ဆုကြေးစား ကာယဗလပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။အသက်(၂၅)နှစ်အရွယ် ရဲထွန်းနောင်သည် အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိဖူးသည့် လက်ရွေးစင်ကစားသမားဖြစ်ပြီး ၎င်း၏ ပြိုင်ပွဲအတွေ့အကြုံများနှင့် ပတ်သက်၍ 7DAY ဂျာနယ်က မေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြပါသည်။
  • Wednesday 2018-05-09
    ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် တုန်လှုပ်စိုးရိမ်စရာသတင်းတစ်ခုထွက်ပေါ်လာ ပါတယ်။ အသင်းရဲ့ဂန္ထဝင် မန်နေ ဂျာဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန် ရုတ်တရက်ကျန်းမာရေး ဖောက်ပြန်ပြီး ဆေးရုံမှာအရေး ပေါ်ကုသမှုတွေ ခံယူနေရတယ်ဆို တာပါပဲ။ ဦးနှောက်မှာ သွေးယိုစီး တဲ့ဖြစ်စဉ်ကြောင့် ဆာအဲလက်စ် ဟာ အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရ တယ်လို့လည်း မန်ယူက သီးခြား ထုတ်ပြန်ပါတယ်။
  • Wednesday 2018-05-09
    ရုရှားနိုင်ငံ ကရင်မလင် နန်းတော်အတွင်း ရှိ သမ္မတ ကျမ်း ကျိန်ပွဲ အခမ်းအနားကျင်းပရာ ခန်း မဆောင်သို့ အနောက်တိုင်းဝတ် စုံကို သေသပ်ကျနစွာ ဝတ်ဆင် ထားသည့် ဗလာဒီမာပူတင်က ခံ့ခံ့ထည်ထည် ခြေလှမ်းများဖြင့် ဝင်ရောက်လာသည်။ မေလ ၇ ရက်တွင် ပူတင်က ရုရှားနိုင်ငံ၏ သမ္မတ တာဝန်ဝတ္တရားများကို စတုတ္ထသက်တမ်းအဖြစ် တာဝန် ယူထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
  • Wednesday 2018-05-09
    ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကာလဝမ်းရောဂါ ပျံ့နှံ့ ကူးစက်မှုများ ဖြစ်ပွားနေကြောင်း အစိုးရက အတည်ပြု ကြေညာလိုက်သည်။
  • Thursday 2018-05-10
    ခရီးသွားလုပ်ငန်းမှ နှစ်စဉ် ၀င်ငွေကန်ဒေါ်လာသန်းချီရနေသည့် ဒေသတွင်းနိုင်ငံအချို့သည် ၎င်းတို့၏ ကမ်းခြေခရီးသွား ဒေသ အချို့ကို ပိတ်ရန်စီစဉ်နေရာ မြန် မာအပါအ၀င် အရှေ့တောင်အာ ရှဒေသတွင်း နိုင်ငံများအတွက် ခ ရီးသွားဝင်ရောက်မှုနှုန်းတိုးတက် လာ နိုင်ကြောင်း ကျွမ်းကျင်သူများ  ကခန့်မှန်းသည်။ တစ်နှစ်လျှင်ခရီးသည် နှစ် သန်း လာရောက်သည့် ဖိလစ်ပိုင် နိုင်ငံမှ နာမည်ကျော်ဘိုရာကေ ကမ်းခြေကို ဧပြီ ၂၆ရက်မှစ၍ ခြောက်လကြာပိတ်သိမ်းပြီဖြစ်ပြီး  ထိုင်းနိုင်ငံ ဖီဖီကျွန်းရှိ မာယာကမ်း ခြေကိုလည်း  ဇွန်လ ၁ ရက်ကစ၍ သုံးလကြာပိတ်ရန် ထိုင်းအစိုးရက စီစဉ်နေသည်။
  • Thursday 2018-05-10
    မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ သင်္ကေတတစ်ခုဖြစ်သည့် ထန်းပင်များ ၁၀ နှစ်အတွင်း ထက်ဝက် ခန့်လျော့ကျလာခြင်းက ဒေသခံ များ၏ စားဝတ်နေရေးနှင့် ရာသီ ဥတုပြောင်းလဲမှုအပေါ် ခြိမ်း ခြောက်နေသည်။ ပြီးခဲ့သော တန်ခူးလအစော ပိုင်းက ကျောက်ပန်းတောင်းမြို့ နယ်အတွင်း အတုံးအရုံးခုတ်လှဲခံ ထားရသည့် ထန်းပင်ပုံများ လူမှု ကွန်ရက်စာမျက်နှာတွင် ထွက် ပေါ်လာရာ ထိုသို့လုပ်ဆောင်မှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ဝေဖန်ခဲ့ပြီး ရေရှည်တွင် အပူပိုင်း ဒေသသည် သဲကန္တာရအဖြစ် ပြောင်းလဲနိုင်သည်ဟုလည်း ထောက်ပြခဲ့သည်။
  • Thursday 2018-05-10
    ‘ကျောင်းဖွင့်စရက်တစ်ရက်တွင် မောင်မယ်သစ် လွင်များအား တက္ကသိုလ်သမဂ္ဂကိုယ်စားလှယ်အဖြစ် စကားပြောရန် သခင်အောင်ဆန်း တာဝန်ကျသည်။ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးတွင် တက္ကသိုလ်မှ ပါမောက္ခများနှင့်အတူ စကားပြောရန်ဖြစ်သည်။ သခင်အောင်ဆန်းသည် ထိုနေ့က အစောကြီး တက္က သိုလ်သမဂ္ဂ ရောက်နေကာ ဘီအေဘွဲ့မှတ်ပုံတင်ခ ငွေ ၁၀ ပင် ကျွန်တော်တို့က ပေးလိုက်ရသည်။ ဘွဲ့ရ သူသာ ကိုယ်စားလှယ်အဖြစ် တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီတွင် ပါဝင်ခွင့်ရှိသည်။ သခင်အောင်ဆန်းမှာ ဘွဲ့မယူရသေး၊ ထို့ကြောင့် ငွေ ၁၀တောင်းခြင်းဖြစ်ပေ သည်။ ဘွဲ့နှင်းသဘင်ခန်းမသို့မသွားခင် တက္ကသိုလ် သမဂ္ဂရှေ့မြက်ခင်းပေါ်၌ သခင်အောင်ဆန်း၊ ကိုဘ ဟိန်းနှင့် ကျွန်တော်တို့စကားဝိုင်းပြောနေကြသည်။
  • Thursday 2018-05-10
    သစ်တောမြေတွင် စိုက်ပျိုးထုတ် လုပ်သည့် ရော်ဘာကုန်ကြမ်းကို နိုင်ငံတကာ တာယာကုမ္ပဏီကြီး များက မဝယ်ယူခြင်းကြောင့် မြန် မာနိုင်ငံ၌ ရော်ဘာစိုက်ဧက တိုးချဲ့ရန်ခက်ခဲလာကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း အတွင်းရေးမှူး ဦး မြင့်ခိုင်က ပြောသည်။
  • Thursday 2018-05-10
    အမှိုက်ဆိုတာ တန်ဖိုးမ ရှိဘူး။ ရွံရှာစက်ဆုပ်စရာ ကောင်းတယ်။ ဘယ်သူကမှလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိမနေစေချင်ဘူး။  အမှိုက်ကို မြင်တာနဲ့ ချက်ချင်းပဲ ခေါင်းထဲရောက်တဲ့ အတွေးက လွှင့်ပစ်လိုက်ဖို့ပဲ။ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ဖို့ပဲ။ ကိုယ့်အတွက်  အသုံးမ၀င်တော့တဲ့အမှိုက်တွေကို  ကိုယ့်အနားမှာထားနေစရာမလို ဘူးလေ။ အမှိုက်လိုပဲ။ လူ့အဖွဲ့အ စည်းမှာ အမှိုက်လိုလူမျိုးတွေရှိ ကြတယ်။ အဲဒီလို လူမျိုးတွေကို လွှင့်ပစ်လိုက်ဖို့၊ စွန့်ပစ်လိုက်ဖို့က သတ္တိကြောင်လို့တော့မဖြစ်ဘူး။ သက်မဲ့အမှိုက်ကို လွှင့်ပစ်ရတာ၊ စွန့်ပစ်ရတာလွယ်ပေမယ့်၊ သက် ရှိအမှိုက်ဖြစ်တဲ့ လူသားကိုစွန့်ပစ် လိုက်ဖို့ကတော့ခပ်ခက်ခက်ပဲ။ လူ တစ်ယောက်ကိုစွန့်ပစ်ဖို့ဆိုတာ အ မှိုက်တစ်ခုကို လွှင့်ပစ်ရသ လောက်လွယ်မှမလွယ်ပဲနော်။
  • Thursday 2018-05-10
    (တစ်) ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကြီးအလွန်နောက်တစ်ရက်မေလ  ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အတွင်းသို့ လူတချို့အပြေးအ လွှားရောက်လာပါသည်။ သူတို့ မြတ်နိုးရသည့်အရာတစ်ခု မုန် တိုင်းထဲမှာ ပြိုလဲသွားခဲ့လေပြီလား ဟူသည့် ပူပန်သောကနှင့်ဖြစ်ပါ သည်။ ထိုအရာက မယိမ်းမယိုင် ကြံ့ကြံ့ခံကာ မပြိုမလဲမားမား မတ်မတ်ရှိနေဆဲဟု မျက်စိဖြင့် တပ်အပ်သေချာမြင်တွေ့လိုက်ရ လေသောအခါတွင်မှ ထိုသူတို့ပြုံး ပြုံးရွှင်ရွှင်ဖြင့်ကျေနပ်ခြင်းတရား တို့က မျက်နှာပေါ်မှာ ယှက်သန်း ၍သွားပါသည်။ သူတို့အပြေးအလွှားလာ ကြည့်သည့်အရာက အခြား မဟုတ်။ သစ်ပင်။ ရန်ကုန်တက္က သိုလ်၏အထင်ကရအမှတ်အ သား သစ်ပုပ်ပင်ကြီး။ ပန်းချီကား ပေါ်က သစ်ပုပ်ပင်။ ကဗျာထဲက သစ်ပုပ်ပင်။ ၀တ္ထုထဲက သစ်ပုပ် ပင်။ သီချင်းထဲက သစ်ပုပ်ပင်။ ရုပ်ရှင်ထဲက သစ်ပုပ်ပင်။ Sentimental Value ခေါ်လူ တို့ အမြတ်တနိုးတန်ဖိုးထားလေ့ရှိ ရာ အရာဝတ္ထုများထဲ၌ သစ်ပင်တို့ လည်းပါဝင်ပါသည်။
  • Thursday 2018-05-10
    ကွမ်းနှင့် ဆေးရွက်ကြီးစားသုံးမှုကိုမီဒီယာလှုပ်ရှားမှုမှတစ်ဆင့် ကွမ်းစားသုံးသူ ၆၀ ရာခိုင်နှုန်း ကျော်လျှော့ချနိုင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက မေလ ၇ ရက်၌စစ်တမ်းထုတ်ပြန် သည်။
  • Thursday 2018-05-10
    ပူပြင်းလှသည့် နေရောင် အောက်တွင်ဆီအုန်းပင်များ၊ သီဟိုဠ်ပင် များက ဟိုတစ်စုသည်တစ်စု ပေါက်နေသည်။ ယင်းအပင်များ ကြား မြေသားနီရောင် ကွင်းပြင်ကျယ်ကြီးတွင် ထိုင်းဘာသာစကားဖြင့် ရေးထားသည့် စာတန်းများ၊ ဆိုင်းဘုတ်များက ထိုးထိုးထောင် ထောင်၊ အချို့သည် မြေကြီးအ တွင်း တစ်ပိုင်းတစ်စနစ်မြုပ်နေပြီး ဆေးရောင်များပင် လွင့်ပြယ်နေ ပြီ။ "Italian-Thai" စာတန်းပါ ပျက်စီးနေသော စက်ယန္တရား အချို့ မြေပြင်ပေါ်တွင် ပြန့်ကျဲကာ စုပုံနေသည်။ သံဆန်ခါ ခြံစည်းရိုး များအကြား စက်ပျက်များသည် စက်ယန္တရားသင်္ချိုင်းတစ်ခုလိုဖြစ် နေသည်။ ထိုနေရာသည် ထားဝယ်မြို့ မှ ၁၅ မိုင်ကျော်ဝေးသည့် ရေဖြူ မြို့နယ်ရှိ ထားဝယ်အထူးစီးပွား ရေးဇုန် စီမံကိန်းနယ်မြေအစိတ် အပိုင်းတစ်ခုဖြစ်သည်။ ထားဝယ် အထူးစီးပွားရေး ဇုန် စီမံကိန်းလုပ်ကိုင်ရန် ၂၀၀၈ မေလတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရချင်း လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံ- ထိုင်း ကုမ္ပဏီနှင့် ပြည်တွင်းမှ မက်စ်(မြန်မာ)ကုမ္ပဏီတို့ စတင်လုပ် ကိုင်ခဲ့သည်။
  • Thursday 2018-05-10
    ‘ဘ၀ဆိုတာဟာ အချိန်နဲ့ ဖွဲ့ စည်းထားတာ။ အချိန်တွေ တန်ဖိုး ရှိလာရင် ဘ၀ဟာ တန်ဖိုးရှိလာ တတ်တယ်။ ဘ၀တန်ဖိုးရှိလာရင် လူလည်း တန်ဖိုးရှိလာတာပဲ’လို့ ကွယ်လွန်သူစာရေးဆရာကြီး ဦး အောင်သင်းက စာအုပ်တစ်အုပ် ထဲမှာ ရေးခဲ့တာကို အမှတ်ရမိနေ ပါတယ်။ ဆရာကြီးက လူတွေဟာ ဇရာကို လွန်ဆန်လို့မရကြောင်းနဲ့ ပညာဖြင့်သာ လူ့တန်ဖိုးကို မြှင့် တင်နိုင်ကြောင်း လူငယ်တွေကို အမြဲသတိပေးဆုံးမလေ့ရှိပါတယ်။ ဒီအကြောင်းကို ပြန်လည် သတိရမိတာက ကျွန်တော့်သားနဲ့ သမီးကြောင့်ပါ။ သမီးက အသက် (၁၆) နှစ်။ အပျိုဖော်ဝင်စ၊ သားက (၁၂) နှစ်အရာရာကို စူးစမ်းချင် တတ်တဲ့အရွယ်တွေပါ။ လူတွေ ဟာ ဇရာကို လွန်ဆန်လို့မရသလို လူတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း တားလို့မရပါဘူး။ ကျောင်းပိတ် ရက်တွေမှာ သားဖြစ်သူဟာ နေ့စဉ်ဆော့ကစားလိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ နေနေတာတွေ့ရပြီး ကလေးတွေရဲ့ ပုံမှန်တစ်နေ့တာ လှုပ်ရှားမှုထဲမှာ လည်ပတ်နေ တယ်လို့ပဲ ထင်ရပါတယ်။ ဒါပေ မဲ့ တစ်နေ့မှာတော့ သားတော် မောင်ဟာ ရေမိုးချိုးအပြီးမှာ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပြီး သူ့ရဲ့ လက် မောင်းကြွက်သားတွေကို ညှစ်ကာသူ့ကိုယ်သူပြန်ကြည့်နေတာကို အမှတ်မထင် တွေ့လိုက်ရပါ တယ်။ မေးကြည့်တော့ ရေမချိုး ခင်မှာ နေ့တိုင်းဒိုက်ထိုးလေ့ကျင့် ခန်းလုပ်ကြောင်းနဲ့ ဗလဘယ် လောက်ထွက်လာလဲ ကြည့်တာလို့ ပြောပါတယ်။ ဘာလို့ ဗလထွက်ချင်တာလဲ မေးပြန်တော့ ယောက်ျားလေးရှက်တဲ့ပုံနဲ့ ‘‘အ သောကလိုဖြစ်ချင်လို့ ဖေဖေ’’လို့ ဖြေပါတယ်။
  • Thursday 2018-05-10
    မျက်မှောက် ကာလ ဆောက်လုပ်ရေး လုပ်ငန်းရှင်တို့ အများဆုံးမေးမြန်းသော မေးခွန်းတစ်ခုရှိ၏။ ‘ကွန်ဒိုလော (Condo Law) ဘယ် ရောက်သွားပြီနည်း’ ဟူသော မေး ခွန်းဖြစ်၏။ ကွန်ဒိုလောဟူသော စုပေါင်းပိုင် အဆောက်အအုံဆိုင် ရာဥပဒေနှင့်ပတ်သက်၍ ရန်ကုန် မြို့ကြီး၌ပင်လျှင် အလွန့်အလွန် ငြိမ်ချက်သားကောင်းနေ၍ မေး ကြမြန်းကြခြင်းဖြစ်၏။ ‘တောင့်တတုန်းအခါ ပေါ်ထွက်လာ၊ သတ္တဝါဓလေ့ စိတ်ချမ်းမြေ့’ ဟူသော  မြန်မာစကားသည် အလွန်အဓိပ္ပာယ် ရှိ၏။ သတ္တဝါတို့မည်သည် မိမိလိုအပ်သော အရာဝတ္ထုတစ်ခုကို လိုအပ်သောအချိန်၌ အာသာငမ်း ငမ်း တောင့်တလေ့ရှိ၏။ ဥပမာ-ဆာလောင်မှုပြင်းပြနေသော အချိန်၌ အစာကို လိုလိုလားလား တောင့်တမိ၏။ တောင့်တသည့် အတိုင်း ရရှိလျှင် အလွန်ပျော်ရွှင် ၏။ အားရပါးရ သုံးဆောင်ကြ၏။ သို့သော် ရင်ပြည့်ရင်ကယ်ဖြစ်နေ သောအခါမှ မိမိတောင့်တခဲ့သော အစားအစာကို ရရှိလျှင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မှုမရှိတော့ သလို အားရပါးရ သုံးဆောင်နိုင် ခြင်းလည်း မရှိတော့ပေ။
  • Thursday 2018-05-10
    ကျောဘက်ကင်မရာ သုံးလုံးပါဝင် သည်P20 Pro နှင့် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသည့် P20 စမတ်ဖုန်းနှစ်မျိုးကို မေလ နောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံ၌ စတင်ရောင်းချမည်ဖြစ်ကြောင်း တရုတ်အခြေစိုက်ကုမ္ပဏီ ဟွာ ဝေးမြန်မာရုံးခွဲက သတင်းထုတ် ပြန်သည်။
  • Thursday 2018-05-10
    တယ်လီနော ဆင်းကတ်အသုံးပြုသူများသည် ဒေတာစုဘူးဖြင့် အင်တာနက် Plan များဝယ်ယူအသုံးပြုရာတွင် မေလပထမပတ်ကစ၍ အချိန်သတ်မှတ်ချက်မရှိတော့ဘဲ အသုံးပြုနိုင်ပြီဖြစ်ကြောင်း တယ်လီနောမြန်မာက သတင်းထုတ်ပြန်သည်။
  • Thursday 2018-05-10
    WhatsApp သည် ဗီဒီယို ခေါ်ဆိုမှု အစီအစဉ်ကို တိုးချဲ့မည် ဖြစ်ပြီး အုပ်စုလိုက် ဗီဒီယိုဖုန်းခေါ် ဆိုမှု အစီအစဉ်ထည့်သွင်းရန် စီ စဉ်ထားသည်။
  • Thursday 2018-05-10
    မြန်မာ့ခရီးစဉ်ဒေသငါးခုကို နိုင်ငံတကာက ပိုမိုသိရှိနိုင်စေရန် ဒေသ တစ်ခုချင်းစီအလိုက် ဝက်ဘ်ဆိုက် များကို ဂျပန်၊ အင်္ဂလိပ်နှစ်ဘာသာ ဖြင့် စမ်းသပ်လွှင့်တင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။
  • Thursday 2018-05-10
    အစိုးရ နည်းပညာအထက်တန်း ကျောင်း ၃၅ ကျောင်းတွင် ဖွင့်လှစ်မည့် နည်းပညာသင်တန်းများအ တွက် အဋ္ဌမတန်းအောင်မြင်ထား သူများ ဝင်ခွင့်လျှောက်ထားတက် ရောက်နိုင်ကြောင်း ပညာရေးဝန် ကြီးဌာနက မေလ ၄ ရက်တွင် ကြေညာသည်။
  • Thursday 2018-05-10
    အလွတ် ကျက်မှတ်မှု ထက် ကိုယ်တိုင်စဉ်း စားတွေးခေါ်မှုကို ဦးစားပေးသည့် တက္ကသိုလ်ဝင်စာ မေးပွဲ မေးခွန်းပုံစံသစ်ကို ၂၀၁၈- ၁၉ ပညာသင်နှစ်မှ စတင်ပြောင်း မည်ဟု ပညာရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်တွင်ကြေညာသည်။ ဒီချုပ်အစိုးရအနေဖြင့်မြန်မာ နိုင်ငံ၏ အမြစ်တွယ်နေသည့် အ လွတ်ကျက် ပညာရေးစနစ်ကို ပြောင်းလဲပေးမည်ဟု အစိုးရ စ တက်လာကတည်းကပင် ပြည်သူ အများက မျှော်လင့်ခဲ့သည်။အစိုးရသက်တမ်း ၂ နှစ်ပြည့်သည်အထိ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များ၏ သင်ကြား နည်းစနစ်၊ စာမေးပွဲစစ်ဆေးသည့် စနစ်တို့ကို မပြောင်းလဲနိုင်သဖြင့် အစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုအပေါ် မေးခွန်းထုတ် မှုများရှိခဲ့သည်။
  • Thursday 2018-05-10
    တစ်ကျော့ပြန် ရခိုင်ပြည် နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်ခံရခြင်း၏ ရိုက်ခတ်မှုက  ယနေ့တိုင် ကြီးမားစွာ သက် ရောက်နေဆဲ ဖြစ်သည်ကို ကုလ သမဂ္ဂလုံခြုံရေးအဖွဲ့ဝင် နိုင်ငံများ မှ သံအမတ်ကြီးများ၏ ခရီးစဉ်က သက်သေပြနေသည်။ ကုလသမဂ္ဂနှင့် အနောက် နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ မြင့်တက်နေချိန် တွင် အစိုးရက ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင် ရွက်မည်ဟု သတင်းစကားပါး လိုက်သည်။
  • Thursday 2018-05-10
    အနည်းဆုံး အခကြေးငွေနှုန်းထား ကြေညာပြီးပါက အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အ မျိုးသားကော်မတီ၏ လုပ်ငန်းတာ ဝန်များ ဆက်ရှိနိုင်ခြင်း သင့်၊ မသင့်ရှင်းလင်းစွာ မသိရသေးကြောင်း ကော်မတီအဖွဲ့ဝင်အချို့က ပြော သည်။
  • Thursday 2018-05-10
    အပစ်ရပ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်ဆိုင်ရာ  တိုးတက်မှုအားနည်းချက်နှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ JMC ကော်မတီအဆင့်ဆင့်၏ဆွေးနွေးချက်များကို ပြည်ထောင်စုအဆင့် ကော်မတီသို့တင်ပြမည်ဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။
  • Thursday 2018-05-10
    စားသုံးရန်မသင့်သော အစားအ သောက်ခုနစ်မျိုးကို ဈေးကွက် အတွင်းမှ ပြန်လည်သိမ်းဆည်းရန် လုပ်ငန်းရှင်များသို့ ညွှန်ကြားထား ပြီး ဈေးကွက်အတွင်း ဆက်လက် တွေ့ရှိပါက အရေးယူမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်-FDA) တာ ဝန်ရှိသူတစ်ဦးကပြောသည်။
  • Thursday 2018-05-10
    နှလုံးရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ကင်ဆာရောဂါသည်များတွင် မီးခိုးငွေ့ ကြောင့် နဂိုရောဂါအခံ ပိုမိုဆိုးရွား စေသဖြင့် သတိပြုရန်လိုအပ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လုပ်ငန်းခွင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး(အငြိမ်းစား) ဒေါက်တာသန်းထွဋ် က ပြောသည်။

Pages