No.1802 Thursday, May 17, 2018

Issue Date: 
Thursday, May 17, 2018
Myanmar Date: 
၁၃၈၀ ခုနှစ်၊ နယုန်လဆန်း ၃ ရက် (ကြာသပတေး၊ မေ ၁၇၊ ၂၀၁၈)
Publication: 
7Day Daily

List of stories

  • Thursday 2018-05-17
    မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ရှာဖွေခဲ့ကြောင်း သိရသည်။
  • သရုပ်ဆောင်ရွှေမှုံရတီ ၏ အသက်(၂၀)ပြည့်မွေးနေ့ကို မေလ ၁၆ ရက်နံနက်က မှော်ဘီ မြို့ရှိ အောင်ဇမ္ဗူတောရဓမ္မ ရိပ်သာတွင် ပြုလုပ်ခဲ့သည်။
  •  မေလ ၁၆ရက်တွင် ကျရောက်သည့် မွေးနေ့၌ အဘွား၏ ရွာ၌ တည်ထားသည့် စေတီတော်အားရည်စူး၍   ရေ စက်ချအလှူလုပ်ခဲ့ကြောင်း အ ဆိုတော်ပိုပိုကပြောသည်။
  • ရာသီစက်ဝန်း တစ်ပတ်လည်မှုနဲ့အတူ မိုးရာသီရောက်ရှိလာဖို့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ မိုးမစိုအောင် ကာကွယ်ကြရာမှာ ထီးတွေကို အသုံးပြုတာဟာ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နည်းပညာအသုံးချမှု ကျယ်ပြန့်လာတဲ့ခေတ်မှာတော့ သမားရိုးကျ ထီးတွေအစာ
  • မုန်တိုင်းနှင့် ငလျင်လှုပ် ခတ်မြည်ဆိုသော သဘာဝဘေး ကောလာဟလများ ဆက်တိုက် ထွက်ပေါ်နေပြီး လူထုအနေဖြင့် သတင်းအမှားများကို မယုံကြည် ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတိပေးသည်။
  • တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ  ရာဇ သတ်ကြီးပုဒ်မ ၅၀၀ ဖြင့်တရားစွဲ ဆိုခံရသည့် ပိတ်မိစစ်ရှောင်များ ကယ်ထုတ်ပေးရေး မြစ်ကြီးနား မြို့တွင်ဆန္ဒထုတ်ဖော်ခဲ့သည့် ဦး ဆောင်သူသုံးဦးအနက် နှစ်ဦးကို မြို့နယ်တရားရုံးက အာမခံပေး ပြီး မေလ ၂၁ ရက်တွင်အမှုကို ကြားနာစစ်ေ
  •  မေလ ၂၆ ရက်တွင် ယူက ရိန်း နိုင်ငံ ကိဗ်မြို့၌၂ နှစ်ဆက်ချန် ပီယံ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လီဗာ ပူးအနိုင်ရပါက အသင်းသားတစ် ဦးလျှင် ဆုကြေးယူရိုနှစ်သိန်းစီ ရရှိမည်ဖြစ်သ်ျ။
  •  မန်စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာသည် ၎င်း ၏အသင်းကို ပရီးမီးယားလိဂ် ဖလားနှင့် စံချိန်အများအပြားဆီ သို့ ဦးဆောင်ခဲ့ပြီးနောက် မေလ ၁၅ ရက်က ကျင်းပသော လိဂ်မန် နေဂျာများ အစည်းအရုံး အခမ်း အနားတွင် တစ်နှစ်တာအကောင်း ဆုံးမန်နေဂျာအဖြစ် ရွေးချယ်ခံ ရသည်။
  • ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း မေလအ တွင်း ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။
  • ရိုက်တာသတင်း ထောက်နှစ်ဦးနှင့်တွေ့ဆုံရာတွင် ပါဝင်သော ရဲတပ်ကြပ်ကြီးခင် မောင်လင်းကို ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေဖြင့် အရေးယူကာ ရာထူးမှ ထုတ်ပယ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်)မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုး သူစိုးက ပြောသည်။တပ်ကြပ်ကြီးခင်မောင်လင်း ကို ရာထူးမှ အမြဲတမ်းထုတ်ပယ် ကြောင်း ရဲမှုခင်းမှတ်တမ်းအဖွဲ့က ယမန်နေ့ရုံးထုတ်တွင် လာရောက် ထွက်ဆိုခဲ့သည်။
  • Thursday 2018-05-17
    သီလ၀ါဆိပ်ကမ်းမြေ တွင် ဒေသခံလယ်သမားများနှင့်  မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့  ပဋိပက္ခဖြစ်ပွားခဲ့ခြင်းနှင့် ပတ် သက်၍ နိုင်ငံတော်သမ္မတအပါအ ၀င် သက်ဆိုင်ရာဌာနများသို့ တစ် ပတ်အတွင်းတင်ပြတိုင်ကြားမည် ဖြစ်ကြောင်း လယ်သမားများက မေလ ၁၆ ရက်တွင် ပြောကြားသည်
  • ရွှေတိဂုံစေတီ၏ အလှူငွေများကို ဘဏ်တွင် နောက်ဆုံးအပ်နှံထားမှုသည် စုစုပေါင်း ကျပ် ၆၇ ဘီလီယံနှင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိပြီး ငွေစုစာအုပ်များမှ ယခင်နှစ်အတွင်း အတိုးကျပ် သိန်း ၄,၇၀၀ ကျော်ရ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
  •  ဝေဖန်မှုများရှိခဲ့သည့် ‘ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ် ငန်း စီမံကိန်းအစီရင်ခံစာ ၂၀၁၈-၂၁’ ကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။ ယင်းစီမံကိန်းအရ ကျပ်ဘီ လီယံ ၁,၅၀၀ ကျော်တန်ဖိုးရှိ စီမံ ကိန်းကိုးခုအပါအဝင် မြို့ပြဖွံ့ဖြိုး ရေး စီမံကိန်း ၁၂ ခု ဆောင်ရွက် မည်ဖြစ်ပြီး   အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကလွှတ်တော်သို့ တင်သွင်းရာ စီမံ ကိန်းတွင် ပါဝင်သည့် အသေးစိတ်အချက်အလက်များ ထည့်သွင်းဖော်ပြထားခြင်းမရှိဟုဆို ကာ လွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့သည်။
  • အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနအနေဖြင့် ၂ နှစ်အတွင်း စစ်ဆေးသည့် စီးပွားရေးဆိုင်ရာ ပြစ်မှုများအနက် အခွန်စည်းကြပ်ရန် လိုအပ်သည့် ကျပ်သန်းငါးသိန်းကျော် (ကျပ် ဘီလီယံ၅၀၀ ကျော်)နှင့် ကန်ဒေါ်လာ ၁၈ သန်းခွဲကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသည်။ ၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၈ မေလ ၁၅ ရက်အထိ ၂ နှစ်အ တွင်း စီးပွားရေးဆိုင်ရာ အမှု ၉၅ မှုကို စစ်ဆေးရာမှ အခွန်ကြီး ကြပ်ရန် တွေ့ရှိခြင်းဖြစ်သည်။
  •  မြန်မာနိုင်ငံ၏ပထမဆုံး ဝန်ကြီးချုပ် ဦးနုအမှတ်တရပြခန်း ကို မေလ ၂၅ ရက်တွင် ဖွင့်လှစ် မည်ဖြစ်သည်။ ပြခန်းကို ဗဟန်းမြို့နယ် ဆရာစံလမ်း၊ ပြည်ထောင်စုရိပ်သာလမ်းရှိ ဦးနု၏အိမ်တွင်ဖွင့်မည်ဖြစ်ပြီး ၎င်း၏ စာအုပ်များနှင့် အသုံးအဆောင်များကို ပြသမည်ဖြစ်သည်။   ‘‘ပြခန်းလုပ်ဖို့ စဉ်းစားခဲ့တာ တော်တော်ကြာပါပြီ။ ကျွန်မ နိုင်ငံ ခြားတွေသွားတိုင်း အဲဒီက နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ပြတိုက်တွေ တွေ့တယ်။ ဖေဖေ့အိမ်ကိုလည်း အဲဒီလိုပြတိုက်တွေ လုပ်ရရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ အဲဒါကြောင့် ဖွင့်ဖြစ်တာပါ’’ဟု ဦးနုသမီး ဒေါ်စန်းစန်းနုက ပြောသည်။
  • Thursday 2018-05-17
    နိုင်ငံခြားအရက် သို လှောင်မှုအပေါ် အခွန်တိုး ကောက်ရန်နှင့် အရက်ပြန်ရောင်း ချမှုကို လိုင်စင်အမျိုးအစားအသစ် သတ်မှတ်၍ လိုင်စင်ကြေးကျပ်  သုံးသိန်းကောက်ခံရန်အချက် ပါဝင်သည့် ရန်ကုန်တိုင်းဒေသ ကြီးယစ်မျိုးခွန်ဥပဒေ ပြင်ဆင် သည့်ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေကြမ်း ကော်မတီက မေလ ၁၆ ရက်၌ ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးတွင် သ ဘောထားမှတ်ချက်ပေးခဲ့သည်။
  • Thursday 2018-05-17
    ပဲခူးတိုင်းဒေသကြီး နတ် တလင်းမြို့ရှိ သကျမဟာမြတ်မုနိ ဘုရားကြီးတွင် စစ်ပွဲများ ရပ်တန့် ရန်နှင့် ငြိမ်းချမ်းရေးအတွက် မေလ ၁၅ ရက်က ဆုတောင်းလမ်း လျှောက်သည့် ကျောင်းသားလူ ငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးပြီး ၎င်းတို့အနက်သုံးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် နတ်တလင်း မြို့မ ရဲစခန်း၌ အမှုဖွင့်ထားသည်။
  • Thursday 2018-05-17
    တနင်္သာရီတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့ မော်ကို အထူးစုံစမ်းစစ်ဆေးရေး (စစစ)က နေပြည်တော်သို့ ခေါ် ယူစစ်ဆေးနေကြောင်း လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း တိုင်းအစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
  • Thursday 2018-05-17
     ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ် (၂)ရပ်ကွက် မဟာဗန္ဓုလပန်းခြံလမ်း အလယ်ဘလောက်ရှိ SAMSUNG Customer Service အတွင်း ဧပြီ ၁၆ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယင်းမီးလောင်မှုသည် အဲ ကွန်းနှင့် လျှပ်စစ်မီးများသို့ သွယ် တန်းထားသော ၀ိုင်ယာကြိုးများ ပေါ်တွင် တီဗီပစ္စည်းဟောင်းများ စုပုံထားရှိရာမှ ၀ိုင်ယာကြိုးဒဏ်ဖြစ်ပြီး အပူလွန်ကဲကာ စတင်လောင်ကျွမ်းကြောင်း၊ ဆမ်ဆောင်းအမျိုးအစား အဲကွန်းတစ်လုံး၊ တီဗီပစ္စည်းဟောင်းများနှင့် စက္ကူကတ်ထူပုံးအဟောင်းများ မီးလောင်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅၀,၀၀၀ ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
  • Thursday 2018-05-17
     မြန်မာနိုင်ငံကို နိုင်ငံတ ကာက ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့် မားလာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က မဟုတ်မမှန်ပြောကြား၍ မြန် မာအစိုးရနှင့် ပြည်သူများကို ပုတ် ခတ်ဝေဖန်နေသည်ဟု မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်ရှင်းလင်းပွဲ၌ တုံ့ပြန်ခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် များ၏ ခရီးစဉ်နှင့် ပတ်သက်၍ တံခါးဖွင့်ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၁၄ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ပြုလုပ်ရာ မြန်မာသံအမတ်ကြီး က ယင်းသို့ ထည့်သွင်းပြောကြား သည်။
  • Thursday 2018-05-17
     တောင်သာမြို့နယ်နေ အသက်(၂၀)နှင့်(၁၇)နှစ်အရွယ် လူငယ်နှစ်ဦး ပဲစင်းငုံယာခင်းဘေး တွင် ပိုးသတ်ဆေးသောက်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း တောင် သာမြို့မရဲစခန်းမှူး ဒုရဲမှူးအေး ထွန်းမောင်က ပြောသည်။ 
  • Thursday 2018-05-17
    မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် ချမ်းမြသာယာရပ် ကွက်ရှိ ဆောက်လုပ်ရေးလိုင်းခန်း တွင် ညီအစ်မနှစ်ဦး စကားပြော နေစဉ် တစ်နယ်တည်းနေ အမျိုး သားတစ်ဦး ရောက်ရှိလာပြီး ရည်းစားစကားပြောဆိုရာ လက် မခံသဖြင့် အသင့်ပါလာသောဓား ဖြင့် ထိုးခဲ့၍ အစ်မဖြစ်သူသေဆုံး ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်သည်။
  • Thursday 2018-05-17
    မန္တလေးနှင့် ပခုက္ကူမြို့ တွင် မေလ ၁၅ ရက်ကကျပ် တစ် သောင်းတန် ငွေစက္ကူအတု ၁,၃၆၅ ရွက်သိမ်းဆည်းရမိပြီး ယင်းငွေစက္ကူအတုများနှင့်အတူ တွေ့ရှိသည့် အမျိုးသားလေးဦးကို ဖမ်းဆီးထားကြောင်း အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
  • Thursday 2018-05-17
    တရုတ်မယားအဖြစ် ရှစ်လကြာ ပေါင်းသင်းခဲ့ရသည့် ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း မှ အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ရောက်လာရာ ၎င်းကို တရုတ်နိုင်ငံသို့ရောင်းစား ရာတွင် ပါဝင်သူငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးပုဒ်မဖြင့်ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာအမှုဖွင့် အရေးယူထားသော် လည်း ဖမ်းဆီးမိခြင်းမရှိသေး ကြောင်း ရဲမှတ်တမ်း၌ဖော်ပြထား သည်။ 
  • Thursday 2018-05-17
    အက်စတွန်ဗီလာနှင့် ဘိုလ်တန်နောက်ခံလူဟောင်း အဂ်ဂါတန် အသင်း နည်းပြဖြစ်ခဲ့သူ ဆမ်မြူရယ်သည် အသက် (၃၇) နှစ် အရွယ် တွင် ကားမတော်တဆဖြစ်ပြီး သေဆုံးခဲ့သဖြင့် အက်စတွန်ဗီလာနှင့် မစ်ဒယ်ဘရော့တို့၏ ချန်ပီယံရှစ်ရှုံးထွက် ဒုတိယအကျော့ မတိုင်မီ တစ်မိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့သည်။
  • Thursday 2018-05-17
     အသင်းကိုခြောက်လ ကြာ ကိုင်တွယ်ပြီးနောက် အဲဗာ တန် မန်နေဂျာ ဆမ်အလာဒိုက်စ် ထုတ်ပယ်ခံရသည်။ နည်းပြ ဟောင်း ရော်နယ်ကိုးမန်း ထုတ် ပယ်ခံရပြီးနောက် ၂၀၁၈ နိုဝင် ဘာတွင် ဆမ်အလာဒိုက်စ်ရောက် လာပြီး ၁၈ လ စာချုပ်ချုပ်ဆိုခဲ့ သည်။
  • Thursday 2018-05-17
    ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေမယ့် အမေရိကန် ဟာသရုပ်ရှင်ကားလေး ဖော်ပြ လိုက်ပါတယ်။
  • Thursday 2018-05-17
     ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မေလ  ကုန်တွင် ကျင်းပရန် သဘောတူ ထားသော်လည်း လက်ရှိငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အခြေအနေများ အရ သတ်မှတ်ချိန်အတိုင်း ကျင်းပရန် မသေချာကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၌ ၂၁ရာစု ပင်လုံကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် သဘောတူခဲ့သည်။ သို့သော် အဆင်သင့်မဖြစ်၍ မေလကုန်တွင် ကျင်းပရန် ဧပြီလလယ်က နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးပွဲ၌ သဘောတူခဲ့ပြန်သည်။
  • Thursday 2018-05-17
    ကချင်နှင့်ရှမ်းမြောက် တွင် ဖြစ်ပွားသော ပဋိပက္ခများ နှင့် ပတ်သက်၍ ပါဝင်ပတ်သက် သော အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးနှင့် အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို အပြည့် အဝလေးစားလိုက်နာကျင့်သုံးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီးရုံးက တိုက်တွန်း လိုက်သည်။
  • Thursday 2018-05-17
    AFC Cup အာဆီယံဇုန်အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ တွင် ရန်ကုန်အသင်းက ဆီးရက်စ် နီဂရိုးအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိသော်လည်း နှစ်ကျော့ပေါင်း ၆-၅ ဂိုးဖြင့် ရှုံးနိမ့်ကာ ဗိုလ်လုပွဲ နှင့် လွဲချော်ခဲ့သည်။

Pages