အတွဲ (၁၇)၊ အမှတ် (၁၃)

Issue Date: 
Thursday, June 7, 2018
Myanmar Date: 
၁၃၈၀ ပြည့်နှစ်၊ နယုလဆန်း ၈ ရက်၊ ဗုဒ္ဓဟူး၊ (ဇွန် ၆၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Saturday 2018-06-09
    ပြီးခဲ့သည့် တစ်ပတ်တာအစည်း အဝေးများအတွင်း ဥပဒေပြုရေး ကိစ္စများသည် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ပြည်သူ့လွှတ်တော်၌ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို အထူးဥပဒေဖြင့် သေဒဏ်ချမှတ်သည်အထိ တိကျစွာရေးဆွဲပြဋ္ဌာန်းပေးရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့သည်။ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့သည်။ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
  • Saturday 2018-06-09
    ကုမ္ပဏီမတူသော်လည်း အာနိ သင်တူသည်ဆိုကာ ဈေးကွက် အတွင်း ရောင်းချနေသော ကင် ဆာဆေး၊ ပဋိဇီဝဆေးများနှင့်ပတ် သက်၍ သက်ဆိုင်ရာဆရာဝန်များ နှင့် တိုင်ပင်ပြီးမှသာ သုံးစွဲသင့် ကြောင်း မြန်မာနိုင်ငံဆရာဝန်အ သင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ ရဲမြက ပြောသည်။
  • Saturday 2018-06-09
    ဆရာဝန်များ၏ အရည်အသွေးနှင့် စဉ်ဆက်မပြတ်ပညာသင်ကြားရေး အဆင့်မြှင့်တင်ရန် ကျပ်သန်းတစ်ထောင်ခန့် ကုန်ကျမည့် လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။
  • Saturday 2018-06-09
    မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ် အောက်ကလေးငယ်သုံးဦးလျှင် တစ်ဦးနှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲနေပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာသည်ကို တွေ့ရ ကြောင်း ပါမောက္ခဒေါက်တာခင် အုန်းမြင့်က ပြောသည်။
  • အဝေးသင်တက္ကသိုလ် ဒုတိယနှစ် နှင့်အထက် သင်တန်းများ ကျောင်းအပ်လက်ခံမည့်ရက်ကို ဇွန်လ ၁၅ ရက်အထိ ထပ်တိုးသတ်မှတ်ပေး ထားကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်က ကြေညာသည်။
  • Wednesday 2018-06-06
    ကျောင်းခေါ်ချိန်မပြည့်သူ၊ တတ်မြောက်မှုအားနည်းသူ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ဇူလိုင်ကစ၍ ဖြည့်ဆည်း သင်ကြားပေးမည်ဟု ပညာရေး ၀န်ကြီးဌာနက ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ အသိပေး ချက်များတွင် ထည့်သွင်းကြေညာ သည်။
  • Wednesday 2018-06-06
    ရမည်းသင်း ဒေသသည် စပျစ်သီး ကုန်ကြမ်း လိုအပ်သည့် ၀ိုင်အ ရက်စက်ရုံတို့ အားကိုးသည့်နေရာ ဖြစ်လာသည်။
  • Wednesday 2018-06-06
    မျက်မှောက်ခေတ်ကာလ ၌ ‘နားဝအဖုံဖုံ၊ ကြားရတုံလည်း၊ ယုံကြည် ရမှာ၊ ခဲလှစွာတည်း’ ဟူသော သတင်းများအကြောင်း စာဖွဲ့မှတ် တမ်းတင်ရပေဦးမည်။ ဒီမိုကရေစီ ခေတ်၊ ပြည်သူ့အစိုးရခေတ်ဖြစ် ခြင်းကြောင့် ၎င်းသတင်းများအား ယုံကြည်ရန် ခက်လှပါသည်ဟု ဆို ရခြင်းဖြစ်ပါသည်။ ပထမသတင်း မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လွှတ်တော်သို့ တင်သွင်း သော ၂၀၁၈-၁၉ ခုနှစ် ရသုံးမှန်း ခြေငွေစာရင်း၌ မြို့တော်ဂေါက် ကွင်းအတွက် သိန်းပေါင်း ၁,၅၇၅ သိန်း တောင်းခံသည့်သတင်းဖြစ် ပါသည်။ ဂေါက်ကွင်းတို့မည်သည် နိုင်ငံတော်၏ မြို့ပြပြည်သူ ၃၀ ရာခိုင်နှုန်းအနက်မှ လက်တစ်ဆုပ် စာမျှရှိသော ပြည်သူတို့သာလျှင် အသုံးပြုနိုင်သောနေရာဖြစ်၏။ အချို့က ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ဂေါက်ကွင်းဟူသည် ကျန်းမာရေး အတွက် အသုံးပြုရာဖြစ်သကဲ့သို့ လာဘ်ပေးလာဘ်ယူပျိုးပင်ကို ရေ လောင်းပေးရေး ဆွေးနွေးရာနေ ရာ၊ စီးပွားရေးသမား ပရိုဂျူဆာ နှင့် အာဏာစင်မြင့်မှ သရုပ်ဆောင်ခွင့်ရသူတို့ ဇာတ်ကွက်ဇာတ်လမ်း ညှိနှိုင်းရာနေရာဟုလည်း ဆိုကြ ၏။
  • Wednesday 2018-06-06
    (၁)  ရုပ်မြင်သံကြားအစီအစဉ် များတွင် ပြိုင်ပွဲအစီအစဉ်တွေ အတော်များလာသည်။ အတော် များသည့်အထဲက အများဆုံးက သီချင်းဆိုပြိုင်ပွဲများ ဖြစ်သည်။ ရုပ်မြင်သံကြားရှေ့ သိပ်ပြီးအချိန် မပေးနိုင်လှသော စာရေးသူပင် အစီအစဉ်အတော်များများကို သိ နေသည်။ စာရေးသူတို့ ငယ်စဉ် ကလေးဘဝကတည်းက မြန်မာ့ အသံမှာ ‘ဆိုကြမယ်၊ ပျော်ကြ မယ်’ကို စပြီးသိခဲ့ရသည်။ နောက်တော့ ‘သံစဉ်များနှင့်ကမ္ဘာ’၊ ‘ကြယ်ကလေးတွေရဲ့ မိုးကောင်း ကင်’ စသည်ဖြင့် ကြုံခဲ့ရသည်။ မြန်မာသံသီးသန့် ပြိုင်ပွဲလည်း ရှိ ခဲ့သည်။ ‘အိပ်မက်ဆုံရာ’၊ ‘မြန်မာ အိုင်ဒေါ’၊ ‘The Voice’ တို့က နောက်ဆုံးဖြစ်မည်ထင်သည်။ တစ်နှစ်ထက်တစ်နှစ် မရိုးလှ သည့် သီချင်းဆိုပြိုင်ပွဲများက အောင်မြင်သော တေးသံရှင် အသစ်တွေကို မွေးထုတ်ပေးနေ သည်။ အဆိုတော်ဖြစ်ချင်ကြ သည့် လူငယ်များ၏ အိပ်မက်တွေ လက်တွေ့ အကောင်အထည် ဖော်ခွင့်ရကြသည်။ ပြည်သူချစ် အနုပညာရှင်ကြီး (ဦး)သိန်းတန် (မြန်မာပြည်)၏ ‘အန်ကယ်က တော့ နိုးပါ’ဆိုသည့် စကားက လူတိုင်းပါးစပ်ဖျား ရောက်လာ သည်အထိ သည်ပြိုင်ပွဲတွေက လူထုအပေါ် လွှမ်းမိုးမှုရှိသည်။
  • Wednesday 2018-06-06
    မြန်မာနိုင်ငံတွင် စပျစ်သီးအများ ဆုံးထွက်သည့်နေရာမှာ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ နယ်ဖြစ်သည်။ ရမည်းသင်းတွင် ဧကရာထောင်ချီစိုက်ပြီး ထွက်လာ သော စပျစ်ကို မြို့အများအပြား သို့ တင်ပို့လျက်ရှိသည်။ ဆေးပုလဲ ကုန်းကျေးရွာမှ ကိုလှိုင်ထွန်းပြော ပြသည့် စပျစ်ထုတ်လုပ်ရောင်း ချမှုအခြေအနေများအကြောင်းကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 
  • Wednesday 2018-06-06
    အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းပြီးသား ပုဒ်မအချို့ကို နိုင်ငံတော်သမ္မတရုံးက စာတစ်တန်ပေတစ်တန်ထုတ်လိုက်ခြင်းက အုပ်ချုပ်ရေးကိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်တော့မည်ဟု သတိပေးခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်အချို့က နားလည်လိုက်သည်။
  • Wednesday 2018-06-06
    ၂၀၁၁မှ ၂၀၁၅ အထိ ငါးနှစ်တာ ကာလသည် မြန်မာ့ဒီမိုကရေစီအ သွင်ကူးပြောင်းရေး အရေးပါသည့် ကာလများဖြစ်သည်။ အငြင်းပွား ဖွယ်ရာ ဖြစ်ရပ်များ တင်းကျမ်း ပြည့်နှက်နေသည့် ကာလလည်း ဖြစ်သည်။ 
  • Wednesday 2018-06-06
    (တစ်) လူသားတို့စီးနင်းကာ ခရီးနှင် ကြသည့်ယာဉ်များထဲ၌ ရထားဆို သည်ကြီးက ပိုလို့များအနက် အဓိပ္ပာယ်တို့နှင့် ပြည့်သိပ်နက်ရှိုင်း ကာ မှော်ရုံတောဆန်နေလေရော့ သလားမပြောတတ်ပါ။ လူတို့ မော်တော်ကားကို သိပ်ပြီးစာမဖွဲ့ ကြ။ သင်္ဘောကို သိပ်ပြီးကဗျာမဖွဲ့ ကြ။ ရထားကိုကား အနုပညာ လက်ရာတိုင်းလိုလို၌ အလေးအ နက်ကိုပဲ ထည့်သွင်းဖွဲ့နွဲ့ကြမြဲဖြစ် ပါသည်။
  • Wednesday 2018-06-06
    (၁)
  • Wednesday 2018-06-06
    တရုတ်၊ အာဖရိကနှင့် ဥရောပသမဂ္ဂနိုင်ငံများမှ ဆန်ဝယ် လိုအားကောင်းနေခြင်းကြောင့် ယခုနှစ် မိုးစပါးပေါ်ချိန်စပါးဈေး  ယခင်နှစ်ထက် ဈေးမလျော့နိုင် ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တာဝန်ရှိသူ အချို့က ပြောသည်။ 
  • Wednesday 2018-06-06
    မြန်မာနိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းသည် မေလအတွင်း ကျ ဆင်းခဲ့ကြောင်း ဂျပန် Nikkei Asia Review က ထုတ်ပြန်သော စစ် တမ်းတွင် ဖော်ပြသည်။
  • Wednesday 2018-06-06
    စာရေးဆရာကြီးဦးအောင်သင်း မကွယ်လွန်မီ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က စာနယ်ဇင်းများတွင် ရေး သားခဲ့သော ဆောင်းပါးများကို ပထမအကြိမ်စုစည်း ထုတ်ဝေသည့်စာအုပ်ဖြစ်သည်။ 
  • Wednesday 2018-06-06
    နေ့စဉ် အမှိုက်တန်ချိန် ၂,၆၀၀ ထွက်ရှိနေ သည့် ရန်ကုန်တွင် စွန့် ပစ်အမှိုက်လျှော့ချရေး ဆောင် ရွက်နေသည့် ပရဟိတအဖွဲ့များ က အမှိုက်စနစ်တကျ စွန့်ပစ်ရန်၊ အမှိုက်ထွက်ရှိမှုလျော့ကျရန် အသိပညာပေးမှုများနှင့်အတူ စွန့်ပစ် အမှိုက်မှ လူ့အသုံးအဆောင် ပစ္စည်းများ ပြုလုပ်သုံးစွဲနိုင်သည့် အချက်ကိုပါ မျှဝေလာကြသည်။
  • Wednesday 2018-06-06
    ကယားပြည်နယ်အတွင်း ခရီးသွားကဏ္ဍ၌ အဟန့်အတားဖြစ်နေသည့် ကန့်သတ်နယ်မြေ များကို နယ်မြေအေးချမ်းသည့် အပေါ်မူတည်၍ ထပ်မံဖြေလျှော့ ပေးမည်ဟု ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးအုန်းမောင်က မေလ တတိယပတ်တွင် ပြောသည်။
  • Wednesday 2018-06-06
    ရခိုင်ပြည်နယ် ခရီးသွား ကဏ္ဍတွင် လူ့စွမ်းအားအရင်းအ မြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင် ရေး အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ (ILO)နှင့်ပူးပေါင်းကာ ဒေသခံများအား သင်တန်းပို့ချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်(MYF) အထွေ ထွေအတွင်းရေးမှူး ဦးကြည်သိန်း ကိုကပြောသည်။
  • Wednesday 2018-06-06
    တနင်္သာရီတိုင်း၊ ချင်းနှင့် ကယား ပြည်နယ်တို့ကို ဦးစားပေးခရီးစဉ် ဒေသအဖြစ် ယခုနှစ်အတွင်း ဖော်ထုတ်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။
  • Thursday 2018-06-07
    အီတလီတွင် ရထား မတော်တဆမှု ဖြစ်ပွားရာ နေရာ၌ Selfie အလှဓာတ်ပုံရိုက်သည့် လူတစ်ဦး၏ လုပ်ရပ်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
  • Wednesday 2018-06-06
    ဗစ်တာကွန်စတန်စီယို (၇၄)နှစ် ဟာ ၂၀၁၀ ကတည်းက ဥရောပ ဗဟိုဘဏ် (ECB) ရဲ့ ဒုဥက္ကဋ္ဌဖြစ် ခဲ့ပါတယ်။ အဲဒီမတိုင်ခင်က သူဟာ ပေါ်တူဂီဗဟိုဘဏ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပါတယ်။ အဲဒီ ရာထူး ကို သူဟာ ၂၀၀၀ မှာယူ ခဲ့ပြီး ECB ရဲ့ အုပ်ချုပ်ရေးကောင်စီမှာ တစ်နေရာနဲ့အတူ ရာထူးရခဲ့တာပါ။ မေလကုန်မှာ သူ့ရဲ့ ECB ဒုဥက္ကဋ္ဌရာထူးသက်တမ်း အဆုံးသတ်ခဲ့ပါ တယ်။
  • Thursday 2018-06-07
    ဒေါ်နယ်လ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့၏ သမိုင်းဝင် တွေ့ဆုံမှုကို စင်ကာပူရှိ ကြယ်ငါးပွင့် အဆင့်မြင့် ဟိုတယ် တစ်ခုတွင် ကျင်းပသွားမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
  • Wednesday 2018-06-06
    ဂျီနာချာရီဟက်စပယ်သည် အမေ ရိကန်ထောက်လှမ်းရေးအရာရှိ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဗဟို ထောက်လှမ်းရေး အေဂျင်စီ(CIA) ညွှန်ကြားရေးတာဝန်ထမ်းဆောင် နေပြီး ယင်းရာထူး ထမ်းဆောင်ခွင့် ရသည့် ပထမဆုံး အမျိုးသမီးဖြစ် သည်။
  • Wednesday 2018-06-06
    ဂျပန်နိုင်ငံ၏ ဒုတိယလေယာဉ် အဝင်၊ အထွက် အများဆုံး ဂျပန် လေဆိပ်ကြီး နာရီတာနှင့် ဆယ်စု နှစ်များစွာ တိုက်ပွဲဝင်ပြီးနောက် အော်ဂဲနစ်စိုက်ပျိုးရေးသမား တာ ကာအိုရှီတို ကောင်းကောင်းကြီး သိရှိခဲ့သလို သင့်အနေဖြင့် အိမ်နီး ချင်းများကို ရွေးချယ်ခွင့်ရသည် မဟုတ်ပေ။
  • Wednesday 2018-06-06
    စာရေးဆရာမင်းသိင်္ခ၏ ၀တ္ထုများကို ရုပ်ရှင်အဖြစ်ဖန်တီး ကြရာတွင် အောင်မြင်သည့်ရုပ် ရှင်များရှိခဲ့သဖြင့် ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိ သည်။
  • Wednesday 2018-06-06
    မေလ ၁၇ ရက်ကကျရောက် ခဲ့သည့် အသက်(၂၀)ပြည့်မွေးနေ့ တွင် ၀တ်ဆင်သည့်မြန်မာဝတ်စုံ ပေါ် ပရိသတ်များ၏ဝေဖန်မှုနှင့် ပတ်သက်၍ သရုပ်ဆောင်ရွှေမှုံ ရတီက ယခုကဲ့သို့ပြောသည်။
  • Thursday 2018-06-07
    မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းက တရုတ်နှင့်အပြိုင် အဆိုင် ဖြစ်လာမည့်အနေအထား ဖြစ်၏။ သို့သော်လည်း လုပ်ငန်း ခွင်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အကြမ်းဖက်မှုများက အ မျိုးသမီးများ၏ အခွင့်အရေးနှင့် အထည်ချုပ်လုပ်ငန်း၏ တိုးတက် မှုကို နှေးကွေးနေစေသည်ဟု သုတေသနပြုချက်များကဆိုသည်။ အထည်ဈေးကွက်တွင် အ မြောက်အမြား ထုတ်လုပ်သော နိုင်ငံအဖြစ် မြန်မာက စတင်လှမ်း လာချိန်မှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ တရုတ်နိုင်ငံကို အမီလိုက်ရန် ကြိုး ပမ်းလာခဲ့သည်။ အထည်နှင့် ဖိနပ်ထုတ်လုပ်သောကဏ္ဍ၌ မြန်မာက ပုံမှန်တိုးတက်လာနေ၏။ ရန်ကုန် စက်မှုဇုန်များနေရာအနှံ့မှာ အ ထည်ချုပ်စက်ရုံသစ်တွေက မှိုလို ပေါက်လာပြီး တစ်နှစ်ကို မြန်မာက အမေရိကန်ဒေါ်လာ သန်းသုံးထောင်ဖိုးအထိ တင်ပို့နိုင်သည်။
  • Wednesday 2018-06-06
    ပရိသတ်များ တောင်းဆို သောကြောင့် သမီးဖြစ်သူ ကေသရီအနဂ္ဂ၏ ဓာတ်ပုံများကို လူမှု ကွန်ရက်ပေါ်တင်ခြင်းဖြစ်သော် လည်း  သမီးငယ်၏ လွတ်လပ်ခွင့် ကို လေးစားဂရုစိုက်သောအား ဖြင့် ပုံအများအပြား တင်ဖြစ်မည် မဟုတ်ကြောင်း အဆိုတော်အနဂ္ဂ က ပြောသည်။

Pages