အတွဲ (၁၇)၊ အမှတ် (၁၄)

Issue Date: 
Thursday, June 14, 2018
Myanmar Date: 
၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်၊ ဗုဒ္ဓဟူး၊ (ဇွန် ၁၃၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Thursday 2018-06-14
    တစ်ချိန်က အကြိမ် ပေါင်း မရေမ တွက်နိုင်အောင် လှည့်လည်သွားလာဖူးသော ပတ် ဝန်းကျင်သည် ချောက်ချားဝမ်း နည်းဖွယ်ကောင်းလောက်အောင် မြင်ကွင်းအနေအထား ပြောင်းလဲ လျက်ရှိသည်။ ရွာထဲတွင် ယှက်ဖြာ သွားသည့် မြေနီလမ်းငယ်များ၊ အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်တန်း များအားလုံး မှတ်မိချင်စရာ မရှိ လောက်အောင် ဖြူညစ်ညစ်ပြာ မှုန်များ ဖုံးလွှမ်းနေသည်။ မီးကျွမ်း ထားသည့် ညှော်နံ့များကလည်း လေတစ်ချက် ဝှေ့လိုက်တိုင်း ဒေသခံအမျိုးသမီး ယူဖီမီယာ ဂါစီယာ၏ နှာခေါင်းဝကို တိုးဝင် လျက်ရှိသည်။ မျှော်လင့်ချက် မှန်သမျှ လက်ကျန်မရှိတော့မှန်း သိနေသည့်တိုင် သူသည် နံနက် တိုင်း ထိုနေရာသို့ ပုံမှန်အရောက် လာသည်။ ဖူဂိုမီးတောင် ပေါက် ကွဲမှုနှင့်အတူ ချော်ရည်များ အောက်သို့ အရှင်လတ်လတ် နစ် မြုပ်ရောက်ရှိသွားသည့် သူ၏ မိသားစုဝင်များကို ဂါစီယာက ဇွဲမလျှော့စတမ်း ရှာဖွေနေဆဲဖြစ် သည်။
  • Thursday 2018-06-14
    အာဆီယံဖူဆယ်ကလပ် ပြိုင်ပွဲအ ကြို ပြင်ဆင်မှုအဖြစ် ပြည်တွင်း လေးသင်းပတ်လည် ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း MIC ဖူဆယ်အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောသည်။
  • Thursday 2018-06-14
    ဂျပန်၊ ထိုင်း၊ မြန်မာဘောလုံး အကယ်ဒမီအသင်းများ ပါဝင်ယှဉ် ပြိုင်မည့်ယူ-၁၄ အမျိုးသားဘော လုံးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ချုပ်တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးတင်မြင့် အောင်က ပြောသည်။
  • Thursday 2018-06-14
    ၂၀၁၈ အေအက်ဖ်စီဖလားပြိုင်ပွဲ ဇုန်အလိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ် အပြီးတွင် ဘောလုံးဖျက်ထုတ်မှု အကောင်းဆုံး ကစားသမားလေး ဦး၌ မြန်မာလိဂ်ကလပ် ရန်ကုန် အသင်း ဘယ်နောက်ခံလူ မင်း ကျော်ခန့် ပါဝင်ခဲ့သည်။
  • Thursday 2018-06-14
    တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေ လည်ပင်းရှည်မတတ် စောင့်မျှော်နေကြတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ပြက္ခဒိန်လေးခု လည် ပတ်အပြီးမှာ တစ်ကျော့ပြန်ရောက်ရှိလာပါပြီ။ ကမ္ဘာ့ဘောလုံးလောကမှာ အစဉ်အလာအကြီးဆုံးဖြစ်ပြီး အခုနှစ်အတွက် ရုရှားက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ သမိုင်း ကြောင်းအချက်အလက်တချို့နဲ့ ဗဟုသုတရနိုင်မယ့်အကြောင်းအရာ တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
  • Thursday 2018-06-14
    ရုံတင်စနစ်အပြောင်းအလဲအရ ဇာတ်ကားများ ရုံတင်ရာတွင် ယခင်ကဲ့သို့ အကျိုးအမြတ်ရရန် မသေချာသော်လည်း ရိုက်ကူးရေးစရိတ် ကို ယခင်ထက် အကုန်အကျခံ ရိုက်ကူးနေကြောင်း ခန့်စည်သူက ပြောသည်။
  • Thursday 2018-06-14
    The Voice Myanmar Season 1 အဆိုပြိုင်ပွဲတွင် Winner ဆုရရှိ ခဲ့သည့် ငွေစိုး၏ဂီတနှင့် ပတ်သက်ဆက်နွှယ်သည့် ငယ်ဘဝဖြတ်သန်းမှု၊ ဂီတအပေါ် ရူးသွပ်မှု၊ ရှိုးပွဲများသီဆိုရင်း ဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံများ၊ အဆိုပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် ဝါသနာ ရှင်များအပေါ် အကြံပေးစကား နှင့် ဆုရရှိပြီးနောက်ပိုင်း ဆက် လက်လုပ်ကိုင်မည့် ဂီတလှုပ်ရှားမှု များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Thursday 2018-06-14
    မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်း နေထိုင်သူ ကလေးငယ်များကို ၎င်းတို့၏ မိဘများနှင့် ခွဲခြားထား ရေး အစီအစဉ်သည် ဝေဖန်သူ များစွာနှင့် ရင်ဆိုင်နေရသော် လည်း အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ကာကွယ်ပြော ဆိုခဲ့သည်။
  • Thursday 2018-06-14
     ၂၀၁၈ ငါးလအတွင်း နိုင်ငံခြားသားဧည့်သည်များ တည်းခိုနိုင် သည့်ဟိုတယ်နှင့် တည်းခိုရိပ်သာ ၇၀ ကျော်အထိ တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက ဇွန်လ ပထမပတ် အတွင်း ထုတ်ပြန်ခဲ့သည်။
  • Thursday 2018-06-14
    ၂၀၁၇ အတွင်း ရခိုင်ဒေသ  အခြေအနေများနှင့် အနောက် နိုင်ငံ မီဒီယာအချို့၏ လှုံ့ဆော် ရေးသားမှုများကြောင့် မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်မည့် ခရီး  စဉ်များ၏ ၅၀ရာခိုင်နှုန်းခန့် ပယ်ဖျက်ခြင်းနှင့် ဆိုင်းငံ့ခြင်းများ   ကြုံတွေ့ခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်ကပြောသည်။
  • Thursday 2018-06-14
    ပလတ်စတစ် အမှိုက်များ  မျောပါနေသည့် ပင်လယ်ပြင်တွင်ငါးတစ်ကောင်ကူးခပ်နေပြီး ရေလှိုင်းတွင် ရေသန့်ဘူးခွံနှင့် ပလတ်စတစ်အမှိုက်များပါဝင်နေသည်ကို ဖန်တီး ပုံဖော်ထားသည့် ဈေးဝယ်စင်တာအတွင်းရှိ အနုပညာပြကွက်တစ်ခုကို လူအများက စိတ်ဝင်တစားကြည့်ရှုကြသည်။ ‘ညစ်ညမ်းမှုရဲ့ လှိုင်း’ ဟုအ မည်ပေးထားသည့် ယင်းအနုပညာ ဖန်တီးမှုက လူတို့သုံးစွဲစွန့်ပစ်နေ သည့်အမှိုက်နှင့်ပလတ်စတစ်ဘူး ခွံများသည် မြေပြင်ပေါ်တွင်သာမ က ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေနေသတ္တ၀ါများကိုထိခိုက်နေ သည်ကို  မီးမောင်းထိုးပြထား သည်။
  • Thursday 2018-06-14
    ချင်းတွင်းဆိုပါက မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီး လေးစင်းတွင် အပါအ၀င်ဟု သိကြသည်။ ဤအ မည်ကိုယူ၍ စာရေးဆရာကိုတာက မဂ္ဂဇင်းထုတ်ဝေ ခဲ့ရာ ရသနှင့်သုတပေါင်းစပ်ထားသော စာအုပ်အဖြစ်ဖတ်ရှုခဲ့ရသည်။ သို့သော် ဤသို့ရည်ရွယ်ချက်ကောင်း ကောင်းဖြင့် ထုတ်ဝေသော ချင်းတွင်းသည် ကျန်းမာ ရေးမကောင်း၊ ဘက်ဆဲလားစာအုပ်တွေကြား လူး လွန့်ရုန်းကန်ရကာ ရပ်နားခဲ့ရသည်။
  • Thursday 2018-06-14
    ရွာငံဒေသထွက် ကော်ဖီများ ဈေး ကောင်းရ၍ ယခုနှစ်အတွင်း ယင်းဒေသတွင် ဧက ၈၀၀ ခန့် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း ရွာငံ ကော်ဖီအသင်းဥက္ကဋ္ဌ ဦးဝင်း အောင်ကျော်က ပြောသည်။
  • Thursday 2018-06-14
    ရခိုင်ပြဿနာကြောင့် ဥရောပ သမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံများမှ ကုန်သွယ်မှု အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP)သည်လတ်တလော စိုးရိမ်စရာမရှိ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
  • Thursday 2018-06-14
    မီယာအမာမော့တလေသည် ဘာ ဘာဒေါ့စ်နိုင်ငံရေးသမားနှင့် ရှေ့ နေတစ်ဦးဖြစ်ပြီး ဘာဘာဒေါ့စ် နိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်နှင့် ဘာဘာဒေါ့စ် လေဘာပါတီ CBLOPL ၏ ခေါင်းဆောင်ဖြစ် သည်။
  • Thursday 2018-06-14
    အမေရိကန်အစိုးရက စောင့်ရှောက်မယ့်သူမပါလာတဲ့ ရွှေ့ပြောင်း နေထိုင်တဲ့ ကလေးတွေကို ကမကထပြုကူညီတဲ့ အိမ်တွေမှာ ထားထားလိုက်ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့နှစ်က သူတို့ကို ခြေရာ ကောက်လို့မရတော့ဘူးလို့ ပြောပါတယ်။ ဒါက နောက်ထပ် ကလေးငယ်တွေ သူတို့မိဘတွေနဲ့ ခွဲခွာရဦးမယ့် မူဝါဒတွေကို ထရန့် ရဲ့အစိုးရက အကောင်အထည်ဖော်နေလို့ပါ။
  • Thursday 2018-06-14
    မကြာသေးခင် ရက်ပိုင်းအတွင်းက ၂၀၁၈ မတ်လမှာ စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ခဲ့ပါ တယ်။ ထွက်ပြီးနာရီပိုင်းအတွင်း မှာပဲ လူမှုကွန်ရက်စာမျက်နှာဖြစ် တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တစ်နိုင်ငံ လုံး အမှတ်အများဆုံး ဘယ်သူရ တယ်၊ ဘယ်ကျောင်းကတော့ ဘာ သာစုံဂုဏ်ထူး ဘယ်နှယောက်ရ တယ်၊ ဘယ်တိုင်းကတော့ အောင်ချက်ရာခိုင်နှုန်း ဘယ်လောက် ရတယ်စတဲ့ သတင်းတွေတက်လာ ပါတယ်။ သြော် ... ကျွန်တော်တို့ ခေတ်နဲ့များကွာပါ့လို့ တွေးမိရင်း နည်းပညာတွေ အလျင်အမြန် တိုးတက်လာပုံကို အံ့သြဘနန်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ခေတ် က အခုလိုမျိုး အမှတ်အများဆုံး စာရင်းချက်ချင်း သိရဖို့ဝေးလို့ အောင်စာရင်းကိုတောင် တစ်နိုင် ငံလုံး တစ်နေ့တည်း၊ တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း မသိရပါဘူး။ရန်ကုန်မှာ ထွက်ပြီး သုံးရက်လောက်ကြာမှ ကျွန်တော်တို့ဧရာဝတီက သိရတာပါ။ ဝေးလံခေါင်သီလှတဲ့ စစ်ကိုင်းတိုင်းထဲကလေ ရှီးတို့၊ ချင်းပြည်နယ်တို့ဆို ရေဒီယိုက ကြေညာပေးရပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တစ်ပုဒ်လို အတိတ်စာမျက်နှာထဲမှာ ကျန်ခဲ့ပါပြီ။
  • Thursday 2018-06-14
    အာဖရိကတိုက်တွင် သက်တမ်းထောင်ချီ အသက်ရှည်ခဲ့သည့် သစ်ပင်ကြီးများ သေဆုံးနေမှုသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်နေကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။
  • Thursday 2018-06-14
    (တစ်) မြန်မာနိုင်ငံ၌ မှတ်ပုံတင်မရှိ  ဘဲနေ၍ဖြစ်အောင် ကြိုးပမ်းသွား ကြသည့် စာရေးဆရာနှစ်ဦးကို တွေ့ဖူးပါသည်။
  • Thursday 2018-06-14
    အညာဒေသတွင် ထန်းပင်အများ အပြား ခုတ်လှဲနေသော်လည်း ထန်းတောပြုန်းရန်အကြောင်းမရှိ ဟု ကျောက်ပန်းတောင်း၊ ချောက်မြို့နယ်တို့တွင် ထန်းပင်လိုက်လံဝယ်ယူနေသူ ဦးကျော်ဇင်အောင် က ပြောသည်။ ယာခင်းအလယ်ရှိ ထန်းပင်တို့သည် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်စေကြောင်း၊ ထန်းပင်ဝယ်သူတို့ကလည်း ထန်းရည်မထွက် တော့သည့် အပင်မြင့်မျိုးကိုသာ ရွေးချယ်ဝယ်ယူလိုကြောင်း  အသက် (၄ဝ)အရွယ် ကျူရှင်ဆရာဟောင်း ထန်းပင်ဝယ်ရောင်း သမား ဦးကျော်ဇင်အောင်က ပြောသည်။
  • Thursday 2018-06-14
    (ကျောက်ပန်းတောင်း)- မန္တလေး တိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့ရှိ လွှစက်တစ်ခုသို့ ခုတ်ပြီးသားထန်းပင်များ အလုံးအရင်း ဖြင့် ရောက်ရှိလာသည်။ ထိုထန်း လုံးရှည်တို့သည် အချိန်ပိုင်းအ တွင်းမှာပင် ပျဉ်ပြားများအဖြစ် အသွင်ပြောင်းသွားလေသည်။ မကြာသေးခင် ကျောက်ပန်း တောင်းတွင် တွေ့ခဲ့ရသော ဤသို့ သောမြင်ကွင်းအပြင် ထန်းပင်တို့ ခုတ်လှဲခံရပြီး အတုံးအရုံး ပြန့်ကျဲနေသည့်မြင်ကွင်းမှာ အညာဒေသ အတွက် မထူးဆန်းတော့ပေ။ အညာဒေသ ထန်းတောပြုန်း သွားမည်ကို စိုးရိမ်သူတို့က ထန်း ပင်အရေအတွက်များပြားစွာ ခုတ်လှဲခံနေရခြင်းကို ဆန့်ကျင်နေကြ သည်။ ဤအခြေအနေတွင်  ထန်းပင်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခုတ်လှဲနေကြသည်ဟု ယူဆနေ သူ အများအပြားရှိနေကြောင်း ကျောက်ဆည်မြို့မှ ဦးသိန်းလှိုင် က ပြောသည်။
  • Thursday 2018-06-14
    ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် မော် တော်ဆိုင်ကယ် စီးနင်းခွင့်နှင့်ပတ်သက်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးနယ်နိ မိတ်အတွင်း အစိုးရဝန်ထမ်းအချို့ မှအပ စီးနင်းခွင့်မပြုဘဲ စည်ပင် သာယာရေး နယ်နိမိတ်ပြင်ပရှိ မြို့နယ်များတွင်သာ လိုင်စင်ဖြင့် စီး နင်းခွင့်ပြ
  • Thursday 2018-06-14
    ကိုလှမင်းတို့ သူငယ်ချင်းသုံးဦး အလွန်ပျော်ရွှင်နေကြ၏။ တစ်ဦးက တိုင်းဒေသကြီးအစိုးရ ဆောက် လုပ်သည့် အငှားအိမ်ရာတွင် ငှား ရမ်းနေထိုင်ခွင့်ရရှိခြင်းကြောင့်ဖြစ် ၏။ တစ်ဦးက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချ သော တန်ဖိုးနည်းအိမ်ခန်းကို ဝယ် ယူခွင့်ရရှိ၍ဖြစ်၏။ ကိုလှမင်းကမူ မြို့တော်စည်ပင်မှ ရောင်းချသည့် တန်ဖိုးသင့်အိမ်ခန်းဝယ်ယူခွင့်ရရှိ ခဲ့ခြင်းဖြစ်ပေသည်။ သူတို့သုံးဦး နှင့်တကွ မိသားစုဝင်များပါ ပျော် ရွှင်နေကြသည်မှာ ‘နေရေး၊ အဖြေတွေး၊ စိတ်အေး’ ခြင်းကြောင့် မဟုတ်။ ‘ရောင်းစား၊ ငှားစား၊ အ ကျိုးများမည်’ဟု မျှော်တွေးပြီး ပျော်ရွှင်နေကြခြင်းဖြစ်သည်။ တစ်ဆင့် ငှားကြမည်။ လက်လွှဲရောင်းကြ မည်။ ဤလုပ်ရပ်သည် စည်းကမ်း ဥပဒေနှင့်မညီဟု ပြောကြပါသော် လည်း အများသူငါ ရောင်းနေ၊ ငှားနေသည်ဖြစ်၍ လုံးဝစိုးရိမ်မှုမရှိ ပေ။ အကျိုးဆောင်များကလည်း သူတို့အတွက် ဝန်ဆောင်မှုပေးရန်လုံးဝတာဝန်ယူထားပြီးဖြစ်ပေသည်။
  • Thursday 2018-06-14
    ဖုန်းမျက်နှာပြင်၊ ကင်မရာ နည်းပညာနှင့် အသံစနစ်အဆင့် မြှင့်တင်ထားသည့် Samsung ၏ J စီးရီးမျိုးဆက်သစ် စမတ်ဖုန်း နှစ်လုံးဖြစ်သော Galaxy J4 နှင့် J6 တို့ကို Samsung မြန်မာက ဇွန်လ ၁၀ ရက်တွင် ရန်ကုန်မြို့၌ စတင်မိတ်ဆက်ခဲ့ သည်။
  • Thursday 2018-06-14
    ယူနီကုတ်မြန်မာစာစနစ် အ သုံးပြုနိုင်ခြင်းမရှိသည့် ဟန်းဆက် များကို ယူနီကုတ်မြန်မာစာစနစ်အ ထောက်အပံ့ပေးရန် ဟန်းဆက် ကုမ္ပဏီများနှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပ ဏီအကြား ဆွေးနွေးခဲ့ကြောင်း ဆမ်ဆောင်းကုမ္ပဏီမှ ပြောရေးဆို ခွင့်ရှိသူ ဦးဇာနည်ဝင်းထက်က ပြောသည်။
  • Thursday 2018-06-14
    တယ်လီကွန်းဈေးကွက်အတွင်း ပရိုမိုးရှင်းပေးရာ၌ အခြားအော်ပ ရေတာများနှင့် တူညီမှုမရှိဘဲ ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက Mytel အော်ပရေတာကို ရာခိုင် နှုန်းအားဖြင့် ဈေးနှုန်းပိုမိုလျှော့ခွင့် ပေးခဲ့ကြောင်း အော်ပရေတာပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော် မင်းဦးက ပြောသည်။
  • Thursday 2018-06-14
    စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် တိုင်ကြားခံရသည့် အဂတလိုက် စားမှုနှင့် မငြိစွန်းဟုဆိုပါကဝန် ကြီး အဖြစ်မှ နုတ်ထွက်ရသည့် အ ကြောင်းကို အစိုးရအဖွဲ့က ပြည် သူထံ ဖြေရှင်းပေးရန် လိုအပ် ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူများက ဝေဖန်သည်။
  • Thursday 2018-06-14
    ၂၁ ရာစုပင်လုံအစည်းအဝေးကျင်း ပရန်ရက်ကို လေးကြိမ်တိုင် ရွှေ့ ဆိုင်းခဲ့ရသည်။ အဆိုပါ အစည်းအဝေး ထပ်မံကျင်းပရန် ကြန့်ကြာနေခြင်းက အစိုးရနှင့်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မချော မွေ့ခြင်းကို ပြသနေသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အရ ကျင်းပရမည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကို ခြောက်လ တစ်ကြိမ်ခေါ်ယူရန် သတ်မှတ် ထားသည်။ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို ၂၀၁၇ မေလက ကျင်းပခဲ့ပြီး တတိယအစည်း အဝေးကို ၂၀၁၇ ဒီဇင်ဘာတွင် ကျင်းပရမည်ဖြစ်သည်။ သို့သော် အစိုးရ၊ တပ်မတော်နှင့် အ ပစ်ရပ်အဖွဲ့များအကြား ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေး မှုများ အဆင်မပြေ၍ ၂၀၁၈ ဇန် န၀ါရီလကုန်သို့ လည်းကောင်း၊ ဇန်န၀ါရီမှတစ်ဆင့် ဧပြီလကုန် မေလဆန်းသို့လည်းကောင်း၊ ဧပြီလကုန်နှင့် မေလဆန်းတွင် မလုပ်ဖြစ်ဘဲ မေလကုန်သို့လည်းကောင်း အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။ သို့သော် မေလကုန်တွင်လည်း မကျင်းပဖြစ်ဘဲ ယခုအခါ  ၂၁ ပင်လုံတတိယ အစည်းအဝေးကို ဇွန်လကုန်တွင် ကျင်းပရန် စီစဉ်နေသည်။
  • Thursday 2018-06-14
    လခစားလုပ်ငန်းများတွင် အိမ်ခြံ မြေ၀န်ဆောင်မှု လုပ်ငန်းများက လစာအများဆုံးအဖြစ် ရပ်တည်နေကြောင်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာနက ကောက်ယူ ထားသော စစ်တမ်းတစ်ရပ်ကဆို သည်။
  • Thursday 2018-06-14
    ပြီးခဲ့သည့်လွှတ်တော် တစ်ပတ် တာတွင် ဇွန်လ ၈ ရက်၌ ကျင်းပ မည့် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်နှစ်ရပ်စလုံးကို ရုတ်တရက် ရွှေ့ဆိုင်းခဲ့ခြင်းက နိုင်ငံရေးအသိုင်းအဝိုင်းအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေ သည်။ ရခိုင်ပြည်နယ်အရေးအပါ အဝင် အမျိုးသားလုံခြုံရေးနှင့် နိုင် ငံတကာဆက်ဆံရေးအခြေအနေ များကို သမ္မတအိမ်တော်၌ နိုင်ငံ့ ခေါင်းဆောင်များအရေးပေါ်တွေ့ ဆုံမှုအတွက် လွှတ်တော်တစ်နေ့ တာအစီအစဉ်ကို ရွှေ့ဆိုင်းခြင်း ဖြစ်သည်။ ထို့နောက် တနင်္လာနေ့ တွင် လွှတ်တော်များ ပုံမှန်ပြန် လည်ခေါ်ယူကျင်းပခဲ့သည်။ လွှတ် တော်ကျင်းပသည့်နေ့များအတွင်း ဥပဒေပြဋ္ဌာန်းအတည်ပြုမှုနည်းပါး သော်လည်း အဂတိတိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ကျော်စော သတင်းထွက်သူများကို စစ်ဆေး နိုင်သည့်အချက်ကို လွှတ်တော် နှစ်ရပ်က သဘောကွဲလွဲမှုမရှိဘဲ အတည်ပြုခဲ့သည်။ ထို့အပြင် စိတ်ဝင်စားဖွယ်မေးခွန်းအချို့နှင့် ရခိုင်အရေးနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုး အမတ်၏အရေးကြီးအဆိုတစ်ရပ် ကို ဆွေးနွေးနိုင်ခဲ့သည်။

Pages