Local

  • Mon 18 Jun 2018 - 21:59
     ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယပွဲ ပရော်ဖက်ရှင်နယ် အဆင့်တွင် ဟိန်းစည်သူက သတ်မှတ်ရိုက် ချက်ထက် ခြောက်ချက်လျှော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၈၂ ချက်ဖြင့် ဗိုလ်စွဲခဲ့သည်။ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ ချုပ်နှင့် မြန်မာပီဂျီအေတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၈ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယပွဲကို ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ပဲခူးမြို့ ဟံသာဝတီဂေါက်ကွင်း၌ ကျင်းပခဲ့သည်။
  • Mon 18 Jun 2018 - 21:59
    ရန်ကုန်-အာရှအားကစားပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ ၀ူရှူးအဖွဲ့သည် တရုတ်နိုင်ငံသား နည်းပြနှစ်ဦးကို ခေါ်ယူရန် စီစဉ်ထားကြောင်း ၀ူရှူးအဖွဲ့ချုပ်တာ ၀န်ရှိသူတစ်ဦးကပြောသည်။ ထောက်လုအားကစားနည်း အတွက် နည်းပြတစ်ဦးနှင့် ဆန်း ဆိုအားကစားနည်းအတွက် နည်း ပြတစ်ဦးကို ဇူလိုင်ပထမပတ်အ တွင်း ခေါ်ယူရန် ကြိုးပမ်းနေ ကြောင်း ၎င်းကပြောသည်။
  • Mon 18 Jun 2018 - 21:50
    ယခုနှစ် ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲသို့ လျှောက်ထားသည့် အသင်းအရေအတွက်များပြားသဖြင့် အသင်းသစ် ခြောက်သင်း ခြေစစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဖူဆယ်လိဂ် မီဒီယာတာဝန်ခံ ကိုညီမိုးကပြော သည်။ ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ၂၀၁၇ ဖူဆယ်လိဂ် ပြိုင်ပွဲဝင် အသင်းဟောင်း ၁၀ သင်း အပါအ၀င် အသင်းသစ် ခြောက်သင်းနှင့် စုစုပေါင်း ၁၆ သင်း စာရင်းပေးထားသည်။
  • Sun 17 Jun 2018 - 21:12
     မြန်မာလိဂ်ပွဲစဉ် (၁၆) အပြီးတွင် ရန်ကုန်တိုက်စစ်မှူး ဆယ်လာက သွင်းဂိုး ၁၂ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်း၌ ဆက် လက်ဦးဆောင်ခဲ့သည်။ ဇွန်လ ၁၆၊ ၁၇ ရက်က ယှဉ်ပြိုင်သည့် မြန်မာလိဂ်ပွဲစဉ် (၁၆)တွင် ရန်ကုန်တိုက်စစ်မှူး ဆယ်လာက ပွဲ ပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင် ခြင်းမရှိပေ။
  • Sun 17 Jun 2018 - 21:12
     မြန်မာလိဂ် ပွဲစဉ်(၁၆) တွင် ရန်ကုန်အသင်းက ဇွဲကပင်  အသင်းကို အမှားအယွင်းမရှိ အနိုင်ယူကာ အမှတ်ပေးဇယားထိပ် ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့ သည်။ ဇွန်လ ၁၇ ရက်က ယှဉ်ပြိုင်သည့် မြန်မာလိဂ်ပွဲစဉ်(၁၆)တွင် ရန်ကုန်က ဇွဲကပင်ကို ၂-၀ ဂိုး၊ ဆောက်သမ်းက ဧရာဝတီကို ၄-၂ ဂိုး၊ စစ်ကိုင်းက ဟံသာဝတီကို ၂-၁ ဂိုးတို့ဖြင့် အသီးသီးအနိုင် ရခဲ့သည်။
  • Sun 17 Jun 2018 - 21:10
    အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာရှအားကစားပြိုင် ပွဲသို့ မြန်မာနိုင်ငံမှ အားကစား နည်း ရှစ်မျိုးဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အားကစားနည်းရှစ် မျိုးသည် မြားပစ်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဝူရှူး၊ လှေလှော်၊ ဘော်လီဘော၊ ဘောလုံးနှင့်တိုက် ကွမ်ဒိုတို့ဖြစ်သည်။ အာရှအား ကစားပြိုင်ပွဲကို သြဂုတ် ၁၈ ရက် မှ စက်တင်ဘာ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာနှင့် ပလန် ဘမ်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၄၅ နိုင်ငံဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။
  • Sun 17 Jun 2018 - 21:09
    အာဆီယံပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာအမျိုး သမီးအသင်းအနေဖြင့် အဆုံး သတ်ပိုင်းအားနည်းချက်ကို အဓိ ကထား ပြင်ဆင်မည်ဟု နည်းပြ ချုပ် ဦးဝင်းသူမိုးက ပြောသည်။ မြန်မာအမျိုးသမီး ဘောလုံးအ သင်းသည် လက်ရှိတွင် ထိုင်းနိုင်ငံ သို့ ခြေစမ်းခရီးစဉ်ရောက်ရှိနေပြီး ခြေစမ်းပွဲသုံးပွဲယှဉ်ပြိုင်ရာ တစ်ပွဲ နိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့သည်။
  • Sat 16 Jun 2018 - 21:38
     ပြည်တွင်းလေးသင်း ပတ်လည်ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ် စွဲသည့်အသင်းကို ဆုကြေးငွေ ကျပ်ငါးသိန်း ချီးမြှင့်မည်ဖြစ် ကြောင်း MIC ဖူဆယ်အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်ကပြောသည်။ Imperial Cup 2018 အမည်ဖြင့် ကျင်းပမည့် အဆိုပါပြိုင်ပွဲကို ဇွန်လ ၁၉ မှ ၂၁ ရက်အထိ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး MIC, VUC, GV နှင့် Titan XII အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Sat 16 Jun 2018 - 21:37
     မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ထိုင်းခရီးစဉ် နောက်ဆုံးခြေစမ်းပွဲ၌ ထိုင်းလက်ရွေးစင် အမျိုးသမီးအ သင်းကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ဘန်ကောက်မြို့ရှိ ချောင်ဘူ ရီကွင်းတွင် ဇွန်လ ၁၆ ရက်က ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲ၌ မြန်မာအမျိုးသမီးအသင်းက အဓိက ကစားသမားများဖြင့် ပွဲ ထွက်ကာ ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သော်လည်း ထိုင်းအသင်းက ပိုမိုဖိအားပေးနိုင်ခဲ့သည်။
  • Sat 16 Jun 2018 - 21:36
     မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးနှင့် ထိုင်းမွေထိုင်းခါး ပတ်ချန်ပီယံ ဆမ်မန်းနီတို့ တွဲ ဆိုင်းပါဝင်သည့် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ် သည်။ အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို ဇွန်လ ၂၃ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့ Diamond Plaza ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းရှစ် ဆိုင်း ပါဝင်မည်ဖြစ်သည်။
  • Sat 16 Jun 2018 - 21:35
     မြန်မာလိဂ် ပွဲစဉ် (၁၆)  ပထမရက်တွင် ရှမ်းအသင်းနှင့် GFA အသင်းတို့က ပြိုင်ဘက် များကို အသီးသီးအနိုင်ရသော် လည်း ရတနာပုံနှင့် ရခိုင်အသင်း တို့ပွဲတွင် သရေရလဒ်ထွက်ပေါ် ခဲ့သည်။ ဇွန်လ ၁၅ ရက်က ယှဉ်ပြိုင် သည့် ၂၀၁၈ မြန်မာလိဂ်ပွဲစဉ် (၁၆) တွင် ရှမ်းအသင်းက မကွေး  ကို ၂-၀ ဂိုး၊ GFA က မြ၀တီကို ၄-၀ ဂိုးတို့ဖြင့် အသီးသီးအနိုင်ရ ပြီး ရခိုင်နှင့် ရတနာပုံပွဲတွင်  တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။
  • Wed 06 Jun 2018 - 11:58
    ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားပြိုင်ပွဲအကြို လူငယ်ဘောလုံးပြိုင်ပွဲ၌ အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)မှ မြန်မာကစားသမား မောင်မင်းခန့်သူ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ  Football For Friendship World Championship လူငယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိ ရုရှားနိုင်ငံမော်စကိုမြို့တွင်ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ မတူညီသည့် အသက် (၁၂)နှစ်အောက်ကစားသမားခြောက်ဦးဖြင့် ဖွဲ့စည်းသည့် အသင်း ၃၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ မောင်မင်းခန့်သူသည် နောက်တန်းကစားသမားအဖြစ်မော်ဒိုဗာ၊ဆာမိုဟာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူး နိုင်ငံတို့မှ ကစားသမားများနှင့်အတူ Gharial အသင်းတွင် ပါဝင်ကစားရမည်ဖြစ်သည်။ မင်းခန့်သူနှင့်အတူ ယင်းပြိုင်ပွဲ၌ လူငယ်သတင်းထောက်တစ်ဦးအဖြစ် မောင်သန့်တေဇာက ကူညီဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ Football For Friendship လူငယ်ဘောလုံးပြိုင်ပွဲအတွက် ၎င်းတို့နှစ်ဦး၏ ပြင်ဆင်ထားမှုနှင့်ပတ်သက် ၍ 7Day News ဂျာနယ်က တွေ့ဆုံမေးမြန်းချက်များမှ ကောက်နုတ်ဖော်ပြပါသည်။       
  • Sun 03 Jun 2018 - 12:27
    ထိုင်းလိဂ် -၂ ကလပ် အန်သောင်တွင် ကစားနေသော ကစားသမားဟောင်း အောင် ကျော်နိုင်ကို ဧရာဝတီအသင်းက ရာသီကုန်အထိ စာချုပ်ချုပ်ဆိုပြီး ပြန်လည်ခေါ်ယူခဲ့သည်။
  • Sun 03 Jun 2018 - 12:26
     တောင်ကိုရီးယားနိုင်ငံ တွင် ကျင်းပမည့် အာရှသက်ငယ် အနောက်တိုင်းလှေလှော် (Rowing) ပြိုင်ပွဲ၌  မြန်မာအနောက် တိုင်းလှေလှော်အဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Sun 03 Jun 2018 - 12:26
     အာဆီယံတက္ကသိုလ် များ အားကစားပြိုင်ပွဲ ယှဉ်ပြိုင် မည့် မြန်မာတက္ကသိုလ်စစ်တုရင် လက်ရွေးစင် ကစားသမား ၁၀ ဦး ကို ဇွန်လ ၂ ရက်တွင် စတင်စခန်း သွင်း လေ့ကျင့်နေကြောင်း စစ်တု ရင် အဖွဲ့ချုပ်အတွင်းရေးမှူး ဦးမျိုးဇော်မင်းက ပြောသည်။
  • Sun 03 Jun 2018 - 12:25
     မြန်မာလိဂ်(၁)ပွဲစဉ် (၁၄) ပထမရက်တွင် ဟံသာဝတီ အသင်းက မြ၀တီအသင်းကို စံချိန်တင်ရလဒ် ၉-၀ ဂိုးဖြင့် အ နိုင်ယူခဲ့သည်။
  • Wed 23 May 2018 - 11:39
    အာဆီယံပြိုင်ပွဲ အကြိုပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်ယူ-၁၉ဘောလုံးအသင်းသည် ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ရန် စီစဉ်နေကြောင်း ဘောလုံးအဖွဲ့ချုပ်အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
  • Wed 23 May 2018 - 11:37
    စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူ လူငယ်အိုးပင်းဂေါက်သီးရိုက် ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ အမျိုးသားခြောက်ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
  • Wed 23 May 2018 - 11:36
    ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၌မြန်မာကစားသမား ရှစ်ဦးဝင်ပြိုင်မည် ဖြစ်သည်။
  • Wed 23 May 2018 - 11:35
    ရန်ကုန်မြို့တွင် ကျင်း ပမည့် ယူ-၂၃ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၌ ထိုင်းယူ-၂၃ နှင့် တောင်ကိုရီးယားယူ - ၁၉ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အာဖရိကမှ အသင်းတစ်သင်းပါဝင်နိုင်ရန် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

Pages

Subscribe to Local