News

  • Sat 22 Jul 2017 - 00:04
    မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် ဇူလိုင် ၁၉ ရက်ကစ၍ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ဇူလိုင်၂၁ ရက်တွင် ရပ်ကွက်ခြောက်ခုရှိ အိမ်ထောင်စု ၆၄၀ ကျော်မှ လူဦးရေ ၃,၀၀၀ ခန့်သည်ကယ်ဆယ်ရေးစ ခန်းများသို့ အရေးပေါ်ရွှေ့ပြောင်း နေရသည်။ ‘‘၂၁ ရက်နေ့မနက်မှာ မိုးရေ ချိန် ၁၃ လက်မကျော်တယ်။ ဒါမျိုးက ဒီဘက
  • Fri 21 Jul 2017 - 23:52
     မြစ်ရေမြင့်တက်ခြင်းနှင့် မိုးကြီးမှုကြောင့် ရေကြီးနစ်မြုပ် သည့်ဒေသတိုးနေကာ နေအိမ် ၆၀,၀၀၀ ခန့် ရေဘေးရင်ဆိုင်နေရပြီး လူဦးရေ ၉၄,၀၀၀ ကျော် ရွှေ့ပြောင်းထားရကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ဇူလိုင် ၂၁ ရက် နောက်ဆုံး ရရှိထားသော စာရင်းများအရ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး တိုင်းဒေသကြီး၊ မွန်နှင့် ကရင် ပြည်နယ်တို့တွင် နေအိမ် ၅၉,၇၄၀ ၌ အမြင့် တစ်ပေမှ ငါးပေခန့်အထိ ရေ၀င်နေကာ လူဦးရေ ၉၄,၂၈၉ ဦးကို ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းထားရ ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
  • Fri 21 Jul 2017 - 23:51
     ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၁၇ တစ် နှစ်တာလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းနှင့် ဆက်လက်ဆောင်  ရွက်မည့်လုပ်ငန်းစဉ်များကို ဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်သို့တင်ပြခဲ့ကြောင်း ပါတီဗဟိုကော် မတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။
  • Fri 21 Jul 2017 - 23:45
    ရခိုင်ပြည်နယ်တွင် လူ့ အဖွဲ့အစည်းနှစ်ခုအကြား သင့် မြတ်လိုကြသော်လည်း အစွန်း ရောက်များက ပြဿနာကို ဖော် ဆောင်နေသည်ဟု ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေး အ ခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စရန်ဟီးလီက ပြောကြားသည်။ရန်ဟီးလီသည် ၎င်း၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
  • Fri 21 Jul 2017 - 23:44
    အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ မအူပင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိန်ဝင်းသည် ပါတီဝင်အဖြစ်မှ နုတ်ထွက်၍ တစ်သီးပုဂ္ဂလအဖြစ် ပြောင်းလဲရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ခွင့် ပြုချက်တောင်းခံထားသည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်တစ်ဦး ပါတီမှ ပထမဆုံးအကြိမ် နုတ်ထွက်စာ တင်ခြင်းဖြစ်သည်။
  • Fri 21 Jul 2017 - 23:35
    - မြစ်ရေမြင့်တက်မှုကြောင့် အောင်လံတွင် စိုက်ခင်းဧက ၁,၈၀၀ ခန့် ရေလွှမ်းခံရ ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် မကွေးတိုင်း အောင်လံမြို့နယ်ရှိ စပါး၊ နှမ်းနှင့် ပြောင်းစိုက်ဧက ၁,၈၀၀ ခန့် ရေလွှမ်း ခံရကြောင်း အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ အောင်လံမြို့နယ်ရှိ ဧရာဝ တီမြစ်ကမ်းတစ်လျှောက် ကျေး ရွာပေါင်း ၁၀ ရွာခန့်နှင့် ဘွက်ကြီး ချောင်း၊ ကြေးနီချောင်းရိုးတစ် လျှောက် အနိမ့်ပိုင်း စိုက်ခင်းများ အတွင်း ရေ၀င်ရောက်ပြီး မိုးစပါးစိုက်ခင်း ၄၉၉ ဧက၊ နွေစပါး ၂၂ ဧက၊ နှမ်း ၂၅၃ ဧက၊ မြေပဲ ၁၅ ဧက၊ ပဲတီစိမ်း ၉၀၈ ဧကနှင့် ဖူးစားပြောင်း ၉၅ ဧက စုစုပေါင်း၁,၇၉၂ ဧက ရေလွှမ်းခံခဲ့ရသည်။ ဇူလိုင်လလယ်ခန့်က စတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပြီး အောင်လံမြို့နယ် စိုက်ခင်းများအတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
  • Fri 21 Jul 2017 - 23:33
     တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ကြောင့် ဒေသ တွင်းနယ်မြေမအေးချမ်း၍ သိန်းနီ မြို့နယ် ကျေးရွာအချို့မှ ဒေသခံ ၆၀၀ ခန့် မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။ သိန်းနီမြို့ ခမ်းတီမ်းကျေး ရွာ အုပ်စုအောက်ရှိ ကျေးရွာခုနစ် ရွာမှ ဒေသခံ ၆၀၀ ခန့်သည် ဇူလိုင် ၁၉ နှင့် ၂၀ ရက်တွင် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာ ကြောင်း ရှမ်းပြည်နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်လှကပြောသည်။
  • Fri 21 Jul 2017 - 23:26
    လူ့အခွင့်အရေး ကော်မရှင်က ၀င်ရောက်စစ်ဆေး ခဲ့သည့်အကျဉ်းထောင်ရှစ်ခုတွင် အကျဉ်းကျနေကြသည့် အကျဉ်း သားများ.၏ ၇၀ ရာခိုင်နှုန်းကျော် သည် မူးယစ်ဆေးဝါးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေသူများဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးကို အ မျိုးသားရေးအသွင် ဆောင်ရွက် သင့်ကြောင်း အမျိုးသားလူ့အခွင့် အရေးကော်မရှင်က တိုက်တွန်း သည်။ ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားလူ့အ ခွင့်အရေးကော်မရှင်က ၎င်းတို့ တွေ့ရှိချက်များကို ရေးသားထား သည့် နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါအ တိုင်း တိုက်တွန်းခြင်းဖြစ်သည်။
  • Fri 21 Jul 2017 - 23:22
    ဂျာမနီအစိုးရက ရခိုင် ပြည်နယ်ရှိ ကျန်းမာရေးကဏ္ဍအ တွက် ကန်ဒေါ်လာနှစ်သိန်းခန့် ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဇူလိုင် ၂၁ ရက်၌ သတင်းထုတ်ပြန်သည်။  ရခိုင်ပြည်နယ်အတွင်းရှိ ဒေသတွင်း အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုး တက်ကောင်းမွန်စေရန်၊ လူသား ချင်းဆိုင်ရာအကူအညီများ၌ အ သုံးပြုနိုင်ရန် ဂျာမနီနိုင်ငံ အစိုးရက ယူရို ၁ ဒသမ ၈၅ သိန်း (ကန်ဒေါ်လာ ၂ ဒသမ ၁ သိန်း) အား ထောက်ပံ့ခြင်းဖြစ်သည်။
  • Fri 21 Jul 2017 - 21:55
     YBS ဘတ်စ်ကားများ တွင် ဇူလိုင် ၂၁ ရက်က စ၍ ယာဉ် နောက်လိုက်ထားခွင့်မပြုတော့ ဟု ဆိုသော်လည်း ယာဉ်လိုင်းအ များစုတွင် ဆက်လက်လုပ်ကိုင်မှု များရှိနေကြောင်း သတင်းရရှိ သည်။ ယာဉ်နောက်လိုက်အသုံးပြု ခြင်းကို ဖျက်သိမ်းကြောင်းသတ် မှတ်သည့်နေ့တွင် ယာဉ်အချို့သာ Cash Box(ယာဉ်စီးခထည့်ရန်ပုံး) ထားရှိ၍ ခရီးသည်ကိုယ်တိုင် ယာဉ်စီးခထည့်စီးနင်းစေသည့် စနစ်ကို ကျင့်သုံးခြင်းရှိကြောင်း ခရီးသွားများက ပြောသည်။ ‘‘ဒီနေ့ကားတွေမှာ စပယ် ယာမပါတော့ဘူးဆိုလို့ သတိထား ကြည့်နေတာ။ အရင်လိုပဲ မှတ် တိုင်မှာ ခရီးသည်ခေါ်တာတွေ၊ ယာဉ်စီးခကောက်တာတွေ တွေ့ ရတယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ်မှ ခရီးသွားတစ်ဦးက ပြော ကြားသည်။
  • Fri 21 Jul 2017 - 21:52
     ဧရာဝတီနှင့် သံလွင်မြစ် တို့ စိုးရိမ်ရေမှတ်အထက်တွင် ကျော်လွန်နေချိန်၌ စစ်တောင်း  မြစ်နှင့် ပဲခူးမြစ်ရေလည်း စိုးရိမ်ရေမှတ်အနီး မြင့်တက်လာ၍ ရေ ကြီးနစ်မြုပ်မှုဘေး သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတိပေးထား သည်။ ဇူလိုင် ၂၁ ရက် အခြေအနေ အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။ ပဲခူးမြစ်ရေ သည်လည်း ပဲခူးမြို့တွင် စိုးရိမ်ရေ မှတ်အောက်  တစ်ပေခွဲခန့်၌ ရောက်ရှိနေပြီး နောက်နှစ်ရက်အ တွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ကြောင်း ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
  • Fri 21 Jul 2017 - 21:42
    သက်တမ်းကုန်ဆုံးတော့မည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌသုံးဦးနှင့် ဒါရိုက်တာအဖွဲ့ဝင်ငါးဦး နေရာ တွင် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက အဆိုပြုထားသော အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်နာယကက ဇူလိုင် ၂၁ ရက်တွင် ကျင်းပသည့် အစည်း အဝေး၌ ကြေညာသည်။ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် နိုင်ငံတော်သမ္မတ၏ အဆိုပြုစာရင်းတွင် ဒုဥက္ကဋ္ဌသုံး ဦးအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့ဖြစ်ပြီး ဒါရိုက်တာ အဖွဲ့ဝင်ငါးဦးသည် ဦးကျော်မင်း ထွန်း၊ ဦးမြင့်သိန်းထွန်း၊ ဦးစိုးပိုင်၊ ဒေါ်ရီရီဝင်းနှင့် ဒေါ်ခင်မေလှတို့ ပါဝင်သည်။
  • Fri 21 Jul 2017 - 21:41
     နိုင်ငံရေးအကျဉ်းသား ဟောင်း သံဃာတော်အပါး ၄၀ ခန့်ကို ဇူလိုင် ၂၂ ရက် (ယနေ့)တွင် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ‘‘ကျွန်တော်တို့ ၉၀ ခုနှစ် တုန်းက အကျဉ်းကျခဲ့တဲ့ သံဃာတော်တွေ၊ ရွှေဝါရောင်တော်လှန်ရေးက သံဃာတော်တွေနဲ့ လက်ရှိအချိန်ထိ အကျဉ်းက လွတ်မြောက်လာတဲ့ သံဃာတော်တွေကို ကပ်လှူပူဇော်မှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။
  • Fri 21 Jul 2017 - 20:51
     မသန်စွမ်းသူများ လက် ဖြင့်ကားမောင်းနှင်နိုင်သည့်ကိရိ ယာ SWORD Driving Device ကို ဂျပန်နိုင်ငံမှ တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI)မှ သတင်းရရှိသည်။
  • Fri 21 Jul 2017 - 20:50
    ရခိုင်ပြည်နယ်ရှိ မြို့ နယ် ၁၇ ခုတွင် စီမံချက်ဖြင့် ပိုလီ ယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးမည်ဟု ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။
  • Fri 21 Jul 2017 - 20:47
     ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ် လာသန်း ၄၀၀ ကျော်ဝင်ရောက်ခဲ့ သော်လည်း လက်ရှိဘဏ္ဍာနှစ် ဧပြီမှ ဇွန်လကုန်အထိ ခရီးသွား လုပ်ငန်း၌ မည်သည့်လုပ်ငန်းမျှ ဝင်ရောက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ထုတ်ပြန်သောစာရင်းများ အရသိရသည်။
  • Fri 21 Jul 2017 - 20:46
     ယခုဘဏ္ဍာနှစ်အစ သုံးလအတွင်း ရေထွက်ကုန် ပြည်ပတင်ပို့မှု ဝင်ငွေသည်ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၁၂ သန်း ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
  • Thu 20 Jul 2017 - 23:36
     ဆောက်လုပ်ရေးဝန်ကြီး  ဌာနက ဥပဒေမဲ့မြို့ဝင်ကြေး ကောက်ခံခွင့်ပြုထားသည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က မ ဖြစ်သင့်ကြောင်း ဝေဖန်ပြောကြား သည်။
  • Thu 20 Jul 2017 - 23:34
     ဇူလိုင်လဆန်းကစတင် ရင်ဆိုင်ခဲ့ရသော    ရေကြီးနစ် မြုပ်မှုကြောင့် မြို့အများအပြားမှ အိမ်ခြေ ၁၉,၀၀၀ ကျော် ရေနစ် မြုပ်ကာ လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးရင်ဆိုင်ခဲ့ရကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာ နမှ သတင်းရရှိသည်။
  • Thu 20 Jul 2017 - 23:14
    လယ်ဝေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံရကြောင်း မိသားစု ဝင်များက ပြောသည်။

Pages

Subscribe to News