News

  • Fri 10 Oct 2014 - 23:40
     ထောင်စုနှစ်ဖွံ့ဖြိုးတိုး တက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG)က ရန်ကုန်နှင့် မန္တလေး တိုင်းဒေသ ကြီး ၅၆ မြို့နယ်တွင် ဆေးယဉ် ပါးတီဘီတိုက်ဖျက်ရေးစီမံကိန်း အတွက် ကျန်းမာရေးဝန်ကြီးဌာန အား အမေရိကန် ဒေါ်လာ ၁၁ သန်းကျော် ထောက်ပံ့မည်ဖြစ် ကြောင်း သတင်းရရှိသည်။
  • Fri 10 Oct 2014 - 23:40
     ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ အရည်အသွေးမြင့် မြန်မာဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းသုံးသောင်းကျော် ၀ယ် ယူရန် စီစဉ်ထားသဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုသည် ခြောက်လအ တွင်း ယခင်ဘဏ္ဍာနှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက တန်ချိန်နှစ်ဆ နီးပါးပိုများလာကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်း
  • Fri 10 Oct 2014 - 23:37
    မိုးနှောင်း ကာလတွင် ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်း နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ပါက အရေးပေါ် ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်အတွက် ကယ် ဆယ်ရေး ပစ္စည်းများ ပြင်ဆင် ထားကြောင်း မြန်မာနိုင်ငံကြက် ခြေနီအသင်း ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဌာနမှ သတင်းရရှိသည်။
  • Fri 10 Oct 2014 - 23:36
     ရခိုင်အမျိုးသားပါတီ (ANP) သြ၀ါဒခံယူပွဲကို အောက်တိုဘာ ၁၀ ရက်တွင် စစ်တွေမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 10 Oct 2014 - 23:35
    ဆမ်ဆောင်းထုတ်ကုန်အသစ်နှစ်မျိုးဖြစ်သော Galaxy Note 4 နှင့် Gear Sစမတ်နာရီအမျိုးအ စားအသစ်တို့ကို အောက်တိုဘာ လ ၁၀ရက်တွင် ပြည်တွင်း၌စတင် မိတ်ဆက်ခဲ့သည်။
  • Fri 10 Oct 2014 - 22:53
     ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်ကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကိုသာ ခွင့်ပြုထားပြီး မည်သည့်နိုင်ငံခြားကုမ္ပဏီများကိုမျှ ခွင့်ပြုထားခြင်းမရှိ၍ ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီစက်သုံးဆီဆိုင်ဖွင့် လှစ်ရောင်းချနေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း စွမ်းအင်ဝန် ကြီးဌာနမှ ငြင်းဆိုသည်။
  • Fri 10 Oct 2014 - 22:52
    တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ တည် ဆောက်ရေးစီမံကိန်းကို ယခင်က ဘီလူးချောင်းလျှပ်စစ်ထုတ်လုပ် ရေးတွင် လုပ်ကိုင်ခွင့်ရခဲ့သည့် ဂျပန်ကုမ္ပဏီအပါအ၀င် ထိုင်း ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ စုစု ပေါင်းကုမ္ပဏီသုံးခုလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သတင်းရရှိသည်။
  • Fri 10 Oct 2014 - 22:12
     ထိုင်းနိုင်ငံတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦးနှင့် ပတ်သက်၍ ဖြစ်စဉ်မှာ ရှုပ်ထွေးနက်နဲသဖြင့် ဗြိတိန်၊ မြန်မာ၊ထိုင်းအစိုးရတို့ပို၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြရန် ရခိုင်အမျိုးသားကွန်ရက်က ထိုင်းအစိုးရထံ အိတ်ဖွင့်စာပေးပို့တောင်းဆို လိုက်ကြောင်းသတင်းရရှိသည်။ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရ၍ မြန်မာလုပ်သားနှစ်ဦးကို တရားခံများအဖြစ် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု  ရှိစွာပြန်လည်စစ်ဆေးပေးရန်၊ ဗြိ တိန်၊ မြန်မာ၊ ထိုင်းအစိုးရတို့ပို၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြ ရန် ရခိုင်အမျိုးသားကွန်ရက်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို လိုက်သည်။
  • Fri 10 Oct 2014 - 22:12
    B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားရာမှ ရဟတ်ယာဉ် ပျက်ကျ၍ သေဆုံးသွားသော ရ ဟတ်ယာဉ်မှူးဦးအောင်မြတ်တိုး မိသားစုဝင်များ၏ တာဝန်များကို ထူးဖောင်ဒေးရှင်းက ရေရှည်တာ ၀န်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရပိုင်ခွင့်များကို ထူးဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။ ထူးဖောင်ဒေးရှင်းသည် ဦး အောင်မြတ်တိုးအား ရည်စူး၍ရွာလေးရွာတွင်  စာသင်ကျောင်း လေးကျောင်းနှင့် ဆေးခန်းတစ် ခန်းဆောက်လုပ်လှူဒါန်းရန်စီစဉ် ထားသည်။ ၎င်း၏ လက်ရှိခံစားလျက်ရှိသောလစာငွေကို ကျန်ရစ်သူဇနီးက တစ်သက်တာခံစားခွင့်ရရှိရန်နှင့်  ဦးအောင်မြတ်တိုး၏ သားငယ်အတွက်  ပညာရေးကို ပြည်တွင်း၊ ပြည်ပတွင် ဆုံးခန်းတိုင်သည်အထိ  တာဝန်ယူထောက်ပံ့ပေးသွားမည်ဟု ပါရှိသည်။
  • Fri 10 Oct 2014 - 22:12
    ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်မြို့တွင် ဆန္ဒပြမည့် သတင်းများကြောင့် ထိုင်းသံရုံးအနီးတစ်ဝိုက် လုံခြုံရေးတင်းကျပ်ထားပြီး ဆန္ဒပြပွဲများကိုလည်း ၀န်ကြီးချုပ် ရန်ကုန်မရောက် လာမီ အပြီးသတ်ရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း သတင်းရရှိ သည်။
  • Fri 10 Oct 2014 - 22:08
     ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် မသေချာတော့ကြောင်း သတင်းရရှိသည်။
  • Fri 10 Oct 2014 - 22:07
    အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့ကြား ကော့ကရိတ်မြို့ နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
  • Fri 10 Oct 2014 - 22:06
    ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေသည့် မြန်မာ ယူ-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့ ပွဲကို ဥရောပသမဂ္ဂ (EU)က သင်တန်း ပေးထားသောလူစုလူဝေး ထိန်း သိမ်းရန် အထူးဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန် ယူသွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။
  • Fri 10 Oct 2014 - 21:55
    ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ပြန်လည်အ ကောင်အထည်ဖော်ရန် သဘော တူညီမှုရရှိခဲ့ပြီဖြစ်သဖြင့် ကနဦးစီ မံကိန်းကို အီတာလျံ-ထိုင်းကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေး
  • Fri 10 Oct 2014 - 21:51
    မြန်မာလုပ်သားနှစ်ဦး၏ အမှုတွဲကို ထိုင်းရှေ့နေများထံ အမှုအပ်ရန်အတွက် လက်မှတ် ထိုးရန်နှင့် တွေ့ဆုံစကားပြောရန် ၎င်းတို့၏ မိသားစုဝင်များကို မြန်မာသံရုံးအထူးအဖွဲ့က ဖိတ် ခေါ်လိုက်ရာ မြန်မာလုပ်သား နှစ်ဦး၏ မိသားစုဝင်များက ယခု အပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • Fri 10 Oct 2014 - 21:47
    ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ကြိုးစားနေချိန် တွင် တိုင်းရင်းသားများအချင်း ချင်းစည်းလုံးညီညွတ်မှုမပြိုကွဲ စေရန်အတွက် ကရင်အမျိုးသား အစည်းအရုံး KNU သို့ရှမ်းအဖွဲ့ အစည်းများ စုပေါင်းထားသည့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(SSJAC) က သ၀ဏ် လွှာပေးပို့လိုက်ကြောင်း သတင်း ရရှိသည်။
  • Fri 10 Oct 2014 - 18:46
    ‘‘၁၃ ယောက်အိုးစားနဲ့ ကျုပ် မိသားစုမြေမဲ့ယာမဲ့မဖြစ်အောင် တော့ ဆက်ပြီး ရင်ဆိုင်မှာပဲ။ ဖမ်း ပြီးထောင်ထဲထည့်လည်း မတတ်နိုင်ဘူး။ လုပ်ကိုင်စားသောက်ဖို့ မြေမရှိရင် ကျုပ်တို့ ဘယ်လိုရှေ့ဆက် ရပ်တည်ရမလဲဆိုတာပဲ စိုးရိမ်တယ်’’ဟု ပြောလာသူမှာ မြို့သာ စက်မှုဇုန်စီမံကိန်းကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ခံထားရသူ တောင်သူ ဦးသိန်းဌေးဖြစ်သည်။
  • Thu 09 Oct 2014 - 23:45
     ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် တရားခံဟုစွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး မတရားဖမ်းဆီးခံရခြင်းကြောင့် ပြန်လွှတ်ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
  • Thu 09 Oct 2014 - 23:44
     ထိုင်းနိုင်ငံ တောင်ပိုင်း ခိုတောင်ကျွန်းတွင် အသတ်ခံခဲ့ရသည့် ဗြိတိန်စုံတွဲနှင့် ပတ် သက်၍ ထိန်းသိမ်းခံထားရသည့် မြန်မာများအား တရားမျှတသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အ တွက် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများက အောက်တိုဘာ ၉ ရက်တွင် တိုကျိုမြို့ရှိ ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • Thu 09 Oct 2014 - 23:34
     ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သတင်းရရှိသည်။

Pages

Subscribe to News