News

  • Sun 05 May 2013 - 16:35
    နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူ ၁၂ ဦးနှင့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများအား သံတမန်နိုင်ငံကူးလက်မှတ်နှင့် ပို့ကုန်သွင်းကုန်အခွင့်အရေး (Green Channel) တို့ကို အပိုဆုအဖြစ် ချီးမြှင့်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
  • Sun 05 May 2013 - 16:31
    ရန်ကုန်မြို့သို့ ၀င်ရောက်လာသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် ဟိုတယ်အခန်းမလုံလောက်သည့် ပြဿနာများ ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ရှိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရန် ဖိအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ြ
  • Sun 05 May 2013 - 16:26
    မေလ ၂ ရက် ညပိုင်းက မန္တလေးမြို့တွင် ဘာသာရေးအဓိကရုဏ်းသဏ္ဌာန် လူစုလူဝေးများဖြစ်စေရန် လှုံ့ဆော်သူဟု သံသယရှိသူငါးဦးကို သက်ဆိုင်ရာ ရဲစခန်းများမှ ပြစ်မှုပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် တရားစွဲထားကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။
  • Sun 05 May 2013 - 16:25
    ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနား၏ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် သုံးသပ်ချက်ကို  မြန်မာအစိုးရက အလေးထားတုံ့ပြန်မည်မဟုတ်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
  • Sun 05 May 2013 - 16:20
    ကလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတွင်းပြို၊ သစ်ပင်ပိ၍ အာရှကမ္ဘာမြေ ရွှေတူးဖော်ရေးကုမ္ပဏီမှ ရွှေတွင်းလုပ်သား ၁၆ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
  • Sun 05 May 2013 - 16:15
    မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးရန် မြို့တော်ဝါရှင်တန်ဒီစီရှိ အမေရိကန်သမ္မတအိမ်ဖြူတော်သို့ လာမည့်  မေ ၂၀ ရက်ဝန်းကျင်တွင် သွားရောက် မည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်ဝန်ထမ်းတစ်ဦးကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
  • Sun 05 May 2013 - 16:08
    နိုင်ငံတော်သမ္မတက ထုတ်ပြန်ထားသော အမိန့်များနှင့်ပတ်သက်၍ အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော် ပထမ အထူးအစည်းအဝေးကို မေ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။
  • Sun 05 May 2013 - 16:03
    မြန်မာနိုင်ငံအနေဖြင့် အစ္စလာမ်နိုင်ငံများတွင်ရှိသည့် မြန်မာသံရုံးများနှင့် သံရုံးဝန်ထမ်းများ၏ လုံခြုံရေးအပါအ၀င် ပြည်ပရောက်နိုင်ငံသားများလုံခြုံရေး ကာကွယ်ပေးရန် သံတမန်နည်းလမ်းအရ ညှိနှိုင်း ဆောင်ရွက်ထားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်သည်။
  • Sat 04 May 2013 - 17:26
    မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် ဆရာတော်ဦးသောဘိတ မီးရှို့ အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်စစ်ဆေးလျက်ရှိရာ လာမည့်ရက်ပိုင်းအတွင်း စီရင်ချက်ချမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။
  • Sat 04 May 2013 - 17:21
    နေ့အပူရှိန်များ ဆက်တိုက် မြင့်မားနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မျက်စိရောဂါဖြစ်ပွားမှုများလာကြောင်း ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်းများမှ သတင်းရရှိသည်။
  • Sat 04 May 2013 - 17:18
    ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် မသက်ဆိုင်သော ဘုရားစေတီများရှိသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး (UNESCO)သို့ စာရင်းတင်သွင်းရာတွင် ဒေသတစ်ခုလုံးအစား ရှေးလက်ရာမပျက် ကျန်ရှိသော ဘုရားစေတီတစ်ဆူချင်းစီကိုသာ  စာရင်းကောက်ယူတော့မည်ဟု ရှေးဟောင်းသုတေသနနှင့် အမျ
  • Sat 04 May 2013 - 17:06
    ဗဟန်းမြို့နယ်၊  မဟာစည်သာသနာ့ရိပ်သာလမ်းရှိ နှစ်ထပ်တိုက်တစ်လုံး မေလ၂ ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်နှစ်ဆယ့်ခုနစ်သိန်းခန့် ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
  • Sat 04 May 2013 - 17:01
    မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများတွင် သုံးရက်အတွင်း မိုးကြိုးပစ်၍ လေပြင်းတိုက်ခတ်သောကြောင့် လူသေဆုံးမှုနှင့်အတူ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
  • Sat 04 May 2013 - 16:56
    လူပေါင်း ၄၀ ကျော် သေဆုံးခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထားပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။
  • Sat 04 May 2013 - 16:52
    အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဦးနေရွှေသွေးအောင်ပိုင် စက်သုံးဆီအရောင်းဆိုင်အပါအ၀င် ဆီဆိုင်၁၂ဆိုင်အား သတ်မှတ်အခြင်အတွယ်မပြည့်ဘဲ ရောင်းသဖြင့် မေလ ၅ ရက်မှစ၍ ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် တစ်လပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
  • Sat 04 May 2013 - 16:48
    ကေအင်န်ယူ ထိန်းချုပ်နယ်မြေ ထားဝယ်၊ မြိတ်ခရိုင်အတွင်းရှိ နယ်မြေအချို့တွင် စစ်ပြေး ကရင်ဒုက္ခသည်များ နေရာချထားပေးရန်အတွက် နယ်မြေများ သတ်မှတ်တိုင်းတာမှု ပြုလုပ်နေပြီဖြစ်ကြောင်း ထားဝယ်၊ မြိတ်ခရိုင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ဦးစောဟူရယ်က ပြောသည်။
  • Sat 04 May 2013 - 16:09
    ဆရာအင်အား ပြည့်ဝရေးအတွက် ပြင်ပဘွဲ့ရပုဂ္ဂိုလ် ၂၀,၀၀၀ ကျော်အား နေ့စား လပေး ဆရာ၊ ဆရာမများအဖြစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ခန့်အပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။
  • Sat 04 May 2013 - 14:42
    ငွေကျပ်သိန်း ၅၀ ၀န်းကျင်ဖြင့် အိန္ဒိယနိုင်ငံထုတ် တာတာ (Ta Ta) ကားများကို ဧပြီလမှ စတင်ပြီးကာ မင်္ဂလာဒုံမြို့နယ် ပုလဲဥယျာဉ်အိမ်ရာ Ta Ta ကုမ္ပဏီနှင့် Myanmar apex Greatest Industrial ကုမ္ပဏီတို့ ပူးပေါင်းရောင်းချနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 04 May 2013 - 14:35
    ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ထိခိုက်မှုအများဆုံးခံရသော ဒေသများ၌ အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် မိုးရာသီမရောက်မီ အကူအညီများ အလျင်အမြန်ပေးရေးအတွက် ကမ္ဘာ့ကုလ သမဂ္ဂက ယနေ့တိုက်တွန်းလိုက်သည်။
  • Sat 04 May 2013 - 14:29
    နိုင်ငံခြားသားဧည့်သည်များကို နယ်စပ်ဂိတ်နှစ်ခုမှ တရားဝင်၊ ၀င်ထွက်သွားလာခွင့်ကို မကြာမီပေးတော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သတင်း ရရှိသည်။

Pages

Subscribe to News