News

  • Sat 19 Aug 2017 - 21:40
    ကချင်ပြည်နယ် တနိုင်း မြို့နယ်တွင် ပထွေးက အသက် (၃)နှစ်ကျော်အရွယ် မိန်းကလေး ငယ်တစ်ဦးကို အဓမ္မပြုကျင့်ခြင်းကြောင့် ဖမ်းဆီးစစ်ဆေးနေ ကြောင်း တနိုင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။  ကျူးလွန်သူနှင့် အဓမ္မပြုကျင့်ခံရသူ နှစ်ဦးစလုံးသည် တနိုင်းမြို့နှင့် ငါးမိုင်ခန့်အကွာ အောင်စုမှူးရွာမှဖြစ်ပြီး သြဂုတ် ၁၄ ရက်က အဓမ္မကျူးလွန်ခံရ သည်ဟုဆိုသည်။ ထို့ကြောင့် အဓမ္မကျူးလွန်သူကို ဥပဒေအရ အရေးယူနိုင်ရန် ဒေသတွင်းလူမှု အဖွဲ့အစည်းများ၏ အကူအညီ ဖြင့် တိုင်ကြားထားကြောင်း တနိုင်းမြို့ရှိ အရေးပေါ်ခရစ်ယာန်ဂိုဏ်း ပေါင်းစုံ ကယ်ဆယ်ရေးကော်မတီ ဝင် ဦးနော်တောင်ကပြောသည်။
  • Sat 19 Aug 2017 - 21:38
    ယခုဖြစ်ပွားနေသည့် ရာသီတုပ်ကွေးရောဂါသည် ပူပြင်းခြောက်သွေ့သော နွေရာသီ ရောက်သည့်အချိန်မှသာ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုကျဆင်း နိုင်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်း ထွန်းအောင်က ပြောသည်။ ရောဂါပိုးသည် ပြန့်ပွားရန် လွယ်ကူခြင်း၊ ယခင်ကတည်းက ရောဂါပိုးရှိသူများ နေရာများစွာ တွင် ရှိနေခြင်းတို့ကြောင့် သေဆုံးမှု ရပ်တန့်အောင် လုပ်ဆောင် နိုင်ခြင်းမရှိဘဲ ရောဂါဆက်လက် ပြန့်ပွားမှုများ ရှိနေနိုင်ကြောင်း သဘာဝဘေးအန္တရာယ်နှင့် ကူး စက်ရောဂါ ကာကွယ်တိုက်ဖျက် ရေးဌာန ဒုညွှန်ချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။
  • Sat 19 Aug 2017 - 20:53
     တိုင်းနှင့် ပြည်နယ်လေး ခုမှ လူမှုဝန်ထမ်းဦးစီးဌာနလက် အောက်ရှိ မူကြိုကျောင်းများတွင် ကလေးငယ်များအား သြဂုတ် ၁ ရက်က စတင်ကာ အာဟာရအား ဖြည့်ဆန်ကို အစားထိုးကျွေးမွေး နေသည်။
  • Sat 19 Aug 2017 - 20:52
     ကျောက်မျက်ရ တနာသယံဇာတများကို နောင် လာနောက်သားများခံစားနိုင်ရေး စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့်ရှောက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။
  • Sat 19 Aug 2017 - 20:51
     မြန်မာ FDA နှင့် အပြည် ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့တို့ပူးပေါင်း ၍ တရားမ၀င်ဆေးဝါး၊ စံမညီ ဆေးဝါးနှင့် ဆေးဝါးအတု၊ ဆေး ၀ါးတိုက်ဖျက်ရေးအစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကပြောသည်။
  • Sat 19 Aug 2017 - 20:50
    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုရုံးချုပ်ကို ရခိုင်ပြည် နယ်ကျောက်တော်မြို့၌ သြဂုတ် ၂၀ ရက်တွင် ဖွင့်လှစ်မည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော် က ပြောသည်။
  • Fri 18 Aug 2017 - 23:51
     ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ(FPNCC) အစည်းအဝေးကို သုံးရက်ကြာ ပြုလုပ်နေပြီး အစိုးရနှင့် မြောက် ပိုင်းခုနစ်ဖွဲ့အကြား တွေ့ဆုံဆွေး နွေးရေး ပိတ်ဆို့နေမှု ကျော်လွှား နိုင်ရန် ဆွေးနွေးညှိနှိုင်းနေကြောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေး မှူး တာ့ဘုန်းကျော်ကပြောသည်။ UWSA ဥက္ကဋ္ဌ ဦးပေါက်ယို ချမ်း အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် FPNCC အ စည်းအဝေးကို ဩဂုတ် ၁၈ ရက် ကစ၍ သုံးရက်ကြာအစည်းအဝေး ကို UWSA ဌာနချုပ် ပန်ဆန်းမြို့၌ ပြုလုပ်နေသည်။
  • Fri 18 Aug 2017 - 23:50
    ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးသော အရပ်သားသုံးဦး ပြန်လည်လွတ်မြောက်လာ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကပြောသည်။ ကျားကိုက်ကျေးရွာမှ ဦးဇော်မိုးအပါအဝင် အမျိုးသားနှစ်ဦးကို ဩဂုတ် ၁၆ ရက် ညဥ့်နက်တွင် ပြောက်ကျားဝတ်စုံ ဝတ်ထားသော လက်နက်ကိုင်အဖွဲ့တစ်ခု က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဩဂုတ် ၁၇ ရက် ညဥ့်နက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ် သည်။
  • Fri 18 Aug 2017 - 23:48
    ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက် ရန် လွှတ်တော်ကိုယ်စားလှယ်အ ချို့က ဆွေးနွေးသော်လည်း ပြည် သူ့လွှတ်တော်က အာမခံပေးရ မည့်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် များကို လျှော့ချပြစ်ဒဏ်ပြင်ဆင် ပြီး အတည်ပြုခဲ့သည်။
  • Fri 18 Aug 2017 - 23:48
    ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်မြို့တွင် တောင်ကျရေ ကြောင့် ရပ်ကွက်ရှစ်ခု ရေကြီးနစ် မြုပ်ပြီး လူဦးရေ သုံးထောင်ခန့်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေး ခဲ့သည်။
  • Fri 18 Aug 2017 - 23:47
    ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် အကြမ်းဖက်တိုက်ခိုက်နေ သော အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုန်းရန်အဆို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေ စဉ် ပြည်သူ့လွှတ်တော်၌လည်း အကြမ်းဖက်သမားများအမြစ် ဖြတ်ရန်အဆိုကို ထပ်မံတင်သွင်း ခဲ့သည်။
  • Fri 18 Aug 2017 - 23:47
    တနိုင်းမြို့သို့ စစ်ဘေး ရှောင်ရောက်ရှိနေကြသည့် ဒေသ ခံများအား ဆန်အပါအ၀င် စား နပ်ရိက္ခာများလှူဒါန်းရန် နယ်စပ် ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုမှုရရှိ ၍ လာမည့်ရက်ပိုင်းအတွင်း ဆန် အိတ်တစ်ထောင်ခန့် သွားရောက် လှူဒါန်းမည်ဟု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉)မှ ကိုယ်စားလှယ် ဦးခင်မောင်မြင့်က သြဂုတ် ၁၈ ရက်တွင် ပြောသည်။ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် ကချင်ပြည်နယ်မှ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်များသည် သြဂုတ် ၁၇ ရက်တွင် နေပြည် တော်၌ တွေ့ဆုံ၍ တနိုင်းဒေသ စစ်ဘေးရှောင်များထံသို့ ဆန်လှူ ဒါန်းနိုင်ရေး ဆွေးနွေးရာ အဆင် ပြေခဲ့သည့်အပြင် ၀န်ကြီးဌာနက ကျပ်သိန်းခြောက်ဆယ်ခန့် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။
  • Fri 18 Aug 2017 - 23:46
    မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားရင် ဆိုင်နေရပြီး သီပေါအကျဉ်း ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သတင်းသမားသုံးဦးအပါအ၀င် အမျိုးသားခြောက်ဦး၏ ဒုတိယအကြိမ် အာမခံ လျှောက်ထားမှုကို သီပေါမြို့နယ် တရားသူကြီးက ဩဂုတ် ၁၈ ရက် ရုံးချိန်း၌ ထပ်မံပယ်ချသည်။အမှုသည် ဥပဒေကြောင်းအရနှင့် အကြောင်းခြင်းရာအရ မှားယွင်းချွတ်ချော်မှု ရှိ၊ မရှိ စနစ်တကျ စိစစ်ရန်လိုအပ်ခြင်း၊ စွပ်စွဲ ခံထားရသူများသည် သီပေါမြို့ခံ များမဟုတ်ဘဲ အခြားမြို့များတွင် နေထိုင်ကြပြီး အာမခံပေးမည်ဆို လျှင် အမှုစစ်ဆေးရန် ကြန့်ကြာ မှုရှိနိုင်ခြင်း၊ အမှုကြန့်ကြာခြင်း သည် အမှန်တရားနှင့်ဝေးကွာစေ ခြင်းနှင့် အမှုကို လူအများစိတ်ဝင်စားပြီး တရားခွင်အတွင်းတွင် လည်း လုံခြုံရေးအပြည့်အ၀ဖြင့် စစ်ဆေးနေရခြင်းစသည့် အဓိက အချက်လေးချက်ကြောင့် အာမခံ ပယ်ချခြင်းဖြစ်ကြောင်း သီပေါမြို့ နယ်တရားသူကြီး ဦးကျော်သူမိုး ကပြောသည်။
  • Fri 18 Aug 2017 - 23:46
    အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပျိုးပင်စီမံကိန်းအ ဖွဲ့ပူးပေါင်းမှုဖြင့် ရွှေ့ပြောင်းအ လုပ်သမား ၅,၆၀၀ ခန့်အား အ ထည်ချုပ်နှင့် ဆက်စပ်လုပ်ငန်း ပိုင်းဆိုင်ရာသင်တန်း  အခမဲ့သင် ကြားပေးမည်ဖြစ်ကြောင်း ပျိုးပင် စီမံကိန်းအဖွဲ့ တာဝန်ရှိသူ ဒေါ်ကြွယ်ဖြိုးဖြိုးအေးက ပြော သည်။
  • Fri 18 Aug 2017 - 23:46
    မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်ရဲစခန်းတွင် တာ ၀န်ထမ်းဆောင်နေသည့် ဒုရဲအုပ် စိုးမိုးအောင်ကို မန္တလေးတိုင်းတ ရားရုံးမှ အဂတိတိုက်ဖျက်ရေးဥ ပဒေပုဒ်မ ၅၆ အရ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်။
  • Fri 18 Aug 2017 - 23:45
    ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအ သင်းကို ၎င်းတို့တည်းခိုရာ ဟို တယ်သို့ ကြာသပတေးနေ့ ည (သြဂုတ် ၁၇ ရက်) တွင် ပို့ဆောင်ပေးရမည့် ဘတ်စ်ကားယာဉ်မောင်းကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
  • Fri 18 Aug 2017 - 23:45
    အရက်ထုတ်လုပ် ရောင်းချမှုများ ထိန်းချုပ်နိုင်ရန် ယစ်မျိုးလိုင်စင်များကို တစ်နှစ် ထက်တစ်နှစ် လျှော့ချခွင့်ပြုနေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောသည်။ သြဂုတ် ၁၈ ရက်က ပြည် သူ့လွှတ်တော်တွင် ကောလင်းမဲ ဆန္ဒနယ်မှ ဦးမျိုးဇော်အောင်က နိုင်ငံအနှံ့ ကျေးရွာများ၌ တရား မ၀င်ရော တရားဝင်ပါ ချက်နေ ကြသော ချက်အရက်များကို ထိန်းချုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
  • Fri 18 Aug 2017 - 23:45
    မြစ်ရေကြီးနေသော ကြောင့် ရေလွှမ်းမိုးမှုရင်ဆိုင်နေရ စဉ် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ကာ ဒေသကိုးခုတွင် နေရာကွက် ၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတိပေးထား သည်။
  • Fri 18 Aug 2017 - 23:35
     မန္တလေးရှိ ဆီဒိုးနားဟို တယ်ကို ဧဒင်ကုမ္ပဏီအုပ်စုက ဝယ်ယူ၍ Hilton World Wide Group နှင့် ပူးပေါင်းကာ Hilton Mandalay Hotel အမည်ဖြင့် ဖွင့် လှစ်မည်ဖြစ်သည်။ ‘‘ကျွန်တော်တို့က ဒီဆီဒိုးနား  ဆိုတဲ့ နာမည်ကိုပါ ဝယ်လိုက်တာ မဟုတ်ဘူး။ အဲဒီဆီဒိုးနားကို ပိုင် တဲ့ နိုင်ငံခြားကုမ္ပဏီဆီကနေ အ ဆောက်အအုံနဲ့ လုပ်ပိုင်ခွင့်ကို ဧဒင်က ဝယ်လိုက်တာ’’ဟု ဧဒင် Hotels and Resorts  ဒါရိုက်တာဦးသန်းထွဋ်က ပြောသည်။ ဟို တယ်ကို ဒေါ်လာသန်း ၄၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
  • Fri 18 Aug 2017 - 23:32
    ဘိန်းစိုက်ပျိုးသူ များက ရဲနှင့်တပ်မတော်ကိုအခွန် ပေးဆောင်ရကြောင်း ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမှုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဒုတိယ ဗိုလ်မှူးကြီးမျိုးထက်ဝင်းက မတ် တတ်ရပ်၍ ကန့်ကွက်ခဲ့သည်။ ‘‘ဘိန်းစိုက်တောင်သူများက ဒေသဆိုင်ရာအဖွဲ့အစည်းအချို့၊ လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြတဲ့ ရဲ၊ တပ်မတော်၊ ငြိမ်း ချမ်းရေးလက်နက်ကိုင်အဖွဲ့အ စည်းများကို များစွာအခွန်ပေး ဆောင်ရပါတယ်။ ၎င်းမှတစ်ဆင့် အကျင့်ပျက်ခြစားမှုမြင့်တက်လာ အောင် လုပ်ဆောင်ပေးပြီး တရား ဥပဒေစိုးမိုးရေးမရှိအောင် အား ပေးကူညီပါတယ်။ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ပြတ် ပြတ်သားသားစိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်’’ ဟု လွိုင်ကော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင် စည်သူက ပြောသည်။

Pages

Subscribe to News