News

  • Wed 21 Feb 2018 - 22:00
     နိုင်ငံရေးအကျဉ်းသား ဟောင်းများ ဆေးကုသနိုင်ရေး ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္က လာပဆေးရုံတို့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာ ရေးစောင့်ရှောက်မှုစင်တာအမှု ဆောင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။ ဆေးဝါးကုသမှုခံယူရန် အခက်အခဲရှိသည့် နိုင်ကျဉ်းဟောင်း များအတွက် ရည်ရွယ်၍  နိုင်ကျဉ်းအဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် အလှူရှင်များစု ပေါင်း၍ နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကျန်းမာရေးစောင့် ရှောက်မှုစင်တာကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် ဒဂုံတက္ကသိုလ်အနီး ခါတော်မီ (၁)လမ်းတွင် ဖေဖော် ဝါရီ ၃ ရက်က  စတင်ဖွင့်လှစ်ခဲ့ သည်။
  • Wed 21 Feb 2018 - 21:58
     မြန်မာတစ်နိုင်ငံလုံးတွင် ရပ်ကွက်ကျေးရွာအုပ်စု ၁၆,၀၀၀ ကျော်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို တစ်လကျပ် ၇၀,၀၀၀ ထောက်ပံ့ပေးနေရာ တစ်နှစ်ကျပ် ၁၄ ဘီလီယံကျော်ရှိကြောင်း   ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေး၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လစာငွေ များ ပြန်လည်ဆန်းစစ်ပြီး တိုး မြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေး ခွန်းနှင့်ပတ်သက်၍ ဒုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့် သွင်းပြောကြားခြင်းဖြစ်သည်။
  • Wed 21 Feb 2018 - 21:29
    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာမည့် လူဦးရေရှစ်ထောင်ကျော်ကို စိစစ်လက်ခံရာတွင် လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့်အညီ လုံခြုံရေးအပြည့်အဝပေးကာ လက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။  ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်းလာရောက်ဖြေကြားပြီး ပြန်လည် ထွက်ခွာလာသော ဝန်ကြီးဦးသိန်း ဆွေကို သတင်းထောက်များက မေးမြန်းစဉ် ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။
  • Wed 21 Feb 2018 - 21:28
    အမေရိကန်သံရုံးဆန္ဒ ပြမှုကြောင့် တရားစွဲဆိုခံရသော မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။ ယမန်နေ့က ဆရာတော် ဦးပါမောက္ခကို အပြီးသတ်အမိန့် ချရန် (၁၃)ကြိမ်မြောက် ရုံးထုတ် စစ်ဆေးပြီး ထောင်ဒဏ် သုံးလ ချမှတ်ခြင်းဖြစ်သည်။ တရားသူကြီးက ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုသောကြောင့် ဦးပါမောက္ခသည် နောက်ထပ် ရက် ၂၀ ပြည့်ပါက ပြန်လည်လွတ်မြောက်မည်ဖြစ်သည်။
  • Wed 21 Feb 2018 - 13:14
    ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည့် လားရှိုးမြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသော မန္တလေး-လားရှိုးရထားလမ်းပိုင်း ရှန်ခိုက်ဘူတာအနီးရှိ ရှန်ခိုက်ဘုရားကျောင်းတွင် ပေါ်တော်မူ သီရိသျှီဝဘုရားပွဲကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာဝင်အများစု လာရောက်သည့် ရှန်ခိုက်ဘုရားပွဲတော်သို့ ဟိန္ဒူဘာသာဝင်များ၊ ဂေါ်ရခါးလူမျိုးများအပြင် ဒေသခံတိုင်းရင်းသား အများအပြား ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ လာရောက်ကြသည်ကို မြင်ရသည်။ ဟိန္ဒူဘာသာဝင်တို့၏ ဘာသာ ရေးပွဲတော်ကာလအတွင်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၏ ကူးလူးဆက်နွှယ်သည့် ပုံရိပ်များသည် မတူကွဲပြားမှုများယှဉ်တွဲနေထိုင်မှုကို မီးမောင်းထိုးပြသော မြင်ကွင်းများပင်ဖြစ်ပါသည်။
  • Wed 21 Feb 2018 - 12:29
    ဇန်န၀ါရီအတွင်း ပြည်တွင်းအလုပ် အကိုင်ရရှိသည့်ဦးရေ ၂၂,၀၀၀ ကျော်ရှိပြီး ယင်းမှာ ၁၃ လအတွင်းအလုပ်ရရှိမှု ဒုတိယအများဆုံးလ ဖြစ်သည်။
  • Wed 21 Feb 2018 - 12:06
    ယခုတစ်ပတ် လွှတ်တော်အစည်းအဝေးများတွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး လုံခြုံရေးတိုးမြှင့်ချထားရေးနှင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတိုးမြှင့်ချထားနိုင်ရေး အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရန် တင်ပြခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကာ ခွင့်ပြုခဲ့သည်။JICA ထံ မှ ယန်း ၁၄ ဘီလီယံကျော်ချေးယူမည့်ကိစ္စ၊ ၂၀၁၈ အခွန်အ ကောက်ဥပဒေကြမ်းကို တင်သွင်း ခြင်းတို့သည် အရေးကြီးသည့် ဆောင်ရွက်ချက်များဖြစ်သည်။ ထို့အပြင် ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်သက်ဆိုင်သည့် လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်အစီရင်ခံစာတို့ကို လွှတ်တော်ပူးပေါင်းကော်မတီတို့က တင်သွင်းခဲ့သည်။
  • Wed 21 Feb 2018 - 11:56
    ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ကာလများဖြစ်သည့် ၂၀၀၀ ပြည့်နှစ်မတိုင်မီက ယဉ်ကျေးမှုတက္ကသိုလ် (ချင်းချောင်း)မှ ပန်းချီကျောင်းသူလေးတစ်ဦးတွင် အိပ်မက်တစ်ခုရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကို ရေးဆွဲလိုသည့် အိပ်မက်ဖြစ်သည်။ ထိုစဉ်အခါ က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအပိုင်းအစလေး တွေ့လျှင်ပင် ထောင်ကျမည့်အခြေအနေဖြစ်၍ ပုံတူရေးဆွဲရန် ဓာတ်ပုံတစ်ပုံ ရရှိရန်ပင် ခက်ခဲလွန်းခဲ့သည်။ သူ၏အိပ်မက်များ လက်တွေ့ဖြစ်လာရန်နှစ် ၂၀ ခန့် စောင့်ခဲ့ရ သည်။ သို့သော် တစ်ချိန်က ပန်းချီကျောင်းသူလေး၏ အိပ်မက်များထက် သာလွန်သော အခြေအနေတစ်ခု ရောက်ရှိလာခဲ့ပြီ ဖြစ် သည်။
  • Wed 21 Feb 2018 - 11:32
    နဖူးတွင် ဆေးအနီများ တို့ထားသည့် ဟိန္ဒူဘာသာဝင် အိန္ဒိယနွယ်ဖွားများ၊ နေပါလီ (ခေါ်) ဂေါ်ရခါးလူမျိုးများ၊ ရှမ်းလူမျိုးများ၊ ပလောင်လူမျိုးများ၊ တရုတ်လူမျိုး များ၊ ဗမာတိုင်းရင်းသားများ ရောထွေးနေသော လူတန်းရှည်ကြီး သည် ‘ထမင်းစားဆောင်’ဟု စာ တန်းချိတ်ဆွဲထားသည့် တံခါးဝတစ်ခုတွင် တန်းစီစောင့်ဆိုင်းနေ သည်။ ထမင်းစားဆောင်အတွင်း တွင်လည်း ထောင်နှင့်ချီသော လူများ ထမင်းစားသုံးနေသည်။ ထမင်းစားဆောင်ထဲမှ ထမင်းစားသောက်ပြီးသူများ အခြားထွက် ပေါက်တစ်ခုမှ ပြန်ထွက်သွားသည့်အခါ တံခါးဝမှ တာဝန်ရှိသူများကတံခါးဖွင့်သည်နှင့် လူအုပ်ကြီး သည် ထမင်းစားဆောင်ထဲ တိုးဝှေ့ ၀င်ရောက်သွားပြီး ထမင်းစားပွဲ များတွင် အသင့်ဝင်ထိုင်ကာ အတူ တကွ စားသောက်ကြသည်။ အဆိုပါ မြင်ကွင်းသည် ဟိန္ဒူဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာ ဘုရားတစ်ဆူတွင် အပါအ၀င်ဖြစ်သော သျှီဝဘုရား၏ ပေါ်တော်မှုအရပ် အဖြစ် သက်ဝင်ယုံကြည်သည့် ရှန်ခိုက်ဘုရားကျောင်း ဘုရားပွဲ၌ မြင်တွေ့ရသည့် မြင်ကွင်းများအနက် တစ်ခုဖြစ်သည်။ ရှန်ခိုက်ဘုရားကျောင်းက ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့နှင့် ၁၃ မိုင်ခန့်အ ကွာတွင် တည်ရှိသည်။
  • Wed 21 Feb 2018 - 11:26
    လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင်မင်္ဂလာဆောင်ဖိတ်စာတစ်စောင် ပုံတက်လာ၍ မြင်တွေ့မိသူအပေါင်း တအံ့တဩဖြစ်ကြရသည်။ ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းဝင်နိုင်သည်ဟူ၍လည်းကောင်း၊ ကမ္ဘာ့ ဆွေမျိုးအများဆုံးဟူ၍လည်းကောင်း၊ အရှည်လျားဆုံး၊ ဆိုဒ်အကြီးဆုံး မင်္ဂလာဖိတ်စာ တစ်ခုအဖြစ်လည်းကောင်း ရေးသားမှတ်ချက်ပြုကြသည်။ ထိုကဲ့သို့ ရေးသားညွှန်းဆိုရလောက် အောင် ထိုဖိတ်စာက တကယ် ကော ထူးခြားနေပါရဲ့လား၊ အမှန် ကော စိတ်ဝင်စားစရာကောင်းပါရဲ့လား၊ ကြည့်ကြရအောင်ပါ။  ဖိတ်စာသည် အပေါ်ယံကြည့်လျှင်တော့ စာအုပ်သဏ္ဌာန် ခေါက်ချိုးကလေးသာ ဖြစ်သည်။ ထိုခေါက်ချိုးကလေးကို ဖွင့်ကြည့် တော့မှ အဖြူရောင်စာရွက်ခေါက်ကို ထပ်မံတွေ့ရသည်။ စာရွက်အလယ်ကနေ ခေါက်ချိုးခေါက် ထားသည့် စာရွက်ကို ထပ်မံဖွင့် တော့မှ မင်္ဂလာဖိတ်စာစာရွက် အစစ်က ဝေါခနဲဆိုကျလာသည်။  အလိုလေး။ မင်္ဂလာဆောင်ဖိတ်စာမှ ဟုတ်ပါလေစ။ မသိလျှင် မဟာသင်္ကြန်စာစာရွက်လား၊ ပြည့်ပြည့် စုံစုံရေးသားထားသည့် ဆေးအ ညွှန်းစာရွက်လား ထင်မှတ်ပါလိမ့်မည်။ စာရွက်က ရိုးရိုးဆိုဒ်အေဖိုး တစ်ဝက်စာလောက်မဟုတ်။ အေဖိုးအရွက်ပြည့်ဖြင့်ပင် လုံလောက်ပုံမရ၍ လီဂယ်ဆိုဒ်စာရွက်ကြီးကို အသုံးပြုထားရသည်။  နှစ်ဖက်သော အဘိုးအဘေးနှင့် အဘိုးအဘွားမှအစ မိဘဆွေမျိုး ဘကြီး၊ ဘထွေး၊ ကြီးတော်၊ အစ်ကို၊ အစ်မ၊ တစ်ဦးမကျန် ထည့်သွင်းရိုက်နှိပ်ထားသည့် ဆွေမျိုးအမည် လူသုံးရာခန့်ပါဝင်သော မင်္ဂလာ ဖိတ်စာတော်ကြီးပင် ဖြစ်လေသည်။
  • Wed 21 Feb 2018 - 11:02
    ဖေဖော်ဝါရီ ဒုတိယပတ်တွင် ထုတ်ပြန်သော ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းသည် ရက်ပိုင်းအတွင်း စီးပွားရေးနယ်ပယ်၌ ဒီဘိတ်ကြီးတစ်ခု မွေးဖွားပေးခဲ့သည်။ ဥပဒေကြမ်းတွင် အခွန်လွတ်ငြိမ်းခွင့်နှင့် အခွန်နှုန်းထားလျှော့ပေးခြင်းများ ထည့်သွင်းထားမှုအပေါ် စီးပွားရေး လောက၌ ကြိုဆိုသူများရော ဝေဖန်ကန့်ကွက်သူများပါ ပွက်ပွက်ညံနေသည်။ ၂၀၁၈ ပြည်ထောင်စုအခွန် အကောက်ဥပဒေကြမ်းတွင် အ ရေးကြီးသည့်အချက်တစ်ခု ပါဝင်လာသည်။ ဥပဒေကြမ်းပုဒ်မ ၂၅ တွင် ပြည်တွင်းနေ နိုင်ငံသား၊ ပြည်ပနေနိုင်ငံသားများ၏ဝင်ငွေရ လမ်းတစ်ခုခု(သို့မဟုတ်)စီးပွား ရေးလုပ်ငန်းတစ်ခုခုဆောင်ရွက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် ပျက်ကွက် ခြင်း၊ အခွန်ပမာဏလျော့နည်း ပေးဆောင်ခြင်းတို့အပါအဝင် လက်ဝယ်ရှိသည့် ငွေကြေးဖြင့် ပြည်တွင်း၌ မြေ၊ အဆောက်အ အုံနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ ထိတွေ့ကိုင်တွယ်ရသော ပစ္စည်း၊ ထိတွေ့ကိုင်တွယ်မရ သော ပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရင်းနှီးမြှုပ်နှံ ခြင်း၊ အစုရှယ်ယာထည့်ဝင်ခြင်း တို့အတွက် အသုံးပြုမည်ဆိုပါက ပထမခြောက်လအတွင်း အခွန် ၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လ တွင် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ဖော်ပြထားသည်။
  • Wed 21 Feb 2018 - 10:52
    လွန်ခဲ့တဲ့ ၂ နှစ်က သူ့ရဲ့စပါးခင်းကို ဆိုးဆိုးရွားရွားဖျက်ဆီးခဲ့ဖူးတဲ့ ပင်ကျပိုးဖလံတွေကို တိုက်ထုတ်ဖို့ မစန်းစန်းလှအတွက် အကောင်းစားလက်နက်အသစ် တစ်ခုရထားပါပြီ။ အဲဒါကတော့ အခမဲ့ရယူနိုင်တဲ့ မိုဘိုင်းဖုန်းအသုံးပြု App တစ်ခုပါပဲ။ အသက် (၃၅)နှစ်အရွယ် မစန်းစန်းလှက သူရင်းငှားအလုပ်သမားတွေ စပါးရိတ်သိမ်းပြီးစီးနေမှုကို ပီတိအပြုံးနဲ့ စောင့်ကြည့်နေပါတယ်။ ရာသီအလိုက် ကျရောက် တတ်တဲ့ အဖျက်ပိုးတွေကို သူ့အနေနဲ့ ကြိုတင်တားဆီးအောင်ပွဲ ခံနိုင်ခဲ့တဲ့အတွက်လည်း ပျော်နေပါတယ်။ သူ့ရဲ့ ဖုန်း App ကနေ တစ်ဆင့် အဖျက်ပိုးတွေကို ဘယ်လို ပိုးသတ်ဆေးနဲ့ ထိထိရောက် ရောက် ကြိုတင်တွန်းလှန်နိုင်မလဲ ဆိုတာကို အသိပေး သတင်းစကား ပါးလာတဲ့အတိုင်း မစန်းစန်းလှက အကောင်အထည်ဖော်ခဲ့ပါတယ်။
  • Wed 21 Feb 2018 - 10:39
    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့ ဖေဖော်ဝါရီ ၁ ရက်က စိတ်ကျန်းမာရေး ဆေးရုံတက်ခဲ့ရဖူးသည်ဆိုသော ဝင်းနိုင်က ဓာတ်ဆီပုလင်းမီးရှို့၍ ပစ်ပေါက်ခဲ့ပြီးနောက် စိတ်ကျန်း မာရေးဆေးရုံဆင်း လက်မှတ်အရပ်ခေါ် ‘အရူးလက်မှတ်’ အကြောင်း စိတ်ဝင်စားမှု တစ်မုဟုတ်ချင်း မြင့်တက်လာသည်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင်လည်း အဆိုပါလက်မှတ်ရှိသူ၊ ယင်းလက်မှတ်ကိုင်ဆောင်ထားသူသည် ထင်ရာလုပ်၍ရသည်၊ အမှုများ ကျူးလွန်၍ရသည်၊ ယင်းလက်မှတ်ကိုင်ဆောင်ထားပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရှိသည် ဟူသည့်သဘော ရေးသားမှုများ၊ ကာတွန်းသရုပ်ဖော်များ၊ မိနစ်တို ဗီဒီယိုဖိုင်များ စသည်တို့ဖြင့် လူမှုကွန်ရက်ပေါ်တွင် အမျိုးမျိုး ရေးသားဖော်ပြလာကြသည်။
  • Wed 21 Feb 2018 - 10:29
    ‘တစ်ဦးစီဝင်လျှင် သင့်အတွက် ပို ကောင်းပါသည်’ ဆိုသောစာတန်းသည် ယခုနှစ်ဆန်းပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ထိတ်လန့်တုန်လှုပ်ဖွယ်သတင်းစကားများနှင့်တွဲ၍ ပျံ့နှံ့လာခဲ့သည်။ ထိုစာတန်းသည် ရန်ကုန်မြို့ ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို၏ ဗေဒင်ဟောခန်း တွင် ဇန်န၀ါရီ ၂၅ ရက်ထိ ချိတ်ဆွဲထားခဲ့သော စာတန်းဖြစ်သည်။ ၂၀၁၈ ဇန်န၀ါရီတွင် အသက်(၂၁)နှစ်အရွယ်နည်းပညာ နောက်ဆုံးနှစ်ကျောင်းသူမနီနီ (အမည်လွှဲ)က ကိုးထပ်ကြီးဘုရား ရှိ ဗေဒင်ဆရာသည် ၎င်းကို ဗေဒင်ဟောအခန်းတွင် လိင်ပိုင်း ဆိုင်ရာ ထိပါးစော်ကားကြောင်း လူမှုကွန်ရက်၌ ဖွင့်ဟလာခဲ့သည်။ ထို့နောက် ၎င်းက ဗေဒင်ဆရာကို ဇန်န၀ါရီ ၃၀ ရက်တွင် ပထမဆုံး အမှုဖွင့်ခဲ့သည်။ ဗေဒင်ဆရာ အောင်ချစ်ပိုလည်း မနီနီကိုပြန်လည်အမှုဖွင့်ခဲ့သည်။ ထိုသို့အပြန်အလှန်အမှုဖွင့် ခြင်းကပင် လိင်ပိုင်းဆိုင်ရာထိပါး စော်ကားခံရသည်ဆိုသော မိန်းကလေးများထပ်မံထွက်ပေါ်စေပြီး ဗေဒင်ဆရာအောင်ချစ်ပိုက မနီနီ ကို အမှုဖွင့်ခဲ့သည့်နောက်တွင် သရုပ်ဆောင်ဒိန်းပိုပိုဒေါင်ကလည်း ဗေဒင်ဆရာအောင်ချစ်ပိုထံတွင် ဗေဒင်မေးရင်း လိင်ပိုင်းဆိုင်ရာထိပါးခံခဲ့ရသော မိန်းကလေးများအနက် ၎င်းလည်းပါဝင်ကြောင်း ရှေ့ထွက်ပြောကြားလာပြီး ဗေဒင်ဆရာကို အမှုဖွင့်ခဲ့သည်။
  • Wed 21 Feb 2018 - 09:27
    ခေါင်းတွင် သွေးများပေကျံနေပြီး ပေတီပေစုတ်ဖြစ်နေသည့် အသက်(၃)နှစ်ခွဲအရွယ် အငယ်လေး၏ ဦးခေါင်းမှ ဒဏ်ရာကိုကြည့်ရန် ဒေါ်ခင်သက်မွန်တစ်ယောက် စိတ် ပူပူဖြင့် ကလေးကို ထိုင်ခိုင်းသည်။ ဆောင့်ကြောင့်ထိုင်လိုက်သည့် အချိန်တွင် အငယ်လေး(အမည်လွှဲ)၏ခန္ဓာကိုယ် အောက်ပိုင်းရှိ အစိတ်အပိုင်းမှ သွေးများ ဒလဟောစီးကျလာတော့သည်။ ‘‘အဲဒီအချိန်မှာ ကျွန်မသိ လိုက်ပြီ။ ကလေးကို မုဒိမ်းကျင့် လိုက်ပြီဆိုတာ။ ကျွန်မ အလုပ် မလုပ်နိုင်တော့ဘူး။ တစ်နေ့လုံး ရှမ်းခေါက်ဆွဲက ငန်မှန်းမသိ၊ ပေါ့မှန်းမသိဖြစ်ကုန်တယ်’’ ဟု ပန်းလှိုင်ဘူတာ သံလမ်းဘေးတွင် ရှမ်းခေါက်ဆွဲရောင်းသော ဒေါ်ခင်သက်မွန်က ၀မ်းနည်းကြေကွဲစရာကောင်းသည့် အခိုက်အတန့်ကို ပြန်လည်ပြောပြသည်။
  • Tue 20 Feb 2018 - 20:24
    ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် လာမည့်မတ်လ တွင် ကချင်စစ်ဘေးရှောင်စခန်း များသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်း MMA မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံ အောင်လ အန်ဆန်က ပြောသည်။
  • Tue 20 Feb 2018 - 20:22
    ရေမဆေးကျောက်ရှာ လုပ်သားများအတွက် ခန္တီးရတနာ မြေရှိ တစ်ဧက ကျယ်ဝန်းသော ကျောက်ရှာလုပ်ကွက်များကို ကြမ်းခင်းဈေး ကျပ်ငါးသိန်းဖြင့် ရောင်းချပေးမည်ဟု ခန္တီးပဋိပက္ခဖြေရှင်း ရေးကော်မတီဥက္ကဋ္ဌ စစ်ကိုင်း တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။
  • Tue 20 Feb 2018 - 20:22
    အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေရာ ချင်းတိုင်းရင်း သားများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် သမ္မတဦးထင် ကျော်က တိုက်တွန်းသည်။
  • Tue 20 Feb 2018 - 20:22
    တနင်္သာရီတိုင်းဒေသ ကြီး အစိုးရရုံးစိုက်ရာ ထားဝယ် မြို့ ကမ်းနားလမ်းရှိ တိုင်းအဆင့် ဌာနဆိုင်ရာ ရုံးများတွင် လွှင့်ထူ ထားသော နိုင်ငံတော်အလံများ ပျောက်ဆုံးနေ၍ ခိုးယူသူကို စုံစမ်းဖော်ထုတ်နေကြောင်း တိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြော သည်။
  • Tue 20 Feb 2018 - 20:21
    မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ မြို့တော် ပုဂ္ဂလိကဆေးရုံတွင် လူနာဦးဝင်း တင်၌ HIV ပိုးရှိနေသည်ဟု ဆေး ရုံ၏ဓာတ်ခွဲစစ်ဆေးချက်အဖြေ မှားယွင်းခဲ့မှုနှင့်ပတ်သက်၍ လူနာရှင်ဘက်က တရားစွဲခဲ့ရာ နစ်နာ ကြေး ကျပ်သိန်း ၃၀၀ ပေးဆောင် ရန် မန္တလေးခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

Pages

Subscribe to News