-
Thu 19 Apr 2018 - 21:02
သင်္ကြန်ကာလအပြီး အပူချိန်မြင့်တက်ချိန်တွင် ဖြစ်ပွား လေ့ရှိသော အပူလျှပ်လူနာများအ တွက် မန္တလေးဆေးရုံကြီး၌ ဆေး ဝါးနှင့် ကုသဆောင်နေရာများ ပြင်ဆင်ထားကြောင်း မန္တလေး ဆေးရုံကြီး လူမှုဆက်ဆံရေးအရာ ရှိ ဦးမင်းလွင်က ပြောသည်။
-
Thu 19 Apr 2018 - 19:55
နေ့စဉ် အရက်အလွန်အကျွံ သောက်သုံးသူများသည် ပုံမှန်လူ့သက်တမ်းထက် နှစ်များစွာစော၍ သေဆုံးနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
ဗြိတိန်နိုင်ငံတွင် ၂၀၁၆ က ပညာရှင်များ၏ လမ်းညွှန်ချက်အရ လူတစ်ဦးသည် သီတင်းတစ်ပတ်လျှင် အရက် ၁၄ ပက်ထက် ပိုမသောက်သင့်ဟု သိရသည်။ ယင်းပမာဏသည် ဘီယာခြောက်ခွက် (သို့မဟုတ်) ဝိုင်ခုနစ်ခွက်နှင့် ညီမျှသည်။
-
Thu 19 Apr 2018 - 19:54
ကရင်ပြည်နယ် ဖာပွန် ခရိုင်တွင် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုနှင့်ပတ်သက်၍ တပ်မ တော်နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ(၅)တို့ အပြန်အလှန်ကန့်ကွက်မှုများ ပြု လုပ်ခဲ့သည်။
မတ်လ ပထမပတ်တွင် ဖာပွန်ခရိုင် လယ်မူပလောဒေသ၌ တပ်မတော်က ကားလမ်းဖောက် လုပ်ရာ KNU တပ်မဟာ (၅) က ကန့်ကွက်ရာမှ အစပြု၍ နှစ်ဖက် အကြား ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ရေးတင်းမာခဲ့သည်။ ယင်းအခြေအနေသည် လက်ရှိအချိန်အ ထိ ပြီးပြတ်သေးခြင်းမရှိဘဲ စစ်ရေးတင်းမာမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ နှစ်ဖက်တပ်ဖွဲ့အ ကြား ကန့်ကွက်အကြောင်းကြား စာများ အပြန်အလှန် ပေးပို့ခဲ့ သည်။
-
Wed 18 Apr 2018 - 23:37
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားတွင် အနည်းဆုံးအခ ကြေးငွေကျပ် ၄,၈၀၀ ကို အသိ အမှတ်ပြုပြောကြားခဲ့ခြင်းကြောင့် ယင်းနှုန်းထားအတိုင်းအတည်ပြု ကျင့်သုံးရန် သေချာသလောက်ရှိ ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသား ကော်မတီအဖွဲ့ဝင်အချို့က ပြော သည်။
-
Wed 18 Apr 2018 - 23:36
ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထား ရသော မြန်မာလုပ်သားလေးဦး ကို ရနောင်းမြို့ ထိုင်းတရားသူကြီးက ယနေ့အပြီးသတ်အမိန့်ချမည် ဖြစ်သည်။
-
Wed 18 Apr 2018 - 23:36
ပျက်ကျခဲ့သည့် မြောင်း မြတံတားနှင့် သက်တမ်းတူသည့် ကရင်နှင့်မွန်ပြည်နယ်ရှိ ကြိုးတံ တားသုံးစင်းကို ဂျပန်ချေးငွေဖြင့် ပြန်လည်တည်ဆောက်ရန် စီစဉ် နေကြောင်း ကရင်ပြည်နယ် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးစော ပြည်သာက ပြောသည်။
-
Wed 18 Apr 2018 - 23:35
နိုင်ငံတွင်းလျှပ်စစ်ဓာတ် အားအပြည့်အ၀ရစေရေး အ တွက် မြန်မာနိုင်ငံမှ လျှပ်စစ် ဓာတ်အားတင်သွင်းရန် ဘင်္ဂလား ဒေ့ရှ်အစိုးရက စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dakha Tribune သတင်းဌာနက ဧပြီ ၁၈ ရက်တွင် ဖော်ပြသည်။
-
Wed 18 Apr 2018 - 23:34
၂၀၁၉ တက္ကသိုလ် ဝင်စာမေးပွဲ မေးခွန်းလွှာကို အလွတ်ကျက်မှတ်မှုကို အားပေး သည့် မေးခွန်းပုံစံအစား စဉ်းစား တွေးခေါ်မှုကို အားပေးသည့် မေး ခွန်းပုံစံသို့ ပြောင်းလဲစစ်ဆေးရန် စီစဉ်နေသည်ဟု ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော ကြားသည်။
-
Wed 18 Apr 2018 - 23:28
စစ်အစိုးရလက်ထက်တွင် အစိုးရ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြား သည်ဆိုကာ သေဒဏ်အပြင် ထောင်ဒဏ် နှစ် ၂၀ ကျခဲ့သည့် အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော် သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်က သာယာဝတီအကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက် ခဲ့သည်။ သူသည် ၂၀၁၀ မှ ပြန်လည် လွတ်မြောက်ချိန်အထိ ထောင်တွင်း၌ ရှစ်နှစ်နှင့် သုံးလ အကျဉ်းချခံရသည်။ ထိုသို့ ဖမ်းဆီးအကျဉ်းချခံရမှုနှင့် ပတ်သက်၍ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်အား 7Day Daily သတင်းစာက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
-
Wed 18 Apr 2018 - 23:23
တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်များ၏ပညာရေး နှင့် စီမံခန့်ခွဲရေးဘုတ်အဖွဲ့များ တွင် ကျောင်းသားသမဂ္ဂ၊ ဆရာ အသင်း၊ အဖွဲ့ချုပ်တို့မှ ကိုယ်စား လှယ်နှစ်ဦးစီ ထည့်သွင်းဖွဲ့ စည်း၍ အဖွဲ့အစည်းအဝေးများ သို့ တက်ရောက်ခွင့်ပြုရမည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနက ညွှန်ကြား သည်။\
-
Wed 18 Apr 2018 - 23:22
တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA)တို့အကြား တနိုင်းဒေသတွင် သင်္ကြန်ကာလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများရှိပြီး ကချင်ပြည်နယ်မှ ဒေသခံ ၂,၀၀၀ ကျော်ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသတွင်း ကူညီရေး အဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။
-
Wed 18 Apr 2018 - 23:22
အင်းဒင်ကျေးရွာကိစ္စ နှင့်ပတ်သက်၍ ထောင်ကျနေ သော တပ်မတော်သားခုနစ်ဦး သည် သမ္မတ၏လွတ်ငြိမ်းချမ်း သာခွင့်တွင် ပါဝင်ကြောင်း MNTVNews ၏သတင်းဖော်ပြချက်သည် မှားယွင်းနေကြောင်း နိုင်ငံတော် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက ယမန်နေ့၌ ၎င်း၏လူမှု ကွန်ရက်မှတစ်ဆင့် ထုတ်ပြန် သည်။
-
Wed 18 Apr 2018 - 23:22
နိုင်ငံအတွင်းရှိ ဆေးရုံများတွင် ဆေးမှတ်တမ်း (Medical Record) အသုံးပြုမှု အားနည်းနေသေးသဖြင့် ပိုမိုအသုံးပြုရန် လိုအပ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
-
Wed 18 Apr 2018 - 23:17
ယခုနစ်သင်္ကြန်ကာလ တွင် ရန်ကုန်ဆေးရုံကြီးအရေးပေါ် ဌာနသို့ လူနာရှစ်ရာကျော်လာရောက်ကုသမှုခံယူခဲ့ကာ သေဆုံးသူခုနစ်ဦးရှိခဲ့ကြောင်းဆေးရုံအုပ်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။
-
Wed 18 Apr 2018 - 23:16
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ မှတ်တမ်းဓာတ်ပုံ များဖြင့် ၂၀၁၈ အတွက် သတင်း ဓာတ်ပုံပူလစ်ဇာဆုရသည့် ရိုက်တာသတင်းအေဂျင်စီမှ ဓာတ်ပုံသတင်းထောက်ခုနစ်ဦးတွင် မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုး ဇေယျာထွန်း ပါဝင်သည်။
-
Wed 18 Apr 2018 - 23:13
သံချပ်စာသားများ ကြောင့် တရားစွဲခံရမည့် သတင်း များထွက်ပေါ်နေသော်လည်း အကြောင်းကြားခြင်းမရှိသေး ကြောင်း ဖျော်ဖြေခွင့်ပိတ်ခံရသည့် သံချပ်အဖွဲ့များက ယမန်နေ့ည နေတွင် ပြောသည်။
-
Wed 18 Apr 2018 - 21:51
ဧရာဝတီနှင့် ချင်းတွင်း မြစ်ရေသည် ဧပြီလလက်ကျန် ကာလအတွင်း မြစ်ကမ်းဘေးမြို့ ၂၆ မြို့တွင် လက်ရှိရေမှတ်ထက် မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ဧပြီ ၁၈ ရက်တွင် သတိပေးထားသည်။
ဧရာဝတီမြစ်ရေသည် မြစ် ကြီးနား၊ ဗန်းမော်၊ ရွှေကူ ၊ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင် ၄ ပေမှ ၅ ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့တို့တွင် ၂ ပေမှ ၃ ပေခန့်နှင့် အောင်လံ၊ ပြည်၊ ဆိပ်သာ ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၁ ပေခန့်မြင့်တက်လာနိုင်ကြောင်း အသေးစိတ်သတိပေးထားသည်။
-
Wed 18 Apr 2018 - 21:50
ရန်ကုန်မြို့တွင် ယမန် နေ့ နေ့လယ်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အအုံ အချို့နံရံအက်ကွဲမှုဖြစ်ပွားပြီး ယင်း ငလျင်သည် စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ဘူမိ ဗေဒပညာရှင်များက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ မြေအနက် ၁၀ ကီလိုမီတာ၌ ရစ်ခ်ျတာစကေး ၄ ဒသမ၂ အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်သည် မွန်းလွဲ ၂ နာရီ ၂၅ မိနစ် ၄၂ စက္ကန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။
-
Wed 18 Apr 2018 - 20:58
သင်္ကြန်ပွဲတော်ကာလ အတွင်းဖြစ်ပွားသည့် ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ သေဆုံးသူ ရှစ်ဦး၊ ထိခိုက်ဒဏ်ရာရလူနာ ၇၀၀ခန့် ရောက်ရှိခဲ့ကြောင်း ဆေးရုံကြီး လူမှုဆက်ဆံရေးအရာရှိ ဦးမင်း လွင်ကပြောသည်။
-
Wed 18 Apr 2018 - 20:57
မြန်မာနိုင်ငံ၏ ဗဟိုရွှေ ဈေးကွက်အကောင်အထည်ဖော် ရန် ရန်ကုန်နှင့် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းတို့ ဧပြီ ၁၈ ရက်က မန္တလေးမြို့တွင် တွေ့ ဆုံဆွေးနွေးခဲ့သည်။