News

  • Tue 10 Apr 2018 - 10:52
    သင်္ကြန်ဟု  ဆိုလိုက်ပါက မန္တလေးသည် ဦးဆောင်သူနေရာတွင်အမြဲရှိသည်။ ဆရာမြို့မငြိမ်း၏ သီချင်းများနှင့် သင်္ကြန်မိုးရုပ်ရှင်ကားတို့က အလွယ်တကူပြနိုင်သော ဥပမာများဖြစ်သည်။ ယမန်နှစ်က ကျုံးတောင်ဘက်ခြမ်းတွင် လမ်းလျှောက်သင်္ကြန် စတင် ကျင်းပခဲ့ရာ အောင်မြင်မှုရရှိ ပြန်သည်။ ယခု ၂၀၁၈ တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်၌ လမ်း လျှောက်သင်္ကြန်ကို ရိုးရာယဉ် ကျေးမှု အငွေ့အသက်များ ထည့်သွင်းမည့်အပြင် မန္တလေးသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်ရန် အစီအစဉ်များစွာ ထည့်သွင်းထားပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် လူအများစု ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက ဆိုသည်။
  • Tue 10 Apr 2018 - 10:34
    တစ်လောလေးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက် ရေပန်းစားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ အများကြီးကျောင်းဝတ်စုံ ထဘီ၊ ပုဆိုးတွေနဲ့ ကျောင်းတွင်းသင်္ကြန် ဆင်နွှဲရင်း မြူးကြွတဲ့သံစဉ်တွေနဲ့အတူ ကခုန်နေတဲ့ ရုပ်သံမှတ်တမ်းလေးပါ။ အဲဒီရုပ်သံမှတ်တမ်းထဲမှာ စင်အောက်က ကျောင်းသား၊ ကျောင်းသူတွေ အားလုံးခုန်ပေါက် ကခုန်လာအောင် အမိုက်စားသံစဉ်တွေ ဖွင့်ပေးရင်း ကိုယ်တိုင်လည်း စည်းချက်နဲ့အညီ ကခုန်နေခဲ့တဲ့ ပိန်ပိန်သွယ်သွယ် လူရည်သန့် ဒီဂျေသမားလေးတစ်ယောက်ကို အတော်များများ သတိထားမိခဲ့ပါ တယ်။ အဲဒီ ဒီဂျေသမားလေးကိုယ်တိုင် စင်အောက်က ကျောင်းသား တွေလိုပဲ လုံချည်အပြာ၊ စတစ် ကော်လံအဖြူ ၀တ်ဆင်ထားပြီး ပွဲတော်နဲ့လိုက်ဖက်မယ့် သံစဉ်တွေ အချိုးညီညီ ပေါင်းစပ်ကာ တင်ဆက်ပေးခဲ့တာပါ။ အဲဒီရုပ်သံ မှတ်တမ်းလေးဟာ ကြည့်ရှုသူ (1.1 M) တစ်သန်းကျော်ပြီး ပြည်တွင်းသာမက အိမ်နီးချင်း ထိုင်း နိုင်ငံအထိ လူသိများခဲ့ပါတယ်။
  • Tue 10 Apr 2018 - 10:25
    ရန်ကုန်ရေ သန့်၊ မသန့် ဂယက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖြန့်ဖြူးပေး နေသော သောက်သုံးရေ သန့်ရှင်း မှုနှင့်ပတ်သက်၍ မကြာမီရက်ပိုင်း အတွင်း ဂယက်ရိုက်ခတ်မှုပြင်းထန်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဂျိုးဖြူရေများ တွင် မစင်ပါဝင်နေသည်ဟူသော ပါမောက္ခဒေါက်တာခင်မောင်ဝင်း ၏ ပြောစကားက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖြန့်ဝေသည့်ရေသာ အဓိက အသုံးပြုနေသည့် ရန်ကုန် မြို့ပေါ်နေ လူဦးရေ ငါးသန်းကျော်ကို ထိတ်လန့်စေခဲ့ပြီး နောက်ဆက်တွဲ စိုးရိမ်ဝေဖန်မှုများစွာ ပေါ်ပေါက်စေခဲ့သည်။
  • Tue 10 Apr 2018 - 10:16
    စီးပွားရေးမြို့တော် ရန်ကုန်သည် ဧပြီလဆန်းကစ၍ မြန်မာနှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်မှုများဖြင့် သက်ဝင်လှုပ်ရှားစပြုနေသည်။ လမ်းမအချို့တွင် ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ်များက ရုပ်လုံးပေါ်စပြုလာပြီဖြစ်ပြီး ယင်းမြင်ကွင်းများကပင် သင်္ကြန်အတွက် ကြိုတင်၍ ရင်ခုန်စိတ် လှုပ်ရှားစေသည်။
  • Mon 09 Apr 2018 - 19:44
     ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်များ မြန်မာနိုင်ငံသို့လာ ရောက်ရန် အစိုးရက သဘောတူခွင့်ပြုပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ယမန်နေ့တွင် အတည်ပြုသည်။
  • Mon 09 Apr 2018 - 19:44
    ထိုင်းနိုင်ငံ မဲ ဆောက်မြို့အလွန်၌    ကားမီး လောင်  သေဆုံးခဲ့သူများအား ထောက်ပံ့ကြေး ကျပ် ၂၃၂ သိန်း ကျော်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်ရစ်သူမိသားစုဝင်များအား ဧပြီ ၉ ရက်တွင် ပေးအပ်ခဲ့သည်။
  • Mon 09 Apr 2018 - 19:43
     ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့်တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း ၁,၀၀၀ ကျော်ကို ဝယ်ယူရန်လျှောက်ထားသူ နှစ်သောင်းခန့်ရှိကြောင်း    ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောသည်။
  • Mon 09 Apr 2018 - 19:37
    မဟာသင်္ကြန်ပွဲတော်နီးကပ်လာသည်နှင့်အမျှ ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် လူငယ်များ၏ ရင်ခုန်သံစည်းချက် ပိုမိုကျယ်လောင်လာပြီဖြစ်သည်။ ဈေးဝယ်စင်တာများ၊ ဆံပင်ညှပ်ဆိုင်နှင့် အလှပြင်ဆိုင်များတွင် လူငယ်အများစုပျားပန်းခပ် လှုပ်ရှားသွားလာကာ သင်္ကြန်ဖက်ရှင်ရေစီးတွင် စီးမျောရန် ပြင်ဆင်နေလေပြီ။
  • Mon 09 Apr 2018 - 19:37
    သင်္ကြန်ကာလနေရပ် ပြန်လာသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၁၄ ဦးလိုက်ပါ လာသည့် မှန်လုံယာဉ်တစ်စီး ဧပြီ ၉ ရက် နံနက်က မီးလောင်မှု ဖြစ် ပွားခဲ့သည်။
  • Mon 09 Apr 2018 - 19:36
    မန္တလေးအမြန် လမ်းတွင် သစ်အပြည့်တင်လာ သော ကုန်တင်ယာဉ်ကို ခရီး သည်တင်ယာဉ်က နောက်မှဝင် တိုက်မိ၍ သံဃာတစ်ပါးနှင့် ယာဉ်အကူတို့သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ပြောသည်။
  • Mon 09 Apr 2018 - 19:35
    နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ယနေ့မြောင်းမြခရီးစဉ် အတွက် ဒေသတွင်းလုံခြုံရေး အ ထူးတိုးမြှင့်ထားသည်။
  • Mon 09 Apr 2018 - 19:31
    ရုရှားနိုင်ငံတွင် ပြုလုပ် မည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ  ၏  ပွဲစဉ်တစ်ပွဲ၌  Match Ball Carrier အဖြစ်   မြန်မာနိုင်ငံမှ စိုင်းဘုန်းသိင်္ဂါ   ရွေးချယ်ခံရကြောင်း KIA Myanmar ကုမ္ပဏီ စီနီယာမန်နေဂျာ မမျိုးက ပြောသည်။
  • Mon 09 Apr 2018 - 19:31
    သင်္ကြန်ပိတ်ရက်အ တွင်း အဝေးပြေးယာဉ်စီးခနှုန်းတိုး မြှင့်ရောင်းချသည်ဟု တရားဝင် ဆက်သွယ်တိုင်ကြားသူ ဧပြီ ၉ ရက် အထိမရှိသေးကြောင်း စားသုံးသူရေးရာ ညွှန်ကြားမှုဦးစီးဌာန   ညွှန် ကြားရေးမှူး ဦးဆွေတင့်ကြူက ပြောသည်။
  • Mon 09 Apr 2018 - 19:30
    မန္တလေးမြို့ရှိ မဟာမုနိဘုရား၌ ယခုနှစ် ရွှေမိုက်ထုတ်ယူရာတွင် ယမန်နှစ်ထက် မီးလင်းရွှေ(သန့်စင်ရွှေ) ၁၀ ပိဿာခန့် ပိုရကြောင်း ဘုရားဂေါပကအ ဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။ မဟာမုနိဘုရားတွင် တစ် နှစ် တစ်ကြိမ်ရွှေမိုက်ထုတ်ယူပြီး ယခုနှစ်၌ မီး လင်းရွှေ(သန့်စင်ရွှေ) ၁၆ ပိဿာ ၅၈ ကျပ်သားကျော် ရရှိခဲ့သည်။
  • Mon 09 Apr 2018 - 19:26
    တပ်မတော်နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)အကြား ဖာပွန်ခရိုင် အတွင်း ပစ်ခတ်မှု မကြာခဏ ဆက်လက်ဖြစ်ပွားနေကြောင်း ဖာပွန်ခရိုင်အရေးပေါ်  ကူညီ ထောက်ပံ့ရေးအဖွဲ့(MEAT) တာ ၀န်ရှိသူ ပဒိုမန်းမန်းက ပြောသည်။
  • Mon 09 Apr 2018 - 00:39
     မြန်မာနိုင်ငံမှ ထွက်ပြေးသော ဘင်္ဂါလီဒုက္ခသည်များ ကို ဖိလစ်ပိုင်သို့ လာရောက်ခိုလှုံခွင့်ပေးမည်ဟု သမ္မတရိုဒရီဂိုဒူတာ တီ၏ပြောဆိုမှုသည်အလေးအနက် ပြောကြားခြင်းဖြစ်သည်ဟုဖိ လစ်ပိုင်သမ္မတပြောရေးဆိုခွင့်ရှိ သူ ဟယ်ရီရိုကွေးက ဧပြီ ၈ရက်  တွင်ပြောသည်။ ‘‘သမ္မတဟာ တခြားနိုင်ငံ ကဒုက္ခသည်တွေကို လက်ခံရာမှာ ဖိလစ်ပိုင်ရဲ့အစဉ်အလာကို ထိန်း သိမ်းတာပဲဖြစ်ပါတယ်’’ ဟု ရို ကွေးက သတင်းထောက်များ အားပြောကြားသည်။ ‘‘သမ္မတက သူပြောခဲ့တာကို အလေးအနက် ပြောတာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောပြီး ဖိလစ်ပိုင်တွင် ဒုက္ခသည် များအတွက် တံခါးဖွင့်မူဝါဒတစ် ရပ်အမြဲရှိကြောင်း ပြောသည်။
  • Mon 09 Apr 2018 - 00:38
    မြန်မာနိုင်ငံသည် ဘင်္ဂါ လီဒုက္ခသည်များ ပြန်လည်လက် ခံရေးအသင့်မဖြစ်သေးကြောင်း ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာ ရောက်သည့် ရာထူးအမြင့်ဆုံး ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောကြားသည်။
  • Mon 09 Apr 2018 - 00:37
     နည်းပညာအားနည်း ချက်ရှိနေသော မြန်မာနိုင်ငံတွင် ဆုံးရှုံးနိုင်ခြေများသည့် ဒစ်ဂျစ် တယ်ငွေကြေးစနစ်၌ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် မြန်မာနိုင်ငံဗဟိုဘဏ်က မကြာမီကြေညာချက်ထုတ်ပြန်မည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။ ဥပဒေကျောထောက်နောက် ခံမရှိဘဲ နည်းပညာအမှားကြောင့် အလွယ်တကူငွေကြေးဆုံးရှုံးနိုင် သဖြင့် နိုင်ငံသားများပါဝင်ဆောင်ရွက်ခြင်းမပြုရန် အစိုးရအဖွဲ့ကိုတင်ပြပြီး ကြေညာချက်ထုတ်မည်ဖြစ်ကြောင်း  ၎င်းကပြောသည်။
  • Mon 09 Apr 2018 - 00:37
    သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်ပြီးတိုင်းဒေသကြီးနှင့် ပြည် နယ်ငါးခု၌ မိုးပိုနိုင်ကြောင်း မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
  • Mon 09 Apr 2018 - 00:35
    ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ (Joint Peace Fund) အဖွဲ့ဝင် နိုင်ငံတကာအလှူရှင် ၁၁ ဖွဲ့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအတွက် ကန်ဒေါ်လာ ၇၆ သန်းခန့်ကူညီရန် ကတိပြုလက်မှတ် ရေးထိုးထားကြောင်း JPF အလှူရှင်နိုင်ငံများ၏ ရန်ပုံငွေစာရင်းတွင် ဖော်ပြသည်။

Pages

Subscribe to News