News

  • Mon 14 Aug 2017 - 23:56
     စည်းကမ်းဖောက်ဖျက်မှု ကြောင့် ပိတ်သိမ်းခံရမည့် ကား အရောင်းစင်တာ ၇၇ ခု၏ ဘဏ် တွင် အပ်နှံထားသော အာမခံ ငွေ ဒေါ်လာတစ်သိန်း (သို့မဟုတ်) ကျပ် သိန်း ၁,၅၀၀ ထုတ်ယူခွင့်ကို ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
  • Mon 14 Aug 2017 - 23:55
    ယခုနှစ် ပထမခုနစ်လ တာကာလအတွင်း ပြည်ပခရီး သည် ရောက်ရှိမှုသည် ယမန်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း ကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
  • Mon 14 Aug 2017 - 23:50
     နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ တော်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (FAO) အကူအညီဖြင့် လာမည့်နှစ်ဆန်းပိုင်းမှစ၍ဆောင် ရွက်မည်ဟု မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနဒုညွှန်ကြားရေးမှူး ဒေါက်တာတိုးမင်းထွန်းက ပြော ကြားသည်။ နိုင်ငံတော်အဆင့်တိရစ္ဆာန် စာရင်းကောက်ယူခြင်းကို ၂၀၁၈ ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ နှင့် ကျေးရွာ၊ ရပ်ကွက်တို့တွင် မြေပြင်အထိကွင်းဆင်း၍ တစ်လကြာ ကောက်ယူမည်ဖြစ်သော်လည်း သွားလာရေးခက်ခဲသော ဒေသများ၌ ဖေဖော်ဝါရီ ၂၈ ရက်ထိ စောင့်ဆိုင်းကောက်ယူမည်ဟု ၎င်းကပြောသည်။
  • Mon 14 Aug 2017 - 23:46
    နိုင်ငံတစ်နိုင်ငံဟာ  ပြုပြင်ပြောင်းလဲဖို့၊  စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံခြားဆက်ဆံရေးက ဗျူဟာမြောက်အရေးကြီးပါတယ်။ နိုင်ငံရေးနဲ့စီး ပွားရေးအပြောင်းအလဲအတွက် နိုင်ငံတကာ ရဲ့ယုံကြည်ထောက်ခံ တာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ရင်းနှီးမြှုပ်နှံတာတွေဟာ မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းတွေပဲဖြစ် ပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဟာ စစ်အေးခေတ်၊ တံခါးဖွင့်စီးပွားရေးခေတ်တွေနဲ့ လိုက်လျောညီထွေသံခင်းတမန်ခင်းကို ဗျူဟာမြောက်ခင်းကျင်းခဲ့တဲ့နေရာမှာ ရှားပါးတဲ့ပန်ဒါဝက်ဝံတွေကို အားတစ်ခုအနေနဲ့ ထိထိရောက်ရောက်သုံးနေတာကတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။ နိုင်ငံခြားဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးဆိုတာ ရှေးခေတ်အဆက်ဆက်ကတည်းက သော့ချက်ကျပါတယ်။ ရှေးဘုရင်တွေခေတ်ကဆိုရင် မင်းသားနဲ့မင်းသမီးတွေလက်ဆက်ပေးကာ နှစ်နိုင်ငံအကြားချစ်ကြည်ရေးထူထောင်တာတွေ၊ အဖိုးတန်ကျောက်သံပတ္တမြားတွေကို လက်ဆောင်ပဏ္ဏာအဖြစ်ပေးကာ မိတ်ဆွေဖွဲ့တာတွေ၊ နောက်ဆင်ဖြူ တော်လိုရှားပါးတဲ့သတ္တဝါမျိုးကို လက်ဆောင်အဖြစ်ပေးအပ်ကာ ယုံကြည်မှု တည်ဆောက်တာ တွေ၊ စစ်မက်ကနေရှောင်တာ တွေက သမိုင်းစာမျက်နှာတွေပေါ် မှာအထင်အရှားပါ။
  • Mon 14 Aug 2017 - 23:42
    ပျက်ကျ Y- 8 လေယာဉ် ကိုယ်ထည် အစိတ်အပိုင်းအချို့ ကို ပင်လယ်ပြင်အတွင်းမှ ထပ်မံ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သ တင်းထုတ်ပြန်ထားသည်။ ထားဝယ်မြို့နှင့် ထိစပ်နေ သော မြန်မာ့ပင်လယ်ပြင် ပိုင်နက် အတွင်းသို့ ဇွန်လ ၇ ရက်နေ့လယ် တွင်ပျက်ကျခဲ့သော Y-8 လေ ယာဉ်(၅၂၈၀) ၏ ကိုယ်ထည်အ စိတ်အပိုင်းများကို ဆက်လက်ရှာ ဖွေနေစဉ် သြဂုတ် ၁၂ နှင့် ၁၃ ရက်က နှစ်ရက်ဆက်၍ တွေ့ရှိခြင်းဖြစ်သည်။
  • Mon 14 Aug 2017 - 22:55
     ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အလှူရှင်များ လှူဒါန်းထားသော ငွေသည် ကျပ်သိန်း ၅၀ ခန့်သာ ကျန်ရှိတော့ပြီး လှူဒါန်းငွေစာရင်းအားလုံး ၎င်း ထံတွင် မရှိကြောင်း ဦးစံလင်းက ပြောကြားသည်။ ၂၀၁၄ က ဓမ္မစေတီခေါင်း လောင်း ဆယ်ယူမည်ဆိုသည့်အ တွက်ကြောင့် ကုမ္ပဏီလုပ်ငန်းရှင် များနှင့် စေတနာရှင်တစ်ဦးချင်းအလိုက် လှူဒါန်းသည့် ငွေပမာဏသည် ကျပ်သိန်း ၁,၅၀၀ ကျော်ရှိကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။
  • Mon 14 Aug 2017 - 20:57
     ရာသီတုပ်ကွေးရောဂါ (H1N1)ဖြစ်ပွားနေသော ထားဝယ်မြို့၌ အခြေခံကျန်းမာရေးစောင့် ရှောက်မှုပေးရန် လိုအပ်သော ရပ် ကွက်များတွင် အခမဲ့ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ရပ်ကွက်များ အတွင်း ကွင်းဆင်း၍ သံသယ လူနာများကို ရှာဖွေစုံစမ်းစောင့် ကြည့်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဇေယျက ပြောသည်။
  • Mon 14 Aug 2017 - 20:32
     ‘နတ်နဲ့နဂါး’ လုံးချင်း ၀တ္ထုသစ်မိတ်ဆက်ပွဲတွင် စာရေး ဆရာညီပုလေး၊ ဆရာစံဇာဏီ ဘို၊ မင်းခိုက်စိုးစန်၊ ဆရာမနှင်း ဝေငြိမ်းတို့က ‘နတ်အကြောင်းငြင်း ခုံခြင်း’ ခေါင်းစဉ်ဖြင့်ပါဝင်ဆွေး နွေးခဲ့ကြသည်။
  • Mon 14 Aug 2017 - 20:31
     ၂၀၁၇ Colgate သွား တိုက်ဆေးပညာသင်ဆုအစီအ စဉ်တွင် ဆုရရှိသူ ၂၇ ဦးပေါ်ထွက် ခဲ့ရာ သြဂုတ် ၁၄ ရက်က ရန်ကုန် မြို့ Park Royal ဟိုတယ်၌ ၎င်း တို့အား ဆုများချီးမြှင့်ခဲ့သည်။
  • Mon 14 Aug 2017 - 20:30
     မြန်မာနိုင်ငံရှိ ကမ်းရိုး တန်းဒေသသုံးခုတွင် ဒီရေတော ပြန်လည်ထူထောင်ရေး လုပ် ဆောင်ရန် နော်ဝေးအခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ က ငါးနှစ်စီမံကိန်းဖြင့် လုပ် ဆောင်မည်ဖြစ်သည်။
  • Mon 14 Aug 2017 - 20:29
    သဘာဝရေထွက် ရှိရာဒေသများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းလာ၍ ဂေ ဟစနစ် ပျက်ပြားလာသဖြင့် သဘာဝ ရေအရင်းအမြစ်များ ထိန်း သိမ်းကာကွယ်ရေး အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည် သူ့လွှတ်တော်၌ ဆွေးနွေးရန် သြဂုတ် ၁၁ ရက်က အတည်ပြုခဲ့ သည်။
  • Mon 14 Aug 2017 - 00:13
    ၂ ၀၁၅ရွေးကောက်ပွဲတွင် အပြတ်အသတ် အောင်ပွဲခံပြီး အာဏာရရှိလာသည့် ပြည်သူအစိုးရအတွက် သက် တမ်းတစ်နှစ်ခွဲခန့်တွင် စမ်းသပ်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့သည်။ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံးမြို့ကြီး နှစ်မြို့ဖြစ်သော ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အစိုးရဖြုတ်ချ ရေးသပိတ်စခန်းနှစ်ခုကို ဩဂုတ် ၂ ရက်မှ စတင်ဖွင့်လှစ်ခဲ့သော ကြောင့်ဖြစ်သည်။ 
  • Mon 14 Aug 2017 - 00:06
     မြန်မာနိုင်ငံ၏ အိုးအိမ်လို အပ်ချက်များကို ဖြည့်ဆည်းရေး တွင် ၂၀၁၄ သန်းခေါင်စာရင်းအ ရ လူဦးရေ ၁၃ ဒသမ ၅ သန်းအ တွက် အိမ် ၃ ဒသမ ၈ သန်းခန့် အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂလူဦးရေ   ရန်ပုံငွေ အဖွဲ့ (UNFPA) က သြဂုတ် ၁၁ ရက်၌ ထုတ်ပြန်သည်။
  • Mon 14 Aug 2017 - 00:06
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း  ဦးအောင်ရွှေသည် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင်  ဆေးကုသမှုခံယူနေစဉ် သြဂုတ် ၁၃ရက် ညက လူကြီးရောဂါဖြင့် အသက် (၉၉) နှစ် အရွယ်၌ ကွယ်လွန်ခဲ့သည်။
  • Mon 14 Aug 2017 - 00:00
     ဒုတိယရေကြီးကာလဖြစ်သော သြဂုတ်အတွင်း ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်ရေများ မြင့်တက်လာပြီး ရေဘေး အထူးသတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
  • Sun 13 Aug 2017 - 23:48
     စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ထီးချိုင့်တွင် ကုမ္ပဏီ များက သိမ်းဆည်းထားသည့် လယ်မြေဧက   တစ်သောင်းခွဲ ကျော် ပြန်လည်ရရှိရေး ဒေသခံ တောင်သူ ၂၀၀ ကျော်က သြဂုတ် ၁၃ ရက်တွင် ထီးချိုင့်မြို့၌ ဆန္ဒ ထုတ်ဖော်ခဲ့သည်။
  • Sun 13 Aug 2017 - 23:48
    ဂျပန်နိုင်ငံတွင် အစိုးရ က အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားသော ကာလအတွင်း ဂျပန်နိုင်ငံရောက် ရခိုင်တိုင်းရင်း သားများက ဦးဆောင်ကာ ရခိုင်ရိုး ရာသင်္ကြန်ပွဲတော်ကို ပထမဆုံးအ ကြိမ်ကျင်းပခဲ့ကြောင်း ရခိုင်လူမှု ရေးအသင်း(ဂျပန်)မှ ဦးသန့်စင် ထွဋ်က ပြောသည်။
  • Sun 13 Aug 2017 - 23:46
    တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ ကချင်ပြည်နယ် မိုးကောင်းမြို့ နယ် နမ္မတီးမြို့နှင့် ကိုးမိုင်ခန့်အကွာရှိ ကဆုန့်ကျေးရွာဝန်းကျင် ၌ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပျောက်ဆုံးနေသည့် အရပ်သား များကို ရှာဖွေရန် တပ်မတော်က ခွင့်ပြုခဲ့၍ စစ်ဖြစ်ရာဒေသသို့ သွားရောက်ရှာဖွေရာ အများစုပြန်လည်တွေ့ရှိခဲ့ကြောင်း ကချင်နှစ် ခြင်းအသင်းတော်မှ သိက္ခာတော် ရ သင်းအုပ်ဆရာတော် ဦးလရိန် က ပြောသည်။ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) နှင့် ကချင် နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သြဂုတ် ၁၃ ရက်တွင် စစ်ဖြစ်ပွားခဲ့ သည့် ကဆုန့်ရွာသို့ သွားရောက် ရှာဖွေရာ ပျောက်ဆုံးနေသူ နှစ် ဆယ်ကျော်အပြင် ကဆုန့်ရွာနှင့် သုံးမိုင်အကွာရှိ ဇွပ်မိုင်ရွာမှ ရွာသူ ရွာသား ၃၀၁ ဦးကိုလည်း နမ္မတီး မြို့အနီး လမ်းဂွရွာရှိ ကယ်ဆယ် ရေးစခန်းသို့ ပြန်လည်ခေါ်ဆောင် ခဲ့ကြောင်း ၎င်းကဆိုသည်။
  • Sun 13 Aug 2017 - 23:46
    မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် မရမ်းချောင်းကျေးရွာ တွင် ပရိုဘောက်စ်ယာဉ်နှင့် ခရီး သည်တင် မှန်လုံယာဉ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူသုံးဦး သေဆုံးခဲ့သည်။ သြဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲတွင် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ပရိုဘောက်စ် ယာဉ်သည် လမ်းကွေ့နေရာ၌ အရှိန်မထိန်းနိုင်ဘဲ ရန်ကုန်ဘက်မှ မောင်းနှင်လာသည့် ပုသိမ်-မော်လမြိုင် ခရီးသည်တင်မှန်လုံယာဉ်ကို ၀င်တိုက်ရာ ပရိုဘောက်စ်ယာဉ်မောင်း အမျိုးသား၊ ယင်းကားပေါ် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
  • Sun 13 Aug 2017 - 23:45
     မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှ တပ်မတော် ပါဝင်နေ မှု အခန်းကဏ္ဍကို ဖယ်ထုတ်လို ခြင်းမရှိကြောင်းနှင့် မည်သည့်အ ချိန်ကမျှ ဖယ်ထုတ်ရန် မစဉ်းစား ခဲ့ဖူးကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးဇေ ယျာသော်က ပြောသည်။  လက်ရှိအနေအထားတွင် လွှတ်တော်ထဲရှိ တပ်မတော်သား များ၊ အစိုးရပိုင်းဆိုင်ရာတွင် ပါဝင်နေသော တပ်မတော်သားများ၊ အရပ်ဘက်ဌာနများတွင် အသွင် ကူးပြောင်းထားသော တပ်မတော် သားများ၏ ပါဝင်နေမှုအရှိတရားကို လက်ခံထားကြောင်း ဦးဖြိုးဇေ ယျာသော်က ဩဂုတ် ၁၃ ရက်၌ ကျင်းပသော မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေး နွေးပွဲတွင် ပြောကြားသည်။

Pages

Subscribe to News