News

  • Thu 15 Feb 2018 - 23:20
    ရခိုင်ပြည်နယ်အ စိုးရရှယ်ယာပါဝင်သည့် အမေရိ ကန်ဒေါ်လာ ၁၀ သန်းတန် စစ် တွေမြို့ Sittwe Waterfront မြို့ သစ်စီမံကိန်းမြေယာများကို ကိုရီး ယားကုမ္ပဏီက ခွင့်ပြုချက်မရဘဲ ရောင်းချနေ၍ ရောင်းချမှုလုံးဝရပ် ဆိုင်းရန် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန် တားမြစ်ခဲ့သည်။
  • Thu 15 Feb 2018 - 23:10
     မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့်နယ် စပ်ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ် ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်ခဲ့သည်။ 
  • Thu 15 Feb 2018 - 23:09
    ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံကိန်းများ ကို ဒေါ်လာ ခြောက်သန်းကျော် အသုံးပြုဆောင်ရွက်မည့် နား လည်မှု စာချွန်လွှာကို နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဇာ လန် SDC တို့အကြား လက်မှတ် ရေးထိုးခဲ့ကြောင်း ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
  • Thu 15 Feb 2018 - 23:09
    တင်ဒါအောင် ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက် ရာတွင် ပီပြင်မှုမရှိဘဲ ပြဿနာဖြစ်လျှင် ကုမ္ပဏီများက တာဝန်ယူမှုမရှိဘဲ လွှဲချနေသဖြင့် လုပ်ငန်းများကို စစ်ဆေးရန် အခက်အခဲတွေ့ရကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်ဆွေလွင်က ပြောသည်။ 
  • Thu 15 Feb 2018 - 22:51
     မလေးရှားရောက်မြန် မာလုပ်သားများသည် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI)အတုများပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်သူများကို ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံရမည်ဖြစ်ကြောင်း  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန် သည်။ မလေးရှားရောက် မြန်မာ လုပ်သားများသည် CI လက်မှတ် အတုများပြုလုပ်၍ မလေးရှားနိုင် ငံမှ မြန်မာနိုင်ငံသို့ပြန်ရန် မလေး ရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လာရောက်လျှောက်ထား သူများရှိကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးအကြောင်းကြားလာသည်ဟု ထုတ်ပြန်သည်။
  • Thu 15 Feb 2018 - 21:32
    မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်မေးပွဲ၌ စာမေး ပွဲခန်းအတွင်းသို့ ဘုရားပုံတော်၊ အင်းကွက်၊ ဘာသာရေးနှင့် သက် ဆိုင်သည့်ပုံနှင့် စာသားများယူ ဆောင်ခြင်း မပြုရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တားမြစ်ထား သည်။ ၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲစာဖြေသူများ လိုက်နာရန် စည်း ကမ်းချက်များတွင် ထိုအချက်ကို ထည့်သွင်းထားသည်။ ထိုအရာများ ယူဆောင်လာသည်ကို စာမေးပွဲခန်းပြင်ပတွင် စစ်ဆေးတွေ့ရှိပါက ပြင်ပတွင်ပင် ထားခဲ့ရမည်ဖြစ်ပြီး ထိုအရာများပေါ်တွင် စာကူးယူလာ၍ ခိုးချဖြေဆိုခြင်းများရှိပါက စာမေးပွဲစည်းကမ်းအရ အရေးယူခံရမည်ဖြစ်သည်။
  • Thu 15 Feb 2018 - 21:27
     မတ်လဆန်းမှစတင်ကာ နှစ်စဉ် ကြုံတွေ့လေ့ရှိသော မိုး သက်လေပြင်းဘေးအန္တရာယ်ခံရ မှုလျော့ပါးရေး မြန်မာနိုင်ငံဒေသ အချို့တွင် လေပြင်းကာကွယ်ရေး စီမံချက်ပြုလုပ်မည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောသည်။ စီမံချက်ကို ဖေဖော်ဝါရီလ ကုန်ပိုင်းတွင် စတင်မည်ဖြစ်ပြီး လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်ရလေ့ရှိသော ဒေသများတွင် ပြုလုပ်ရန် တာဝန် ရှိသူများက စီစဉ်ထားသည်။
  • Thu 15 Feb 2018 - 20:38
     ကျေးလက်နေပြည်သူ များ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ​၀ယ်ယူ သုံးစွဲနိုင်ရန် FDA က ကျေးရွာ အဆင့်ပညာပေးရေး အစီအစဉ် ကိုဒဂုံမြို့သစ် အရှေ့ပိုင်းခရိုင် ရှမ်းတဲကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက် ကပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်တွင် အစား အသောက်၊ ဆေးဝါး၊ အလှကုန် များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များ ဟောပြောခြင်း၊ အသိပေးစာစောင်များ ဖြန့်ဝေ ခြင်းတို့ ပြုလုပ်ခဲ့သည်။
  • Thu 15 Feb 2018 - 20:14
    အယ်ဒီတာခင်ဗျား ယနေ့ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသား ပေါင်း ၉၀,၀၀၀ ကျော်ရှိကြောင်း အကျဉ်းထောင်တိုင်း ဝင်ဆံ့မှု ထက် ကျော်လွန်နေ၍ လွတ်ငြိမ်း သက်သာခွင့်များဖြင့် စိစစ်ပြီး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေး ကော်မရှင် ၏ နိုင်ငံတော်သမ္မတထံ တင်ပြ ထားခြင်းအပါအဝင် နိုင်ငံရေး အကျဉ်းသားများ၊ နှစ်ရှည်ကျခံ နေရသော သက်ကြီးရွယ်အို နာမ ကျန်းသူများ၊ စည်းကမ်းစာရိတ္တ ကောင်းသူများပါဝင်နိုင်ရေး ပြောဆိုရေးသား ဖော်ပြနေမှုများကို ကြားသိနေရပါသည်။
  • Wed 14 Feb 2018 - 23:58
    ရန်ကုန်-မန္တလေး အမြန်လမ်းကို နိုင်ငံတကာအဆင့် မီဆောင်ရွက်မည်ဖြစ်ပြီး ပထမ ဆုံး မိုင် ၄၀ ခန့်ကို အဆင့်မြှင့်တင် မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော် လင်းက ပြောကြားသည်။
  • Wed 14 Feb 2018 - 23:48
     ဖြိုးကိုကိုတင့်ဆန်း အမှုတွင် နိုင်ငံတော်သမ္မတရုံး၏ အခွင့်အာဏာအရ တရားစွဲဆိုခွင့် ရသည့် ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေအတွက် တရားလိုနှင့် အခြားအမှုများ၏ တရားလိုပြသက်သေ စုစုပေါင်း နှစ်ဦးကို ယမန်နေ့က စစ်ဆေးခဲ့ သည်။ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေအတွက် တရားလို ရဲမှူးကျော်လွင်ဦးနှင့် မူးစိတ်အမှု၊ လက်နက်အမှု၊ ဆက်သွယ်ရေးအမှု၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေတို့အတွက် တရားလိုပြ သက်သေအဖြစ် နေပြည်တော်လေဆိပ်မှ လေ ကြောင်းရဲ ဒုရဲမှူးရဲရင့်ထွေးတို့ကို စစ်ဆေးခဲ့သည်။
  • Wed 14 Feb 2018 - 23:47
    ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးကို အမေရိကန်ပြည်ထောင်စု အခြေစိုက် သတင်းလွတ်လပ်ခွင့်ဆောင်ရွက် နေသော PEN America အဖွဲ့က ၂၀၁၈ ခုနှစ် PEN/Barbey Free-dom to Wirte (လွတ်လပ်စွာရေးသားခွင့်) ဆုချီးမြှင့်သည်။ အဆိုပါဆုသည် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် တားမြစ်ခံရသော ဖမ်းဆီးခံသတင်း ထောက်များကို နှစ်စဉ်ပေးလေ့ရှိ ပြီး ၂၀၁၈ မေလ ၂၂ ရက်တွင် နယူးယောက်မြို့ရှိ အမေရိကန်သဘာဝသမိုင်းပြတိုက်တွင် ကျင်းပမည့်အခမ်းအနား၌ ဆုပေးအပ်မည် ဖြစ်သည်။
  • Wed 14 Feb 2018 - 23:47
    ပြည်သူ့ဘဏ္ဍာအပေါ် အလွဲသုံးစားမှုများနှင့်ပတ်သက် ၍ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်၌ ဆွေးနွေးနေရုံဖြင့် မပြီးဆုံးစေဘဲ အချက်အလက်အထောက်အထား ဖြင့် နိုင်ငံတော်အကြီး အကဲများထံ တိုင်ကြားရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက် တွန်းပြောကြားလိုက်သည်။
  • Wed 14 Feb 2018 - 23:45
    တပ်မတော်နှင့် ကေအိုင် အိုတို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်-ပူတာအိုလမ်းပေါ်ရှိ တံတား ခြောက်စင်း တည်ဆောက်မည့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းကြောင်း ကချင်ပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာခက် အောင်က ပြောကြားသည်။
  • Wed 14 Feb 2018 - 23:44
    မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် ဖမ်းဆီးတရားစွဲထားသည့် အမ်း သားကြီး(ခ) ကိုသန်းရွှေကို မြောက်ဦးမြို့နယ်တရားရုံးက စွဲ ချက်မတင်မီ ဖေဖော်ဝါရီ ၁၄ရက်တွင် လွှတ်ပေးခဲ့ကြောင်း ရှေ့နေ ဦးဦးထွန်းလှကပြောကြားသည်။
  • Wed 14 Feb 2018 - 23:44
     ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးမထီ မဲ့မြင်ပြုမှုနှင့် အလုပ်လက်မဲ့ ထောင်ဒဏ် ခြောက်လကျခံစေ ရန် တရားလိုပြသက်သေနှစ်ဦးကို နေ့ချင်းစစ်ဆေးပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) တရားရုံးက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမိန့်ချသည်။ ဇန်နဝါရီ ၁၇ ရက်က ဒဂုံ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် RFA သတင်းဌာနအား ကလေး စစ်သားဟောင်း အတွေ့အကြုံများဖြေကြားသည့် အောင်ကိုထွေး ကို တရားရုံးကနိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲ ချက်တင်ပြီးနောက် စွဲချက်တင်အမိန့်ချသည့် တရားသူကြီးကို‘‘နွားတရားသူကြီး’’ ဟု အောင်ကိုထွေးက တရားရုံးလျှောက်လမ်းတွင် အော်ဟစ်ပြောဆိုမှုနှင့်ပတ်သက်၍ ယင်းသို့အမိန့်ချခြင်းဖြစ်သည်။  အောင်ကိုထွေးကို တရားစီ ရင်မှုဆောင်ရွက်နေသော ပြည် သူ့ဝန်ထမ်းအား တမင်စော်ကား ခြင်း၊ သို့တည်းမဟုတ် ၀င်ရောက် နှောင့်ယှက်ခြင်းပုဒ်မ ၂၂၈ ဖြင့် စစ်ဆေးမည်ဟု တရားရုံးက စာပို့ အကြောင်းကြားထားပြီး  ဖေဖော် ဝါရီ ၁၄ ရက်တွင် တရားလိုပြ သက်သေအဖြစ် ယင်းတရားရုံး၏ ရုံးဝန်ထမ်းနှစ်ဦးကို စစ်ဆေးကာ ဒုတိယ မြို့နယ်တရားသူကြီး (၁) က အမိန့်ချခြင်းဖြစ်သည်။ တရား လိုဖြစ်သူ မြို့နယ်တရားသူကြီး ဦးချစ်ကိုကိုသည် တရားရုံးသို့ လာရောက်ထွက်ဆိုခြင်းမရှိပေ။
  • Wed 14 Feb 2018 - 23:43
    အမျိုးသမီးသုံး ကွန်ဒုံးကို အသုံးပြုနိုင်ကြောင်းသိရှိသူ နည်း ပါးနေပြီး ယင်းသည် အမျိုးသား သုံးကွန်ဒုံးထက် အဆမတန်ဈေး ကြီးကြောင်း ကွန်ဒုံးသုံးရန် အသိ ပညာပေးသည့်အဖွဲ့ ဦးဆောင်သူ ဒေါ်ယုယုဆွေက ပြောသည်။
  • Wed 14 Feb 2018 - 23:41
     မြန်မာနိုင်ငံမြေပုံကို လူ ၃,၄၆၆ ဦးဖြင့် ပုံဖော်၍ ကမ္ဘာ့ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ကြောင်း တယ်လီနောမြန်မာက ကြေညာ သည်။
  • Wed 14 Feb 2018 - 23:41
     မြန်မာနိုင်ငံအ တွင်း သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုး သားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး  တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။ ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးက သုံးရက် တိုင် ဆွေးနွေးပြီးနောက်လွှတ် တော်ကိုယ်စားလှယ် အချို့နှင့် သယံဇာတနှင့် သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မှတ်တမ်းတင်ရန် အဆိုပြုသော်လည်း စက်ခလုတ်နှိပ် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။
  • Wed 14 Feb 2018 - 23:40
    မကွေးတိုင်းဒေသကြီး အစိုးရတွင် လစ်လပ်နေသော ၀န်ကြီးနေရာများ အတွက် ပုဂ္ဂိုလ်နှစ်ဦးကို ၀န်ကြီးချုပ်ကိုယ် စား တိုင်းလူမှုရေးဝန်ကြီး ဒေါက် တာခင်မောင်အေးက ဖေဖော်ဝါရီ ၁၄ ရက် တိုင်းလွှတ်တော်အရေး ပေါ်အစည်းအဝေး၌ အဆိုပြု တင်ပြခဲ့သည်။

Pages

Subscribe to News