ထိန်ပင်အမှိုက်ပုံမီးအပြီးငြှိမ်းသတ်နိုင်ရန် ဇုန်တစ်ဇုန်သာကျန်တော့ဟုဆို

ထိန်ပင်အမှိုက်ပုံမီး ငြိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

၁၀ ရက်ကျော်ကြာ လောင်ကျွမ်းနေဆဲဖြစ်သော ထိန် ပင်အမှိုက်ပုံမီးကို အေ၊ ဘီ၊ စီ၊ ဒီ ဟူ၍ ဇုန်လေးဇုန်ခွဲခြားငြှိမ်းသတ် နေပြီး အပြီးငြှိမ်းသတ်ရန် ဇုန်ဒီ တစ်ခုသာကျန်တော့ကြောင်း မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာ နမှူး ဦးမြင့်ဦးကပြောသည်။

‘‘အခုဘီဇုန်နဲ့ စီဇုန်ရဲ့သုံးပုံ တစ်ပုံကို ငြှိမ်းနေတုန်း။ ဒီနှစ်ဇုန် ကို မနက်ဖြန်ပြတ်အောင်လုပ် မယ်။ ကျန်တဲ့ ဒီဇုန်က အနည်းဆုံး ပါပဲ။ မီးခိုးထွက်မှုက ယခင်က ထက်အဆပေါင်းများစွာ နည်း သွားပြီ’’ ဟု မီးလောင်ပြင်တွင်ရှိ နေသည့် ခရိုင်မီးသတ်ဦးစီးမှူး ဦး မြင့်ဦးက ဧပြီ ၃၀ ရက်ည ၈ နာရီ ခန့်တွင် ပြောသည်။

ဧပြီ ၂၇ ရက်ကစတင်ကာ ထိုင်းနိုင်ငံမှ မှာယူထားသည့် Bio Foam ဆေးရည်ဖြင့် မီးလောင် ပြင်ဧရိယာကို ဇုန်လေးဇုန်ခွဲငြှိမ်းသတ်နေပြီး အေဇုန်ကို ဧပြီ ၂၉ ရက်တွင်  အပြီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးငြှိမ်းသတ်ရာတွင် မီး သတ်ဦးစီးဌာနက အင်အား ၆၀၀ ကျော်၊ စစ်သည်အင်အား ၁၅၀ ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင် အား ၃၅၀ ကျော်၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက အင်အား ၄၀၀ ကျော်နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်း များမှ အင်အားများအပါအ၀င် စုစုပေါင်းလူအင်အားတစ်ထောင့် ရှစ်ရာကျော်ဖြင့် နေ့စဉ်မီးငြှိမ်း သတ်နေသည်။

ထိန်ပင်အမှိုက်ပုံကို မြောက် ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် မှ အမှိုက်များနေ့စဉ်တန်ချိန် ၁,၂၀၀ ကျော်စွန့်ပစ်နေသည်။

အမှိုက်ပုံမီးငြိမ်းခဲ့ပါက အ မှိုက်စွန့်ပစ်သည့်စနစ်ကို ပြောင်း လဲရန် သင့်၊ မသင့်တာဝန်ရှိသူများ ဆွေးနွေးမည်ဟုရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန ဒုဌာနမှူးဒေါက်တာအောင်မြင့် မော်က ပြောကြားထားသည်။

More in News Section