ရုပ်ရှင်အကြိုခံစားခြင်း

ဒုဋ္ဌဝတီကိုလွန်၍

ဒီကနေ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ ရတနာသိုက်ရှာဖွေတဲ့ဇာတ်ကားလေး အကြောင်းကို ညွှန်းလိုက်ပါတယ်။

ထက်ပိုင်က ပြင်သစ်နိုင်ငံမှာ ရှေးဟောင်းပစ္စည်းတွေနဲ့ပတ် သက်ပြီး လေ့လာသူတစ်ယောက် အဖြစ် အလုပ်လုပ်ပါတယ်။ သူ့ရဲ့မိသားစုကလည်း မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်ထား တာပါ။ ထက်ပိုင်က သူဝါသနာပါတဲ့ အလုပ်လုပ်နေသလို မိန်း ကလေးမိတ်ဆွေတစ်ယောက်နဲ့အတူတူဖြတ်သန်းနေပါတယ်။ သူ့မိသားစုတွေနဲ့တော့ အွန်လိုင်းက နေ အမြဲအဆက်အသွယ်ရှိနေပါ  တယ်။ သူ့အဖေနဲ့ စကားပြော တိုင်း သူ့လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးလေးကို သူ့အဖေက အမြဲ ပြခိုင်းလေ့ရှိပါတယ်။

တစ်ရက်မှာတော့ သူ့ဆီကို မက်ဆေ့ခ်ျတစ်ခု ဝင်လာခဲ့ပါ တယ်။ အဲဒါကတော့ သူ့ရဲ့မိဘတွေ အသတ်ခံရတာကြောင့် အမြန်ဆုံးပြန်လာဖို့ ပြောထားတာပါ။ ထက်ပိုင်ထင်မထားတဲ့ ကိစ္စတစ်ခုကြောင့် မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လာခဲ့ပါတယ်။ ပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အိမ်ရှေ့မှာ သတင်းသမားတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အိမ်ထဲကို ဝင်ဖို့လုပ်တဲ့အချိန် တားဆီးခံခဲ့ရပေမယ့် သေဆုံးသူတွေရဲ့သားဖြစ်တဲ့အကြောင်း ပြောခဲ့တာကြောင့် အိမ်ထဲဝင်ခွင့်ရခဲ့ပါတယ်။

သူ့မိဘတွေကို ရန်ငြိုးတစ်ခုခုကြောင့် သတ်သွားတာဖြစ်နိုင် တယ်လို့ ယူဆကြောင်း အဲဒီအမှု ကိုလိုက်တဲ့ ရဲအရာရှိက ပြောပြခဲ့ ပါတယ်။ ဒါပေမဲ့ ထက်ပိုင်က တော့ သူ့မိဘတွေက အေးအေးဆေးဆေးနေတတ်သူတွေဖြစ် တာကြောင့် ရန်ငြိုးရှိသူမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ထူးခြား တာတစ်ခုက သူ့ရဲ့အစ်ကို ပျောက် ဆုံးနေတာပါ။ သူ့အဖေနဲ့ အမေအသတ်ခံရတဲ့ နေ့ကလည်း သူ့ အစ်ကိုရှိမနေဘူးလို့ ထက်ပိုင်ကို  ရဲအရာရှိက ပြောခဲ့ပါတယ်။

 ထက်ပိုင်က သူတည်းတဲ့ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီအချိန် သူ့နောက်ကိုလိုက်နေ တဲ့ ကားတစ်စီးကိုသတိ ပြုမိခဲ့ပါ တယ်။

 နောက်ပြီး ထက်ပိုင်က သူ့ရဲ့ဖုန်းနဲ့ သူ့အစ်ကိုရဲ့ဖုန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင် ဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ အစ်ကိုဖုန်းကနေ ထက်ပိုင်ဆီကို ရှေ့နေတစ်ယောက်ဆီကိုလာဖို့ ချိန်းခဲ့ပါတယ်။ အဲဒါကြောင့် ချိန်း ထားတဲ့အချိန်မ တိုင်ခင်အပြင် ထွက်လာတဲ့အချိန်မှာ သူ့သူငယ် ချင်းတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။

အဲဒါကြောင့် သူ့သူငယ်ချင်း နဲ့လိုက်လာရင်း ဗိုလ်ချုပ်ဈေးကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့နောက်ကိုလိုက်နေတဲ့ ကောင်မ လေးတစ်ယောက်ကို သတိပြု မိသွားပါတယ်။ အဲဒါကြောင့် ကောင်မလေးနောက်ကို အတင်း လိုက်ပြီး ဖမ်းခဲ့ပါတယ်။ ဈေးထဲ မှာ ဖြစ်တာကြောင့် သူ့သူငယ်ချင်းက ကားထဲကိုခေါ်ခဲ့ဖို့ပြောပါ တယ်။ အဲဒါနဲ့ကောင်မလေးကို ကားထဲကိုခေါ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ သူ့အစ်ကို ချိန်းထားတဲ့အချိန်နီးတာကြောင့် ရှေ့နေကြီးဆီကို သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ရှေ့နေကြီး က ဒဏ်ရာတွေနဲ့ အသတ်ခံထား ရပါတယ်။ အဲဒီရှေ့နေကြီး ဘာ ကြောင့် အသတ်ခံရတာလဲ၊ သူ့အစ်ကိုကကော ဘယ်ကိုရောက် နေ တာလဲ၊ ကောင်မလေးကကော ဘာကြောင့် သူ့နောက်ကိုလိုက် နေတာလဲ၊ သူ့မိဘတွေ ဘာ ကြောင့် အသတ်ခံရတာလဲဆိုတာ ကိုတော့ မေလ ၄ ရက်ကစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာ တစ်ပြိုင်တည်း  ရုံတင်ပြသမယ့် ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားမှာ ဆက်လက်ရှုစား ပေးပါ။

ဒီဇာတ်ကားမှာ နိုင်းနိုင်း၊ ဇော်ဇော်အောင်၊ အမွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထား ပြီး ရဲနောင်ရဲ့ ဇာတ်လမ်းဇာတ် ညွှန်းကို ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ထားပါတယ်။