Op-ed

  • Fri 22 Jun 2018 - 21:43
    သရက်တောရွာမှာ တွဲဖက် အလယ်တန်းကျောင်းရပြီဆိုတော့ တစ်ရွာလုံးက ၀မ်းသာအားရဖြစ် ကာ ပျော်မြူးနေကြသည်။ တွဲ ဖက်အလယ်တန်းကျောင်းကျ လာသော်လည်း ကျောင်းဆရာ၊ ဆရာမ ပို့စတင်ကျမလာသေး သောအခါ ဆွဲခန့်ဆရာခန့်ဖို့ကို ပြင်ဆင်ကြသည်။ ဆွဲခန့်ဆရာ၊ ဆရာမခန့်ဖို့အတွက်ကိုလည်း ရွာ ကတက်ကြွနေကြသည်။ ရွာမှာ တွဲဖက်အလယ်တန်းကျောင်းရ တာကိုပဲ ပတ်ဝန်းကျင်ရွာတွေ ထက်သာလွန်နေပြီဖြစ်ရာ ငါတို့ ရွာတွဲဖက်အလယ်တန်းကျောင်း ဟု စကားထည့်ပြောရတာကိုက စီးစီးပင်ပင်ရှိလှသည်ဟု ထင်နေ ကြသည်။ တကယ်တော့ သရက် တောရွာမှာ အိမ်ခြေ ၃,၀၀၀ လောက်ရှိသော ရွာကြီးဖြစ်လေ ရာ အလယ်တန်းကျောင်းချပေး မည်ဆိုလျှင်ပင် ချပေးသင့်သော ရွာဖြစ်သည်။
  • Thu 21 Jun 2018 - 21:03
    ၂၀၁၈ ခုနှစ် ရေဘေးနိဒါန်း
  • Wed 20 Jun 2018 - 21:27
    သူ့ကို အရင်ဆုံးကျွန်တော် မြင်ဖူးခဲ့တာ ရှစ်တန်းကျောင်းသား ဘ၀ကပါ။ ၁၉၇၅ ခုနှစ်မှာ ကျွန် တော်တို့မြို့က တိုးမြစ်မာန်ဆိုတဲ့ မဂ္ဂဇင်းစာအုပ်ထုတ်ပါတယ်။ အဲ ဒီတုန်းက ကျွန်တော်ကခုနစ်တန်း ကျောင်းသား။ ကဗျာရေးပြီးပို့ခဲ့ ပေမယ့် ကိုယ့်မြို့ကထုတ်တဲ့ မဂ္ဂဇင်းမှာတောင် ဖော်ပြမခံခဲ့ရပါ ဘူး။ ၁၉၇၆ ခုနှစ်မှာ အဲဒီတုန်းက ရှိခဲ့ဖူးတဲ့ မိုးလုံလေလုံအားကစား ရုံကြီးမှာ တိုးမြစ်မာန်မဂ္ဂဇင်းမှာ ပါဝင်ရေးသားခဲ့ကြတဲ့ အနယ် နယ်အရပ်ရပ်က စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေ ကို ဂုဏ်ပြုပွဲလုပ်ပါတယ်။ စာပေ ပိုးရှိတဲ့ ကျွန်တော်ကအဲဒီအခမ်း အနားကို မဂ္ဂဇင်းမှာကဗျာပါလို့ အဖိတ်ခံရတဲ့ သူငယ်ချင်းတစ် ယောက်နဲ့ကပ်ပြီး လိုက်သွားခဲ့ပါ တယ်။ အဲဒီအခမ်းအနားမှာ သူ့ ကိုစပြီး ကျွန်တော်တွေ့ဖူးခဲ့တာပါ။
  • Mon 18 Jun 2018 - 22:31
    သူမကို သံမဏိနှင်းဆီဟု အချို့က တင်စားကြသည်။ အချို့က တော့ ဆရာဇော်ဂျီ၏ဗေဒါလမ်း ကဗျာမှ ဒေါင်းမြီးကွက်ပြာပန်းဗေ ဒါနှင့် တင်စားကြသည်။ သူမကို မလိုမုန်းထားသူတို့က ပြည်ပအား ကိုး ပုဆိန်ရိုးဟု ဆိုကြသည်။ သူမ ကို ချစ်ခင်လေးစားသူတို့က ငါတို့ ခေါင်းဆောင်ကြီးက သူ့ကိုယ်စား ချန်ထားခဲ့တဲ့ သမီးလေးဟု မြတ်နိုး ကြသည်။ မြန်မာပြည်၏နဝတ စစ်အာဏာရှင်တို့ကတော့ သူမ ၏အမည်တွင် ပါဝင်သည့် ဖခင် အမည်ကို တမင်ပင် ချန်လှပ်ကာ ရင့်သီးစွာ ခေါ်ဝေါ်ကြသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံကာ တိုင်း ပြည်အရေးကို ရွက်ဆောင်နေ သော သူမကို ချစ်ခင်ကြည်ညိုကြ သော သက်လတ်တန်း၊ သက်ငယ်တန်း နိုင်ငံသားများကမူ သူမအား ‘အမေ’ ဟု လေးမြတ်စွာ ခေါ်ဆို ကြ၏။
  • Fri 15 Jun 2018 - 22:33
    (၁)
  • Thu 14 Jun 2018 - 21:02
    လက်စားချေခြင်းဟူသည် စီးဆင်းနေသော ပျားရည်တို့ ထက်ပင်ပိုမိုချိုမြိန်၏။ ( The Revenge issweeter far than flowinghoney) ဟု ဂရိစာဆိုကြီး ဟိုးမားကအီလိယတ် (Iliad) လင်္ကာကြီးတွင် စပ်ဆိုခဲ့သည်။ ဘီစီ(၁၂)ရာစုတွင် စပါတာမြို့ နိုင်ငံကို ဘုရင်မင်နီလေးယပ်စ်၏ ဖိတ်ကြားမှုဖြင့် စပါတာသို့ရောက်လာသော ထရွိုင်မင်းသားပဲရစ်သည် လူမက နတ်မမျှလှပလွန်းသည့် ဟယ်လင်(မင်နီလေးယပ်စ်၏ မိဖုရား)နှင့် ချစ်ကျွမ်းဝင်ခဲ့သည်။ ပဲရစ်က ဟယ်လင်ကို  ခိုးယူဆောင်ကာ ထရွိုင်သို့ ပြန်ပြေးသည်။ ထိုအရေးကို အခွင့်ကောင်းယူ၍ မင်နီလေးယပ်စ်၏ အစ်ကိုဖြစ်သူ အင်ပါယာဘုရင်အက်ဂါမင်နွန်က ထရွိုင်မြို့ကို စစ်ပြုသည်။  အက်ဂါမင်နွန်ဘက်မှ ဂရိဒဏ္ဍာရီစစ်သူရဲကောင်း အာခီလိစ်နှင့် အီသာကာဘုရင် အိုဒက်ဆီယပ်တို့က  ပါဝင်တိုက်ခိုက်ပေးခဲ့ကြသည်။ ထရွိုင်တို့ဘက်မှ စစ် သူရဲကောင်းမှာ အိမ်ရှေ့မင်းသား ဟက်တာ (Hector)ဖြစ်၏။
  • Wed 13 Jun 2018 - 21:32
    ‘‘စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့မှရှူစရာမရှိဘူး’’... တဲ့။ ဤစကားကို ကြားသည်နှင့် ဤပုဂ္ဂိုလ်သည် မည်သူ၊ မည်ကဲ့ သို့သော ပုဂ္ဂိုလ်ဆိုသည်ကိုမြန်မာ နိုင်ငံ၏ နိုင်ငံရေးလောကနှင့် ထိ စပ်ပတ်သက်သူတိုင်းကောင်းစွာ  သိကြပါလိမ့်မည်။ သူဟူသည် ကားအများပြည်သူတို့နှင့် ဆိုလျှင် ဟက်ဟက်ပက်ပက် ပြုံးရယ်ကာ ကျွန်တော်.. ခင်ဗျားစသည်ဖြင့် နူးညံ့ချိုသာစွာ စကားဆိုတတ်သူ၊ အာဏာရှင်များနှင့် ဆိုလျှင်မူ အလွန်ရှုတည်သူ၊ တစ်ခွန်းဆို တစ်ခွန်းထိရှစွာပြောဆိုတတ်သူ ‘ကျားရဲကြီး’ ဟံသာဝတီဦးဝင်း  တင်ပင်တည်း။
  • Mon 11 Jun 2018 - 23:12
    သူတို့မိသားစုကို ကျွန်တော်သတိထား မိတာ ကာလအားဖြင့် အ တော်ကလေး ကြာခဲ့ပြီ။ တိတိကျ ကျဆို ၂၀၁၆ ခုနှစ်လောက်က တည်းက ဖြစ်သည်။ မနက်မိုးလင်း၍ ကျွန်တော့်ခြံဝင်း အ၀င် ကွန်က ရစ်လမ်းကလေးကို အုန်းတံမြက် စည်းဖြင့် လှည်းကျင်းသန့်ရှင်းရေး လုပ်နေပြီဆိုလျှင် သူတို့မိသားစု ကျွန်တော့်အိမ်ရှေ့က ဖြတ်သွား ပြီ။ ဖအေလုပ်သူက ကလေးတစ် ယောက်ကိုချီ၊ မအေက ဒါ့ထက် ငယ်သော ကလေးကိုခါးထစ်ခွင်၊ ကျန်သည့်ကလေးနှစ်ယောက် လောက်က အဖေ၊ အမေနှင့်အတူ မြေပေါ်က ကုန်းကြောင်းလိုက်။ နှစ်တွေပြောင်းသွားလည်း မြင် ကွင်းက မပြောင်း။ အ၀တ်အစား တွေကလည်း သည်အတိုင်း။ အ ရွယ်အစားတွေကလည်း သည်အ တိုင်း။ အဲ ... ကုန်းကြောင်းလိုက် သည့်  ကလေးကတော့ နှစ် ယောက်ကနေ၊ သုံးယောက် ဖြစ် သွားသည်။
  • Fri 08 Jun 2018 - 20:01
    ရုရှားနိုင်ငံမှာ မကြာခင် ကျင်းပတော့မည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တွေးမိလိုက် သောအခါ ကျွန်တော်သည် ဘ၀ ပြောင်းသွားရှာသည့် ကိုကြီး ကောင်းကို လွမ်းသွားရလေတော့ သည်။ ဘ၀ပြောင်းသွားသည်ဆို သောကြောင့် တလွဲမတွေးစေလို ပါ။ လွန်ခဲ့သည့် နှစ်လလောက်က ဘုန်းကြီးဝတ်သွားခြင်းကို ဆိုလို ခြင်း ဖြစ်ပါ၏။ သူ့အမည်ရင်းက ဦးဘကောင်း။ ကျွန်တော်တို့ရပ် ကွက်ထဲက ‘ကောင်း’စတိုးပိုင်ရှင်။ မြေး တစ်၊ သားလူပျို တစ်၊ သမီး အပျိုပေါက်လေး တစ်တို့ဖြင့် တစ်သုံးလုံးကို ဆောင်ကာ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေလျက်ရှိ သည်။ သူ့အသက်က(၆၅)နှစ်အ ရွယ်။ သက်ကြီးတန်းရောက်နေပြီ မို့ အသက်အရွယ်နှင့် ကိုက်ညီ အောင် ရိုသေသမှုဖြင့် ဦးကောင်း (သို့မဟုတ်) ဦးလေးကောင်းဟု ခေါ်ကြ၏။ တချို့လည်း ရှေ့ဆုံးမှ ‘ဦး’ကိုဖြုတ်ကာ လေးကောင်းဟူ ၍လည်း ခေါ်ဆိုသမှုပြုကြသည်။ သို့ရာတွင် သည်နှယ်ခေါ်ကြတာ မျိုး တစ်ခုမျှ မနှစ်သက်ချေ။
  • Thu 07 Jun 2018 - 21:25
    သည်မနက်လမ်းလျှောက် ထွက်လာတော့ ခါတိုင်းတိုးဝှေ့ပြီး သွားနေရသော ပလက်ဖောင်းကျဉ်းကျဉ်းလေးပေါ်မှာ ရှင်းနေသည်။ ပထမသတိမထားမိသော်လည်း ဈေးလမ်းထိပ်ရောက်တော့ သတိထားမိသွားသည်။ ဈေးလမ်း ထိပ်မှာ မီးခိုးရောင်ယူနီဖောင်း ၀တ် စည်ပင်ဝန်ထမ်း လေး၊ ငါး ယောက် မတ်တတ်ရပ်နေသည်။ ခါတိုင်းမြင်နေကျ ဈေးသည်တွေ မတွေ့ရတော့ဘဲ လမ်းကရှင်းပြီး ခြောက်သွေ့နေသည်။ ဟိုဘက် မှာလည်း မီးခိုးရောင်ယူနီဖောင်း ၀တ် စည်ပင်ဝန်ထမ်းတချို့မတ် တတ်ရပ်နေသည်။ ခါတိုင်း ရှုပ် ထွေးစည်ကားနေသော လမ်းက လေးမရှိတော့ပါ။ မနက်ခင်းတိုင်း လိုလို ထိုနေရာလေးကို ဖြတ်၍ လမ်းလျှောက်ဖြစ်ခဲ့ရာတွင် စည် ကားနေသော ဈေးသည်များ၏ အသံဗလံတွေ၊ အမျိုးအမည်စုံ သော အရာဝတ္ထုတွေနှင့် မနက် ခင်းလေးမှာ လှပနေသည်။ ယခု တော့ ထိုသို့မဟုတ်တော့ပါ။
  • Wed 06 Jun 2018 - 22:14
    ပြင်ဦးလွင်မြို့က စာပန်းအိမ်ကိုယ်ပိုင် အထက်တန်းကျောင်းကိုတည်ထောင်သူ ဒေါက်တာကျော်စော။ သူ့အဖေက တရားရေးဝန်ထမ်းတစ်ဦး။ ‘‘ကျွန်တော့်ကို ဟင်္သာတမှာ မွေးတာ။ ၁၉၆၀ အောက်တိုဘာ ၃ က။ အဖေက ၀န်ထမ်းဆိုတော့ ရန်ကုန်၊ စစ်တွေ၊ တွံတေးပြောင်း နေရတာပေါ့’’
  • Mon 04 Jun 2018 - 22:20
    ဘာဝဝန်းကျင် ထိခိုက်ပျက်စီးစေတတ်တဲ့ အရာတွေထဲမှာ ဆွေးနွေးပွဲများ၊ သင်တန်းများလည်း ပါဝင်နေကြောင်းပြော လိုက်ရင် ဟုတ်ပါ့မလားလို့ မေး ကြဖွယ်ရှိပါတယ်။
  • Thu 31 May 2018 - 21:19
     လေချွန်နတ်ဆိုသည်ကို ကြားဖူးခဲ့သည်မှာ ကြာခဲ့ပါပြီ။  သွားမေးကြဖူးသည့် မိတ်ဆွေအချို့၏ စကားအရ အလွန်မှန်သည်ဟုကြားရသည်။ ကွယ်လွန်သွားသည့် မိဘ၊ ဆွေမျိုးအသိုင်း အဝိုင်းတို့ ဘယ်ဘုံဘယ်ဘဝရောက်နေပြီ၊ ကျွတ်လွတ်သွားပြီ၊ လူပြန်ဝင်စားနေပြီ စသည့် အဟောတို့မှာ မှန်လှသည်ဟုဆို၏။ မည်သည့်ကျမ်း၊ မည်သည့် ဗေဒင်၊ မည်သည့်ခေါင်းစွဲတို့ဖြင့် မည်သို့ဟောလေ၊ ပြောလေသည်ကို မောင်ထင်မသိ။မည်မျှမှန် လေသည်ဆိုသည်ကိုလည်း မောင်ထင်မသိ။ မောင်ထင့် အတွက်တော့ ထိုအရာတို့သည် သိပ်စိတ်ဝင်စားစရာမရှိလှ။
  • Wed 30 May 2018 - 20:23
    (၁) ‘အရေးယူမှ စည်းကမ်းရှိမှာလား၊ အရေးယူမှ ဥပဒေကိုလေးစားလိုက်နာမှာလား’ ဟု ရွှေလက်အမြဲတမ်းစဉ်းစားမိသည်။ အဖြေကရှင်းလင်းပြတ်သားမှု မရှိ။ ရွှေလက်တစ်ဦးတည်းအနေဖြင့် ပြောရလျှင် စည်းကမ်းရှိမှု၊ ဥပဒေကိုလေးစားလိုက်နာမှုဆိုသည်မှာ အသိတရား၊ ဆင်ခြင်တုံတရားများနှင့် သက်ဆိုင်ပါလိမ့်မည်။ အသိတရား၊ ဆင်ခြင်တုံတရားရှိသူအများစုသည် စည်းကမ်းရှိကြသည်။ ဥပဒေကို လေးစားလိုက်နာကြသည်။ တစ်ခါက ရွှေလက်နှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာနယ်ပယ်မှ ကျွမ်း ကျင်သူတစ်ဦးအကြိတ်အနယ် ဆွေးနွေးဖူးသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတော့ မဟုတ်။ သက်ငယ်မုဒိမ်းနှင့် ပတ်သက်ပြီး သေဒဏ်ပေးသင့်၊ မပေးသင့်ကိစ္စဖြစ်သည်။ ရွှေ လက်ကတော့ ‘‘သက်ငယ်မုဒိမ်း ကောင်တွေကို သေဒဏ်ပေးတာ အကောင်းဆုံးပဲ။ လူတိုင်းသေရ မှာကြောက်တယ်လေ။ ဒါလုပ်လို့ သူသေရမယ်ဆိုရင် တော်ရုံတန်ရုံ လူက ဘယ်လုပ်တော့မလဲ။ ဒါ ကြောင့် သက်ငယ်မုဒိမ်းကောင် တွေကို သေဒဏ်ပေးသင့်တယ်’’ ဟု အဆိုတင်သွင်းလိုက်သည်။ သို့သော် ဆရာသမားက ရွှေလက် ၏အဆိုကို လက်မခံ။
  • Mon 28 May 2018 - 21:20
    လူအချင်းချင်း အသားအရောင်ခွဲခြားမှုကို အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး တောင်အာဖရိက နိုင်ငံသစ်ကို တည်ဆောက်ခဲ့သူ  နယ်လ်ဆင်မန်ဒဲလားဟာ ကမ္ဘာကြီးရဲ့ ကြီးကျယ်လှတဲ့ ချီးမြှောက်မှုကို ခံယူခဲ့ရသူပါ။ သူ့ကို ကမ္ဘာကြီးက ချီးမြှင့်ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ပြုဆုတံဆိပ်တွေဆိုတာ မရေမတွက်နိုင် အောင်ပါပဲ ။ အဲဒီအပြင်  ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ (မန်ဒဲလားရဲ့မွေးနေ့ဖြစ်တဲ့) ဇူလိုင် ၁၈ ရက်နေ့ကို ‘မန်ဒဲလားနေ့ (Mandela Day)’လို့ သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။သူဟာကမ္ဘာကြီးကို လွတ်မြောက်ခြင်းကို မျှဝေသူအဖြစ်လည်း မှတ်တမ်း တင်ထားခဲ့ကြပါတယ်။
  • Thu 24 May 2018 - 20:39
    ခင်ပွန်း သေဆုံးသွားသော နာရေးတစ်ခုသို့ ရောက်ခဲ့သည်။ ဇနီးဖြစ်သူမှာ အသက် (၃၀) ကျော် (၄၀)နီးပါးရှိပြီ။ ကွယ်လွန် သူတွင် သမီးတစ်ယောက်၊ သား နှစ်ယောက် ကျန်ခဲ့သည်။ အငယ် ဆုံးသားကလေးက ခါးတစ်ခွင် အရွယ်သာရှိသေးသည်။ ကွယ် လွန်သူမှာ မိသားစုကို ကုန်တင် ကား ယာဉ်နောက်လိုက်အဖြစ် လုပ်ကိုင်ကျွေးမွေးရင်း အစာအိမ် သွေးကြောပေါက်၍  ရုတ်တရက် သေဆုံးခဲ့ရခြင်းဖြစ်သည်။ အား ကိုးအားထား မှီခိုရာခင်ပွန်းကို ဆုံးရှုံးလိုက်ရသည့် ဇနီးသည် မခင်တင့်၏ ခင်ပွန်းသည် ရုပ် ကလာပ်ကို မျက်ရည်အပြည့်မျက် လုံးများဖြင့် စိုက်ကြည့်နေကာ ‘‘ကိုသိန်းရယ် ရှင်ကတော့ မျက် နှာလွှဲသွားပြီ။ ကျွန်မတို့ သားအမိ တွေ ဘယ်သူ့ကိုအားကိုးပြီး နေခဲ့ ရမှာလဲတော်’’ဟူသည့် တိုးတိုး ကျိတ်ကျိတ် ကြေကွဲလှိုက်ဖို ငို ကြွေးသံသည် နားထဲသို့ စူးစူး လှိုက်လှိုက် တိုးဝင်လာခဲ့သည်။ လူဆိုသည်မှာ အသိုင်း အဝိုင်းနှင့်နေသည့် သတ္တဝါများ ဖြစ်သည့်အလျောက် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုကြရပါသည်။ မိဘနှင့်သား သမီး အပြန်အလှန် အမှီအခိုပြု ကြရပါသည်။ ခင်ပွန်းနှင့်ဇနီး အပြန်အလှန် အမှီအခို ပြုကြရပါ သည်။ မိတ်သင်္ဂဟအချင်းချင်း အပြန်အလှန် အမှီသဟဲ ပြုကြရ ပါသည်။ လမ်းသူလမ်းသားချင်း၊ အရပ်သူအရပ်သားချင်း အပြန် အလှန် အမှီသဟဲ ပြုကြရပါသည်။ ပြည်သူနှင့်အစိုးရ အပြန်အလှန် အမှီသဟဲ ပြုကြရပါသည်။
  • Mon 21 May 2018 - 21:54
    မူးမူးက ခေါ်သွား၍ မာမာကို မေမြို့ အတက်လမ်းဘေးက သူမ၏နေအိမ်မှာ တွေ့ဆုံခွင့်ရ၏။ မာမာက ခေတ္တအလည် ပြန်လာခြင်းဖြစ်သည်။ သူမပိုင်သော Suvannab-hums Art Gallery က Chiang Mai က  Chareonrat Road မှာ  ဖြစ်သည်။ ‘‘ချင်းမိုင်မှာ ကျွန်မ ဂယ်လာ ရီဖွင့်တာ ဆယ်စုတစ်စုတောင် ကျော်ခဲ့ပြီ။ အမေက (၉၇)နှစ်။ မေမြို့က ဒီအိမ်မှာပဲနေတယ်။ အစ်ကိုတွေက တာချီလိတ်မှာ ။ တစ်နေ့သောအခါတော့ ကျွန်မ ဒီကိုပဲ ပြန်လာမယ်။ ဒါကြောင့် ဒီမှာ တိုက်ဆောက်ထားတယ်။ မရောင်းဘဲစုဆောင်းထားတဲ့ ပန်းချီကားတွေကို အောက်ထပ်၊ အပေါ်ထပ် နံရံတွေမှာ ချိတ်ထား တယ်’’
  • Thu 17 May 2018 - 20:55
    မေလ ၁၁ ရက်ခန့်က ဖြစ်သည်။ ရွှေလက်စာရေးနေစဉ် ဇနီးဖြစ်သူက  အမောတကောဖြင့် ရောက်လာသည်။ ‘‘ယောက်ျား ရေ...ဒီမှာကြည့်ပါဦး’’ဟု ဆိုကာ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာကို ဖွင့်ပြ သည်။ ‘အင်မတန်အရေးကြီးပါ တယ်။ မြန်မာပြည်သူ/သားအ ပေါင်းတို့ ကျေးဇူးပြုပြီး Share ပါ’ဆိုသည့် မုန်တိုင်းသတင်းတစ်ပုဒ် ကို တွေ့လိုက်ရသည်။ ဇနီးဖြစ်သူ က ရွှေလက်ကို ထိတ်ထိတ်ပျာပျာဖြင့် ‘‘အဲဒါ တကယ်လား၊ တကယ် ဆိုရင်တော့ ဒုက္ခပါပဲ။ ရွာက အမေနဲ့ မိသားစုတွေကို လှမ်းပြီးသတိ ပေးဦးမှ ဖြစ်မယ်’’ဟု ဆိုလာသည်။မုန်တိုင်းသတင်းကလည်း ထိတ် ထိတ်ပျာပျာဖြစ်ချင်စရာ။ မုန်တိုင်း သတင်းကိုလည်း ကြည့်ဦး။ ‘Roanu’ လေပွေမုန်တိုင်း မေ ၂၁ ည ၁၂ နာရီအပြင်းထန်ဆုံး၊ မေ ၂၂ ရက် နေ့လယ် ၁၂ နာရီအ ပြင်းထန်ဆုံး၊ မေ ၂၂ ရက် ည ၁၂ နာရီအပြင်းထန်ဆုံး။ သဘာဝ အန္တရာယ်ကို မြန်မာပြည်သားတွေရဲ့ နားလည်မှု၊ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ အထိ အခိုက်အနည်းဆုံးခုခံနိုင်ကြပါ စေ။
  • Mon 14 May 2018 - 17:58
    ပါတီစုံဒီမိုကရေစီကြားဖြတ် ရွေးကောက်ပွဲများကို  ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်း ပမှာဖြစ်ကြောင်း မကြာခင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပ မှာဖြစ်ပြီး ယင်းလစ်လပ်မဲဆန္ဒ နယ်များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံဖြစ်ကာ အမျိုးသားလွှတ် တော် မဲဆန္ဒနယ် အမှတ် (၂) နေရာအဖြစ် မြစ်ကြီးနားမဲဆန္ဒ နယ်ဖြစ်ပါတယ်။
  • Mon 14 May 2018 - 17:56
    မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြုပြင် ပြောင်းလဲစရာ အများကြီးရှိတယ်။ အဲဒီလို ပြုပြင်စရာတွေထဲမှာ (မလိုအပ်ဘဲ) အားနာတာလည်း ပါတယ်။ တကယ်တော့ အားနာ တယ်ဆိုတာ ကြောက်စိတ်တစ် မျိုးပါပဲ။ ပြောရဆိုရမှာ ကြောက် တယ်။ လုပ်ရကိုင်ရမှာ မ၀ံ့မရဲဖြစ် နေကြတယ်။ ငြိုငြင်ခံရမှာ စိုးကြ တယ်။ လက်ရှောင်သူတွေများ လာတဲ့ လူ့အဖွဲ့အစည်း ဘယ်ကို ဦးတည်မယ်လို့ ထင်ပါသလဲ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်ရှောင်သူတွေ များလာနေပြီ။ ပြောရမယ့်ကိစ္စတွေမှာ မပြောကြ ဘူး။ လုပ်ရမယ့် ကိစ္စတွေမှာ မလုပ်ဘူး။ ကိုယ့်အဖွဲ့အစည်းက လူ ငြိုငြင်မှာစိုးတယ်။ ကိုယ့်ခေါင်းဆောင် မကြိုက်မှာကြောက် တယ်။ အရေးမပါတဲ့ ကိစ္စတွေမှာ လက်ရှောင်ပြီး နှာစေးနေတာ ကိစ္စမရှိပေမယ့် တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ လက်ရှောင်ခဲ့ရင် ကျွန်တော်တို့လူ့အဖွဲ့အစည်း နာ လန်ထူဖို့ မလွယ်တော့ဘူး။

Pages

Subscribe to Op-ed