Opinion

  • Wed 06 Dec 2017 - 13:30
    ဦးမြအေးသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဒီဇင်ဘာလဆန်းတွင် ရုတ်တရက် နုတ်ထွက်ခဲ့သည်။ ဆယ်စုနှစ်သုံးခုနီးပါး ဒီမိုကရေစီခရီးကြမ်းကို အတူလက်တွဲလျှောက်လှမ်းခဲ့သူများ နှင့် ရုတ်တရက်ခွဲခွာလိုက်သော ဦးမြအေး၏ နုတ်ထွက်မှုနှင့်ပတ်သက်၍ ပြည်သူများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် လေ့လာသုံးသပ်သူများကြား အံ့အား သင့်ဖွယ် ဝေဖန်ပြောကြားမှုများ ရှိနေရာ 7Day News Journal က သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wed 06 Dec 2017 - 12:12
    ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ဆက်စပ် ပြီး တရုတ်နဲ့ မြန်မာအစိုးရအရာရှိတွေကြား ထိတွေ့ဆက်ဆံမှုတွေက ပိုပြီးများပြားလာပါတယ်။ နေပြည်တော်ကို သွားရောက်လည် ပတ်ချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မြန်မာ-တရုတ် နှစ်နိုင်ငံမှာ စီးပွားရေးစင်္ကြံတစ်ခု ဆက်သွယ်ဖို့ အဆိုပြုခဲ့ပါတယ်။ ဝမ်ကို ဖိတ်ကြားဧည့်ခံခဲ့တဲ့ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအဆိုကို ထောက်ခံသဘောတူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ကိုက် ညီမှုရှိနိုင်ကြောင်း အလေးအနက် ပြောပါတယ်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ် အားကဏ္ဍတွေကို အာရုံစိုက်ထား တဲ့အပိုင်းမှာ ဖြစ်ပါတယ်။
  • Wed 06 Dec 2017 - 12:08
    ဘဂါင်္လီအရေးနှင့် ပတ်သက်၍ ကုလနှင့်အနောက်နိုင်ငံများ က ဖိအားပေးနေချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ခြောက်လအတွင်း ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏တရုတ်ခရီးစဉ်အပြီး လေးရက်အကြာ နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်သို့ သွားရောက်ခဲ့သည်။
  • Wed 06 Dec 2017 - 12:00
    အိုဘားမား အပါအ၀င် အမေရိကန်သမ္မတဟောင်းများ၏ အိမ်ဖြူတော် မရောက်မီနှင့် ရောက်ပြီးပုံကို ကမ္ဘာကျော် TIME မဂ္ဂဇင်းက နှိုင်းယှဉ်ဖော်ပြခဲ့သည်။ တိုင်းပြည်၏ အထွတ်အထိပ်ဟူသော သမ္မတ များ ပိုမိုနုပျိုလာမည်ထင်ပါသလား။ ကြီးမားလေးလံသော တာဝန်များ၏ ဖိစီးမှုက ၎င်းတို့၏ မျက်နှာများတွင် အထင်းသားပေါ်လွင်ခဲ့သည်။ အလွန်တရာစမတ်ကျသည်ဟု နာမည်ကျော်သော အမေရိကန်သမ္မတများ ဘဲဥပုံရုံးခန်းရောက်ပြီးနောက် ရုပ်ကျသွားခဲ့သည်။ မြန်မာသမ္မတ ဦးထင်ကျော်သည် ယမန်နှစ်မေလက ဆိုချီမြို့ ၌ ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့ သည်။ အရပ်ခြောက်ပေကျော်မြင့်သည့် ဦးထင်ကျော်သည် ပူတင်ကို အုပ်မိုးထားပြီး ရုပ်ရည်က ကြည်လင်လန်းဆန်းနေသည်။ အဆိုပါ အခြေအနေသည် သမ္မတ နှစ်လ မပြည့်မီကဖြစ်သည်။
  • Tue 05 Dec 2017 - 17:55
    တည်ဆောက်ရေး လုပ်ငန်းများစွာ ဆောက်လုပ်နေသော ရန်ကုန်တိုင်းအတွက် မြစ်ကျောက်စရစ် အရင်းအမြစ်သည် ယခင်နှစ်များစွာက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအနောက်ခြမ်း ဧရာဝတီမြစ်ရိုး တစ်လျှောက်ဒေသများမှ ဖြစ်သည်။
  • Tue 05 Dec 2017 - 17:54
    တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၇ သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်နောက်ဆုံးအ ဆင့် ဆန်ခါတင်စာရင်းကို အင်န်ဘီ စီရုပ်သံက တနင်္လာနေ့တွင် ဖော် ထုတ်တင်ပြခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း သည် ၁၉၂၇ ကတည်းက နှစ်တစ်နှစ်အတွင်း သတင်းများမှ အကောင်းဘက်ကဖြစ်ဖြစ်၊ အဆိုးဘက်ကဖြစ်ဖြစ် သြဇာသက်ရောက်မှု အလွှမ်းမိုးနိုင်ဆုံးသူတစ်ဦး (သို့မဟုတ်) အုပ်စုတစ်စုကို ရွေးချယ်ဖော်ထုတ်သတ်မှတ်ခဲ့သည်။
  • Tue 05 Dec 2017 - 00:01
  • Mon 04 Dec 2017 - 20:29
    ‘ဂျင်းတုံးကြီးကုမ္ပဏီ’ တိုက်နဖူးစည်းတွင် ချိတ်ဆွဲ ထားသည့် ဧရာမဗီနိုင်းဆိုင်းဘုတ် ကြီးက လမ်းသွားလမ်းလာတိုင်း ကို လည်ပြန်လှည့်မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေ သည်။ တိုက်အတွင်းထဲတွင် ခေတ် မီပရိဘောဂပစ္စည်းများ ခင်းကျင်း ထားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားသည့် ရုံးဝန်ထမ်း လူငယ် လေးများက အလုပ်များနေဟန် ဟိုဟိုဒီဒီ သွားလာနေကြသည်။ အစည်းအဝေးခန်းအဖြစ် အသုံး ပြုထားသည့် အတွင်းဘက် အခန်းကျယ်ကြီးထဲတွင်တော့ အရွယ်ပေါင်းစုံပါဝင်သည့် လူ တစ်စုကို အနောက်တိုင်းဝတ်စုံ စမတ်ကျကျ ဝတ်ထားသည့် အမျိုးသားတစ်ဦးက အာပေါင် အာရင်းသန်သန်ဖြင့် ရှင်းပြနေ သည်။ ‘‘ကျွန်တော်တို့ ဂျင်းတုံးကြီး ကုမ္ပဏီက အခုလို လူကြီးမင်းတို့ ကို ဖိတ်ကြားရတာဟာ ကုမ္ပဏီ ရဲ့ နောက်လုပ်မယ့်အစီအစဉ်တွေ နဲ့ လူကြီးမင်းတို့ အကျိုးအမြတ် ရနိုင်မယ့် အကြောင်းအရာတွေ ကို ပြောပြချင်လို့ပါ’’
  • Mon 04 Dec 2017 - 19:52
    (၁) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပေါ် ဝေဖန်သုံးသပ်မှုတွေ အမျိုးမျိုးကြားရပါတယ်။ တချို့အကောင်းဘက်က ရှုမြင်တာတွေ့ရသလို အချို့လည်း တရုတ်အစိုးရအနေနဲ့ နိုင်ငံတော် အတိုင်
  • Sun 03 Dec 2017 - 23:53
    တစ်နှစ်ကျော်အတွင်း ကျပ်သိန်းပေါင်းသောင်းနှင့်ချီ၍ ရှာ ဖွေနိုင်သူ မြန်မာနိုင်ငံတွင်ပေါ်နေပါပြီ။ ‘‘မနှစ်က ရှစ်လပိုင်းအထိ ငွေခြောက်သောင်း လောက်ကို နီးစပ်ရာလိုက်လံ အသည်းအသန်ချေး ခဲ့ရသူလေး။ တစ်နှစ်နဲ့သုံးလအကြာ အခုအချိန်မှာတော့ သိန်းပေါင်း ရှစ်သောင်းလောက် ပိုင်ဆိုင်ချမ်းသာသူကြီးဖြစ်ခဲ့လေပြီ’’
  • Sun 03 Dec 2017 - 20:53
    နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နဲ့ ငဖဲမြို့နယ်အစပ်မှာ ရှိ တဲ့ဟန်ထက်ကျောက်မီးသွေးမြေ အောက်သတ္တုတွင်းမှာ ပြိုကျမှု ဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံသား တစ်ဦး၊ တရုတ်စကားပြန်တစ်ဦး နဲ့ မြန်မာလုပ်သားခြောက်ဦး စုစု ပေါင်းရှစ်ဦး မတော်တဆဖြစ်စဉ် နဲ့ သေဆုံးခဲ့ကြတာကို သတင်းစာ တွေမှာ
  • Sun 03 Dec 2017 - 20:21
    နိုင်ငံတော် သမ္မတက အမည်စာရင်း ပေးပို့ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်မှုမရှိဘဲ သဘောတူကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက်ယခင် သမ္မတဦးသိန်းစိန် လက်ထက်က ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးအောင်ကြည်ဥက္ကဋ္ဌ အဖြစ်  တာဝန်ယူမယ့် အဖွဲ့ဝင် ၁၂ ဦးပါတဲ့ ကော်မရှင်သစ်ဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တာဝန်ကို ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။
  • Sat 02 Dec 2017 - 20:47
    (တစ်) ကဗျာဆရာ တက္ကသိုလ်မင်းမော် ရေးတဲ့ကဗျာကလေးတစ်ပုဒ်ကို တောင်မှ သတိရချင်စရာကောင်း နေပါလေသေးရဲ့။ ‘ပုရစ်လောက ကျွဲလောက’ ဆိုတဲ့ကဗျာ။ ကဗျာ က ရှင်းရှင်းကလေးပါ။ ပုရစ်တွေ က အကောင်သေးသေးကလေး တွေတဲ့။ ဒါပေမဲ့ အသံကတော့ တော်တော်ကျယ်ကြတယ်တဲ့။ အဲ...ကျွဲဆိုတဲ့ သတ္တဝါကကျတော့ အကောင်အကြီးကြီးတဲ့။ ဒါပေမဲ့ အသံက တိုးတိုးကလေးတဲ့။ ရယ် ရွှင်ဖွယ်ရာပေပ။
  • Sat 02 Dec 2017 - 20:46
    (၁)  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီဇင်ဘာ ၁ ရက် မနက်ခင်း ပိုင်းမှာပဲ တရုတ်ပြည်ခရီးစဉ်ကို စတင်ခဲ့ပါပြီ။ ဒီခရီးစဉ်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအ စိုးရတာဝန်များ ရယူပြီး နောက် ပိုင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စ တာစီကျင်းပင်နဲ့ တွေ့ဆုံဖို့ရှိသလို ဘေဂျင်းမြို့မှာ ကျင်းပမယ့် တ ရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံ ရေးပါတီများရဲ့ ခေါင်းဆောင်များ အစည်းအဝေးမှာ တရုတ်အစိုးရ ရဲ့ အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ထူး ခြားလေးနက်မှုတွေ ပြည့်နှက်နေ သလို မြန်မာနိုင်ငံရဲ့ ရှေ့ဆက် ကျင့်သုံးရမယ့် နိုင်ငံခြားရေးမူဝါဒ နဲ့ ပတ်သက်ပြီး တွေးတောစရာ၊ ရှုမြင် သုံးသပ်ကြည့်စရာတွေ လည်း များလှပါတယ်။
  • Fri 01 Dec 2017 - 20:42
    ‘‘ဒီမှာကြည့် ဖောင်ခေါက် မယ်ဆိုရင် စာမျက်နှာနံပါတ်တွေ ကို မမှားအောင် ဂရုတစိုက်နဲ့ အရင်စစ်၊ ပြီးရင် စခေါက်ရမယ့် စာဖောင်ရဲ့ အငယ်ဆုံးစာမျက်နှာ ကို အပေါ်ဆုံးအမြင်မှာထား၊ အခုအစ်မတို့ခေါက်တဲ့ ရုပ်ပြစာအုပ် က ရှစ်မျက်နှာတစ်ဖောင်ဆိုတော့ နံပါတ်တစ်စာမျက်နှာကနေ နံပါတ် ရှစ်စာမျက်နှာအထိကို ခေါက်လိုက်ရင် ဖောင်နံပါတ် (၁) ပြီးပြီ။ နောက်စာမျက်နှာကိုးကနေ စာမျက်နှာဆယ့်ခြောက်အထိက ဖောင်နံပါတ် (၂)၊ ရှစ်မျက်နှာခြား စီပေါ့ဟာ။ အဲဒီရှစ်မျက်နှာခြားစီ ကို ဖောင် (၁)၊ (၂)၊ (၃)ဆိုပြီး ဖောင်မခေါက်ခင် စာမျက်နှာအ စဉ်လိုက် သေသေချာချာကြည့်ပြီး တစ်ပုံချင်းစီပုံရမယ်။ ပြီးတော့ တစ်ဖောင်ချင်းကို မမှားအောင် စာမျက်နှာတွေကို စစ်ပြီးခေါက်ပေ တော့’’
  • Fri 01 Dec 2017 - 20:32
    (၁) မွေးမြူရေးဆိုင်ရာဆေးတက္က သိုလ် ဒုတိယနှစ်ကျောင်းသားဘဝ က တိရစ္ဆာန်တွေရဲ့ ခန္ဓာဗေဒဘာ သာရပ်ကို လေ့လာခဲ့ရပါတယ်။ အဲဒီတုန်းက ခန္ဓာဗေဒဌာနရဲ့ ပါမောက္ခ/ဌာနမှူး ဆရာဒေါက် တာဦးအေးချိုက တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအ ကြောင်းကို သင်တဲ့အခါတိုင်း တပည့်တွေ မှတ်မိလွယ်နေ အောင် ခန္ဓာကိုယ်အစိတ်အပိုင်း တွေရဲ့နာမည်တွေ ဘယ်လိုဖြစ် ပေါ်လာသလဲဆိုတဲ့ နောက်ခံ ဒဏ္ဍာရီပုံပြင်တွေကိုပါ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။ ဆရာ ပြောပြခဲ့တဲ့ထဲမှာ အခုချိန်ထိ မှတ် မိနေသေးတာကတော့ အာခီးလိ အရွတ်အကြောင်းပဲဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ ဖနောင့်မှာရှိတဲ့ အရွတ်တစ်ခုကို အာခီးလိအရွတ် လို့ ခေါ်တာပါ။ နောက်ဆုံးနှစ် တိရစ္ဆာန်ခွဲစိတ်ကုဘာသာရပ်မှာ တိရစ္ဆာန်တွေ၊ အထူးသဖြင့် မြင်းတွေမှာ ဖြစ်ပွားတဲ့ ခြေထောက်နာ တဲ့ အခြေအနေတွေကို (Lame-ness) ဆိုတဲ့ ခေါင်းစဉ်တစ်ခုအနေ နဲ့ အသေးစိတ် သင်ကြားပေးသူ ကတော့ ခွဲစိတ်ကုနှင့် မျိုးပွားပညာဌာန ပါမောက္ခ/ဌာနမှူး ဆရာဒေါက်တာ ဦးသန်းကျော်ဖြစ်ပါ တယ်။ အဲဒီအခါမှာလည်း အာခီး လိအကြောင်းက ပြန်ကြားရပြန် တာပါပဲ။
  • Fri 01 Dec 2017 - 18:57
    လာနီညာဆောင်းနဲ့ အာရှတိုက်ရဲ့ အခြေအနေ အပူလွန်လို့ အအေးပိုရတယ်ဆိုရင် နည်းနည်းများထူး ဆန်းနေမလားပဲ။ ဒါပေမဲ့ ဒီကနေ့မှာတော့ ဒီစကားဟာ မှန်နေတယ်ဆိုတာ ရာသီဥတု ဖြစ်စဉ်တွေက သက်သေပြလို့ နေကြပြီဖြစ်ပါတယ်။
  • Thu 30 Nov 2017 - 21:03
    ကုဋေပေါင်းများစွာချီသောလူတွေ အမြင့်ပျံသန်းနေကြပြီး ဂလိုဘယ်လိုက်ဇေးရှင်းကလည်း ခပ်သွက်သွက်ဆောင်ကြဉ်းပေးလာနေ၏။ ကမ္ဘာတစ်လွှား နိုင်ငံများစွာ၏ စီးပွားရေးတို့ကတော့ ပြောင်းလဲမှုတွေအတွက် ခက်ခဲနေပြန်ပါသေးသည်။ ဒီမိုကရေစီသည် စိန်ခေါ်မှုများဖြင့် ယှဉ်တွဲရပ်တည်ရန် အင်အား လုံလုံလောက်လောက်ရှိပါရဲ့လား... ။ အမေးတစ်ရပ်ထွက်ပေါ်လာသည်။ ဒီမိုကရေစီဖြစ်စဉ်အတွင်း ဘယ်လိုကံကြမ္မာတွေပဲရှိနေပါ စေ။ ချီလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အီရန်၊ ကင်ညာ၊ နယ်သာလန်၊ ရဝမ်ဒါ၊ တောင်ကို ရီးယား၊ ထိုင်း... စသည်တို့တွင် ယခုနှစ်အတွင်း မဲဆန္ဒရှင်ပြည်သူ များ ဆန္ဒမဲပေးခဲ့ကြ၏။ ဒီမိုကရေ စီသည် ၂၀၁၆ ထက်ပို၍ မျှတ ပြေပြစ်စေမည်ဟု မျှော်လင့်ကြ ရပါသည်။ ကြာမြင့်လှပြီဖြစ်သော အုပ်ချုပ်ရေးစနစ် အနှစ်သာရ တစ်ရပ် (ရွေးကောက်ပွဲ) သည် အစမ်းသပ်ခံနေရဆဲဖြစ်၏။ ကမ္ဘာကျော် NGO တစ်ခုဖြစ်သည့် ဖရီးဒမ်းဟောက်စ်ကို ကိုးကားရပါက ကမ္ဘာတစ်လွှား ‘လွတ်လပ်ခြင်း’ ရေချိန်ဆက်တိုက်ကျဆင်းလာ နေခဲ့သည်မှာလည်း ၁၁ နှစ်ပင်ရှိနေပြီ။
  • Thu 30 Nov 2017 - 19:57
    ဆရာချစ်ဦးညို၊ ဆရာမဂျူးတို့နှင့်အတူ အမေရိကသို့ နှစ်လ (၆၁ရက်)တိတိ စာပေဟောပြော ပွဲသွားခဲ့ရသည်။ ရောက်လေရာ အရပ် ဟောပြောပွဲအတော်များ များတွင် အမေရိကန်ရောက် မြန် မာများအား ဆရာချစ်ဦးညိုက ဟာသနှောကာ ပြောခဲ့ဟောခဲ့ သည်။ ထိုအထဲတွင် စာရေးသူ နားထဲ စွဲမှတ်မိနေသည်က ‘ဘယ်သူခွဲစေ မကွဲပေတို့တွေ စည်းလုံးသည်၊ တို့ဘာသာခွဲ တို့ ချင်းကွဲ ကိုယ်ကျိုးနည်းတော့ သည်’ဟူ၏။ (၆၆ (ဃ) စသော ပုဒ်ထီး၊ ပုဒ်မများကို လန့်ရသဖြင့်  စကားလုံးအချို့ကို ပြောင်းရေး ထားပါ၏။) စာရေးသူကတောင်မှ ‘ချစ် သံပေါက်’လို့ လုပ်ပါလား ဆရာဟုပင် ရယ်၍ ကျီစယ်ခဲ့မိ သေးသည်။
  • Wed 29 Nov 2017 - 21:12
    ထိလွယ်ရှလွယ်ရှိသည့် မြန်မာနှင့် ဇင်ဘာဘွေကဲ့သို့  နိုင်ငံများနှင့် ပတ်သက်၍ အမေရိကန်က ကျင့်သုံးလေ့ရှိသည့် ကြားဝင်စွက်ဖက် သော မူဝါဒမျိုးကို တရုတ်က အစဉ်အလာအားဖြင့် ရှောင်ရှားလေ့ရှိသည်။ သို့သော် ယင်းနိုင်ငံများတွင် စီးပွားရေးအရ ပါဝင်ချုပ်ကိုင်မှုကို ပိုမိုနက်ရှိုင်းစေခြင်းက တရုတ် အစိုးရကို ကမ္ဘာ့အရေးတွင် ပိုမို တွင်ကျယ်သည့် အခန်းကဏ္ဍမျိုး သို့ တွန်းပို့နေကြောင်း လေ့လာသူ များက သုံးသပ်သည်။ တရုတ် နိုင်ငံခြားရေး မူဝါဒသည် အခြားနိုင်ငံများ၏ ပြည်တွင်း ရေးကို ပါဝင်စွက်ဖက်ခြင်း မပြုရဆိုသော အခြေခံကို မဏ္ဍိုင်ပြုထား သည်။ ယင်းသဘောထားကို လက်ရှိ အခြေအနေထက် များစွာ အားနည်းနေသေးသည့် နိုင်ငံတစ်ခုအဆင့်တွင် ၁၉၅၄ က စတင် ကျင့်သုံးလာခဲ့သည်။ တရုတ်သည် အဆိုပါပြဋ္ဌာန်း ချက်ကို မူအားဖြင့် ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်သော်လည်း နိုင်ငံ၏အခြေအနေမှာ ကမ္ဘာ့အလယ်တွင် အလွန်ကွဲပြားသည့် အနေအထားမျိုးသို့ ရောက်ရှိလာသည်။ လက်ရှိ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားအတောင့် တင်းဆုံး စစ်တပ်ကို ပိုင်ဆိုင်ထား ပြီး စီးပွားရေးအင်အား ဒုတိယ အတောင့်တင်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

Pages

Subscribe to Opinion