Opinion

  • Tue 08 Jul 2014 - 17:27
    ဆီအုန်းလုပ်ငန်းများ ချဲ့ထွင်နေသည့် မြန်မာသည် အိမ်နီးချင်း နိုင်ငံများ၏ အတွေ့အကြုံမှ သင်ယူမည်ဆိုလျှင် မြန်မာနိုင်ငံ၏ ထူးခြားသည့် ဇီဝမျိုးကွဲစနစ်ကို ထိန်းသိမ်းနိုင်မည့် မျှော်လင့်ချက်များ ရှိကြောင်း နောက်ဆုံးပြုလုပ်ခဲ့သည့် သုတေသနနှင့် ဆွေးနွေးပွဲများက ဖော်ပြသည်။ ဆီအုန်းသည် အရှေ့တောင် အာရှတစ်ခွင်တွင် သဘာဝပတ်ဝန်းကျင်နှင့်  လူမှုရေးအပေါ်၌ ရိုက်ခတ်မှုများစွာ ရှိခဲ့သည်။ သို့သော် မှန်မှန်ကန်ကန်သာ စီစဉ် လုပ်ကိုင်မည်ဆိုလျှင် ဆီအုန်း စိုက်ပျိုးရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးတို့ကို မြန်မာနိုင်ငံတွင်  တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်။
  • Tue 08 Jul 2014 - 00:55
    ရက်ပိုင်းတွေမှာ မနက်မိုးလင်းလို့ သတင်းစာကောက်လှန်လိုက်တာနဲ့ ဖတ်မိတဲ့ သတင်းတွေ ဟာ ကျုပ်တို့အဖို့ တစ်စက်က လေးမှ စိတ်ချမ်းသာစရာမရှိပါ လားဗျာ။ အများသိကြားတော်မူ တဲ့အတိုင်း ဟောဒီရွှေပြည်ကြီးမှာ အစိုးရသစ်တက်ခါမှ အသစ်အ ဆန်းတွေ ကြားရမြင်ရနဲ့ဟာ မရိုး နိုင်ဘူးမဟုတ်လား။ ပြောလက်စ နဲ့ပြောရဦးမယ်။ ဟိုတစ်လောက ဘူးလက်ဘွဲ့ခံ အမတ်ကြီးတစ်ဦး ဟာ တိုင်းတစ်ပါးရပ်ခြားက အဆိုတော် ဂျနီဖာလိုပက်ဇ်ရဲ့ ‘‘တင်’’ လေလံဈေးနဲ့ မနှိုင်းကောင်းမစည် ရာ ပြောသွားတာလည်း ကြား လိုက်ရပါရဲ့။
  • Mon 07 Jul 2014 - 22:51
    ဇွန်လ ၂၈ ရက် စနေနေ့။သုံး၊ လေးရက်စွေပြီးရွာနေသော မိုးကသည်မနက်မှာ သဘောကောင်းစွာ ကြည်လင်နေသည်။ သည်ကနေ့ ‘‘ကျောင်းသားဟောင်းများပညာရေးအထောက်အကူပြုအဖွဲ့၊  ဒေးဒရဲမြို့’’က ဆင်းရဲနွမ်းပါးသော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် အခြားကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းမည့် အခမ်းအနားရှိသည်။ ကျင်းပမည့်နေရာက ထိုအဖွဲ့၏ နာယက ဆရာတော် သီတင်းသုံးရာ မင်္ဂလာကံ ကျောင်းတိုက်ဝင်းအတွင်းက ‘‘သာဓုနယ’’တန်ဆောင်းတော်ကြီးအတွင်းမှာ။ ထိုအခမ်းအနားတွင် ကျွန်တော်စကားပြောဖို့ အစီအစဉ်တစ်ခုပါသဖြင့် အခမ်းအနားမစမီ တစ်နာရီလောက်ကြိုပြီး ရောက်သွားသည်။
  • Mon 07 Jul 2014 - 20:14
    ဈေးထဲက ဈေးဝယ်ပြီးပြန်ထွက်လာတဲ့ အသက်(၅၀)ကျော် ဇနီးမောင်နှံတို့ကို ဆိုင်ကယ်တစ်စီးက ပွတ်တိုက်သွားခဲ့ပါတယ်။ ဆိုင်ကယ်မောင်းသူက အသက် (၂၀) ဝန်းကျင် လူငယ်ကလေးတစ်ဦး။ ဆိုင်ကယ်ပွတ်တိုက်မှုကြောင့် အမျိုးသမီးကြီးက အလန့်တကြား ဟစ်အော်ပါတယ်။ ကြည့်မောင်းမှပေါ့ ဘာညာစသဖြင့်လည်း အော်လိုက်ပါတယ်။ အမျိုးသမီး ကြီးရဲ့ ခင်ပွန်းဖြစ်သူကတော့ ဘာမှဝင်မပြောပါ။ သို့သော် ဆိုင်ကယ်မောင်းသူ လူငယ်ကိုဒီ အတိုင်းကြည့်လို့သာနေပါတယ်။ ဆိုင်ကယ်မောင်းတဲ့လူငယ်က အမျိုးသမီးကြီးအော်သံကြောင့် ဆိုင်ကယ်ကိုချက်ချင်းရပ်လိုက်ပါ တယ်။ လူငယ်လေးက သူမှား သွားတာကြောင့် တောင်းပန်မယ် ထင်လို့ အဆိုပါဇနီးမောင်နှံစုံတွဲ နဲ့ရပ်လိုက်တဲ့ ဆိုင်ကယ်ပေါ်မှာ ခွလျက်သားရှိနေတဲ့လူငယ်လေး ကိုပါ ဘေးလူများက ဝိုင်းကြည့် နေပါတယ်။ ဒီအချိန်မှာ လူငယ် လေးရဲ့တုံ့ပြန်မှုက မယုံနိုင်စရာ ကောင်းလှပါတယ်။ သူ့ကိုစိုက် ကြည့်နေတဲ့ အမျိုးသမီးကြီးရဲ့ ခင်ပွန်းကို ဒီလိုလှမ်းပြောလိုက်ပါ တယ်။ ‘‘ဘိုးတော် ဘာကြည့်တာ လဲ နာချင်လို့လား’’တဲ့။ ပြီးတော့ ခပ်တည်တည်ပဲ သူ့ဆိုင်ကယ်ကို မောင်းထွက်သွားပါတော့တယ်။ တကယ်လို့များ အမျိုးသမီးကြီးရဲ့ ခင်ပွန်းက မခံချင်စိတ်နဲ့ တစ်ခုခု ပြောလိုက်ရင် ဆိုင်ကယ်ပေါ်က ဆင်းရိုက်သွားမယ့် သဘော တောင်ရှိပါတယ်။
  • Mon 07 Jul 2014 - 00:31
    ၇၂နှစ်ဖြတ်သန်းခဲ့ရတဲ့ ဘ၀အထွေထွေ၊ အတွေ့အကြုံ အမျိုးမျိုးမှာ လွန်ခဲ့တဲ့ နှစ် (၅၀)ကျော် တက္ကသိုလ်ကျောင်းသားဘ၀က ဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ၇ ဇူလိုင်  အရေးအခင်းကတော့ ကနေ့အထိ မေ့လို့မရပါဘူး။ အကျိုးတရားတစ်ခုဖြစ်ဖို့ အကြောင်းတရားရှိရမယ်ဆိုတဲ့ သီအိုရီအရချိတ်ဆက်စဉ်းစားတဲ့ အခါ ရိုးရှင်းတဲ့ အဖြေတစ်ခုရရှိ ပါတယ်။ အဆောင်နေကျောင်း သားတွေလိုက်နာဖို့  ခက်ခဲတဲ့ စည်းကမ်းတွေကို တော်လှန်ရေး ကောင်စီအစိုးရတက်ပြီး သုံးလအကြာမှာ ပြဋ္ဌာန်းတာဟာ ပြဿနာရဲ့ အကြောင်းတရားပါပဲ။ တက္ကသိုလ်ရောက်တဲ့ ကျောင်းသားဟာ သူ့အသက်အရွယ်၊ သူ့ ပညာနဲ့ လောကရဲ့  အကောင်းအဆိုးကို ဆင်ခြင်တုံတရားနဲ့ လေ့လာသင်ယူနေကြတဲ့ သူတွေပါ။ ထုတ်လိုက်တဲ့ စည်းကမ်းက ည ၈ နာရီအဆောင်တံခါးသော့ခတ်၊ ကိုယ့်အခန်းမှာ ကိုယ်နေ၊ စာကြည့်၊ တစ်ခန်းနဲ့ တစ်ခန်းတောင် မကူးနဲ့ဆိုတော့ အဆောင်တွင်း အကျယ်ချုပ်ချခံရသလိုဖြစ်နေပါတယ်။ သည်းမခံနိုင်တဲ့ကျောင်းသားတွေက ဇူလိုင် ၆ ရက်ညမှာ အဆောင်တံခါးတွေရိုက်ချိုး၊ အဓိပတိလမ်းမပေါ် အားလုံးစုရုံးကြပြီး ကျောင်းအဆောင်ရေးရာမှူး ဦးယုပင်အိမ်ကို ၀ိုင်း၊ တင်းကျပ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေဖျက်ပေးဖို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ.က.သ) ခေါင်းဆောင်တွေနဲ့ ပူးပေါင်း တောင်းဆိုကြပါတယ်။
  • Mon 07 Jul 2014 - 00:29
    ရွှေသီးရေ . . . ငါခုတစ်လောသိုင်းစာအုပ်တွေပြန်ရှာပြီးဖတ်နေတယ်ဟေ့။ တို့ကာလသားအရွယ်တုန်းကတော့ သိုင်းစာအုပ်ဆို အငမ်းမရပေါ့။ တီလုံးနဲ့  ဒေးဗစ်ချန်းတို့၊ ဘရုစလီတို့ကြည့်ပြီး ဟိုဟာလက်သီးနဲ့ထိုး၊ ဒီဟာကန်လုပ်ရ၊ ဒိုက်တွေထိုး၊ အလေးတွေ မပြီးတော့ သိုင်းစာအုပ်ဖတ်ပြီး ရူးခဲ့ကြတာပေါ့။ သြော် . . . ဘာဖြစ်လို့သိုင်းစာအုပ်တွေပြန်ရှာဖတ်တာလဲဆိုရင် ဒီလိုကွာ။ လူတစ်ယောက်ဟာ ကိုယ်ခံပညာဘယ်လောက်တတ်တတ် သူကျွမ်းကျင်ရာပညာနဲ့တော့ ခုခံနိုင်ပေမပေါ့။ ဓားလား၊လှံလား၊ နံချပ်ကူလား၊ တုတ်လား။ အဲ  . . . ဒါပေမဲ့ လက်နက်ပေါင်းစုံနဲ့ ဘက်ပေါင်းစုံကဝင်လာပြီဆိုရင်တော့သိပ်မလွယ်လှဘူးမောင်ရေ။ ဓားတွေရော၊ တုတ်တွေရောအပြင်အခန့်မသင့်ရင် လောက်စာလုံးတွေ၊ ကုံးသီးတွေ၊ဂျင်ကလိတွေပါ ပါလာရင်တော့ ဘယ်သိုင်းနဲ့ ဘယ်လိုရှောင်ရပါ့။ အဲဒါမျိုးရှောင်နိုင်ရှားနိုင်တာက  တရုတ် သိုင်းဝတ္ထုထဲမှာပဲရှိတယ်မဟုတ်လား။
  • Mon 07 Jul 2014 - 00:10
    အခုတစ်လော သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးဟောင်း ဦးဆန်းဆင့်သတင်းတွေ ဖတ်ရတယ်။ နေပြည်တော်မှာ အမှုလာရင်ဆိုင်တယ်ဆိုပါတယ်။ စာနယ်ဇင်းတွေကိုလည်း သူငွေရေးကြေးရေးကိစ္စ ရှင်းကြောင်း၊ မတရားခံရတာသာ ဖြစ်ကြောင်း၊ သူ့ဘက်ကရပ်တည် ပေးကြဖို့ ရတဲ့အချိန်ကလေးမှာ တင်ပြသွားပါတယ်။ ဝန်ကြီးဟောင်းရဲ့ ကိုယ်ရေးအရာရှိ ဇနီးရဲ့ ငိုရှိုက်သံကိုလည်း ဘီဘီစီကတစ်ဆင့် ကြားခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုစိတ် မကောင်းစရာအဖြစ်တွေ ဘယ် တော့များမှ လျော့ပါးရပ်စဲပါ့မလဲ။ ကျွန်တော်အများကြီးတွေးမိတယ်။
  • Sun 06 Jul 2014 - 20:14
    ထိုင်းနိုင်ငံ၌ စစ်အာဏာသိမ်းထားသောထိုင်း စစ်တပ်၏ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ (NCPO)ကသတင်းမီဒီယာများကို ထိန်းချုပ်ရန် ဇွန်လ ၂၅ ရက်တွင် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ပါသည်။ ဖွဲ့စည်းရသည့်အကြာင်းရင်းမှာ ထိုင်းမီဒီယာများအနေဖြင့် သတင်းအမှား များ ထုတ်လွှင့်ပြီး ဘုရင်နှင့် တိုင်း ပြည်ကို မငြိမ်မသက်ဖြစ်အောင် လုပ်ခြင်းမှ ကာကွယ်ရန်ဟု ဆိုသည်။
  • Sun 06 Jul 2014 - 00:49
    (တစ်) စုံနံ့သာမြိုင်က အိုးပင်းဆစ်စတန် (Open System)ဖြစ်သွားပြီ ဆရာကြီးဂျက်ရဲ့ဆိုလား။ တောရဲ့ဦးသျှောင် မြေခွေးမောင်ကြီး။ ဟိုးအစကများဆို တိရစ္ဆာန်စကားကိုတောင်မှ အထစ်ထစ် အငေါ့ငေါ့နဲ့ရယ်။ ခုများဖြင့် စုံနံ့သာမြိုင်ကို ခေါင်းဆောင်လုပ်ခွင့်ကလေးရလာပြီးတဲ့နောက်ပိုင်း ဟိုပွဲကလေးတက်၊ သည်ပွဲကလေးတက် ဟိုသစ်ပင်အောက်မှာ မိန့်ခွန်းပြော၊ သည်တောင်ကတုံးပေါ်မှာ အမှာစကားမြွက်ခြွေနဲ့ လုပ်လာရတာ အတန်ငယ်လင့် လာခဲ့လို့ပေထင့်၊ အင်္ဂလိပ်လိုကလေး ဘာလေးညှပ်ညှပ်ပြီး ပြောဆိုသမှုပြုတဲ့အပိုင်းမှာ အတော်ကလေး အဆင်ချောလာခဲ့လေသဗျ။ ကြည့်လေ ..  အိုးပင်းဆစ်စတန်တဲ့။ ပွင့်သွားတဲ့စနစ်၊ ဖွင့်ထားတဲ့ စနစ်ကြီးလို့ပဲဆိုပါတော့။
  • Sat 05 Jul 2014 - 19:47
    အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု၊ နားလည်ဖေးမမှု၊ စာနာမှုတွေရှိ သော မြန်မာနိုင်ငံ၏တတိယမြို့ တော်မန္တလေးမြို့သည် ဇူလိုင် ၁ ရက်၊ ၂ ရက်နေ့များတွင်ဖြစ်ပွားခဲ့ သည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကြောင့် ဖရိုဖရဲဖြစ်ခဲ့ ရလေသည်။
  • Fri 04 Jul 2014 - 23:48
    First past the post, winner takes all, plurality system, simple majority system စသဖြင့် အင်္ဂလိပ်လိုအမျိုးမျိုးခေါ် ပြီး မြန်မာလို ‘‘မဲများသူနိုင်စတမ်း စနစ်’’လို့ ပြန်ဆိုနိုင်တဲ့ ရွေးချယ် တင်မြှောက်ပုံစနစ်ကို proport-ional representation, PR လို့ ခေါ်တဲ့ ‘‘အချိုးကျကိုယ်စားပြု စနစ်’’ပြောင်းလဲရေးနဲ့ပတ်သက် လို့ လွှတ်တော်အတွင်းနဲ့အပြင် နိုင်ငံရေးသမားတွေအကြား အ ကြိတ်အနယ်ဆွေးနွေးနေကြ တယ်။ PR စနစ်ကို အခိုင်အမာ ထောက်ခံတင်ပြသူတွေရှိသလို အပြင်းအထန်ဝေဖန်ဆန့်ကျင်နေ သူတွေလည်းရှိတယ်။
  • Fri 04 Jul 2014 - 22:51
    လူ့အဖွဲ့အစည်းအတွင်းမှာ မညီမျှမှုဆိုတာ အမြဲတစေဆိုသလို တွေ့နေရပါတယ်။ လူ့သမိုင်း စတင်ခဲ့တဲ့ ကာလများကစလို့ မညီမျှမှုဆိုတာ လူ့အသိုင်းအဝိုင်းမှာ တည်ရှိခဲ့တာပါ။ မညီမျှမှုတွေ ရှိနေတာဟာ သဘာဝလို့ဆိုနိုင်ပါ တယ်။ ဒါပေမဲ့ မညီမျှမှုတွေဟာ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အဆင့် ဒီဂရီအထိ  တည်ရှိလာနေရင် တော့ လူ့အဖွဲ့အစည်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြီးစွာ သော အနှောင့်အယှက်ဖြစ်လာ ပြန်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်များအဆိုအရ မညီမျှမှု များဟာ ဆင်းရဲနွမ်းပါးမှုကို ဖန် တီးပါတယ်။ လူတွေဟာ ဆင်းရဲ နွမ်းပါးမှုနဲ့  ရင်ဆိုင်ရပါတယ်။ တစ်ခါ အဲသလို ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် နောက် ထပ်အမျိုးမျိုးသော မညီမျှမှုများ ကို ဆက်လက်ဖြစ်ပေါ်သက်ဆိုး ရှည်စေပြန်ပါတယ်။
  • Fri 04 Jul 2014 - 22:35
    ၂၀၁၃ခုနှစ်ဝန်းကျင်က ကမ္ဘာသိ ခရီးသွားလာရေး မဂ္ဂဇင်းတစ်ခုတွင် မန္တလေးမြို့သည် ကမ္ဘာပေါ် ရှိ အခြားမြို့ကြီး ၂၀ ကျော်နှင့်အ တူ ကောင်းသတင်းကျော်စောခဲ့ ကြောင်း ဖတ်လိုက်ရသည်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၏ အသိအမှတ်ပြုချက်အရ အဖော်ရွေဆုံးမြို့ ၂၀ တွင် မန္တလေးက နံပါတ်ရှစ်နေရာကို ချိတ်နိုင်ခဲ့သည်။ အခြားကမ္ဘာ့မြို့ကြီးများလို မန္တလေးမြို့သည် ထိပ်တန်းမြို့ကြီးမဟုတ်။ မိုးမျှော်ကားလမ်းများ မရှိ။ ဇိမ်ခံအပန်းဖြေစခန်းများ မရှိ။ ဖုန်ထူသည်။ ပူအိုက်သည်။ ခြင် ကိုက်သည်။ သို့သော် မြို့ခံတို့၏ ယဉ်ကျေးမှုနှင့် ဖော်ရွေမှုတွင် ကမ္ဘာ့မြို့ကြီးများနှင့် မလျော့ တမ်းယှဉ်နိုင်သော မန္တလေးမြို့ဖြစ်ကြောင်း ပြသခဲ့သည်။
  • Thu 03 Jul 2014 - 23:59
    ရွာထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ယခင်တုန်းကနှင့်မတူကြောင်း ကျွန်တော်အလိုလိုသိလိုက်သည်။ ယခင်ကဆိုလျှင် ရွာလမ်းမမှာ ကလေးတွေ တရုန်းရုန်းနှင့် ၀ိုင်းဖွဲ့ (သို့မဟုတ်)ပြေးလွှားပြီး ဆော့ကစားနေသည်ကို မြင်ရမြဲဖြစ်သည်။ အခုတော့ ကလေးတွေသိပ်မရှိ။ လူငယ်များလည်းမတွေ့ရ။ ပျင်းရိလေးကန်စွာသွားနေသည့်ခေ
  • Thu 03 Jul 2014 - 23:04
    အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည်  ဟူသော သတင်းကို အခြေခံကာ မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ဇူလိုင် ၁ ရက်နှင့် ၂ ရက်ညများတွင် ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက်ညနေတွင် မန္တလေးခရိုင် ထွေ/အုပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကြေညာလိုက်သည်။
  • Thu 03 Jul 2014 - 21:51
    (က) မကြာမီက မြစ်ဝကျွန်းပေါ်ရှိ မြို့နယ်တစ်ခုသို့ ခရီးထွက်ခဲ့ရာ မိတ်ဆွေတစ်ဦး၏အိမ်၌ အလှူခံ ဖြတ်ပိုင်းလေးတစ်ခုကို တွေ့သဖြင့် စိတ်ဝင်တစားကောက်ကိုင် ကြည့်မိလိုက်ပါသည်။ အမဲလိုင် စင်ဆွဲရန် ထိုမြို့ရှိ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ပြည်သူများထံ အလှူခံထားသော ဖြတ်ပိုင်းလေး ဖြစ်နေပါသည်။ ငွေအင်အား တောင့်တင်းသော ဒကာ၊ ဒကာမတွေထည့်ဝင်ကြ၍ တစ်လခွဲခန့်နှင့်ပင် သတ်မှတ်လိုင်စင်ကြေးငွေ သိန်း ၃၀၀ကို အလှူခံရရှိခဲ့ကြောင်း မိတ်ဆွေက ပြောပြပါသည်။
  • Thu 03 Jul 2014 - 19:54
    မြန်မာ့နိုင်ငံရေးပြဿနာတွေထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့ ဇာတ်ညွှန်း၊ ဇာတ်ကွက်တစ်ခုက ရခိုင်အရေးကိစ္စပဲဖြစ်ပါတယ်။ ဒီပြဿနာဟာ ခေတ် အဆက်ဆက်ကရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အုတ်အော်သောင်းတင်းပေါက်ကွဲထွက်လာပါတော့တယ်။  အဲဒီအပေါ်မှာ ပြည်တွင်း၊ ပြည်ပမီဒီယာအသီးသီးက အမျိုးမျိုးသုံးသပ်ဝေဖန်ရေးသားခဲ့ကြပါတယ်။ ရေးသားဆဲလည်းဖြစ်ပါတယ်။ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးကလည်း ရခိုင်ပြည်နယ်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှုအကူအညီစသဖြင့် အထောက်အပံ့ အမျိုးမျိုးပေးခဲ့ကြပါတယ်။   ပေးနေဆဲလည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုပြီး လုပ်လိုက်ကြတဲ့ Interfaith ဆိုတာတွေလည်း   နိုင်ငံအဝန်း ရာနဲ့ချီရှိ လောက်ပြီ။  နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ထင်ရှားသိသာတဲ့ အပြန်အလှန်နားလည်မှုမျိုးမတွေ့မိသေးပါဘူး။ ဒီအတိုင်းဆို တွေ့ကောတွေ့ဦးမှာလား။ အခုဆိုရင် ရခိုင်မှာ ဝန်ကြီးချုပ်တောင် တစ်ဆက်ပြောင်းပြီ။ ဒီပြဿနာဖြေရှင်းဖို့အတွက် အလွယ်ဆုံးက မစကြသရွေ့ ပြဿနာတွေပတ်ချာလည်နေဦးမှာပါ။
  • Thu 03 Jul 2014 - 10:41
    မြန်မာ့ပညာရေးကို ကမ္ဘာ့အဆင့်မီအောင် ပြုပြင်နေတဲ့အချိန်မှာ ပြင်စရာများတဲ့ မြန်မာ့ပညာရေးရဲ့ အားနည်းချက်တွေကို ထောက်ပြချင်ပါတယ်။ ဘယ်လိုပဲပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်ပြောပြော မပြင်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ အဲဒီထဲမှာမှ အဆင့်မြင့်ပညာမှာ ပညာသင်ကြားပေးနေတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ ပါရဂူဘွဲ့ ဆက်လက်သင်ယူမှုနဲ့ ပတ်သက်ပြီး တက္ကသိုလ်တစ်ခုက ကထိကတစ်ယောက်ရဲ့ ရင်ဖွင့်သံကို ခံစားပြောပြချင်ပါတယ်။
  • Thu 03 Jul 2014 - 10:36
    (တစ်) ခေတ်အဆက်ဆက် လူထုကို မျက်ကွယ်ပြုကာ အုပ်စိုးသူ အစိုးရမင်းများ၏ဘက်ကနေ အမြဲတမ်းပင်းပြီး ရပ်ခံလျက် စကားပြောတတ်ကြသူတို့ ဆိုလေ့ဆိုထရှိသော စကားတစ်ခွန်းရှိပါသည်။ ‘‘ဟေ့.. မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာမရှိဘူးကွ’’ဟူသော စကားပဲဖြစ်ပါသည်။ ခင်ဗျားတို့ ထင်သလောက်မဆိုးပါဘူးဟူသော အနက်အဓိပ္ပာယ်။
  • Thu 03 Jul 2014 - 10:34
    အခန်း (၄၀) စစ်တပ်ဋီကာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက် ထိုနေ့က ဖူးခက်မှာ နံနက်စောစောကတည်းကပင် မိုးသည်းထန်စွာ ရွာသည်။ ဟိုတယ်မန်နေဂျာ ကျော်ကျော်ခိုင် (ခေါ်) ဂျိုးနှင့် ကိုသက်ခိုင်ပါ ကျွန်တော့်အိမ်သို့ ရောက်နေကြ၏။ ဂျိုးကား ကိုသက်ခိုင်၏ တောင်းဆိုချက်အရ သီးစုံပဲကုလားဟင်းချက်ရန် ရေခဲသေတ္တာတွင်းမှ အသီးအရွက်မျိုးစုံကိုထုတ်ကာ မီးဖိုချောင်မှာ အလုပ်ရှုပ်နေ၏။ ဂျိုးထက် အရင်ရောက်နှင့်နေသော ကိုသက်ခိုင်၏ လက်စွမ်းပြလက်ရာ ကြက်သားနှင့် ချဉ်စော်ခါးသီးဟင်းလျာကား ထမင်းစားပွဲပေါ်တွင် ကြိုတင်ရောက်ရှိကာ ပဲကုလားဟင်းကို စောင့်မျှော်လျက်ရှိ၏။

Pages

Subscribe to Opinion