Opinion

  • Wed 03 Dec 2014 - 22:25
    (တစ်) ‘‘စစ်ခွေးငဒင်အလိုမရှိ’’ ‘‘စစ်ခွေး  နောက်လိုက်ကို ဆန့်ကျင်ကြ’’ ‘‘ဖက်ဆစ်တပ်မတော်ကျ ဆုံးပါစေ’’  ခြံဝဆီမှ ဆူဆူညံညံအသံ များက ကျွန်ုပ်၏လှပသော နံနက် ခင်းကို ဖျက်ဆီးလိုက်ချေပြီ။ နိုးနေပြီဖြစ်သော်ငြား အိပ်ရာထဲတွင် ဆက်၍လဲလျောင်းနေရင်း ခြံနောက်တောအုပ်ဆီမှ ငှက်ငယ် တို့၏ ချစ်ခင်နှစ်သက်ဖွယ်၊ ကျီကျီအာအာအော်မြည်သံတို့ကို နားစွင့်မိန်းမောယစ်မူးနေမိသည့် နိဗ္ဗာန်ဘုံသည် ရုတ်ခြည်းပင် အကျည်းတန်သွားရချေ၏။ ထို့ကြောင့် ကျွန်ုပ်သည် လျောင်းစက်ရာ ခုတင်ထက်ဆီမှာ အလန့်တကြား၊ ကပျာကယာထ၍ နေအိမ်အပေါ်ထပ်  ပြတင်းမှန်တံခါးကြားမှ ခြံတံခါးဝဆီသို့ အသာချောင်းကြည့်လိုက်ရာ ဆိုင်းဘုတ်မျိုးစုံကိုင်ရင်းကြွေးကြော်သံတို့ကို တစ်ခဲနက်အော်ဟစ်နေသော မည်းမည်းလှုပ်နေသည့် လူအုပ်ကြီးကို အံ့ဩဖွယ်မြင်တွေ့ရလေသည်။ ဆိုင်းဘုတ်ပါစာသားများနှင့် ၎င်းတို့၏ နှုတ်ထွက်ကြွေးကြော်သံ  တို့အရ ကျွန်ုပ်အားဦးတည်ရည် ညွှန်းကာ ဆန္ဒပြနေကြခြင်းဖြစ် ကြောင်း သိသာထင်ရှားလှ၏။ နားဝေတိမ်တောင်နိုင်လှသော ဖြစ် ရပ်ကြောင့် ဖြစ်ရပ်မှန်ကို စူးစမ်း ရန်အလို့ငှာ အောက်ထပ်သို့ ဆင်း မည်ဟူသောအကြံဖြင့် နောက်သို့အလှည့်တွင် ညှိုးငယ်သော မျက်နှာကိုယ်စီဖြင့် ကြောက်ဒူး တုန်နေသည့် အာဂတပည့်ကျော် သုံးဦးကုပ်ချောင်းချောင်းပုံစံဖြင့်တွေ့မြင်လိုက်ရ၏။ အောက်ထပ် တွင်အိပ်စက်သော  သင်းတို့ အဘယ်အချိန်က ကျွန်ုပ်၏နောက် တော်သို့ရောက်နေလေခဲ့သနည်း။ မျက်နှာတို့တွင်ကား မျက်ချေး ကိုယ်စီနှင့်ရှိ၏။
  • Wed 03 Dec 2014 - 22:23
    ကမ္ဘာပေါ်က နိုင်ငံအသီးသီး၏  ဘဏ္ဍာရေး အခြေအနေများကို စာရင်းပြုစုနေသော IMF ခေါ် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့က ၂၀၀၉ မှ ၂၀၁၃ အတွင်း ကမ္ဘာပေါ်ရှိအဆင်းရဲ ဆုံးနိုင်ငံများနှင့် အချမ်းသာဆုံး နိုင်ငံများကို စစ်တမ်းတစ်ခုပြုစုခဲ့ ပါသည်။ စစ်တမ်းများအရ ကမ္ဘာ ပေါ်ကနိုင်ငံ ၁၄၈ နိုင်ငံကို ဆင်းရဲ မှုအလိုက်ဇယားစီစဥ
  • Wed 03 Dec 2014 - 21:07
    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလို့ပြောတိုင်း လူအတော်များများက အထူးသဖြင့် အာဏာပိုင်တွေ ဘက်ကရည်မျှော်ပြီး ပြောလေ့ ပြောထရှိတဲ့ အယူအဆတစ်ခုရှိ ပါတယ်။ အဲဒါကတော့ အရင်း အနှီးကြီးမားတဲ့ နိုင်ငံခြားကုမ္ပဏီ ကြီးတွေ၊ နိုင်ငံတကာအထိ ဖြန့် ကြက်ထားနိုင်တဲ့ ကော်ပိုရေးရှင်း ကြီးတွေဝင်လာပြီး ရင်းနှီးမြှုပ်နှံ တာမျိုးကိုပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလို့ တွက်ဆခြင်းပါပဲ။ ဒါဟာမှား တယ်လို့ပြောလို့မရပေမယ့် ဒီလို ကြီးမားတဲ့ ငွေပင်ငွေရင်းများပြား လှတဲ့ အဖွဲ့အစည်းတွေချည်းပဲ လာပြီးလုပ်ကိုင်မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတိုးတက်မြင့်မားလာတယ် လို့ မဆိုနိုင်ပါဘူး။
  • Wed 03 Dec 2014 - 19:38
    ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည်ကို အင်္ဂလိပ်အစိုးရ ပြန်လည်အုပ်ချုပ်စ အချိန်ဖြစ်ပါသည်။ ထိုအခါက အိန္ဒိယဘုရင်ခံချုပ်ဖြစ်သူ လူဝီမောင့်ဘက်တန် မြန်မာပြည်သို့ အလည်ပတ်လာသည်။ အိုရီရင့် ကလပ်မှာသူ့အတွက်ပြုလုပ်သော မိတ်ဆုံစားပွဲကို ရန်ကုန်မြို့ရှိ စစ်ဘက်နှင့် အရပ်ဘက်မျက်နှာကြီးအချို့ တက်ရောက်သည်။ ထိုသူများထဲတွင် မြန်မာအမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းလည်းပါဝင်သည်။
  • Mon 01 Dec 2014 - 22:24
    ရှေ့တန်း၊ အလယ်တန်းနှင့် ခံစစ်ညီမှ အောင်မြင်သော ဘောလုံးအသင်းတစ်သင်းဖြစ်မည်ကို နိုင်ငံရေးနှင့် တွဲဖက်ရကောင်းလားဟူ၍ မဝေဖန်လိုက်ပါနှင့် မိတ်ဆွေ။
  • Mon 01 Dec 2014 - 21:59
    မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့်နေရာများ၌  ကျန်းမာရေးလုပ်သားများ အနေဖြင့် HIV/AIDS  ကာကွယ်တားဆီးရေးလုပ်ငန်း များနှင့်   ဆေးတိုက်ကျွေးခြင်းလုပ် ငန်းများ    လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း   Marie StopeInternational (မြန်မာ)Country Director   ဒေါက်တာစစ်နိုင်က ပြောသည်။
  • Mon 01 Dec 2014 - 21:51
    ပတ်လည်စစ်ပွဲ၊ ပတ်လည်ရန်ဖြစ်ပွဲ
  • Mon 01 Dec 2014 - 20:02
    နိုင်ငံရေးစားပွဲဝိုင်းတွေ့ဆုံဆွေးနွေးပွဲစစ်စစ်များနှင့် အလှမ်းဝေးနေသမျှ မြန်မာ့နိုင်ငံရေးသည် အပြောင်းလဲလမ်းစပေါ်ခြေချပြီဟုမှတ်ချက်ပြုရန် စောလွန်းမည်ဖြစ်သည်။ ညီအစ်ကိုမသိတသိနိုင်ငံရေး (သို့မဟုတ်) မီးခိုးနိုင်ငံရေးအခင်းအကျင်းတွင် ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုပြုခဲ့သောကြီးခြောက် ကြီးတွေ့ဆုံဆွေးနွေးပွဲသည်လည်း သောင်ပြင်မှာ လွတ်နေဆဲ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်၏ ကြီးခြောက်ကြီးအဆိုပြုမှုသည် နိုင်ငံရေးအငွေ့ပြန်သွားမည်လား မေးခွန်းထုတ်ဖွယ်ဖြစ်သည်။
  • Mon 01 Dec 2014 - 00:17
    မြန်မာနိုင်ငံ နေရာအနှံ့တွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြင်းအားရစ်ခ်ျတာစကေး ၄ အထက်အဆင့်ရှိ မြေ ငလျင်ခြောက်ကြိမ်လှုပ်ခဲ့ပါသည်။ ပြည်တွင်း၌ငလျင်မလှုပ်သော လမရှိသော်လည်း နိုဝင်ဘာတစ်လတည်း၌ ပြင်းအား ၅ အထက် မြေငလျင်သုံးကြိမ်လှုပ်ခဲ့ခြင်းက မြေငလျင်အန္တရာယ်ကို ကြိုတင်သတိထားကြရန် အချက်ပေးမှုဖြစ်ပါသည်။
  • Sun 30 Nov 2014 - 23:40
    ကလေးက သူ့အဖေကို မေးသည်။ ‘‘ဖေဖေ...နိုင်ငံရေးဆိုတာ ဘာလဲ’’ အဖေက ကလေးနားလည် နိုင်အောင် ဘယ်လိုဖြေရမည်ဆို တာကို သေသေချာချာစဉ်းစား သည်။ ပြီးတော့ ဖြေသည်။ ‘‘သားကို ဖေဖေဥပမာပေး ပြီး ဖြေမယ်’’ ကလေးမျက်ဝန်းမှာ စူးစမ်းမှုများဖြင့် လင်းလက်နေ သည်။
  • Sun 30 Nov 2014 - 23:19
    စေ့စပ်ဆွေးနွေးအဖြေရှာရေးသည်  ရင့်ကျက်ယဉ်ကျေးသော နိုင်ငံရေးဝန်းကျင်ကို  ကိုယ်စားပြု လျက် ရှေးကတည်းကရှိခဲ့သည့် အလျောက် နိုင်ငံရေးယဉ်ကျေး မှုသစ်ဟုမဆိုနိုင်ပေ။ နဂိုရှိရင်းစွဲ နိုင်ငံရေးယဉ်ကျေးမှုကို အာဏာ သိမ်းအစိုးရများအဆက်ဆက် ကျင့်သုံးရန်ပျက်ကွက်ခဲ့ပြီး လတ် တလော ပြန်ကျင့်သုံးရန် ပြင်ဆင် ဆောင်ရွက်မှုကို
  • Sun 30 Nov 2014 - 22:35
    ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက် ကျော်ချိန်မှစတင်၍ ရန်ကုန်တိုင်း အတွင်း နိုင်ငံသားမှတ်ပုံတင် ကတ်များကို စီမံချက်ဖြင့်လုပ်ပေး လျက်ရှိနေသည်။ သည်တော့ ရပ် ကွက်တိုင်း၊ လမ်းတိုင်း၊ အိမ်တိုင်း လိုလိုမှ ပြည်သူအများသည် အသက် (၁၀)နှစ်ပြည့်၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားကတ် ကိုယ်စီကိုယ်စီရရှိရေးအတွက် ရပ်ကွက်အတွင်းမှာ ဝုန်းဒိုင်းကြဲမျှ ကြိုးပမ်းလုပ်ဆောင်နေကြချေ ပြီ။ အချို့လည်း အစဉ်အလာအား ဖြင့် သာမန်အချိန်မှာ နိုင်ငံသား ကတ်ရရှိရေးကိစ္စသည် ခက်ခဲလှ သဖြင့် အသစ်မွေးဖွားသည့် မိမိ သားသမီးကို မွေးစာရင်းမှာ လူတိုး အဖြစ်စာရင်းသွင်းကြသည်။ အချို့ကတော့ ပျောက်ဆုံးနိုင်ငံ သားကတ်များကို အသစ်ပြန် လည်ရရှိရန် ကြိုးပမ်းကြသည်။ အချို့မှာကား ဟောင်းနွမ်းသွား သော နိုင်ငံသားကတ်ကို အသစ် တစ်ဖန်လဲလှယ်နေကြသည်။
  • Sat 29 Nov 2014 - 22:12
    နိုင်ငံတစ်ခုမှာ မလိုလားအပ်ဘဲ လူဦးရေ လျော့ပါးလာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ မဟုတ် ပါ။ လူဦးရေလျော့ပါးလာရတဲ့ မူလအခြေခံအကြောင်းရင်းတွေကလည်း များလှပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်ချွတ်ခြုံကျလာတဲ့အခါမျိုးမှာ လူဦးရေလျော့ပါးခြင်းကို ရင်ဆိုင်ရပါတယ်။ လူဦးရေလျော့ပါးလာတာကြောင့် လူဦးရေနည်းသွားရပါတယ်။ လူဦးရေနည်းလာတာကြောင့် လုပ်သားအင်အားရှားပါးတာကို ရင်ဆိုင်ရပါတယ်။ လုပ်သားအင် အားရှားပါးလာတာကြောင့် ကုန် ထုတ်လုပ်မှုကျဆင်းရပါတယ်။ နောက်တစ်ချက်ကတော့ လုပ် သား အင်အားရှားပါးလာတာ ကြောင့် လုပ်သားလိုချင်ရင် လုပ် အားခဈေးနှုန်းကို ပိုပေးလာရပါ တယ်။ ဒါကြောင့် ထွက်ရှိလာတဲ့ ထွက်ကုန်ဟာလည်း ဈေးမြင့် တက်လာပါတယ်။ ထုတ်လုပ် လိုက်တဲ့ကုန်ဈေးမြင့်လာတော့ လူတွေအနေနဲ့ ဈေးကြီးကြီးနဲ့ ဝယ်သုံးရပါတယ်။
  • Sat 29 Nov 2014 - 19:54
    ‘‘စစ်အတွင်း ဂျပန်ပြည်၌ ဗမာ့လွတ်လပ်ရေးတပ်မတော် အ ကြောင်း ဂျပန်စစ်ဗိုလ်တစ်ဦးက ချီးကျူးရေးသားထားသည်ကို ဖတ်ဖူးပါသည်။ ဗမာ့လွတ်လပ် ရေးတပ်မတော်သားတို့ မြန်မာ ပြည်တောင်ဘက်အစွန်မှ မြောက် ပိုင်းအထိ ရန်သူကို တိုက်ထုတ်ပြီး သောအခါ မည်သည့်လာဘ်လာ ဘကိုမျှ မမျှော်မှန်းဘဲ မိမိတို့တာ ၀န်ကျေပွန်သည်ကိုသာ ပီတိဖြစ် လျက် မိမိအိုးအိမ်၊ လယ်ယာသို့ ပြန်သွားကြောင်း မိမိကိုယ်ကျိုး မငဲ့ တိုင်းပြည်အတွက် အနစ်နာခံ ရာတွင် သူမတူထူးခြား၍ ဂျပန်လူ မျိုးတို့က ချီးမွမ်းခြင်းဖြစ်၍ ဗမာ့ လွတ်လပ်ရေး တပ်မတော်သား တို့အတွက် ဂုဏ်ယူမိပါသည်။’’
  • Sat 29 Nov 2014 - 19:45
    (တစ်)
  • Sat 29 Nov 2014 - 19:43
    မြန်မာ့နိုင်ငံရေးသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်အလိုမှာပင် ဇာတ်ရှိန်အမြင့်ဆုံးအခြေအနေသို့ရောက်ရှိလာသည်။ အကောင်းဘက်ကိုလား၊အဆိုးဘက်ကိုလားဆိုသည်မှာအပြောင်းအလဲများလွန်း၊ ဖြစ်စဉ်များက မြန်လွန်း၊ အကွက်ရွှေ့သည်က ညင်သာသိမ်မွေ့လွန်း၍ ပြောရန်ခက်လှသည်။ သို့သော်လက်ရှိအခြေအနေတွင်တော့ သတင်းကောင်းက နည်းလွန်းသည်။
  • Sat 29 Nov 2014 - 18:12
    အီဘိုလာရောဂါ အကျပ် အတည်းမှနေ၍ ကမ္ဘာတစ်ဝန်း လွှမ်းခြုံခြင်း (Globalization)၏ အမှောင်ခြမ်းကို မြင်တွေ့ရန် ကျွန်ုပ်တို့အား သတိပေးနေသည်။ လူမှုရေးတရားမျှတမှုနှင့် ကျား၊ မ တန်းတူညီမျှရှိမှုစသော ကောင်း မွန်သောအရာများ ယခင်ကထက်ပိုမို၍နယ်စပ်များကို အလွယ်တကူဖြတ်ကျော်သည်သာမက သဘာဝ ပတ်ဝန်းကျင်ပြဿနာများနှင့် ရောဂါ ဘယများလည်း အလွယ်တကူ ဖြတ်ကျော်လာခြင်းဖြစ်သည်။
  • Sat 29 Nov 2014 - 18:04
    နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ဝင်ငွေနည်း ပြည်သူများရဲ့နေရေးကို အဖြေတွေးပြီး စိတ်အေးဖို့ စီစဉ်ဆောင်ရွက်ကြရာမှာ မြို့ပြဒေသများရှိ ကျူးကျော်အိမ်ရာများကို ချန်လှပ်ထားလို့ မဖြစ်နိုင်ဆိုတဲ့ အချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အစိုးရများအားလုံး တညီတညွတ်တည်း လက်ခံထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေနည်းပြည်သူအများစုဟာ မြို့ပြဒေသရှိ ကျူးကျော်အိမ်ရာ အများအပြားမှာ နေထိုင်ကြတဲ့ အိမ်ရာမဲ့ပြည်သူများ ဖြစ်နေခြင်းကြောင့်ပါပဲ။ သူတို့ရဲ့တရားမဝင်နေအိမ်များ (illegal settlement)ကို ဖျက်သိမ်းရှင်းလင်းပစ်ခြင်းဆိုတဲ့လုပ်ငန်းဟာ အပြောလွယ်သလောက် လက်တွေ့အားဖြင့် လုပ်ရကိုင်ရခက်တဲ့လုပ်ငန်းအဖြစ် နိုင်ငံတိုင်းမှာ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
  • Sat 29 Nov 2014 - 18:03
    (တစ်) ဆလန်း(sleng)ဆိုသော စကားလုံးက ခမာဘာသာစကား၌ သွေးပျက်စရာစကားလုံးပဲ ဖြစ်ပါသည်။ အဆိပ်၊ အဆိပ်ပင်၊ ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းမှာ အဆိပ်ပင်တွေပေါလှချည်ရဲ့။ အန်ကောဝပ်(Ankor Wat)နယ်မြေထဲ၌ ဟိုနေရာမှာလည်း အဆိပ်ပင်၊ သည်နေရာမှာလည်း အဆိပ်ပင်။ လူသတ်ကွင်း ၃၀၀ ဝန်းကျင်ရှိသည့်အနက် နာမည်ကျော်ရာ ချွန်ယောင်အက် (Cheung Ek) Killing Field ထဲမှာကလည်း အဆိပ်ပင်။ အမြဲစိမ်းသစ်တော အနွယ်ဝင် သစ်ပင်အမျိုးအစားထင်ပါရဲ့။ အရွက်တွေက မဟော်ဂနီရွက်များသဖွယ် စိမ်းစိမ်းမှောင်မှောင်။ နေပြောက်မထိုးနိုင်လောက်အောင်ကိုပင် အရွက်အခက်တွေက ပြွတ်သိပ်ကျပ်ညပ်လို့။
  • Sat 29 Nov 2014 - 18:00
    ကျွန်တော်တို့နိုင်ငံမှာ ကင်ဆာလိုအမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူပပျောက်ရေးကို ထိထိရောက်ရောက် အရေးယူမယ်ဆိုတဲ့အကြောင်း သတင်းစာတွေမှာ ဖတ်ရပါတယ်။ ၀န်ထမ်းတွေအနေနဲ့ နိုင်ငံတော်ကပေးတဲ့လစာနဲ့ မလောက်လို့ စားဝတ်နေရေးအတွက် ရှာဖွေရတဲ့အပြင် အထက်ကို ပူဇော်ပသဖို့လည်း ရှာဖွေနေကြရပါတယ်။ လာဘ်ပေးလာဘ်ယူလုပ်လို့ အရေးယူမယ်ဆိုရင် ဘာကြောင့်လာဘ်စားရတယ်ဆိုတာကို အရင်လေ့လာသင့်ပါတယ်။ စားဝတ်နေရေးနဲ့ ကလေးကျောင်းစရိတ်အဆင်ပြေဖို့ စားရတဲ့ ၀န်ထမ်း၊ တိုက်ဆောက်၊ ကားစီး၊ ခြံဝယ်၊ ရွှေဝယ်ဖို့ဆိုတဲ့ ၀န်ထမ်း၊ အောက်ခြေကနေ လစဉ်၊ နှစ်စဉ် ပို့သတာကို မြိန့်မြိန့်ကြီးထိုင်စားနေတဲ့ ၀န်ထမ်း၊ နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်ကိုခွစားတဲ့ ၀န်ထမ်းဆိုပြီး အတန်းအစားခွဲသင့်ပါတယ်။

Pages

Subscribe to Opinion