Regional

  • Wed 14 Feb 2018 - 21:46
    ဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦး သည် ၂၀၁၇ - ၂၀၁၈ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည်ဖြစ်ပြီး အများစုသည် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေသူများဖြစ်ကြောင်း မန္တလေး ဗဟိုအကျဉ်းထောင်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကပြောသည်။ ၎င်းတို့သည် မန္တလေးဗဟိုအကျဉ်းထောင်အတွင်း ပြစ်ဒဏ်မကျခံမီ ပြင်ပတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ကျရှုံးဖူးသူများဖြစ်ကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အရေအ တွက်သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ငါးဆအထိ တက်လာ၍ အကျဉ်းထောင်သမိုင်း၌ အများဆုံးဖြစ်ကြောင်း ၎င်းကပြောသည်။
  • Wed 14 Feb 2018 - 21:45
     ရောနှောဆီရောင်းချ ခြင်းများ ခွင့်မပြုရန် အပါအ၀င် အချက်ခြောက်ချက်ကို မန္တလေး တိုင်း ဆီစက်ပိုင်ရှင်များအသင်း က သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးဌာနသို့ တင်ပြမည်ဖြစ် ကြောင်း တိုင်းဒေသကြီး အတွင်း ရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။
  • Wed 14 Feb 2018 - 21:44
    မတ္တရာမြို့နယ် ၀န်စု ကျေးရွာနယ်မြေအတွင်း ငှက် ပျောစိုက်ခင်း အရှေ့ဘက် ကန် သင်းရိုးစပ်တွင် အသက်(၂)နှစ် အရွယ် မိန်းကလေးတစ်ဦး သား မယားပြုကျင့်ခံရပြီး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြော သည်။ ကလေးမိဘများသည် မြွေ ကူးတို့ဆိပ်ကျေးရွာတွင် နေထိုင် သူများဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ရက်က ၀န်စုကျေးရွာရှိ တော တန်းသို့ ထင်းခုတ်လာစဉ် ကလေးငယ်ကို တောတန်းနေသူလင်မယားထံ အပ်နှံထားရာမှ ပျောက်ဆုံးသွားပြီးနောက် သားမယားပြုကျင့်ခံရပြီး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။
  • Wed 14 Feb 2018 - 20:03
     နိုင်ငံတော်က ချထား ပေးသည့် မြစိမ်းရောင်ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး ချေးငွေရရှိပြီး သော ကျေးရွာကော်မတီဝင်များ အား စွမ်းရည်မြှင့်သင်တန်းများ နှင့် ငွေစာရင်းပြုလုပ်ထိန်းသိမ်း နည်းသင်တန်းများ နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးနေကြောင်း ကသာခရိုင် ကျေးလက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်ကပြောကြားသည်။ ကသာခရိုင် ခုနစ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံ ကိန်း စတင်သည့် လွန်ခဲ့သော လေးနှစ်က စတင်ကာ ချေးငွေ ယူနစ် ၁၃၀ ချထားပေးပြီး ကျေးရွာ ၁၅၉ ရွာ ခွဲဝေသုံးစွဲနေကြောင်း ၎င်းကပြောသည်။
  • Wed 14 Feb 2018 - 20:03
    ယခုရက်ပိုင်းအတွင်း မွန် ပြည်နယ် သထုံခရိုင်၌ ဒေသ ထွက် ကွမ်းရွက်ဈေးနှုန်း စံချိန်တင်မြင့်တက်နေကြောင်း သထုံမြို့ နယ် သုဝဏ္ဏဝတီမြို့နေ ကွမ်း ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးကျော်ဇင်က ဖေဖော်ဝါရီ ၁၂ တွင် ပြောသည်။ ယခုနှစ် နှစ်ဦးတွင် ကွမ်းရွက်တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ ခန့် ဈေးရှိခဲ့သော်လည်း ယခုရက်ပိုင်း၌ ကျပ် ၁၁,၀၀၀ ထိ ဈေးတက်နေကြောင်း နှစ် ၃၀ ကျော် ကွမ်းရောင်းဝယ်ရေး လုပ်ကိုင်ခဲ့သူ ဦးကျော်ဇင်ကပြောသည်။
  • Wed 14 Feb 2018 - 20:02
     စစ်ကိုင်းတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ရက်အ တွင်း လျှပ်စစ်မီးမပြတ်စေရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။ မုံရွာတက္ကသိုလ်တွင် တက္က သိုလ်ဝင်စာမေးပွဲ မေးခွန်းများ စတင်ဆောင်ရွက်မည့် ဖေဖော်ဝါရီမှ စာမေးပွဲဖြေဆိုချိန် မတ်လ အထိ လျှပ်စစ်မီးဖြတ်ခြင်းမပြုရန် သက်ဆိုင်ရာ လျှပ်စစ်ဌာန များသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထား သည်။
  • Wed 14 Feb 2018 - 20:01
     ပြည်မြို့ အေးငြိမ်းရာ သုသာန်တွင် အကျွတ်အလွတ် ကျွေးမွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက် ည ၇ နာရီခန့်က ပြုလုပ်ခဲ့ သည်။  အဆိုပါသုသာန်တွင် မကျွတ်မလွတ်သူများရှိပါက လာ ရောက်သုံးဆောင်နိုင်ရန် ရည် ရွယ်ပြီး လှူဒါန်းကျွေးမွေးခြင်းဖြစ် ကြောင်း ပွဲစီစဉ်သူများက ပြော ကြားသည်။
  • Tue 13 Feb 2018 - 17:29
     မွန်ပြည်နယ်တွင် သုံးရက်အတွင်း  ကွမ်းရွက်ဈေး တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း မော်လမြိုင်မြို့ရှိ ကွမ်းရွက်ဖြန့်ချိ သူများက ပြောသည်။  ပြည်နယ်အတွင်း ယခင်က ကွမ်းရွက် တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ခန့်အထိ သာရှိပြီး ဖေဖော်ဝါရီ ပထမအ ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀ ထိ ဈေးတက်လာကာ ဖေဖော်ဝါရီ ၁၁ ရက်ကစ၍ ဈေး ပြန်ကျပြီး တစ်ပိဿာလျှင် ကျပ် ၁၀,၅၀၀ မှ ၁၂,၀၀၀ သာဈေးရှိခဲ့ ကြောင်း ကွမ်းရွက်ဖြန့်ချိသူများ က ပြောသည်။ ‘‘ဒီသုံးရက်အတွင်းမှာပဲ ပြန် ကျသွားတာ။ ပြန်တက်ဖို့တော့ မရှိတော့ပါဘူး။ မုံရွာဘက်က ကွမ်းတွေရောက်နေပြီဆိုတော့ ကွမ်းဈေးက ပြန်ကျသွားတဲ့သ ဘောပါ။ ကွမ်းဖြန့်ချိရေးလုပ်လာ တာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒီ လိုဈေးအရမ်းမြင့်တက်သွားတာ တစ်ခါမှ မကြုံဖူးဘူး။ အခုဈေးနှစ် ထောင်ခန့်လောက် ပြန်ကျသွား တယ်’’ ဟု မော်လမြိုင်မြို့ရှိ ကွမ်း ရွက်ဖြန့်ချိသူ ကိုငြိမ်းစိုးက ပြော သည်။
  • Tue 13 Feb 2018 - 17:28
    စစ်တွေ ဒုက္ခသည် စခန်းမှ မောင်တောမြို့နယ်သို့ ပြန်လာပြီးနောက် ယာယီတဲများဖြင့် နေထိုင်နေရသူ ဟိန္ဒူဘာသာဝင် မိသားစုများနှင့် မာရမာကြီးမိသား စုများအတွက် နေအိမ်များတည် ဆောက်ပေးစေလိုကြောင်း ယင်း မိသားစုဝင်များက ပြောသည်။ ၂၀၁၇ သြဂုတ် အကြမ်းဖက် မှုဖြစ်ပွားပြီးနောက် သောင်းချီ သော တိုင်းရင်းသား၊ ဟိန္ဒူဘာ သာဝင်နှင့် မာရမာကြီးမိသားစုတို့ သည် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။
  • Tue 13 Feb 2018 - 17:26
     စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မြို့နယ်များရှိ လူငယ်များ စုပေါင်း၍ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရှေ့ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး စစ် ကိုင်းတိုင်းဒေသကြီး လူငယ်ကိုယ် စားလှယ် ကိုဇော်သူရိန်ထွန်းက ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို မုံရွာ မြို့ ဝင်းယူနတီဟိုတယ်တွင် ဖေ ဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
  • Tue 13 Feb 2018 - 17:25
     အောင်လံမြို့အမှတ် (၂)ဈေးရှိ ဆိုင်ခန်းအားလုံး ဖေ ဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ် မည်ဟု စီစဉ်ထားသော်လည်း ဆိုင်ခန်း ၅၀ ရာခိုင်နှုန်းကျော်သာ ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ဈေး ဆိုင်ခန်းရှင်များက ပြောသည်။ အဆိုပါ ဈေးတွင်ဆိုင်ခန်း သစ် ၁၂၉ ခန်းနှင့် ယခင်ဆိုင်ခန်း များအပါအ၀င် ဆိုင်ခန်း ၁၇၁ ခန်းရှိပြီး ယခုဆိုင်၁၀၀ ကျော်သာ ဖွင့်လှစ်ခဲ့သည်။
  • Tue 13 Feb 2018 - 03:25
    မုံရွာမြို့အဝင်တိုးဂိတ် ယာဉ်အခမဲ့ ဖြတ်သန်းခွင့်ကတ် များကို ခရိုင်လမ်းဦးစီးဌာနတွင် ယခုလကုန် နောက်ဆုံးထုတ်ပေး မည်ဟု မုံရွာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပြောကြား သည်။
  • Tue 13 Feb 2018 - 03:24
    သထုံခရိုင်ဆေးရုံဝင်းအ တွင်း ဂိလာနသံဃာ့နှစ်ထပ်ဆေး ရုံကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည် ထောင်စုနေ့)က စတင်ဖွင့်လှစ် သည်။
  • Tue 13 Feb 2018 - 03:23
    (၇၁) နှစ်မြောက် ပြည် ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ပြည်မြို့တွင်း ပြေး ဆွဲသည့် မြတ်သီဟယာဉ်လိုင်းက အခမဲ့ပြေးဆွဲခဲ့သည်။
  • Tue 13 Feb 2018 - 03:22
     အောင်လံမြို့နယ်အ တွင်းရှိ အသက်(၆၀)နှင့်အ ထက် သက်ကြီးလက်ရွေးစင် ဘောလုံးသမားများ ပူဇော်ကန် တော့ပွဲကို အားကစားဦးစီးဌာန က ဦးဆောင်၍ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသည်။
  • Mon 12 Feb 2018 - 20:07
     ပြည်ထောင်စုနေ့ အခမ်းအနားကို မွန်ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး စုများအရေးဆိုင်ရာ ကော်မတီက ဦးဆောင်ကာ ပေါင်မြို့နယ် ကျုံ ကကျေးရွာတွင် ကျင်းပခဲ့ကြောင်း ယင်းကော်မတီဥက္ကဌဦးထွန်းမင်း အောင်က ပြောသည်။
  • Mon 12 Feb 2018 - 20:06
     ဗိုလ်ချုပ်အောင်ဆန်း (၁၀၃) နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် မုံရွာတွင် စုပေါင်း လက်မှုပြပွဲကျင်းပမည်ဟု မုံရွာမြို့ဒေသခံဝါးတူဖြင့် လက်မှုပစ္စည်း ပြုလုပ်သူ ကိုထွန်းကျော်က ပြော သည်။
  • Mon 12 Feb 2018 - 20:05
    ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေပတ်လမ်း၏ ပထမဆုံး သံကူကွန်ကရစ်တံတား ရွှေသောင်ယံတံတား(မကျီးချောင်း) ကို ယခုနှစ် ဇွန်လတွင် အပြီးတည် ဆောက်ရန် စီစဉ်ထားကြောင်း တံတားအထူးအဖွဲ့(၁၅) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူရ က ပြောသည်။
  • Mon 12 Feb 2018 - 20:04
     မောင်တောတောင် ပိုင်းဒေသနှင့် မယူကမ်းဒေသတို့ တွင် တိုင်းရင်းသားမျိုးနွယ်စုများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးနှင့် မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မြို့ ပေါင်းစုံရှိ  လူမှုအဖွဲ့အစည်းကိုယ် စားလှယ်များပါဝင်သော အစည်း အဝေးကို ဖေဖော်ဝါရီ ၂၄ ရက် တွင် စစ်တွေမြို့၌ ကျင်းပမည် ဖြစ်သည်။
  • Mon 12 Feb 2018 - 19:59
     အမျိုးသမီးတစ်ဦးက တရားလိုပြုလုပ်ကာ တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်ထားသော စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေး မှူးဦးကြည်သက်မောင်ကို စစ် ဆေးနိုင်ရန် အထက်ဌာနများသို့ ခွင့်ပြုချက်တောင်းခံထားကြောင်း မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်အမှတ်(၁)နယ်မြေရဲစခန်းမှူး ဒုရဲမှူးဆန်းဝင်းက ပြောသည်။

Pages

Subscribe to Regional