Regional

  • Tue 10 Oct 2017 - 17:26
    မကွေးတိုင်း မြို့သစ် မြို့နယ် ကွင်းကျေးရွာ ရွာဦးဘုန်း တော်ကြီးကျောင်းကထိန်ပွဲတွင် ကျောင်းလှေကားကြမ်းခင်းပြိုကျ မှုကြောင့် ဆေးကုသမှုခံယူနေ သည့် လူနာ ၁၈ ဦးသည် ခွဲစိတ်ကုသရမည့်အခြေအနေများရှိ၍ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၈ ရက်က ကွင်းကျေးရွာ ရွာဦးဘုန်းတော် ကြီးကျောင်းတွင် ပြုလုပ်သော ကထိန်ပွဲ၌ တရားနာအပြီး ကျောင်းအောက်သို့ အဆင်းတွင် လှေကားကြမ်းခင်းအောက်၌ ခံ ထားသော ရက်မတန်းကျိုးကျ သဖြင့် လူ ၅၀ ခန့် ကျောင်း အောက်သို့ ပြုတ်ကျခဲ့ပြီး ၁၉ ဦးကို မကွေးဆေးရုံသို့ ညတွင်းချင်း တင်ပို့ကုသခဲ့ရသည်။
  • Tue 10 Oct 2017 - 17:24
     မောင်တောခရိုင် အတွင်း ညမထွက်ရအချိန်တိုးမြှင့် သတ်မှတ်ထားခြင်းကြောင့် ငါးဖမ်းပိုက်ချသူများနှင့် ဟင်းသီးဟင်းရွက်ရှာဖွေသူများ အခက်တွေ့နေပြီး သားငါးနှင့် ဟင်းသီးဟင်းရွက်ဈေးများ အလွန်မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။ ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်သည် ည ၉ နာရီ မှ နံနက် ၅ နာရီအထိဖြစ်ပြီး နယ် ခြားစောင့်ရဲစခန်းများ တိုက်ခိုက် ခံခဲ့ရသည့် သြဂုတ် ၂၅ ရက်မှစ တင်ကာ ညမထွက်ရအချိန်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။
  • Tue 10 Oct 2017 - 17:22
     တောင်ကြီး-ဟိုပုံး ကားလမ်းဘေးရှိ ကျူးကျော်ဆိုင် ခန်းများကို တောင်ကြီးစည်ပင် သာယာဌာနက အောက်တိုဘာ ၉ ရက်တွင် စတင်ဖယ်ရှား ရှင်း လင်းခဲ့သည်။  ကျူးကျော်ဆိုင်ခန်းများ တည်ဆောက်ထားသည့် မြေနေ ရာသည် တောင်ကြီးစည်ပင်သာ ယာရေးဌာနပိုင် မြေနေရာဖြစ်ပြီး ဆိုင်ခန်းများ ဖယ်ရှားပေးရန် သြဂုတ် ၂၁ ရက်ကတည်းက အကြောင်းကြားထားခဲ့ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာန ဒုဦးစီးအရာရှိ ဦးဝေလှိုင်းက ပြောသည်။
  • Tue 10 Oct 2017 - 17:21
     မောင်တောနယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ရန် မောင်တော နယ်စပ်သို့ ရောက်ရှိနေသည့် ပို့ ကုန်များအနက် ပုပ်သိုးပျက်စီး လွယ်သော ကုန်များကို ရန်ကုန် ဈေးကွက်သို့ ပြန်ပို့ခဲ့ရကြောင်း နယ်စပ်ကုန်သွယ်သူများက ပြောသည်။ မောင်တောဒေသရှိ ရဲစခန်း ၃၀ ကျော်ကို (ARSA) အကြမ်းဖက်သမားများက တိုက်ခိုက်သည့် သြဂုတ် ၂၅ ရက်မတိုင်မီ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့မည့် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ချင်းစိမ်း၊ ဆန်နှင့် ငါးခြောက်ပို့ကုန်များသည် မောင်တောကုန်လှောင်ရုံတွင် လှေအစီးရေ ၃၀ စာခန့် ရှိနေကြောင်းမောင်တောဒေသခံ ကုန်သည်ဦးသိန်းမောင်က ပြောသည်။
  • Tue 10 Oct 2017 - 17:20
     မွန်ပြည်နယ် ပေါင်မြို့ နယ်တွင် သူငယ်တန်းကျောင်းသူ တစ်ဦးကို အိမ်နီးချင်းအမျိုးသား တစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း ပေါင်မြို့မရဲစခန်း မှ စခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက ပြောသည်။ ပေါင်မြို့နယ် ပေါင်းရပ် ကွက်တွင် အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီက အသက် (၅) နှစ် (၁၀)လအရွယ် သူငယ်တန်း ကျောင်းသူကို အိမ်ချင်းကပ်နေ ထိုင်သူ သွားခေါ(ခ) ဇော်မျိုးထွန်း (၂၅)နှစ်က မုန့်ဝယ်ကျွေးမည် ဆိုကာ အိမ်မှခေါ်ထုတ်သွားပြီး ရပ်ကွက်ထိပ်ရှိ ဆွမ်းလောင်း ဇရပ်ပေါ်၌ အဓမ္မပြုကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
  • Tue 10 Oct 2017 - 17:19
     မွန်ပြည်နယ်ရှိ အရက်စက်ရုံနှစ်ရုံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်အရ EMP (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ) တင် ပြပေးရန် ပြည်နယ်အစိုးရအဖွဲ့က စက်ရုံလုပ်ငန်းကို ယာယီရပ်ဆိုင်း ထားကြောင်း မွန်ပြည်နယ် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ၀န်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။ ဘီးလင်းမြို့နယ်ရှိ  ဘီးလင်း စက်မှု အရက်ပြန်ထုတ်လုပ်ရေး စက်ရုံကို မေလတွင် ယာယီရပ် ဆိုင်းထားပြီး ရေးမြို့နယ်ရှိ အောင်စင်္ကြာ အရက်ဆီသွပ်စက်ရုံကို စက်တင်ဘာ နောက်ဆုံးပတ်တွင် ယာယီရပ်ဆိုင်းထားကြောင်း ၎င်းကဆိုသည်။
  • Mon 09 Oct 2017 - 23:07
     ပဲ၊ နှမ်းဈေးကွက် ဖွံ့ဖြိုး စေရေး သတင်းအချက်အလက် များ မျှဝေရန်နှင့် အဆင်မပြေမှု များ ဖြစ်ပေါ်ပါက အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်း ဒေသကြီး ပဲ၊ နှမ်းကုန်သည်များ အသင်း ထပ်မံဖွဲ့စည်းရန် စီစဉ် နေကြောင်း မန္တလေးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
  • Mon 09 Oct 2017 - 23:07
     မြန်မာမှုဒီဇိုင်းပညာရှင် ဦးအေးမြင့်အား ဂုဏ်ပြုသည့်အ နေဖြင့် အမရပူရမြို့နယ်တောင် သမန်အင်းစောင်းရှိ တောင်လေး လုံးကျောင်းတိုက်တွင် အထိမ်းအ မှတ်ကျောက်စာတိုင် စိုက်ထူဂုဏ် ပြုရန် စီစဉ်နေကြောင်း ဦးအေး မြင့်၏ တပည့်ရင်း တမ္ပဝတီဦးဝင်း မောင်က ပြောသည်။
  • Mon 09 Oct 2017 - 23:06
    မန္တလေးပြည်သူ့ဆေးရုံ ကြီးတွင် အသက်အန္တရာယ်စိုးရိမ် ရသည့်လူနာကို အမြန်ဆုံးဆေး ကုသပေးရန် ပြောဆိုရာက ဆေးရုံ ဝန်ထမ်းနှင့် လူနာရှင်တို့ စကား များရန်ဖြစ်ကြရာ  ကြမ်းတမ်းစွာ ပြောဆိုခဲ့သည့် ဧည့်ကြိုဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ဝန်ထမ်းစည်း ကမ်းအရ အရေးယူမည်ဟု ဆေးရုံ တာဝန်ရှိသူက ပြောသည်။
  • Mon 09 Oct 2017 - 21:37
    အရာတော်မြို့နယ် ကျောက် ကုန်းမြေများရှိ သနပ်ခါးစိုက်ပျိုး ရေးခြံများကို ဝယ်လိုအားများပြီး ရောင်းလိုအားနည်းလာကြောင်း ဒေသခံသနပ်ခါးစိုက်တောင်သူ များက ပြောသည်။ အရာတော်မြို့နယ်အတွင်း ရှိ ကျောက်ကုန်းမြေများတွင် ယခု နှစ်အတွင်း ဈေးကွက်ဝင်သနပ်ခါး စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာပြီးနောက်ပိုင်း သနပ် ခါးစိုက်ပျိုးရေးခြံ ဈေးကွက်တွင် ဝယ်လိုအားများပြီး ရောင်းချသူမ ရှိသလောက် နည်းပါးကြောင်း အရာတော်မြို့နယ် ဇီးပင်လယ် ကျေးရွာမှ သနပ်ခါးစိုက် တောင် သူဦးစိန်မင်းက ပြောသည်။
  • Mon 09 Oct 2017 - 21:24
    တစ်ဖက်ယာဉ်ကြောသို့ စည်းကမ်းမဲ့ ကျော်တက်မောင်း နှင် သည့်ယာဉ်များကြောင့် ပြည်- အောင်လံ လမ်းမကြီးတွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက တစ်နာရီကျော်ကြာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း ပြည်မြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ (ယာယီ) ရဲမှူးဝင်းနိုင်ဦးကပြောသည်။
  • Mon 09 Oct 2017 - 21:22
     ARSA အကြမ်းဖက်သမားများရန်ကို စိုးရိမ်သောကြောင့် မောင်တောမြို့နယ်မှ ကျောက်တော်မြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော မိသားစုဝင်အချို့သည် အောက်တိုဘာ ၇ ရက်ကစ၍ ၎င်းတို့နေရပ်များသို့ ပြန်လည် နေထိုင်ပြီဖြစ်သည်။
  • Mon 09 Oct 2017 - 21:13
    ပြည်တွင်းရေ ကြောင်းပိုင် ကစ္ဆပနဒီ အမြန်ရေ ယာဉ်သည် စစ်တွေ-မြေပုံ- ကျောက်ဖြူမြို့ ခရီးစဉ်ကို တစ် ပတ်လျှင် နှစ်ကြိမ်သာ ပြေးဆွဲနေ ရာမှ ယခုအခါ တစ်ရက်ထပ်တိုး၍ ပြေးဆွဲပေးနေကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ရခိုင်ဌာနခွဲ)က ကြေညာချက်ထုတ်ပြန်သည်။
  • Mon 09 Oct 2017 - 21:12
    မွန်ပြည်နယ်အတွင်း ရှိ ရော်ဘာစက်ရုံများမှ ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံ စာကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားတင်ပြကြရန် ပြည် နယ်အစိုးရအဖွဲ့က ညွှန်ကြားထား သည်။
  • Mon 09 Oct 2017 - 21:12
     ချောင်းဦးမြို့နယ်နှင့် ရေစ ကြိုမြို့နယ်ကို ဆက်သွယ်ထား သော ချင်းတွင်းမြစ်ကူးတံတား (ဆင်ဖြူရှင်တံတား)ယာဉ် ဖြတ် သန်းခကို သတ်မှတ်နှုန်းထက် ပိုမို ကောက်ယူနေ၍ သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေ သကြီးလွှတ်တော်ပို့ဆောင်ဆက် သွယ်ရေး ကော်မတီ အဖွဲ့ဝင်ဦးထွန်းထွန်းဝင်းက ပြော
  • Mon 09 Oct 2017 - 21:08
    ကျိုက်ထီးရိုးရှေး ဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေး ကို အောက်တိုဘာ ၅ ရက်က စတင်ကာ ပြည်ပခရီးသွားဧည့် သည်တစ်ဦးလျှင် ကျပ်တစ် သောင်း ကောက်ခံခဲ့သည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ဦးစီးမှူး ဦးမြင့် အောင်က ပြောသည်။
  • Sun 08 Oct 2017 - 22:37
     ပုဂံဒေသတွင် ဒရုန်း များပျံသန်းကာ ဓာတ်ပုံနှင့်ဗီဒီယို ရိုက်ကူးမည်ဆိုပါက ခွင့်ပြုချက် တင်ပြီးမှသာ တရားဝင်ရိုက်ကူး ခွင့်ရှိမည်ဖြစ်ကြောင်း    ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံ) ညွှန်ကြား ရေးမှူး ဦးအောင်အောင်ကျော် ကပြောသည်။
  • Sun 08 Oct 2017 - 22:37
    အမုန်းတရားများ၊ ဖိ အားများ၊ တွန်းအားများကို ပြည် သူလူထုက မေတ္တာဖြင့် တုံ့ပြန်မည့်ဘာသာပေါင်းစုံဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကာ မန္တလေးတိုင်းတွင် အောက်တိုဘာအတွင်း လေးကြိမ် ပြုလုပ်မည်ဖြစ်သည်။
  • Sun 08 Oct 2017 - 22:36
    မန္တလေးမြို့ရှိ ကျုံးဘေး နေရာများ၊ တံခွန်တိုင်အ၀ိုင်းတို့ တွင် အရက်သေစာသောက်စား နေသူအမျိုးသား ၆၆ ဦးနှင့်လမ်း ဘေးတွင် အများပြည်သူစိတ်အ နှောင့်အယှက်ဖြစ်အောင် ပြု လုပ်နေသည့်မိန်းမလျာခြောက်ဦး တို့ကို အောက်တိုဘာ ၇ ရက် ည က ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှဒုရဲ မှူးကြီးမျိုးအောင်က
  • Sun 08 Oct 2017 - 22:36
    ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်မှုများနှင့်ပတ် သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို စစ်ကိုင်းမြို့တွင် အောက်တိုဘာ ၈ ရက်က ပြုလုပ် ခဲ့သည်။

Pages

Subscribe to Regional