-
Sat 24 May 2014 - 23:05
မန္တလေးခရိုင်အတွင်း ဓာတ်အားသုံးစွဲမှုပမာဏနှစ်စဉ် မြင့်တက်လာနေ၍ ဓာတ်အားလုံ လောက်စွာဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားခွဲရုံများကို တိုးချဲ့ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မန္တလေးတိုင်း ဒေသကြီးမှ သတင်းရရှိသည်။
-
Sat 24 May 2014 - 23:05
မန္တလေးနန်းမြို့ကျုံး ရေသွင်းမြောင်းတံတားပြုပြင်နေ သည့်ကာလအတွင်း ကျုံးအတွင်း ရေ၀င်ရောက်မှုလျော့နည်းကာ ရေပေးဝေမှုလျော့ကျနိုင်ကြောင်း သတင်းရရှိသည်။
-
Sat 24 May 2014 - 22:44
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ဂိတ်များတွင် နေ့ချင်း ပြန်တစ်နိုင်တစ်ပိုင် ကုန်သွယ်သူ များသယ်ဆောင်လာသည့် ကုန် ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးနေသဖြင့် ကုန်သွယ်သူ နည်းပါးကာ အလုပ်လက်မဲ့ဖြစ်နေ ကြောင်း တစ်နိုင်တစ်ပိုင်ကုန် သွယ်သူတစ်ဦးက ပြောကြား သည်။
-
Sat 24 May 2014 - 22:44
စစ်တွေမြို့မှ မိုင်နှစ် ဆယ်ခန့်ကွာဝေးပြီး ရန်ကုန်-စစ် တွေကားလမ်းပေါ်တွင် တည်ရှိ သော ပုဏ္ဏားကျွန်းမြို့တွင် စက်မှု ဇုန်တစ်ရပ်တည်ဆောက်နိုင်ရန် စိတ်ဝင်စားသော နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် ကာ ကုမ္ပဏီများနှင့် ညှိနှိုင်းထား ကြောင်း နယ်စပ်စည်ပင်ပြည် ထောင်စုဝန်ကြီးဗိုလ်ချုပ်မောင် မောင်အုန်
-
Sat 24 May 2014 - 22:43
ချင်းပြည်နယ် တီးတိန် မြို့နယ် သိုင်းငင်းရွာအနီးတွင် မေ လ၂၃ ရက်၌ ဖလမ်းမြို့မှ ကလေး မြို့သို့ မောင်းနှင်လာသော ခရီး သည်တင်ယာဉ်တစ်စီး တိမ်း မှောက်ရာ ယာဉ်မောင်းအပါအ ၀င် ငါးဦးသေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။
-
Sat 24 May 2014 - 22:41
ဖြစ်စဉ်မှာမေလ ၂၃ရက် ည နေတွင် ဓာတ်ဆီလာဝယ်သူတစ် ဦး၏ ပုံးထဲဓာတ်ဆီဖြည့်ပေးရာမှ မီးထတောက်ခဲ့ပြီး မီးလောင်ခြင်း ဖြစ်သည်။ မီးလောင်မှုမှာ နာရီ ၀က်ခန့်ကြာမြင့်ခဲ့ပြီး လူအသေအ ပျောက်မရှိပေ။ သို့သော် မီးငြှိမ်း သတ်စဉ် ရွာသားတစ်ဦး၏ဆံပင် အနည်းငယ်နှင့် ခြေထောက်မီး လောင်သွားကြောင်းသိရသည်။
-
Sat 24 May 2014 - 22:41
ရခိုင်ပြည်နယ်စစ်တွေ မြို့တွင် အခြားသူ၏နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင် ကာ အထောက်အထားမဲ့သွားလာ နေ သည့် ဘင်္ဂါလီအမျိုးသမီးတစ် ဦးနှင့် ၎င်းအားလိုက်ပါပို့ဆောင် ပေးသူတစ်ဦးတို့အား အမ်းမြို့နယ် စစ်ဆေးရေးဂိတ်တွင် မေလ ၂၀ ရက်က ဖမ်းမိခဲ့ကြောင်း သ တင်းရရှိသည်။
-
Sat 24 May 2014 - 22:38
ပြည်မြို့နယ်အတွင်း ဓာတ် အားပိုမိုသုံးစွဲနိုင်ရန် မေလ ၂၄ ရက်မှစတင်ကာ 20-MVA (၁၆ မဂ္ဂါဝပ်) ထရမ်စဖော်မာတစ်လုံး ပြောင်းလဲတပ်ဆင်လိုက်ကြောင်း သတင်းရရှိသည်။
-
Sat 24 May 2014 - 22:37
သီပေါမြို့နယ် အကျဉ်း ဦးစီးဌာနဝင်းအတွင်း မေလ ၁၉ ရက် နံနက် ၁၁ နာရီက တရား မဝင်သစ်အချို့နှင့် လိုင်စင်မဲ့သစ် စက်အား ဒေသခံ၏ တိုင်ကြားမှုကြောင့် သစ်တောအဖွဲ့က ဝင် ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။
-
Fri 23 May 2014 - 22:11
ရခိုင်လူမှုကွန်ရက်(ရခိုင် ပြည်)၏ ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)တွင် ဆွေးနွေးမှုများ အရ ရခိုင်ပြည်နယ်အတွင်းလာ ရောက်လုပ်ကိုင်နေကြသည့် ယူ အင်န်၊ အိုင်အင်န်ဂျီအိုအဖွဲ့အ စည်းများ၏ လုပ်ငန်းစဉ်များ ပွင့် လင်းမြင်သာစွာ သိရှိနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ အမှန်တ ကယ်လိုအပ်ချက်များကို ကူညီ ဆောင်ရွက်နိုင်ရ
-
Fri 23 May 2014 - 22:09
ယင်းမာပင်မြို့နယ် ကနီ မြို့တွင် တစ်နေ့လျှင် လျှပ်စစ်မီး သုံးစွဲခွင့် နှစ်နာရီသာရရှိခဲ့ရာမှ မေလ ၂၂ ရက်မှစတင်၍ ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိပြီဖြစ် ကြောင်း ကနီမြို့ဒေသခံများက ပြောကြားသည်။
-
Fri 23 May 2014 - 22:08
ထားဝယ်တွင် ဗိုလ်မှူး ကြီးဗထူးအောက်မေ့ဖွယ်အခမ်း အနားကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တပ်မတော် ကဏ္ဍတွင်ထင်ရှားပြီး ဒေသ၏ သူရဲကောင်းတစ်ဦးအဖြစ်ကျော် ကြားသောဗိုလ်မှူးကြီးဗထူးအားရည်စူး၍ ဆွမ်းကပ်ခြင်းနှင့် အောက်မေ့ဖွယ်အခမ်းအနားကို ဇွန်လ ၂ ရက်တွင် ထားဝယ်တိုင်းရင်းသားပါတီက ဦးဆောင်၍ကျင်းပသွားမည်ဖြစ်သည
-
Fri 23 May 2014 - 22:08
မုံရွာမြို့နယ် မအူကျေးရွာ တွင်နေထိုင်သော အသက် (၂၉) နှစ်အရွယ် လူငယ်တစ်ဦးသည် အရက်ကြောင်ကြောင်ကာ နေ အိမ်အောက်ထပ်တွင် ဆွဲကြိုးချ သေဆုံးသွားကြောင်း သတင်းရရှိ သည်။
-
Fri 23 May 2014 - 22:07
အေ့ဒ်စ်ရောဂါဖြင့် ကွယ် လွန်သူများအတွက် အောက်မေ့ ဖွယ် မီးထွန်းဆုတောင်းပွဲကို ပြည်မြို့၊ ကမ်းနားလမ်းရှိ ဂင်္ဂါဝတီ ခန်းမ၌ မေလ ၂၂ ရက် ည ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
Fri 23 May 2014 - 22:04
မန္တလေးမြို့ရှိ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် အသက် ငါးနှစ်အောက်ကလေး များအားလုံးကို အခမဲ့ဆေးကုသ မှုပေးနိုင်မည့်အစီအစဉ်အား ယခု နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
-
Fri 23 May 2014 - 22:03
ရွာအိမ်ခြေထက်ဝက် နီးပါး မီးလောင်ဆုံးရှုံးခဲ့သော မန္တလေးတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာတွင် တန်ဖိုးနည်းကျေး လက်အိမ်ရာများ တည်ဆောက် ပေးမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သ တင်းရရှိသည်။
-
Fri 23 May 2014 - 21:55
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြန်မာဝမ်ပေါင် ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား နှစ်ဦးကို မေလ ၁၈ ရက်က ထိန်း သိမ်းခဲ့မှုဖြင့် တရားစွဲဆိုခံရသော ဒေသခံငါးဦးကို တရားလိုဘက်က အမှုပိတ်သိမ်းပေးခဲ့သဖြင့် လွတ် ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
-
Thu 22 May 2014 - 22:49
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ပုံမှန်ခွင့်ပြုငွေအပြင် အထူးခွင့်ပြုငွေကျပ် ၁၅ ဘီလီယံ ကို သုံးစွဲသွားရန် ခွင့်ပြုချက်ရရှိ ထားကြောင်း မေလ ၁၇ ရက်က စစ်တွေမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပြုလုပ်သည့် ပြည်ထောင်စု အဆင့် အရေးပေါ်ပေါင်းစပ်ညှိ နှိုင်းရေးစင
-
Thu 22 May 2014 - 22:47
မုံရွာ၊ ကလေး၊ ရန်ကုန် မြို့များမှာ ရေဆေးပန်းချီပညာရှင် ၁၉ ဦး၏ အညာဒေသရှုခင်း ရေဆေးပန်းချီကားများကို (၁၃) ကြိမ်မြောက် ချင်းတွင်းရေကြည် ရေဆေးပန်းချီပြပွဲအဖြစ် ရန်ကုန် မြို့ NEW IDEA တွင် ဇွန်လ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
-
Thu 22 May 2014 - 22:46
‘‘သဲကုန်းတောင်သူတွေကို ဖမ်းဆီးနှိမ်နင်းတဲ့ အကြမ်းဖက်မှုရယ်၊ ဗကသ ကိုကောင်းထက်ကျော်ကို ဖမ်းဆီးနှိမ်နင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခြင်း ဖြစ်တယ်။ ကျောင်းသားပြည်သူကို အခြေမခံတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းအားလုံး ဆန့်ကျင်ကန့်ကွက်တယ်’’ ဟု ဗကသ ပြန်ကြားရေးမှ ကိုရဲရင့်ကျော်က ပြောသည်