Satire

  • Sat 13 Jan 2018 - 20:50
    (တစ်) စုံနံ့သာမြိုင်တောထဲကို ဝင် သွားတဲ့အခါ အပွင့်ပွင့်ရင် အီအီး စော် တော်တော့ကို နံတယ်လို့ဆို တဲ့ လက်ခုပ်ပင်တွေ စုပေါက်နေ တဲ့ လက်ခုပ်ကုန်းဆိုတဲ့ နေရာ ကလေးရှိပါတယ်။ အဲသမှာ ရှုပ် ရှုပ်ထွေးထွေးနိုင်လှတဲ့ သပွတ်ပင် တွေလည်း ရှိသပေါ့။ ချုံနွယ်ပိတ် ပေါင်းတွေကလည်း ထူလပျစ်နဲ့။ အဲသည့်နေရာမှာမှ ထူးထူးခြား ခြားကြီးဆိုသလို သွားဖွင့်ထားတဲ့ ဆိုင်။ တိရစ္ဆာန်ဘုတ်အုပ်ဆိုင်တဲ့။ တိရစ္ဆာန် စာရေးဆရာပေါင်း မြောက်မြားစွာတို့ရဲ့ စာပေလက် ရာတွေကို အလွယ်တကူဝယ်ယူ နိုင်တဲ့ ဆိုင်ကလေးပေပ။
  • Sat 13 Jan 2018 - 00:01
    တချို့ကတော့ ထမင်းတစ်နပ်လျှော့ဖို့ ××× ပြောကြတယ်×× × တချို့က တော့ ဟင်းတစ်ခွက် လျှော့ဖို့ ပြောကြတယ်××× အခု ဆိုတို့မှာ စားသောက်ရေးတွေ အဆင်မပြေဘူး ××× ဒီအတိုင်းသာ ပွားလို့နေရင် ဒုက္ခပဲ ကွာ ××× အချိန်တန်ပြီ ဒီပြောပေါက်မျိုးကို ××× ပြောင်းလဲချိန် ပေါ့ကွာ ××× တကယ်ဆိုရင် ၀ဋ်ဒုက္ခကုန်ဈေးနှုန်းကြောင့်ပဲ ×××
  • Sat 06 Jan 2018 - 20:24
    (တစ်) သြော်...ဘယ့်နှာသို့ ဖြစ်ရပြန်တာ ပါလိမ့်။ မနေ့တစ်နေ့ကကိုပဲ အဲ သည့် အခမ်းအနားကို ဂျက်ကွမ်း ခြံကုန်းတက်ရောက်ချီးမြှင့်ခဲ့ရ သေးတဲ့ဟာပဲ ဥစ္စာ။ ဟုတ်တယ် လေ။ တိရစ္ဆာန်သတင်းဌာနပေါင်း စုံက တက်ရောက်လာကြပြီး ဓာတ်ပုံတွေရိုက်ကြ၊ မှတ်တမ်း တင် ဗီဒီယိုတွေရိုက်ကြ၊ တာဝန်ရှိ ပုံရတဲ့ ဟိုစပ်စပ်သည်စပ်စပ် တိရစ္ဆာန်လူကြီးတွေနဲ့ အင်တာ ဗျူးတွေလုပ်ကြနဲ့ အုတ်အော် သောင်းတင်းဖြစ်ခဲ့သေးတာပဲ ဥစ္စာ။ စုံနံ့သာမြိုင်တောက လုပ် သမျှပွဲတိုင်းမှာ အထူးဧည့်သည် တော်အဖြစ်နဲ့ ခဏခဏတက်ခွင့် ရတဲ့ ဂျက်ကွမ်းခြံကုန်းဟာ အဲ သည့်ပွဲမှာလည်း တက်ခဲ့ရပေ တာပ။
  • Wed 03 Jan 2018 - 20:53
    နေ့ရက် နှစ်လေးတွေ××× ပြောင်းပေမယ့်××× တို့ရဲ့အရပ်မှာ××× ဒီအကျင့်ဟောင်းကို××× ဘယ်လိုမှမပြောင်းနိုင်×××သိလား××× ဆောင်ပုဒ်တွေထဲမှာ××× ပြောင်းပေမယ့်×××လက်တွေ့ဘဝမှာ××× ဒီအကျင့်မျိုးကို××× ဘယ်လိုမှ မပြောင်း နိုင်××× သိလား××× စိတ်ဓာတ်နဲ့ အပြုအမူ××× တကယ်ကိုသာ ××× အားလုံးပြောင်းလဲရင်××× နိုင်ငံသစ်ဆု××× ပိုင်ဆိုင်ကြရမယ်××× သိလား×××
  • Sat 30 Dec 2017 - 20:49
    (တစ်) အင်္ဂလိပ်လိုကတော့ ဆလို ဂန် (Slogan) လို့ပဲ ခေါ်မှာပေါ့။ မြန်မာလိုကတော့ ဆောင်ပုဒ်ဆို လည်းဖြစ်၊ ကြွေးကြော်သံလို့ခေါ် လည်း မှန်တာပါပဲ။
  • Sat 23 Dec 2017 - 20:59
    (တစ်) နေရာရာမှာ တစ်ခုခုဖြစ်ပြီရယ်လို့ အသံတစ်သံထွက်လာ တာနဲ့ အဲသည့်နေရာကို အုံနဲ့ကျင်းနဲ့ အတင်းစုပြုံတိုးဝှေ့ကာ အလုအယက်ရောက်သွားကြလေ့ရှိတာ  ဟာ တောတိရစ္ဆာန်တို့ရဲ့ သဘာဝ ပေသာပ။ ကောင်းသည်ဆိုးသည် ဤနှစ်လီကိုဖြင့် ပီပီသသဂျက်က မပြောတတ်ရကြောင်းပါခင်ဗျာ။
  • Sat 16 Dec 2017 - 21:05
    (တစ်) နှစ်ပြောင်းရင် အဖြစ် ဟောင်းတွေကို ထားခဲ့ရစမြဲပေပ။ နှစ်သစ်မှာ စိတ်ဓာတ်အသစ်၊ အ တွေးအခေါ်အသစ်၊ အမူအကျင့် အသစ်၊ စီမံခန့်ခွဲပုံအသစ်တွေနဲ့ ရှေ့သို့ ချီတက်ရစမြဲပေပဲဥစ္စာ။
  • Thu 14 Dec 2017 - 20:41
    တစ်နေ့သ၌ ကျွန်ုပ်သည် နံနက်ခင်းတိုင်း ပြုမူနေကျ ဓလေ့ရှိသည့်အတိုင်း နေ့စဉ်ထုတ်သတင်းစာများကို ကော်ဖီတစ်ခွက်ဖြင့် မြည်းစမ်းနေချိန်တွင် ဆဲဗင်းဒေး သတင်းစာခေါင်းကြီးပိုင်းရှိ စီးပွားရေးပညာရှင် ဦးမြင့်၏အကြံပြုချက်များနှင့် ထူးခြားမှုများဆိုသော အယ်ဒီတာ့အာဘော်ကို ဖတ်ရှုကာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် စိတ်ကူးအ ကြီးအကျယ်ယဉ်နေမိသည်။
  • Sat 09 Dec 2017 - 20:27
    (တစ်) အူလှိုက်သည်းလှိုက်ကြီးကို ရယ် နေကြတာပါဗျာ။ လေးငါးကောင် လောက်တော့ ရှိမှာပေါ့။ ခွေးအ တွေ။ တိရစ္ဆာန်စာကြည့်တိုက်ဆို လား ဘာဆိုလား ဖွင့်တော့ လူတွေက လှူတဲ့ စာအုပ်ကလေးတွေနဲ့၊ နည်းနည်းပါးပါး ချောင်ချောင် လည်လည်ရှိတဲ့ တိရစ္ဆာန်တွေက ဝယ်ပေးတဲ့ စာအုပ်ကလေးတွေနဲ့ အသင့်အတင့် ကြည့်ပျော်ရှုပျော် ဖြစ်လာတဲ့ စုံနံ့သာမြိုင်ထဲက စာကြည့်တိုက် ကလေးထဲမှာ တိရစ္ဆာန်တွေ အဝင်အထွက်ရှိ လာတဲ့အခါ ဂျက်ကွမ်းခြံကုန်းက အကဲခတ်တဲ့အနေနဲ့ ရောက် ရောက်သွားတတ်သဗျ။ ဘယ်စာ ကို ဖတ်ဟ၊ ဘယ်ကဗျာကို မှတ် ဟနဲ့လည်း ရံဖန်ရံခါဆိုသလို လမ်းညွှန်အကြံပေးမိပါရဲ့။
  • Mon 04 Dec 2017 - 20:29
    ‘ဂျင်းတုံးကြီးကုမ္ပဏီ’ တိုက်နဖူးစည်းတွင် ချိတ်ဆွဲ ထားသည့် ဧရာမဗီနိုင်းဆိုင်းဘုတ် ကြီးက လမ်းသွားလမ်းလာတိုင်း ကို လည်ပြန်လှည့်မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေ သည်။ တိုက်အတွင်းထဲတွင် ခေတ် မီပရိဘောဂပစ္စည်းများ ခင်းကျင်း ထားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားသည့် ရုံးဝန်ထမ်း လူငယ် လေးများက အလုပ်များနေဟန် ဟိုဟိုဒီဒီ သွားလာနေကြသည်။ အစည်းအဝေးခန်းအဖြစ် အသုံး ပြုထားသည့် အတွင်းဘက် အခန်းကျယ်ကြီးထဲတွင်တော့ အရွယ်ပေါင်းစုံပါဝင်သည့် လူ တစ်စုကို အနောက်တိုင်းဝတ်စုံ စမတ်ကျကျ ဝတ်ထားသည့် အမျိုးသားတစ်ဦးက အာပေါင် အာရင်းသန်သန်ဖြင့် ရှင်းပြနေ သည်။ ‘‘ကျွန်တော်တို့ ဂျင်းတုံးကြီး ကုမ္ပဏီက အခုလို လူကြီးမင်းတို့ ကို ဖိတ်ကြားရတာဟာ ကုမ္ပဏီ ရဲ့ နောက်လုပ်မယ့်အစီအစဉ်တွေ နဲ့ လူကြီးမင်းတို့ အကျိုးအမြတ် ရနိုင်မယ့် အကြောင်းအရာတွေ ကို ပြောပြချင်လို့ပါ’’
  • Sat 02 Dec 2017 - 20:47
    (တစ်) ကဗျာဆရာ တက္ကသိုလ်မင်းမော် ရေးတဲ့ကဗျာကလေးတစ်ပုဒ်ကို တောင်မှ သတိရချင်စရာကောင်း နေပါလေသေးရဲ့။ ‘ပုရစ်လောက ကျွဲလောက’ ဆိုတဲ့ကဗျာ။ ကဗျာ က ရှင်းရှင်းကလေးပါ။ ပုရစ်တွေ က အကောင်သေးသေးကလေး တွေတဲ့။ ဒါပေမဲ့ အသံကတော့ တော်တော်ကျယ်ကြတယ်တဲ့။ အဲ...ကျွဲဆိုတဲ့ သတ္တဝါကကျတော့ အကောင်အကြီးကြီးတဲ့။ ဒါပေမဲ့ အသံက တိုးတိုးကလေးတဲ့။ ရယ် ရွှင်ဖွယ်ရာပေပ။
  • Mon 27 Nov 2017 - 19:23
    ပဲ စားမှုမြင့်အားအောင်××× ကြိုးစားဖော်ဆောင်မည်××× ဗီတာမင်ကယ်လိုရီတကယ်ကို စုံညီ××× အာဟာရပြည့်ဝသည်×××ဝမ်းမီးကို××× တကယ်တောက်စေသည်×××အမြဲတမ်းသာ××× တို့စားကြမည်×××ပဲမျိုးစုံနဲ့××× အနာဂတ်ကို တို့တစ်တွေလှမ်းကြမည်××× ဝမ်းလည်း မှန်ကာ×××တဘွတ်ဘွတ်မြည်ကာ ×××ကျန်းမာသန်စွမ်းမည်××× နောက်မျိုးဆက်များ ခန္ဓာကြီးထွားအောင်××× ပဲစားရမည်×××တို့ ယုံကြည်×××
  • Sat 25 Nov 2017 - 20:38
    (တစ်) ‘လေ့လာသူ’ဆိုတဲ့ စားပွဲ တင်သစ်သားတုံးစာတန်းကလေး ထောင်ထားတဲ့စားပွဲခုံရဲ့ နောက် နားဆီမှာ ဂျက်ကွမ်းခြံကုန်းက နေရာယူရပါသဗျ။ ဘုရားစူး၊ မိုး ကြိုးပစ်ရပါစေရဲ့။ လူသားဆိုလို့ ဂျက်ကွမ်းခြံကုန်း တစ်ယောက် တည်းဆိုမှ တကယ့်ကိုတစ် ယောက်တည်း။ ချထားတဲ့စားပွဲ၊ ကုလားထိုင်တွေဆီမှာ ထိုင်နေကြ တာက အကုန်လုံးတိရစ္ဆာန်တွေ ချည်းပဲ။ အစည်းအဝေးခန်းထဲမှာ ရှိနေကြတာက သတ္တ၀ါမျိုးစုံစုစု ပေါင်း အကောင်လေး၊ ငါး၊ ခြောက်ဆယ်လောက်တော့ရှိနိုင် သပေါ့။ အဲသမှာ ခုနကပြောခဲ့ သလို တစ်ဦးတည်းသော လူသား ကတော့ ဂျက်။ ‘လေ့လာသူ’တဲ့။ တိရစ္ဆာန်တွေက ဖိတ်ကြားလို့ လာရတာ။
  • Sat 18 Nov 2017 - 17:20
    (တစ်) ရဂုံမြိုင်တွင်း တောလုံးလင်းသားဆိုတဲ့ စကားအတိုင်းပါပဲဗျာရယ်။ အဟုတ်။ တစ်တောလုံး လင်းတဲ့ ရာသီကာလပေပ။ ဘယ် တောရှိရမှာတဲ့တုံး။ နာမည်ကျော် စုံနံ့သာမြိုင်တောကြီးပေပဲပေါ့။ စုံနံ့သာမြိုင်မှ မဟုတ်ပါဘူးလေ။ သည်အခါသည်ကာလ သည်လို ဒေသမှာရှိတဲ့ တောမှန်သမျှ သို့ ကလိုပဲ ရှိကြပေမှာပ။
  • Sun 12 Nov 2017 - 14:11
    (တစ်) ညောင်ကန်ဆရာတော်ဘုရားကြီး ပြုစုတော်မူတဲ့ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုဘုတ်အုပ်ကြီးတွေကို အတွဲလိုက် အတွဲလိုက်ဆိုသလို ဂျက်ကွမ်းခြံကုန်းလှန်လှောဖတ်ရှု မိပါသဗျ။ မတွေ့ဘူး။
  • Fri 10 Nov 2017 - 20:50
    ကိုယ့်သူငယ်ချင်း အမတ်မင်းရေ .... ဟိုလိုဒီလို ဘာလိုလိုနဲ့ ဖဲကြိုးဖြတ်လိုက် လမ်းဖွင့်လိုက်နဲ့ ငါးနှစ်သက်တမ်း ကုန်ခန်းသွားရင် တတ်သည့်ပညာ မနေသာဆိုသလို လူစည်ကားရာ တစ်နေရာရာမှာ ဒါမှမဟုတ် ဈေးကွက်ကောင်းရာ
  • Sun 29 Oct 2017 - 20:28
    လော်သံတွေ တိတ်လို့သွားမှ ××× အိပ်ပါရစေလေ ××× လော်သံတွေ ××× ဆူနေရင် ××× ဘယ်လိုအိပ်အိပ် အိပ်လို့ ပျော်မှာ ××× မဟုတ်ဘူးလေ ××× ကျယ်လောင်စွာ ××× ခံစားရတာချင်းအတူတူ ××× ဘယ်လော်က ××× ဘယ်အဖွဲ့ ထက် ပိုမိုလို့ ဆူညံလေမလဲ ××× တို့ကိုငဲ့ညှာ ××× သနား လှည့်ပါဦး ×××
  • Sat 28 Oct 2017 - 21:16
    (တစ်) မစည်ကားထိုက်တဲ့ အရပ် ဒေသဘယ်နှခုရှိသတဲ့တုံး။ လွယ် လွယ်လေး။ ဘယ်တက္ကသိုလ်၊ ဘယ်ကောလိပ်မှ သွားပြီးသင်ယူ လေ့လာစရာမလိုဘူး။ ဘယ် ကမ္ဘာကျော် စာကြည့်တိုက်ကြီး တွေရှိရာဆီကိုမှ သွားပြီးဘုတ် အုပ်အထူကြီးတွေထဲမှာ လိုက်ရှာ ဖွေစရာမလိုဘူး။ လူရယ်လို့ဖြစ် လာပြီဆိုကတည်းက ရပ်ထဲရွာ ထဲမှာ ဟိုလူပြော၊ သည်လူပြောနဲ့ အဲသည့်အဆိုအမိန့်က လူတိုင်းရဲ့ ရင်ထဲမှာ စွဲထင်နေပြီးသားဥစ္စာ။ ဟုတ်ပါရဲ့။ မစည်ကားထိုက်တဲ့ အရပ်ဒေသတဲ့။ သုံးခုရှိပါသတဲ့ ခင်ဗျ။
  • Sat 21 Oct 2017 - 20:38
    (တစ်) မိုးလည်း ကြည်လင်ခဲ့ပြီခင်ဗျ။ မြေပြင်လည်း သွေ့ခြောက်ခဲ့ပါ ပေါ့။ တောဟာ ခြေခင်းလက်ခင်း တွေ သာလို့။ အဲသမှာ သတ္တဝါ ကလေးတွေက ရောဂါတစ်ခုထ လာခဲ့ကြပါလေရော။
  • Sat 14 Oct 2017 - 20:39
    (တစ်) ကျမျက်ရည်ချောင်းဖြစ်အောင်ဆို တဲ့စကားကို ကြားဖူးကြသလား မသိဘူး။ ဆဒ္ဒန်ဆင်မင်းဇာတ်ထဲ မှာ သုဘဒ္ဒါဆိုတဲ့မိဖုရား ရှိုက်ကြီး တငင်ငိုကြွေးတာကို ရေးထားတဲ့ အဖွဲ့အနွဲ့လေ။ ဆင်မင်းခမျာ မုဆိုးရဲ့မြားချက်နဲ့ တုံးလုံးပက် လက်လဲကျသွားပြီးတဲ့ သကာလ အစွယ်ကို အဖြတ်ခံရပြီးတဲ့နောက် သေပွဲဝင်သွားခဲ့ရရှာပြီဆို တဲ့အကြောင်း သောနုတ္တရမုဆိုး က လျှောက်တင်လိုက်တဲ့အခါ သုဘဒ္ဒါမိဖုရားငိုကြွေးပုံကို စလေ အညာက နဘေဆရာကြီး ဦးပုည လက်စွမ်းပြရေးသားလိုက်တဲ့အ ဖွဲ့အနွဲ့ပေပ။ မျက်ရည်တွေကပဲ ချောင်းဖြစ်အောင် ငိုကြွေးရလေ သတဲ့။

Pages

Subscribe to Satire