Sports

  • Wed 21 Jun 2017 - 23:00
    ဘရာဇီးညာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်သည် ဂျူဗင်တပ် မှ မန်စီးတီးသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီပြီ ဖြစ်ကာ ဂျူဗင်တပ်နှင့် စာချုပ်ကိစ္စဖြေရှင်းပြီးသည်နှင့် အင်္ဂလန်သို့ အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်သည်။
  • Wed 21 Jun 2017 - 22:59
     ရိုးမားအသင်းမှ အီဂျစ် တိုက်စစ်မှူး မိုဟာမက်ဆာလာ ကို လီဗာပူးက ၎င်းတို့၏ စံချိန် တင်ကြေးဖြင့် ခေါ်ယူရန် သဘော တူထားသည်။ လီဗာပူးက ဆာလာအ တွက် ပေါင် ၃၅ သန်းနှင့်အတူ အပိုဆုကြေးများပါပေးရန် သ ဘောတူထားသဖြင့် ၎င်း၏ အသင်းပြောင်းရွှေ့ကြေး ပေါင် ၃၉ သန်းအထိရှိလာနိုင်သည်။
  • Wed 21 Jun 2017 - 22:39
    မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်တိုက်စစ်မျူး လီဝမ်ဒေါစကီး၏ အေးဂျင့်နှင့် ဆွေးနွေးနေသည်ဟု SKY Sport သတင်းဌာနက ဖော်ပြသည်။ လီဝမ်ဒေါစကီးသည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့လိုသည်ဟု သတင်းထွက်နေပြီး မန်ယူကလည်း ခေါ်ယူချင်နေသည်။  
  • Wed 21 Jun 2017 - 22:38
    ဂျာမနီ လိုက်ပ်ဇစ်အ သင်းနှင့် သြစတြီးယားမှ ရက်ဒ်ဘူးဆယ်ဇဘာ့ဂ်အသင်းတို့ကို လာမည့်နှစ်ချန်ပီယံလိဂ်တွင် ယှဉ်ပြိုင်ခွင့်ပြုကြောင်း ဥရောပဘောလုံး အဖွဲ့ချုပ်က အတည်ပြုသည်။
  • Wed 21 Jun 2017 - 22:38
    လက်ရှိမန်ယူနည်းပြ မော်ရင်ဟိုသည် ရီးရဲလ်မက်ဒရစ် နည်းပြအဖြစ် တာဝန်ထမ်းဆောင် စဉ်က အကောက်အခွန်အာဏာ ပိုင်များကို အခွန်လိမ်လည် ခဲ့ကြောင်း စွပ်စွဲခံနေရသည်။
  • Wed 21 Jun 2017 - 22:37
    ပိုလန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသော (၂၁)နှစ်အောက် ဥရောပချန်ပီယံ ရှစ်ပြိုင်ပွဲအုပ်စု (B) ဒုတိယပွဲ စဉ်တွင် စပိန်က ပေါ်တူဂီကို ၃-၁ဂိုးဖြင့် အနိုင်ရပြီးနောက် ခြောက် မှတ်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိ သွားသည်။
  • Wed 21 Jun 2017 - 21:03
     နိုင်ငံတကာ ပြိုင်ပွဲများ အတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် ယူ- ၁၈ ဘောလုံး အသင်းသည် ထိုင်းအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။  အဆိုပါ ခြေစမ်းပွဲဖြစ် မြောက်ရန် ထိုင်းဘောလုံးအဖွဲ့ ချုပ်နှင့် ညှိနှိုင်းလျက်ရှိပြီး ဩဂုတ် လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။
  • Wed 21 Jun 2017 - 21:01
    အားကစားနှင့် ကာယ ပညာဦးစီးဌာနက ဖွင့်လှစ်ထား သည့် အားကာသိပ္ပံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို လာမည့်ဒီဇင်ဘာတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် အားကာသိပ္ပံ ကျောင်းများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် တောင်ကြီးမြို့တို့၌ ဖွင့်လှစ်ထား၍ အားကာသိပ္ပံကျောင်းတစ်ကျောင်းတွင် ကျောင်းသားဦးရေ ၅၅၀ ခန့် ပညာသင်ကြားလျက်ရှိ ကြောင်း သတင်းရရှိသည်။
  • Wed 21 Jun 2017 - 21:00
    ဆီးဂိမ်းအကြို ကမ္ဘောဇ ဘဏ်ဖလား လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲကို MRTV Sports Channelနှင့် For Sports Channel ရုပ်သံ လိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြ သမည်ဖြစ်သည်။  ထို့ပြင် အခမဲ့ရုပ်သံလိုင်း တစ်ခုဖြစ်သည့် မြဝတီရုပ်မြင်သံ ကြားမှလည်း ယင်းဖိတ်ခေါ်ပြိုင်ပွဲ ကို တိုက်ရိုက်ပြသနိုင်ရန် ဆွေး နွေးညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။
  • Wed 21 Jun 2017 - 20:58
    ရန်ကုန်မြို့တွင် ကျင်းပ မည့် MMA (One Champion-ship) ပြိုင်ပွဲ၌ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း လက်ရှိ ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ ပွဲစဉ်အပါအ၀င် ပွဲစဉ်(၁၁)ပွဲ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၃၀ ရက်တွင် ရန်ကုန် မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည့် ကိုယ် ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင် သည့် MMA ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Wed 21 Jun 2017 - 12:48
    DER SPIEGEL သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဥရော ပကော်မရှင်ဥက္ကဋ္ဌ ဂျင်ကလော့ဒ်  ဂျန်ကာ (၆၂)နှစ်က ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုပိုများလာတာ၊ သမ္မတ ထရန်နဲ့ အီးယူရဲ့ သဘောထားကွဲ လွဲတာတွေနဲ့ ဗြိတိန်နိုင်ငံမှာ မရှင်း လင်းတဲ့ ရွေးကောက်ပွဲရလဒ်ထွက် ပေါ်နေချိန်မှာ ဗြိတိန်ခွဲထွက်ဖို့ ညှိ နှိုင်းနေတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးထားပါတယ်။
  • Wed 21 Jun 2017 - 12:15
    မာဂရီသီ (၂)သည် ဒိန်းမတ် နိုင်ငံ၏ ဘုရင်မကြီးဖြစ်သည်။ ဘုရင်မကြီးသည် ဒိန်းမတ်နိုင်ငံ တော် ဘုရားရှိခိုးကျောင်း၏ ထိပ် သီးအကြီးအမှူးဖြစ်ပြီး ဒိန်းမတ် လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦး စီးချုပ်လည်းဖြစ်သည်။
  • Wed 21 Jun 2017 - 12:14
    ဦးခေါင်းကို ဘယ်ညာယမ်း ရင်း အပြာရောင်ယူနီဖောင်းကျပ် ကျပ်၊ အနက်ရောင်ဒေါက်မြင့်ဖိနပ် များစီး၍ လမ်းမပေါ်ချီတက်လာ ပြီး ပြုံယမ်းမြို့၏ လမ်းဆုံလမ်းမ များတွင် ယာဉ်ကြောရှင်းလင်းပေး နေသော ရဲမေများသည် မြောက်ကိုရီးယားမြို့တော်၏ အမှတ်အသားပုံရိပ်များဖြစ်သည်။
  • Wed 21 Jun 2017 - 11:17
    ဆီးရီးယား ပြည်တွင်း စစ် စတင်ပေါ် ပေါက်လာသည်မှာ ခြောက်နှစ်ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ရှုပ်ထွေးလွန်းသည့် သဘောသဘာဝမျိုးဖြင့် ဖြစ်ပွားနေသည့် စစ်ပွဲသည် လတ်တလောရပ်တန့် သွားမည့် အလားအလာ မျိုးလည်း မမြင်ရသေးချေ။ ကနဦးက သမ္မတ ဘာရှာအယ်လ်အာဆတ်၏ ဖိနှိပ်အုပ်ချုပ်မှုများကို တွန်းလှန်သည့်လှုပ်ရှားမှုမှ စစ်ပွဲအစပြုခဲ့သော် လည်း ယခုအခါဆီးရီးယားသည် အမေရိကန်နှင့် ရုရှားတို့အကြား မူဝါဒရေးရာပြိုင်ဆိုင်သည့် ကြားခံစစ်မြေပြင်သဖွယ် ပြောင်းလဲလာ သည်။ ပို၍စိတ်ဝင်စားစရာ ကောင်းသည်က အမေရိကန်တွင် အစိုးရအပြောင်းအလဲနှင့်အတူ ဆီးရီးယားနှင့် ပတ်သက်၍ ပိုမိုတင်းမာပြတ်သားသည့် ချဉ်းကပ်ပုံမျိုး ကူးပြောင်းလာခြင်း ဖြစ်သည်။
  • Wed 21 Jun 2017 - 10:55
    ဆယ်စုနှစ်တစ်ခုခန့် ရှိလာသည့် မြန်မာ့ဘောလုံးလောက၏ အဆင့် အမြင့်ဆုံး ပရော်ဖက်ရှင်နယ်အဆင့် လိဂ်ပြိုင်ပွဲသည် ဆက်လက်ရပ် တည်နိုင်ရေးအတွက် စိန်ခေါ်မှုများ ကြုံနေရပြီဖြစ်သည်။  မြန်မာလိဂ်စတင်ကျင်းပ သည့် ၂၀၀၉ ပြိုင်ပွဲ၌ ပရိသတ်အား ပေးမှု များပြားခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ကွင်းအ တွင်း ပရိသတ်အားပေးမှု သိသာ စွာကျဆင်းလာသည်။ လာရောက်ကြည့်ရှုမှုလျော့ နည်းခြင်းနှင့်အတူ မြန်မာ လိဂ်ပြိုင် ပွဲနောက်ပိုင်းနှစ်များတွင် ပံ့ပိုးပေး မည့် စပွန်ဆာအခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ လိဂ်ပြိုင်ပွဲ ကို ပရိသတ်စိတ်ဝင်စားမှု မရှိခြင်း ကြောင့် စပွန်ဆာပေးမည့် ကုမ္ပဏီ များရှားပါးလာပြီး သီချင်းအဆို ပြိုင်ပွဲတစ်ခုဖြစ်သည့် မြန်မာအိုင် ဒေါပြိုင်ပွဲလောက် စပွန်ဆာမရရှိ ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က စပွန်ဆာအခက်အခဲနှင့် ပတ်သက်၍ ညည်းတွားခဲ့ဖူးသည်။
  • Tue 20 Jun 2017 - 19:41
    ယခုနှစ်နွေရာသီအ ပြောင်းအရွှေ့ဈေးကွက်၌ ညာ နောက်ခံလူရှာဖွေရေးသည် ဘာ စီလိုနာအတွက် အဓိကကျသည့် စိုးရိမ်ပူပန်မှုဖြစ်နိုင်သော်လည်းပီအက်စ်ဂျီကွင်းလယ်ကစားသ မား မာကိုဗာရက်တီ(၂၄)နှစ်ကို ခေါ်ယူစာချုပ်နိုင်ရေး အစွမ်းကုန်ကြိုးစားရန် အသင့်ရှိကြောင်း  အသင်းတာဝန်ရှိသူများကပြောသည်။
  • Tue 20 Jun 2017 - 19:41
    အခွန်တိမ်းရှောင် သည်ဆိုသော စွပ်စွဲချက်ထွက် ပေါ်လာပြီးနောက် အသင်းမှ ထွက်ခွာမည်ဟု ခြိမ်းခြောက်ခဲ့သော ရော်နယ်ဒိုအတွက် လက်ရှိအချိန် အထိ မည်သည့်အသင်းကမျှ ကမ်းလှမ်းမှုတစ်စုံတစ်ရာလက်ခံ ရရှိခြင်းမရှိသေးကြောင်း ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောသည်။
  • Tue 20 Jun 2017 - 01:12
     ခြေချင်းဝတ်ဒဏ်ရာ ကြောင့် ကာလရှည် အနားယူနေ ရသည့် ရန်ကုန်ယူနိုက်တက် ကစားသမား ကြည်လင်းသည် မြန်မာလိဂ် ပြန်လည်စတင်ချိန် (စက်တင်ဘာ)၌ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။ မြန်မာ့လက်ရွေးစင် ကွင်း လယ်ကစားသမား ကြည်လင်း သည် ယင်းခြေချင်းဝတ်ဒဏ်ရာ ကို ၂၀၁၃ ဆီးဂိမ်းတွင် စတင်ရရှိ ခဲ့ပြီး ၂၀၁၆ ဘောလုံးရာသီလိဂ်ပွဲ စဉ်တစ်ခု၌ ဒဏ်ရာဟောင်းပြန် လည်ထိခိုက်ကာ တစ်နှစ်ခွဲခန့် အနားယူခဲ့ရသည်။
  • Tue 20 Jun 2017 - 01:12
     မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ဂျပန် ယူ-၂၂ အသင်း၊ ဂျေလိဂ် ကလပ် အမျိုးသမီးအသင်းများနှင့် ခြေစမ်းကစားခွင့်ရရှိရန် ဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။ မလေးရှားဆီးဂိမ်းအကြိုပြင် ဆင်မှုအဖြစ် မြန်မာအမျိုးသမီးအသင်းသည် မူလက တိုင်ပေအ သင်း၊ တောင်ကိုရီးယားလူငယ်အသင်း၊ တရုတ်ခြေစမ်းခရီးစဉ်များ စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့သဖြင့် ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့်ချိတ်ဆက်၍ ဂျပန်အသင်းများနှင့် ခြေစမ်းခွင့်ရရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်းက ပြောကြား သည်။
  • Tue 20 Jun 2017 - 01:11
    ကမ္ဘောဇဘဏ်ဖလား လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ပြိုင် ဘက်အသင်းကောင်းများကြောင့် မြန်မာယူ-၂၂ အသင်းအတွက် အကျိုးရှိမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ကပြောသည်။ အဆိုပါပြိုင်ပွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် မြန်မာ ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂၊ ဟောင်ကောင် ယူ-၂၂ နှင့် ဂျပန် တက္ကသိုလ်များ လက်ရွေးစင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။

Pages

Subscribe to Sports