Sports
Schedule:
Standing:
Toplist:
Teams:
  • Mon 16 Oct 2017 - 22:59
    ပရီးမီးယားလိဂ် တွင် စတုတ်စီးတီးကို ၇-၂ ဂိုး ဖြင့်ချေမှုန်းနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် နာပိုလီနှင့်ပွဲ လွယ်ကူလိမ့်မည်ဟု မျှော်လင့်ထားပါက မိုက်မဲရာကျမည်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာက မန်စီးတီးအသင်းအားပြောကြားသည်။
  • Mon 16 Oct 2017 - 22:54
    ကမ္ဘာ့ဖလားအတွက် မဲခွဲ ရာတွင် အိမ်ရှင်ရုရှားနှင့်အတူ ပါ ၀င်မည့် ထိပ်သီးအသင်း ခုနစ် သင်း၏ ကမ္ဘာ့အဆင့်များကို ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်သည်။
  • Mon 16 Oct 2017 - 22:53
    အင်ဒိုနီးရှားထိပ်တန်းလိဂ်တစ်ခုမှ Persela FC အသင်း ဂိုးသမား ဟူဒါ (၃၈)နှစ်သည် ၎င်း၏ အသင်းဖော်တစ်ဦးနှင့် တိုက်မိပြီးနောက် တနင်္ဂနွေနေ့က ဆေးရုံတင်ခဲ့သော်လည်း သေဆုံးသွားကြောင်း ဆရာဝန်များက ပြောသည်။
  • Sun 15 Oct 2017 - 23:20
    ယမန်နေ့က ကစားခဲ့သော ဥရောပလိဂ်ပွဲစဉ်များတွင် ၀ါရင့်နည်းပြ ဂျပ်ဟိုင်းကစ် ပြန်လည်ကိုင်တွယ်နေသော ဘိုင်ယန်မြူးနစ်က ဖရိုင်းဘတ်ကို ၅-၀ ဂိုးဖြင့် ချေမှုန်းနိုင်သော်လည်း ထိပ်ဆုံးရှိ ဒေါ့မွန်က လိုက်ပ်ဇစ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
  • Sun 15 Oct 2017 - 23:20
  • Sun 15 Oct 2017 - 23:19
    အမ်ကေဒွန်အသင်းမှ ပြောင်း လာခါစက မိမိကို နည်းပြပိုချက် တီနိုက သဘောမကျသော်လည်း ယခုအခါ သဘောကျနှစ်ခြိုက်နေ ပြီဖြစ်ကြောင်း စပါးကြယ်ပွင့် ဒယ်လီအလီက ပြောသည်။  
  • Sun 15 Oct 2017 - 23:18
    ယမန်နေ့က ကစားခဲ့ သော စပိန်လာလီဂါပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်က မက်ဆီကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ဘာစီလိုနာကို အနိုင်မရဘဲ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
  • Sun 15 Oct 2017 - 22:54
     ဘောလုံးနည်းပြဘဝ သည် မန်ယူတွင် အဆုံးသတ်မည်မဟုတ်ဘဲ နောက်ထပ်အသင်း အသစ်များကို ကိုင်တွယ်လို ကြောင်း မော်ရင်ဟိုက ပြောကြား သည်။၂၀၁၆-၁၇ ရာသီမတိုင်မီ မန်ယူသို့ ပြောင်းလာပြီးနောက် မော်ရင်ဟိုသည် သုံးနှစ်စာချုပ် သက်တမ်းထက်ဝက်သို့ ဝင် ရောက်လာပြီဖြစ်သည်။
  • Sun 15 Oct 2017 - 21:11
     မြန်မာစကိတ် အား ကစားအဖွဲ့သည့် ယခုနှစ်အတွင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲနှစ်ရပ်တွင် ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးလွင်လတ်က ပြောသည်။ အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့အဆင့်သတ် မှတ်ချက် စကိတ်ပြိုင်ပွဲနှင့် နိုဝင် ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာ ဖိတ်ခေါ်စကိတ်ပြိုင် ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။
  • Sun 15 Oct 2017 - 21:08
     မြန်မာ့လက်ရွေးစင်အ သင်းအနေဖြင့် အိန္ဒိယအသင်း နှင့် အာရှဖလားခြေစစ်ပွဲမတိုင်မီ နိုဝင်ဘာ ၉ ရက်တွင် ကမ္ဘောဒီး ယားအသင်းနှင့် ခြေစမ်းကစား မည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့ အိုလံပစ် အားကစားကွင်း၌ ကျင်းပမည် ဖြစ်ကာ ကမ္ဘောဒီးယားဘောလုံး အဖွဲ့ချုပ်နှင့် သဘောတူညီမှုရရှိ ပြီးဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် လက်ရှိတွင် လိဂ်ပွဲ စဉ်များရှိသဖြင့် လေ့ကျင့်မှု ရပ်နားထားပြီး လာမည့် အောက်တိုဘာ ၂၁ ရက်၌ လေ့ကျင့်မှု ပြန် လည်စတင်မည်ဖြစ်သည်။
  • Sun 15 Oct 2017 - 21:05
    ဂျပန်ခရီးစဉ်အတွင်း ပထမဆုံးခြေစမ်းပွဲ၌ မြန်မာယူ- ၁၉ ဘောလုံးအသင်းသည် ဟန် နာတက္ကသိုလ်အသင်းကို ငါးဂိုး ပြတ်ဖြင့် ရှုံးနိမ့်သည်။ အောက်တိုဘာ ၁၅ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ယှဉ် ပြိုင်ခဲ့သည့် အဆိုပါခြေစမ်းပွဲတွင် မြန်မာအသင်းက အဓိကကစား သမားများဖြင့် ပွဲထွက်ခဲ့ပြီး ဟန်နာတက္ကသိုလ်အသင်းကို တစ်ဦးချင်းနှင့် အသင်းလိုက်၌ ယှဉ်နိုင်ခြင်းမရှိခြင်းကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာယူ-၁၉ အသင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။
  • Sun 15 Oct 2017 - 21:04
     မြန်မာလိဂ် ပွဲစဉ်(၂၀) ဒုတိယနေ့တွင် ရန်ကုန်ယူနိုက် တက်အသင်းက ဇွဲကပင်အသင်း ကို ၄-၀ ဖြင့် ဂိုးပြတ်အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးရှိ ရှမ်း အသင်းကို ဆက်လက်ဖိအားပေး နိုင်ခဲ့သည်။ အောက်တိုဘာ ၁၅ ရက်က ရန်ကုန်အသင်း မြက်ခင်းတုကွင်း တွင် ယှဉ်ပြိုင်သည့် ယင်းပွဲ၌ အ ကြိတ်အနယ်ရှိပြီး အပြန်အလှန် ထိုးဖောက်နိုင်သော်လည်း ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ခင်မောင်လွင်၊ ဒေးဗစ်ထန်း၊ အီမာဆင်နှင့် ဆီဇာတို့က သွင်းယူကာ ဂိုးပြတ်အနိုင်ရရှိ သည်။
  • Sat 14 Oct 2017 - 23:48
    ပါရီ - ပြင်သစ်အားကစားဝန် ကြီးဟောင်း ရိုဆီလီနီဘာချီလော့ က ကမ္ဘာ့နံပါတ် (၁)တင်းနစ် သမား ရာဖေးလ်နာဒယ်တားမြစ် ဆေး သုံးစွဲသည်ဟု စွပ်စွဲပြီး နောက် နာဒယ်၏ ရှေ့နေများက နစ်နာကြေးယူရို ၁၀၀,၀၀၀ ရရန် တရားစွဲဆိုထားသည်။
  • Sat 14 Oct 2017 - 23:48
    လန်ဒန်- ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ချယ်လ်ဆီးသည် ခရစ္စတယ် ပဲလေ့စ်အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးက ဂိုးပြတ်နိုင်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အနီးဆုံးပြိုင်ဘက် မန်ယူကို နှစ်မှတ်ဖြတ်၍ ဦးဆောင်ထားသည်။
  • Sat 14 Oct 2017 - 23:42
    အမေရိကန်ဘောလုံး အသင်း လာမည့်နှစ် ရုရှားကမ္ဘာ့ ဖလား ခြေစစ်ပွဲမအောင်မြင်သော်လည်း မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်မည်မဟုတ်ဘဲ ရွေးကောက်ပွဲပြန်ဝင်ရန် ကြိုးစားမည်ဟု အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူနီလ်ဂူလာတီက ပြောသည်။
  • Sat 14 Oct 2017 - 23:41
    လီဂူးဝမ်းချန်ပီယံ မိုနာကိုသည် လိုင်ယွန်ကို ဖီကာ၏ နောက်ဆုံးမိနစ်သွင်းဂိုးဖြင့် ၃-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် မိုနာကိုနည်းပြ လီယိုနာဒို  ဂျာဒင်က သရေသာကျသင့်သည်ဟု ပြောကြားပြီး အရှုံးကြောင့် စိတ်ပျက်မိသည်ဟု ပြောသည်။
  • Sat 14 Oct 2017 - 23:41
    ကစားသမားဘ၀ မှ အနားယူပြီးပါက ချယ်လ်ဆီး အသင်းတွင် အန်တိုနီယိုကွန်တီ နှင့်အတူ နည်းပြတစ်ဦးနေရာမှ ပါဝင်မည်ဆိုခြင်းကို အီတလီ ဂန္ထ၀င်ကွင်းလယ်လူ အန်ဒရေးပီ ယာလိုက ချေဖျက်ခဲ့သည်။
  • Sat 14 Oct 2017 - 23:40
    ရှန်ဟိုင်းမာစတာတင်း နစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ် (၁) တင်းနစ်သမား ရာဖေးလ်နာဒယ် က ခရိုအေးရှားတင်းနစ်သမား မာရင်းဝီလစ်ကို အနိုင်ရပြီး ဗိုလ် လုပွဲသို့ တက်ရောက်ခဲ့သည်။
  • Sat 14 Oct 2017 - 20:41
     မြန်မာလိဂ်ပြိုင်ပွဲဝင် ဟံ သာဝတီယူနိုက်တက်အသင်း ဂိုး သမား ကိုကိုနိုင်သည် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားမှုကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ရာသီ ကုန်အထိ လွဲချော်ဖွယ်ရှိသည်ဟု အသင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။ ကိုကိုနိုင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က ရန်ကုန် မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ၎င်းစီးလာသည့် ဆိုင်ကယ်နှင့် ကားတစ်စီးတိုက်မိပြီး ပါး၊ နဖူးနှင့် ခြေဖနောင့်တို့တွင် ဒဏ်ရာရရှိ ကာ စုစုပေါင်း ၁၅ ချက်ခန့် ချုပ်ခဲ့ရသည်။
  • Sat 14 Oct 2017 - 20:39
     ရန်ကုန်မြို့တွင် တတိယအကြိမ်မြောက် ကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ(WLC-3)၌ အလဲထိုးနိုင် သည့် ကစားသမားများအား မူလ ထက် အပိုဆုကြေး ၁၀ ဆ တိုး ချီးမြှင့်မည်ဟု မြန်မာလက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟကပြော သည်။  မြန်မာလက်ခမောင်းကုမ္ပ ဏီက ကြီးမှူးကျင်းပသည့် ယင်း ပြိုင်ပွဲကို အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် နိုဝင်ဘာ ၄ ရက်၌ ကျင်းပမည်ဖြစ်ပြီး တွဲ ဆိုင်းရှစ်ဆိုင်း ပါဝင်မည်ဖြစ်သည်။
Pages
Subscribe to Sports