Sports

Schedule:

Standing:

Toplist:

Teams:

  • Fri 08 Dec 2017 - 20:58
    အာဆီယံနိုင်ငံများနှင့် အာရှနိုင်ငံများ ပူးပေါင်း၍ ဖီဖာ အသိအမှတ်ပြု ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပရန် အာဆီယံကောင်စီအစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း ဘော လုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
  • Fri 08 Dec 2017 - 20:57
     ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်းသည် ပြင်ဆင်ချိန်နည်းပါးသော်လည်း ကစားပုံတိုး တက်လာကြောင်း နည်းပြချုပ် ဦးကြည်လွင်ကပြောသည်။ မြန်မာအပါအ၀င် ပြိုင်ပွဲဝင် ငါးသင်းယှဉ်ပြိုင်မည့် ဗီယက်နမ်ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ Cantho မြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်က ယူ-၁၉ နှင့် ယူ ၂၁ အသင်း၊ ထိုင်းယူ-၂၁၊ မြန်မာယူ- ၂၁ နှင့် ဂျပန်ကလပ် ယိုကိုဟားမားလူငယ်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်း ငါးသင်းသည် ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
  • Fri 08 Dec 2017 - 20:56
    လက်ရွေးစင်ဟောင်း ဂိုးသမား ရန်အောင်လင်းသည် ဇွဲ ကပင်အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထား ကြောင်း ၎င်းကဆိုသည်။ ဂိုးသမား ရန်အောင်လင်း သည် ဟံသာဝတီယူနိုက်တက်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ၂၀၁၅ တွင် ဟံသာဝတီအသင်းမှ ရတနာပုံအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ရန်အောင်လင်းသည် ၂၀၁၇ အောက်တိုဘာလကုန်တွင် ရတနာပုံအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသဖြင့် လက်ရှိ၌ အသင်းလက်မဲ့ဖြစ်နေ သည်။
  • Fri 08 Dec 2017 - 20:55
     ထိုင်းဖိတ်ခေါ်ဖလား ပြိုင်ပွဲဝင် မြန်မာယူ-၂၃ ဘောလုံး အသင်း၏ ပွဲစဉ်များကို ပြည်တွင်း အခမဲ့ရုပ်သံလိုင်း မြန်မာ့ရုပ်မြင်သံကြား (MRTV)က တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။ M-150 Cup ယူ-၂၃ ဘော လုံးပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု(ခ)တွင် မြန်မာ၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်၊ အုပ်စု(က)တွင် အိမ်ရှင်ထိုင်း၊ မြောက်ကိုရီးယား၊ ဂျပန်အသင်းတို့ ပါဝင် သည်။
  • Thu 07 Dec 2017 - 23:08
     ရီးရဲလ်ကို ရှုံးကာ ချန် ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ ရသည့် ဒေါ့မွန်အသင်းသည် နည်းပြပီတာဘော့ဇ်ကို မကြာမီထုတ် ပယ်နိုင်ခြေရှိပြီး ဒေါ့မွန်လူငယ်အသင်း နည်းပြဟောင်း စတုဂတ် နည်းပြ ဟန်နက်စ်ဝု့ဖ်နှင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဂျာမနီသတင်းများက ဖော်ပြသည်။
  • Thu 07 Dec 2017 - 22:19
     - မန်စီးတီးနှင့် မန်ယူတို့၏ ယခုသီတင်းပတ်ကုန်တွင် ကစားမည့် ဒါဘီပွဲ၌ ကွင်းလယ်ဖန်တီးရှင် ပေါလ်ပေါ့ဂ်ဘာပါဝင်မည်မဟုတ် သော်လည်း ယင်းအခြေအနေကို မိမိတို့ကိုင်တွယ်နိုင်သည်ဟု မန်ယူကွင်းလယ်လူမာတာက ပြောသည်။
  • Thu 07 Dec 2017 - 22:18
     လီဗာပူးက စပါးတပ်မော်စကိုကို ၇-၀ ဂိုးဖြင့် ချေမှုန်းခဲ့ပြီး နောက် အင်္ဂလန်သည် ချန်ပီယံ လိဂ်ရှုံးထွက်အဆင့်သို့ အသင်း ငါးသင်းပို့ဆောင်နိုင်ခဲ့သော ပထ မဆုံးနိုင်ငံဖြစ်လာသည်။ ဥရောပ၏ ထိပ်တန်းပြိုင်ပွဲ တွင် ငါးကြိမ်အနိုင်ရခဲ့သော လီ ဗာပူးသည် ကွင်းလယ်လူ ဖိလစ် ကော်တင်ဟို၏ ကလပ်အတွက် ပထမဆုံးဟက်ထရစ်ဖြင့် အုပ်စု (E)အုပ်စုဗိုလ်ဖြစ်လာသည်။
  • Thu 07 Dec 2017 - 20:24
    ထိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် အောင်သူမပါသည့် မြန်မာ ယူ-၂၃ အသင်းသည် တိုက် စစ်ပိုင်း ၌ ရုန်းကန်ရဖွယ်ရှိကြောင်း  နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က  ပြောသည်။
  • Thu 07 Dec 2017 - 20:23
    ရှမ်းနှင့် ရန်ကုန်အသင်း ယှဉ်ပြိုင်မည့် ၂၀၁၈ ချာရတီ ဖလားပြိုင်ပွဲကို ဇန်န၀ါရီ ၇ ရက် တွင် အောင်ဆန်းကွင်း၌ ကျင်းပ မည်ဖြစ်ကြောင်း မြန်မာလိဂ်အမှု ဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် က ပြောသည်။
  • Wed 06 Dec 2017 - 23:11
     အက်သလက်တီကို မက်ဒရစ်သည် ချယ်လ်ဆီးနှင့် တစ်ဂိုးစီသရေကျကာ ချန်ပီယံ လိဂ်မှ စောစောစီးစီးထွက်ခဲ့ရပြီး ယူရိုသန်း ၃၀ အထိ ဆုံးရှုံးမည်ဖြစ် သည်။
  • Wed 06 Dec 2017 - 22:26
    ရတနာပုံအသင်းသည် စာချုပ်သက်တမ်း မတိုးတော့ သည့် နည်းပြချုပ်ရီနီအစား ပြည် တွင်းနည်းပြသာ ခန့်အပ်မည်ဖြစ် ကြောင်း အသင်းအတွင်းရေးမှူး ဦးအောင်ဟိန်းခိုင်ကပြောသည်။  ဘယ်လ်ဂျီယံနိုင်ငံသား နည်းပြရီနီသည် ၂၀၁၆ ဘောလုံးရာသီက စတင်ကာ ရတနာပုံအသင်းကို ကိုင်တွယ်ခဲ့ပြီး ယင်းနှစ်တွင် မြန်မာလိဂ်ချန်ပီယံဖြစ်အောင်  စွမ်းဆောင်နိုင်သော်လည်း ၂၀၁၇ ဘောလုံးရာသီ၌ အမှတ်ပေးဇယားအဆင့်(၃) နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
  • Wed 06 Dec 2017 - 22:25
    ၂၀၁၈ သက်တမ်းအ လိုက် လူငယ်လိဂ်ပြိုင်ပွဲများအ တွက် ပထမရာသီဝက် ဘောလုံး သမား အပြောင်းအရွှေ့ကာလကို မြန်မာလိဂ်ကော်မတီက သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် ယူ- ၂၁ လူငယ်လိဂ်ပြိုင်ပွဲအတွက် အ ပြောင်းအရွှေ့ကာလကို ဒီဇင်ဘာ ၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ၊  ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲအ တွက် ဒီဇင်ဘာ ၁၇ ရက်မှ ဇန်န ဝါရီ ၁၈ ရက်အထိ သတ်မှတ်ခဲ့ သည်။
  • Wed 06 Dec 2017 - 22:24
    ဗီယက်နမ်ဖိတ်ခေါ် ဖလား ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အသင်းနှင့် မြန်မာ လိဂ်ညွန့်ပေါင်းအသင်းတို့ပွဲတွင် အကြိတ်အနယ် ရှိသော်လည်း ၁-၁ ဂိုးစီ သရေဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၆ ရက်က ရန်ကုန် မြို့သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့်အဆိုပါပွဲတွင် နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အကြိတ်အနယ်ရှိကာ ပွဲကောင်းဖြစ်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာလိဂ်ညွန့်ပေါင်း အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိပြီး မြန်မာ ယူ-၂၁ အသင်းကို ဖိအားပေးကာ ပွဲချိန် ၃၂ မိနစ်၌ အီမန်နျူရယ်က မြန်မာလိဂ် ညွန့်ပေါင်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့သည်။
  • Wed 06 Dec 2017 - 22:23
     ရှမ်းယူနိုက်တက်နှင့် ရန် ကုန်ယူနိုက်တက်တို့ ပါဝင်သည့် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု မဲခွဲပွဲကို ဒီဇင်ဘာ ၆ ရက်က မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည်။  ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၂၀၁၈ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ၌ မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်က အုပ်စု(စ)တွင် ဖိလစ်ပိုင်ကလပ်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်နှင့် ကမ္ဘောဒီး ယားကလပ် (သို့) လာအိုကလပ်အသင်းတို့နှင့် ကျရောက်နေ သည်။
  • Wed 06 Dec 2017 - 22:02
    - မိမိတို့၏ ဂိုးသွင်းညံ့ဖျင်းမှုကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောကြားသည်။ သို့သော် ယင်းသို့ ထွက်ခဲ့ရခြင်းသည် ကပ်ဆိုက်ခြင်းမဟုတ် ဟု ဆီမြွန်နီက ဆက်ပြောသည်။ -စီအက်စ်ကေအေနှင့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ကစား၍ ခြေစွမ်း ပြခဲ့သော နောက်တန်းလူ လုခ်ရှောအနေဖြင့် ပရီးမီးယားလိဂ်ပွဲများ၌မိမိကိုယ်ကိုယ်သက်သေပြနိုင်ရန် အခွင့်အရေးပိုရလိမ့်မည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောသည်။
  • Wed 06 Dec 2017 - 22:00
    အက်သလက်တီကိုမက် ဒရစ်နှင့် တစ်ဂိုးစီသရေကျကာ အုပ်စုဗိုလ်ဖြစ်ခွင့်နှင့် လွဲချော်ခဲ့ပြီး နောက် (၁၆) သင်းအဆင့်တွင် ပီအက်စ်ဂျီ (သို့မဟုတ်) ဘာစီလို နာနှင့် ရင်ဆိုင်ရန် မိမိတို့အနေဖြင့် ကြောက်ရွံ့နေမည်မဟုတ် ကြောင်း ချယ်လ်ဆီးကစားသမား အီဒင်ဟာဇက်က ပြောသည်။ ကာရာဘက်ကို ၁-၀ ဂိုးဖြင့်အနိုင်ရသော ရိုးမားက ချယ်လ်ဆီးနှင့် ရမှတ် ၁၁ မှတ်တူသော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စု (C) ပထမနေရာ၌ ရပ်တည်နိုင်ခဲ့ သည်။
  • Wed 06 Dec 2017 - 14:19
    မြောက်ကိုရီးယားနိုင်ငံသည် ယခုအခါတွင် ကမ္ဘာကြီး၏ မည် သည့်နေရာကို မဆိုခြိမ်းခြောက်နိုင်သော ဒုံးကျည်နည်းပညာပိုင်ဆိုင် ထားပြီဟု လွန်ခဲ့သောနှစ်ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က ကြေညာချိန် တွင် အမေရိကန်နိုင်ငံ၌ ကြာရှည်စွာ ငြင်းခုံနေသော ကိစ္စကို ၎င်းကအရိပ်အမြွက်ဖွင့်ဟခဲ့သည်။ ယင်းမှာ ဆိုဗီယက်ပြည်ထောင်စုနှင့် ယှဉ်ပြိုင်ရာတွင် အလုပ်ဖြစ်ခဲ့သော မဟာဗျူဟာဖြစ်သည့် နှစ်ဖက်စလုံးသေချာပေါက် ပျက်သုဉ်းမှု အ ယူအဆသည် ဆိုဗီယက်ထက်လွန်စွာ သေးငယ်သော ရန်သူနှင့်အလုပ်ဖြစ်မည်လားဆိုသည့်အ ကြောင်းအရာဖြစ်သည်။
  • Wed 06 Dec 2017 - 13:44
    ပေါလ်ဂျီဂျေမာရီယာပိုးလ် မန်းသည် နယ်သာလန်စီးပွားရေး လုပ်ငန်းအမှုဆောင်အရာရှိဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် သော ကမ္ဘာ့အကြီးဆုံး ဗြိတိန် -ဒတ်ခ်ျကုမ္ပဏီကြီး Unilever ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၉ ကတည်းက တာဝန်ယူထား သည်။ ယင်းမတိုင်မီက Nestle ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။
  • Wed 06 Dec 2017 - 13:42
    ဟယ်ရီပေါ်တာဝတ္ထုစာအုပ် တွေ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ နာမည်ကြီးလာတဲ့ ဗြိတိန်စာရေး ဆရာမ ဂျေကေရိုးလင်းဟာ ကမ္ဘာ တစ်ဝန်းမှာ ကလေးဂေဟာတို့၊ အဖွဲ့အစည်းတို့မှာ နေနေရတာ အဆုံးသတ်စေဖို့ ပရဟိတအဖွဲ့ Lumos ကို တည်ထောင်ထားပြီး ကမ္ဘာတစ်ဝန်းက မိဘမဲ့ကလေး တွေကို ကူညီဖို့ ကြိုးစားနေပါ တယ်။
  • Wed 06 Dec 2017 - 13:33
    ငယ်စဉ်က ကျန်းမာရေးချို့တဲ့မှုကြောင့် ဆေးရုံသို့မကြာခဏ ရက် ရှည်ကုသရသည့် လူငယ်လေး သည် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေရန်အထိ တွေးခဲ့ ဖူးသော်လည်း အားကစားကြောင့် ပြန်လည်ရှင်သန်လာခဲ့ကာ ယခုအခါ မြန်မာနိုင်ငံကိုယ်စားပြု MMA ဖိုက်တာတစ်ဦး ဖြစ်လာခဲ့ သည်။

Pages

Subscribe to Sports