Sports

Schedule:

Standing:

Toplist:

Teams:

  • Sun 08 Oct 2017 - 22:52
    ဘီလာရုစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရသော်လည်း နယ် သာလန် အသင်းခေါင်းဆောင် အာဂျန်ရော်ဘင်က ၂၀၁၈ ကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်မြင်ရေးမျှော်လင့်ချက် စွန့်လွှတ်ခဲ့သည်။
  • Sun 08 Oct 2017 - 22:51
    ၂၀၁၈ ကမ္ဘာ့ဖလား ကွန်ကာကက်ဖ်ဇုန်တွင် ကော်စ တာရီကာက ဟွန်ဒူးရပ်စ်ကို ကန် ဒယ်လ်ဝတ်စတွန်၏ နာကျင်အ ချိန်ပိုသွင်းဂိုးဖြင့် တစ်ဂိုးစီသရေ ကျပြီးနောက် နှစ်ကြိမ်ဆက်နှင့် စုစုပေါင်း ငါးကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ သည်။
  • Sun 08 Oct 2017 - 22:35
     နိုင်ဂျီးရီးယားက ဇမ်ဘီ ယာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး နောက် အာဖရိကတိုက်မှ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်သော ပထမဆုံးအ သင်းဖြစ်လာသည်။
  • Sun 08 Oct 2017 - 22:34
     အောက်တိုဘာ ၁၀ ရက်တွင် ကစားမည့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ၌ ဘရာဇီးက မိမိတို့ကို အလျှော့ပေးလိမ့်မည် မဟုတ်ကြောင်း ချီလီအသင်း ခေါင်းဆောင် ကလော်ဒီယိုဘရာ ဗိုက ပြောသည်။ ဘရာဇီးသည် ခြေစစ်ပွဲ အောင်မြင်ပြီးဖြစ်ကာ ချီလီသာအနိုင်ရရှိပါက ၎င်းတို့၏ မဟာပြိုင် ဘက် အာဂျင်တီးနား၏ အခွင့်အ ရေး ထိခိုက်မည်ဖြစ်သည်။
  • Sun 08 Oct 2017 - 21:08
     မိသားစုအခြေအနေ ကြောင့် စင်ကာပူလိဂ်သို့ ပြောင်း ရွှေ့ကစားခွင့်ရရန် ကြိုးပမ်းနေ ကြောင်း ရန်ကုန်ယူနိုက်တက်အ သင်း တိုက်စစ်မှူး ကောင်းဆက် နိုင်က ပြောသည်။ စင်ကာပူနိုင်ငံတွင် ၎င်း၏ မိသားစုရှိ၍ စင်ကာပူလိဂ်သို့ ပြောင်းရွှေ့လိုခြင်းဖြစ်ကြောင်း အသက်(၂၄)နှစ်အရွယ် ကောင်း ဆက်နိုင်ကဆိုသည်။ ကောင်း ဆက်နိုင်သည် လက်ရှိတွင် အာရှ ဖလားခြေစစ်ပွဲ ကာဂျစ္စတန်အသင်းနှင့်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ပဏာမမြန်မာ့လက်ရွေး စင်အသင်းတွင် ပါဝင်နေသည်။
  • Sun 08 Oct 2017 - 21:07
     အာဆီယံ ဖူဆယ်ချန်ပီ ယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေ သည့် မြန်မာဖူဆယ်အသင်းသည် ထိုင်းခြေစမ်းခရီးစဉ် နောက်ဆုံးပွဲ တွင် ထိုင်းကလပ် ကာဆန်ဘန်ဒစ် အသင်းကို ၃-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အောက်တိုဘာ ၈ ရက်က ဘန်ကောက်မြို့၌ ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲတွင် အပြန်အလှန် ရှိခဲ့ပြီး မြန်မာဖူဆယ်အသင်းက ကောင်းချစ်သူ၊ ကျော်စိုးမိုး၊ ကျော်ကျော်ထွန်းတို့၏ သွင်းဂိုးများဖြင့် ကာဆန်ဘန်ဒစ်အသင်းကို အနိုင်ရခဲ့သည်။
  • Sun 08 Oct 2017 - 21:06
    ရန်ကုန်မြို့၌ ကျင်းပမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ကာဂျစ္စတန်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲတွင် လုံခြုံရေး ပိုမိုတိုးမြှင့်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ကာဂျစ္စတန်တွင် ယှဉ်ပြိုင် ရန် စီစဉ်ခဲ့သည့် မြန်မာနှင့် ကာဂျစ္စတန်တို့၏ အာရှဖလားခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်သည် လုံခြုံရေးအခြေအနေကြောင့် ပျက် ပြယ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ အိမ်ရှင်ပြုလုပ်မည့် ယခုခြေစစ်ပွဲတွင် ဧည့်သည်ကာဂျစ္စ တန်အသင်းအနေဖြင့် လုံခြုံရေး နှင့် ပတ်သက်ပြီး စိုးရိမ်မှုမဖြစ်ရန် ဂရုစိုက်ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးဘုန်းနိုင်ဇော်ကပြော သည်။
  • Sat 07 Oct 2017 - 23:39
    အော်လန်ဒို- ကွန်ကာကတ်ဖ်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အမေရိ ကန်က ပနားမားကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲသို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်ရန် အလားအလာ အလွန် ကောင်းသွားသည်။
  • Sat 07 Oct 2017 - 23:38
    ဘေဂျင်း- ရိုမေးနီးယားတင်းနစ် မယ်ဆီမိုနာဟာလက်သည် ဂျီလီနာအိုစတာပင်ကိုကို အနိုင်ရရှိပြီး  တရုတ်အိုးပင်းဗိုလ်လုပွဲသို့တက်ရောက်ခဲ့ကာ ကမ္ဘာ့အဆင့် (၁)နေရာကိုလည်း ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့သည်။
  • Sat 07 Oct 2017 - 23:31
    နိုင်ငံပေါင်း ၁၃၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သည့် (၉) ကြိမ်မြောက် ကမ္ဘာ့ကာယဗလ ပြိုင်ပွဲသို့ မြန်မာကစားသမားနှစ် ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတစ် ခု၊ ငွေတစ်ခု ရရှိခဲ့သည်။
  • Sat 07 Oct 2017 - 22:00
    စပါးနှင့် အင်္ဂလန် နှစ်သင်းစလုံးအတွက် ခြေစွမ်းကောင်းများ ပြသခဲ့သည့် တိုက်စစ်မှူးဟယ်ရီကိန်းက ၎င်းသည် ကစားသမားဘ၀တစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ရောက်ရှိနေပြီဟု ပြောကြားသည်။ ၎င်းသည်စက်တင်ဘာက ကလပ်နှင့် နိုင်ငံအသင်းအတွက် စုစုပေါင်း ၁၃ ဂိုးသွင်းယူခဲ့သည်။
  • Sat 07 Oct 2017 - 22:00
    အယ်လ်ဘေးနီးယားကို သုံးဂိုးပြတ်ဖြင့် သက်သောင့်သက် သာအနိုင်ယူကာ ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် စပိန်အသင်း ခြေစစ်ပွဲအောင်မြင်စဉ် ဘာစီလို နာ နောက်ခံလူဂျာရတ်ပီကေး သည် စပိန်ပရိသတ်များ၏ လှောင် ပြောင်ခြင်း ခံခဲ့ရသည်။
  • Sat 07 Oct 2017 - 21:16
     မြန်မာ့ရိုးရာလက်ဝှေ့ ‘ရိုးရာကျားတို့ အားပြိုင်ပွဲ’ အမည် ဖြင့် ကျင်းပမည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် စောဂေါ်မူတိုနှင့် သွေးသစ်ဝင်းလှိုင်တို့ ယှဉ်ပြိုင် မည်ဖြစ်ပြီး ယင်းလက်ဝှေ့ပွဲကို Channel-9 ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
  • Sat 07 Oct 2017 - 21:15
    အာရှယူ-၁၉ ခြေစစ်ပွဲ ဝင်ရန် ပြင်ဆင်နေသည့် မြန်မာယူ-၁၉ အသင်းသည် ပြည်တွင်း နောက်ဆုံး ခြေစမ်းပွဲတွင် ဟံသာဝတီအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အောက်တိုဘာ ၇ ရက်က ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက် ကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါ ခြေစမ်းပွဲတွင် ဟံသာဝတီအသင်း က အဓိက ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ယူ-၁၉ အသင်းကို ဖိအားပေးနိုင်ခဲ့ကာ ပထမပိုင်း၌ သွင်းဂိုးနှစ်ဂိုး ရရှိခဲ့သည်။
  • Sat 07 Oct 2017 - 21:15
    ကာတာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ စနူကာပြိုင်ပွဲသို့ မြန်မာနိုင်ငံဘိလိယက်အဖွဲ့ချုပ်မှ လက်ရွေးစင်ကစားသမားသုံးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ဦးကပြောသည်။ ၂၀၁၇ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာတာနိုင်ငံတွင် ကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ အ ရှေ့တောင်အာရှ နိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ကစားသမား များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး မြန်မာနိုင်ငံက လေးကြိမ် မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
  • Sat 07 Oct 2017 - 21:14
    လူငယ်ဖွံ့ဖြိုးရေးစီမံ ကိန်း ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ ရေးထိုးမည်ဖြစ်သည်။ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း (Youth Development Plan) တွင် လူငယ်ဘောလုံးပွဲတော်များ၊ လူငယ်ပြိုင်ပွဲများ၊ နည်းပြသင် တန်းများ အစရှိသည့် စီမံကိန်းများ ပါဝင်သည်။
  • Fri 06 Oct 2017 - 22:49
    ရုရှားနိုင်ငံ၌ ၂၀၁၈ တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအ တွက် ဆလိုဗေးနီးယားကို ၁-၀ ဂိုး ဖြင့်အနိုင်ယူကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီးနောက် အင်္ဂလန် နည်းပြ ဂါရတ်သ်ဆောက်ဂိတ်က ၎င်း၏ အသင်းသည် တည်ဆောက်နေဆဲဖြစ်ပြီး ရှစ်လအတွင်း စပိန်အ သင်းကဲ့သို့ ဖြစ်လာမည်မဟုတ် ဟု သတိပေးသည်။
  • Fri 06 Oct 2017 - 22:48
    ဝေးလ်စ်အသင်းတွင် ခြေသလုံးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိသော ဂါရတ်ဘေးလ်၏ ဒဏ်ရာသည် ရောင်ရမ်းနေသော်လည်း ကွဲရှဒဏ်ရာမရှိဟု ရီးရဲလ်အသင်းက ကြေညာသည်။
  • Fri 06 Oct 2017 - 22:47
    စပိန်အသင်း နှင့်အတူ ကမ္ဘာ့ဖလား ရရှိခဲ့သော အင်နီယေစတာသည် ဘာစီလိုနာ တွင် ဘောလုံး သမား ဘ၀မှ အနားယူချိန်အထိ ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ် လက် မှတ်ရေးထိုးခဲ့သည်။
  • Fri 06 Oct 2017 - 22:46
    အိမ်ကွင်း၌ ပီရူးကို ဂိုးမရှိသရေကျပြီးနောက် အာဂျင် တီးနားသည် ၁၉၇၀ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပထမဆုံး အကြိမ် လွဲချော်မည့်အန္တရာယ်ထဲ ကျရောက်သွားသည်။

Pages

Subscribe to Sports