Sports

Schedule:

Standing:

Toplist:

Teams:

  • Sat 25 Oct 2014 - 22:23
     တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင်ကျင်းပသည့် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ကစားနည်း လေးမျိုးဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပြီး ပြိုင်ပွဲတစ်လျှောက်တွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
  • Sat 25 Oct 2014 - 00:04
    လန်ဒန်− စပါးအတွက် ဂရိကလပ်အတ်စတီရတ်ထရီပိုးလစ်နှင့် ပွဲတွင် ရာဘွန်နာဂိုးခေါ် ခြေထောက်တစ်ချောင်း ရပ်ချိန်တွင် ကန်မည့်ခြေထောက်ကို လေထဲတွင်ထားကာ လွှဲကန်ပြီး သွင်းယူခဲ့သည့်ဂိုးမှာ ကစားသမားဘဝအတွက်အကောင်းဆုံးဂိုးပင်ဖြစ်ကြောင်း အာဂျင်တီးနားကွင်းလယ်လူ လာမယ်လာက ထုတ်ဖော်ခဲ့သည်။
  • Sat 25 Oct 2014 - 00:04
    ပါရီ− ကြာသပတေးနေ့ညနှင့် သောကြာနေ့ နံနက်အစောပိုင်းကစားခဲ့သည့် ယူရိုပါလိဂ်ပွဲများတွင် အင်္ဂလန်အသင်း စပါးမှာအိမ်ကွင်းတွင် ဂရိကလပ် အက်စတီရတ်စ်ထရီပိုလစ်ကို ၅-၁ ဂိုးပြတ်ဖြင့်နိုင်ခဲ့ပြီး ဗီလာရီးရဲလ်မှာ လည်း ဇူးရစ်ကို အိမ်ကွင်းတွင် ၄-၁ ဂိုးပြတ်ဖြင့် နိုင်ခဲ့ကာ အီတလီ ထိပ်သီးများဖြစ်သော နာပီုလီမှာအဝေးကွင်းအ
  • Fri 24 Oct 2014 - 23:00
    ဆရာတပည့်ဟောာင်း နှစ်ဦးဖြစ်သော ဗန်ဂါးလ်နှင့် မော်ရင်ဟိုတို့ တစ်ကျော့ပြန်တွေ့ဆုံကြတော့မည် ဖြစ်သည်။ အောက်တိုဘာ (၂၆)ရက်၊ ပရီးမီးယားလိဂ် Super Sunday ပွဲကြီးပွဲကောင်းအဖြစ် ဗန်ဂါးလ်၏ မန်ချက်စတာ ယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် မော်ရင်ဟို၏ ချယ်လ်ဆီးကို ဧည့်ခံမည် ဖြစ်သည်။ ယူနိုက်တက်သည် ပြန်လည် တည်ဆောက်ဆဲ အခြေအနေတွင် ရလဒ်ပိုင်း မတည်ငြိမ်ဘဲရုန်းကန်နေရပြီး ချယ်လ်ဆီးကမူခြေစွမ်းအကောင်းဆုံး ရရှိနေသဖြင့် အမှတ်ပေး ဇယားကို ရှုံးပွဲမရှိ ဦးဆောင်နေသည်။ အဆိုပါပွဲစဉ်သည် ယခုရာသီ ယူနိုက်တက်အတွက် ထိပ်တန်းပြိုင်ဘက် အသင်းတစ်ခုနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သဖြင့် ဗန်ဂါးလ်အတွက် ကြီးမားသည့် စမ်းသပ်မှုတစ်ခုဟုလည်း ဆိုနိုင်သည်။
  • Fri 24 Oct 2014 - 22:59
    မက်ဒရစ်− တစ်ကမ္ဘာလုံးမှ ဘော လုံးပရိသတ်များ စောင့်မျှော်နေ သော ဘောလုံးပွဲတစ်ပွဲ ယနေ့ည ၁၀ နာရီခွဲတွင် မက်ဒရစ်မြို့ နျူးကမ့်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Fri 24 Oct 2014 - 22:57
     နေပြည်တော်တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ပြိုင်ပွဲ  တွင် မြန်မာအသင်းက ရွှေတံဆိပ် ခုနစ်ခုအပါအ၀င် ဆုတံဆိပ် စုစု ပေါင်း ၂၀ ရရှိကာ နိုင်ငံအလိုက် ဒုတိယနေရာရရှိခဲ့သည်။
  • Fri 24 Oct 2014 - 22:57
     မြန်မာ့လက်ရွေးစင် အသင်းတွင် ကစားသမားများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာသော် လည်း အဆုံးသတ်ပိုင်းတွင် အား နည်းနေသေးကြောင်း လက်ရွေး စင်အသင်းနည်းပြချုပ် အီဗရာမိုဗစ်က ပြောသည်။
  • Fri 24 Oct 2014 - 22:55
    အာရှယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည့် ကာတာအသင်းမှာ ပြိုင်ပွဲတစ် လျှောက်တွင် မြန်မာအသင်းနှင့် ကစားခဲ့သည့် ဆီမီးဖိုင်နယ် အဆင့်မှာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်း အကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် ကာတာအသင်းခေါင်းဆောင် Moein က မြောက်ကိုရီးယားနှင့်ပွဲအပြီးတွင် ပြောသည်။
  • Fri 24 Oct 2014 - 22:54
    ၂၀၁၄အာဆီယံဆူဇူကီး ဖလားနောက်ဆုံးအဆင့်မတိုင်မီ  မြန်မာ့လက်ရွေးစင်ဘောလုံးအ သင်းကာတာနိုင်ငံသို့ သွားရောက် လေ့ကျင့်၍ ခြေစမ်းပွဲများယှဉ်ပြိုင် ကစားရန် စီစဉ်ထားကြောင်းသ တင်းရရှိသည်။
  • Fri 24 Oct 2014 - 21:26
    ပါရီ− နှင်းလျောစီးရင်း သေလု မြောပါး ဒဏ်ရာရရှိခဲ့သော ဖော် မြူလာဝမ်း ကားမောင်းချန်ပီယံ မိုက်ကယ်ရှူးမေကာမှာ နေအိမ် တွင် ပြန်ရောက်လာပြီး တိုးတက် မှု ပြသနေသော်လည်း ကျန်းမာ ရေး ပြန်ကောင်းရန် နှစ်ပေါင်းများ စွာ ကြာမြင့်ဦးမည်ဟု ၎င်းအား ကုသနေသော ပြင်သစ်ဆရာဝန် က ပြောသည်။
  • Fri 24 Oct 2014 - 21:26
    ပါရီ− နှင်းလျောစီးရင်း သေလု မြောပါး ဒဏ်ရာရရှိခဲ့သော ဖော် မြူလာဝမ်း ကားမောင်းချန်ပီယံ မိုက်ကယ်ရှူးမေကာမှာ နေအိမ် တွင် ပြန်ရောက်လာပြီး တိုးတက် မှု ပြသနေသော်လည်း ကျန်းမာ ရေး ပြန်ကောင်းရန် နှစ်ပေါင်းများ စွာ ကြာမြင့်ဦးမည်ဟု ၎င်းအား ကုသနေသော ပြင်သစ်ဆရာဝန် က ပြောသည်။
  • Fri 24 Oct 2014 - 21:25
    အာဆင်နယ်ဗဟိုနောက်ခံ လူ ကိုဆီယယ်နီမှာ ကာလရှည်ခံ စားနေရသော ခြေချင်းဝတ်ဒဏ်ရာ မှသက်သာမလာသေး၍ နောက်တစ်လခန့် အနားယူရဖွယ်ရှိနေ ကြောင်း သိရသည်။ ပြင်သစ် နောက်ခံလူ ကိုဆီယယ်နီသည် ချယ်လ်ဆီးအား ရှုံးနိမ့်ခဲ့သော ပွဲ စဉ်ကတည်းက ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ နိုဝင်ဘာလကုန်အထိ အနားယူရဖွယ် ရှိနေသည်။
  • Fri 24 Oct 2014 - 21:25
    ရောမ− ဂျူဗင်တပ် ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာသည် အ သင်းတွင် ၂၀၁၉ ခုနှစ်အထိ ဆက်ရှိနေစေမည့် စာချုပ်သစ်တစ်ရပ် ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ် သည်။
  • Fri 24 Oct 2014 - 21:24
    လစ္စဘွန်း− စပို့တင်းအသင်းသည် ချန်ပီယံလိဂ်တွင် နာကျင်အချိန်ပို ၌ အငြင်းပွားဖွယ် ပင်နယ်တီ ကြောင့် ရှော်လ်ကေးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ယင်းပွဲကို ပြန် လည်ယှဉ်ပြိုင်ခွင့်ပြုရန် တောင်း ဆိုထားသည်။
  • Fri 24 Oct 2014 - 21:23
    စင်ကာပူ− မကြာသေးမီက ဗီးနပ်စ်နှင့် ဆရီနာဝီလျံတို့ ညီအစ်မနှစ်ဦးအား ဝီလျံညီအစ်ကိုဟု နောက်ပြောင်ခေါ်ဝေါ်ခဲ့သည့် ရုရှားတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌသည် ၎င်းတို့ထံ ကိုယ်တိုင်ရေးသားထားသည့် တောင်းပန်စာ ပေးပို့ခဲ့ကြောင်း ဆရီနာဝီလျံက အတည်ပြု ထုတ်ဖော်လိုက်သည်။
  • Thu 23 Oct 2014 - 22:23
     အင်္ဂလန်အဲဗာတန်အသင်း ပရိသတ်များသည် ကြာသပတေးနေ့ည လိုင်လီနှင့် ယူရိုပါလိဂ်ပွဲ မကစားမီ ဗုဒ္ဓဟူးနေ့တွင် လိုင်လီပရိသတ် ၁၀၀ ကျော်၏  တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ဒဏ်ရာများ ရခဲ့သည်။
  • Thu 23 Oct 2014 - 22:22
     ဂရိကလပ် အိုလံပီယာ ကော့စ်အား အဝေးကွင်းတွင် မထင်မှတ်ဘဲ ရှုံးခဲ့ရသော်လည်း ဂျူဗင်တပ်သည် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ တက်နိုင်မည်ဖြစ်ကြောင်းနည်းပြအယ်လီဂရီက ပြောကြားလိုက်သည်။
  • Thu 23 Oct 2014 - 21:02
    လန်ဒန်− အောက်တိုဘာလအ တွက် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ရာ အင်္ဂလန်အသင်းမှာ အဆင့်(၂၀)အထိ ကျသွားခဲ့ပြီး ယခင်နံပါတ်(၁) စပိန်မှာလည်း အဆင့်(၁၀)သို့ ကျသွားခဲ့ကာ ထိပ်ဆုံးတွင် ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီနှင့် ဒုတိယ အာဂျင်တီးနားတို့က ပထမနှင့် ဒုတိယနေရာများ၌ ဆက်လက်ရပ်တည်ခဲ့သည်။
  • Thu 23 Oct 2014 - 21:02
    လီဗာပူး− ချန်ပီယံလိဂ်တွင် ရီး ရဲလ်ကို ၃-၀ ဂိုးပြတ်ဖြင့် လီဗာပူး ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲကစားချိန် ပထမပိုင်းအပြီး ပီပီနှင့် အင်္ကျီချင်း လဲလှယ်ခဲ့သည့် ဘာလော့တယ် လီကို အရေးယူသွားမည်ဟု နည်းပြရော်ဂျာက ပြောသည်။
  • Thu 23 Oct 2014 - 21:01
    လန်ဒန်− မန်ယူဂိုးသမား ဒီဂီယာ သည် ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်း များ ထွက်ပေါ်နေစဉ် မန်ယူတွင် ပျော်ရွှင်နေသည်ဟု ၎င်းက အခိုင် အမာ ပြောကြားလိုက်သည်။ ဒီဂီယာ (၂၃)နှစ်သည် ရီးရဲလ်ဂိုးသမား ကားဆီးလက်စ်၏နေရာ ကို ဆက်ခံမည့်သူအဖြစ် တစ်ပေးခံထားရသည်။

Pages

Subscribe to Sports