Sports

Schedule:

Standing:

Toplist:

Teams:

  • Sat 02 Dec 2017 - 22:25
     မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အာရှဖ လားခြေစစ်ပွဲအုပ်စု (က) လက် ကျန်နှစ်ပွဲ မတိုင်မီ နိုင်ငံတကာခြေ စမ်းပွဲကစားရန် စီစဉ်ထား ကြောင်း မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦး ဘုန်းနိုင်ဇော်က ပြောကြားသည်။
  • Sat 02 Dec 2017 - 22:24
     မြန်မာလိဂ်ကလပ် ရတနာပုံအသင်းသည် လာမည့် ၂၀၁၈ ဘောလုံးရာသီတွင် ပြိုင်ပွဲ ဝင် အသင်းသုံးသင်းအတွက် ကျပ်သိန်းတစ်သောင်းသာ အသုံးပြု မည်ဖြစ်ပြီး ချန်ပီယံဆုအတွက် မျှော်လင့်ထားခြင်းမရှိကြောင်း အသင်းပိုင်ရှင် ဒေါက်တာစိုင်း ဆမ်ထွန်းက ပြောကြားသည်။
  • Sat 02 Dec 2017 - 22:23
    ဂျပန်အပျော်တမ်းလိဂ် ညွန့်ပေါင်းအသင်းနှင့် မြန်မာလိဂ် ကလပ် ရန်ကုန်၊ ရတနာပုံ၊ ဇွဲက ပင်အသင်းတို့  ရန်ကုန်မြို့တွင် ခြေစမ်းမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။
  • Sat 02 Dec 2017 - 22:22
    စတုတ္ထအကြိမ်Air KBZ ရွှေအောင်လံလုပွဲ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မြန်မာပြည်အလွတ်တန်းချန်ပီယံအဖြစ် သတ်မှတ်ထားသည့် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် ပြင်သစ်လက်ဝှေ့သမား ကော်တန်ယာလွန်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
  • Sat 02 Dec 2017 - 13:02
    အင်အားအကြီးမားဆုံး နှင့် အကြမ်းကြုတ်ဆုံး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းကြီးတစ်ခုအဖြစ် အခြေခိုင်ခိုင် ရပ်တည်ပြခဲ့ ပြီး သုံးနှစ်မျှအကြာတွင် အိုင်အက်စ်၏ အနေအထားသည် လုံးပါးပါးသည့် အဆင့်သို့ ရောက်ရှိ လာပြီဖြစ်သည်။ အီရတ်နိုင်ငံရှိ ပိုင်နက်နယ်မြေအားလုံး လက်လွှတ်ခဲ့ရသလို ဆီးရီးယားတွင်လည်း အိုင်အက်စ်ရပ်တည်မှုသည် ခပ်ယဲ့ယဲ့မျှသာ အသက်ရှိတော့သည်။ သို့သော် အကြမ်းဖက်မှုရေးရာ စောင့်ကြည့်လေ့လာသူများကမူ လက်ရှိအခြေအနေသည် ရတက်အေးစရာအဆင့်မျိုး မဟုတ်သေးဟု သတိပေးထားသည်။
  • Sat 02 Dec 2017 - 12:57
    အခုရာသီ စပိန်လာလီဂါ အမှတ် ပေးပြိုင်ပွဲမှာ ဘာစီလိုနာကို အနီး ကပ် စိန်ခေါ်နေတဲ့ အသင်းက ဗလင်စီယာ ဖြစ်နေတာ အံ့ဩစရာပါ။ ဒါကြောင့်လည်း မက်စ်တဲလား မှာ ယှဉ်ပြိုင်တဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနှစ်သင်းပွဲစဉ်ကို ပရိသတ် တွေက စိတ်ဝင်စားမှုအပြည့်နဲ့ စောင့်ကြည့်ခဲ့တယ်။ ဒီပွဲဟာ တစ်ဂိုးစီ သရေနဲ့ အကြိတ်အနယ်ယှဉ် ပြိုင်ပြီးဆုံးသွားပေမယ့် အကြီး အကျယ် အငြင်းပွားစရာ အခြေအ နေတစ်ခုလည်း ပေါ်ပေါက်လာခဲ့ ပါတယ်။ ပြီးတော့ စပိန်ဘောလုံး ပြိုင်ပွဲတွေမှာ နည်းပညာအသုံးပြု ဖို့ တောင်းဆိုသံတွေလည်း ပြန် လည်ဆူညံလာတယ်။
  • Sat 02 Dec 2017 - 12:55
    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ နှစ် ၅၀ ကြာ ဝေးကွာနေ သည့် အာရှဖလားပြိုင်ပွဲ နောက် ဆုံးအဆင့် ဝင်ပြိုင်ခွင့်ရရှိရန် ခြေ စစ်ပွဲလက်ကျန်နှစ်ပွဲရလဒ်က အ ဖြေထုတ်ပေးမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိ ယအဆင့်အုပ်စု (က)တွင် အိန္ဒိယ အသင်းက ခြေစစ်ပွဲအောင်မြင်ခဲ့ ပြီဖြစ်ပြီး လက်ကျန်ခြေစစ်ပွဲ အောင် တစ်သင်းနေရာအတွက် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လေးပွဲ ယှဉ်ပြိုင်အပြီး လက်ကျန်နှစ်ပွဲ ကျန်ရှိချိန်တွင် ကာဂျစ္စတန်အ သင်းက ရမှတ်ခုနစ်မှတ်ဖြင့် အုပ် စုဒုတိယနေရာနှင့် ရမှတ်ငါးမှတ် ရရှိထားသည့် မြန်မာအသင်းက တတိယနေရာ၌ ရပ်တည်နေ သည်။ ငါးပွဲကစားပြီး ရမှတ်မရ သေးသည့် မကာအိုအသင်းက ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့် ချက်မရှိတော့ပေ။
  • Sat 02 Dec 2017 - 12:46
    ဂျာဆင်ဒါကိတ်လောရယ် အာဒန်သည် နယူးဇီလန်နိုင်ငံရေး သမားဖြစ်ပြီး ၂၀၁၇ အောက်တို ဘာမှစ၍ နယူးဇီလန် နိုင်ငံ၏ ၄၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာ သည်။
  • Sat 02 Dec 2017 - 12:44
    Space X ကုမ္ပဏီနဲ့ ဘိုးရင်း ကုမ္ပဏီတို့ဟာ မျိုးဆက်သစ်အာကာသယာဉ်တည်ဆောက်ဖို့ ယှဉ်ပြိုင်နေကြပါတယ်။ ဘိုးရင်းကုမ္ပဏီရဲ့ တီထွင်မှုခေါင်းဆောင် ဂျွန်မူလ်ဟော်လန်က သူ့ကုမ္ပဏီအနိုင်ရမယ်လို့ ဆိုပါတယ်။ နာဆာက အာကာသယာဉ်မှူးတွေအားလုံးဟာ ဘိုးရင်းရဲ့ အကူအညီနဲ့ အာကာသထဲကို ပျံသန်းသွားလာခဲ့ကြပါတယ်။ အရမ်းအဦးဆုံးကျတဲ့ Mercury အာ ကာသလူနေယာဉ်ကနေ အပိုလို စီမံကိန်းအထိ အာကာသလွန်း ပြန်ယာဉ်တွေကနေ နိုင်ငံတကာ အာကာသစခန်း (ISS) ပါဝင်တဲ့ လက်ရှိခရီးစဉ်တွေအထိ အဲဒီအာ ကာသဆိုင်ရာကုမ္ပဏီကြီး ဘိုးရင်း ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်သူ တစ်ယောက်မှ ကမ္ဘာကြီးရဲ့ဆွဲ အားကနေ လွတ်မြောက်နိုင်ခဲ့သူ မရှိပါဘူး။ လာမယ့် နှစ်မှာ အမေရိကန်နိုင်ငံသားတွေကို အာကာ သထဲတစ်ခါပြန်ပို့ဆောင်မယ့်၊ စီး ပွားရေးလုပ်ငန်းသုံးယာဉ်တစ်စီး ဖြစ်လာမယ့် CST-100 Star-Liner လို့ခေါ်တဲ့ အာကာသယာဉ် နဲ့အတူ ဘိုးရင်းက သမိုင်းရေးဖို့ မျှော်လင့်နေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အကြီးမားဆုံးပြိုင်ဘက်က တော့ နာဆာရဲ့ ရန်ပုံငွေထောက်ပံ့ ပေးထားတဲ့ ကုမ္ပဏီပဲဖြစ်တဲ့ Space X ဖြစ်ပါတယ်။ StarLinerကို လမ်းကြောင်းပေါ်မှာရှိအောင် သေချာစေဖို့အတွက် ဘိုးရင်း ကုမ္ပဏီဒုဥက္ကဋ္ဌ ဂျွန်မူလ်ဟော်လန် ဟာ မကြာသေးခင်က ဖလော်ရီ ဒါပြည်နယ်မှာရှိတဲ့ ကနေဒီအာ ကာသစင်တာကို ရောက်ခဲ့ပါ တယ်။
  • Fri 01 Dec 2017 - 23:22
    ရီးရဲလ်အသင်းခေါင်း ဆောင် ဆာဂျီယိုရာမို့စ်သည် နှာ ရိုးကျိုးဒဏ်ရာမှ ပြန်လည်သက် သာလာပြီး စနေနေ့ည ဘီလ်ဘာ အိုနှင့် ပွဲတွင် ပါဝင်ကစားနိုင်မည် ဖြစ်သည်။
  • Fri 01 Dec 2017 - 23:22
    ယမန်နေ့က ၂၀၁၈ ရုရှားကမ္ဘာ့ဖလားအုပ်စုများ မဲ နှိုက်ရွေးချယ်ရာတွင် အင်္ဂလန်နှင့် ဘယ်လ်ဂျီယံတို့ ထိပ်တိုက်တွေ့ ဆုံပြီး၊ စပိန်က ပေါ်တူဂီတို့မှာ လည်း အကြိတ်အနယ်ယှဉ်ပြိုင် ရတော့မည်ဖြစ်သည်။
  • Fri 01 Dec 2017 - 22:45
     မြန်မာယူ-၂၁၊ ယူ-၂၃ အသင်းတို့နှင့် ခြေစမ်းပွဲယှဉ်ပြိုင် မည့် မြန်မာလိဂ်ညွန့်ပေါင်းအ သင်းကို ပြည်ပနှင့်ပြည်တွင်း ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့ စည်းခဲ့ပြီး နည်းပြအဖြစ်ဦးမျိုး လှိုင်ဝင်းနှင့် ဦးစိုးမြတ်မင်းတို့ကိုင် တွယ်မည်ဖြစ်သည်။
  • Fri 01 Dec 2017 - 22:38
     မြန်မာလိဂ်ပြိုင်ပွဲကျင်း ပရေးကော်မတီသည် လာမည့် ၂၀၁၈ ဘောလုံးရာသီအတွက် MPT အပါအ၀င် စပွန်ဆာများထံမှ ကျပ်လေးဘီလီယံခန့်ရရှိထား ကြောင်း လိဂ်ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြော သည်။
  • Fri 01 Dec 2017 - 22:37
    ရန်ကုန်ယူနိုက်တက်မှ လက်ရွေးစင်ကစားသမား မောင် မောင်လွင်ကို ပြည်ပကလပ်အ သင်းများက တရားဝင်ကမ်းလှမ်းလျှင် အငှားချမည်ဖြစ်ကြောင်း နည်းပြချုပ်  ဦးမျိုးမင်းထွန်းက ပြောသည်။
  • Fri 01 Dec 2017 - 22:36
     မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေဖြင့် ဆေးစစ်မှု၊ ကြံခိုင်မှု စစ်ဆေးရာ အောင်မြင်သဖြင့်  ထိုင်းလိဂ်တွင် ကစားရန် အဆင်သင့်ဖြစ်ပြီဟု Police Tero အသင်းကသတင်း ထုတ်ပြန်သည်။
  • Fri 01 Dec 2017 - 22:14
     ယခုလ ဂျာမနီနှင့် ခြေစမ်းပွဲတွင် မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ် ပေါင်ဒဏ်ရာရရှိပြီးနောက် မန်ယူနည်းပြမော်ရင်ဟိုက ဒေါသတကြီး တုံ့ပြန် ခဲ့ခြင်းနှင့်ပတ်သက်၍ အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က ယင်းမှာ ဆေးဘက်ဆိုင်ရာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်သည်ဟုပြောကာ မော်ရင်ဟို၏ ဒေါသကို နားလည်ကြောင်း ပြောသည်။  
  • Fri 01 Dec 2017 - 22:13
    ကိုပါဒယ်ရေးဖလား ပြိုင်ပွဲတွင် မာလာဂါ၊ ဆိုစီဒက်၊ ဘီလ်ဘာအိုနှင့် ဘက်တစ်တို့ သည် အဆင့်နိမ့်လိဂ်မှ ပြိုင်ဘက် အသီးသီးကို ရှုံးနိမ့်၍ ထွက်ခွာခဲ့ ရကာ အဆင့်နိမ့်လိဂ်မှ ကာဒစ်၊ နူမန်စီယာ၊ အယ်လိုင်ဒါနှင့် မော် မန်တီရာ အသင်းလေးသင်း နောက်ဆုံး (၁၆) သင်းအဆင့်၌ ပါဝင်လာသည်။
  • Fri 01 Dec 2017 - 22:12
    လီဗာပူးသည် ပရီးမီး ယားလိဂ် အမှတ်ပေးဇယား ထိပ် ဆုံးမှ မန်စီးတီးကဲ့သို့ တိုက်စစ်စွမ်း ရည်ပိုင်ဆိုင်ထားကြောင်း ဘရိုက် တန်နည်းပြ ဟုခ်ျတန်က ယုံကြည် နေစဉ် ၎င်းတို့အသင်းအနေဖြင့် လီဗာပူးနှင့် ရင်ဆိုင်ရချိန်တွင် အ ကောင်းဆုံးပုံစံရှိနေရမည်ဟု ပြောကြားသည်။
  • Fri 01 Dec 2017 - 22:12
    ဆွမ်ဆီးကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် ထုတ်ပယ် ခံရပြီးနောက် ချယ်လ်ဆီးနည်းပြ ကွန်တီသည် မလျော်မကန်ပြုမှု ဖြင့် အက်ဖ်အေ၏ စွဲချက်တင်ခြင်း ခံရသည်။
  • Thu 30 Nov 2017 - 22:59
     စပိန်ကွင်းလယ်လူ ဒေး ဗစ်ဆေးလ်ဗားကို မန်စီးတီးက ၂၀၂၀ အထိ ဆက်ရှိနေစေမည့် တစ်နှစ်သက်တမ်းရှိ စာချုပ်တစ် ရပ်ချုပ်ဆိုခဲ့သည်။ ဆေးလ်ဗား (၃၁)နှစ်သည် ၂၀၁၀ က ဗလင်စီယာမှ ပေါင် ၂၄ သန်းဖြင့် မန်စီးတီးသို့ ရောက် လာပြီး ပရီးမီးယားလိဂ်ဖလားနှစ်လုံး၊ အက်ဖ်အေဖလားတစ်လုံး နှင့် လိဂ်ဖလားနှစ်လုံးရရှိထား သည်။

Pages

Subscribe to Sports