Sports

Schedule:

Standing:

Toplist:

Teams:

  • Tue 28 Nov 2017 - 19:50
    လက်စတာနှင့်ပွဲတွင် အရေးပါသော သရေတစ်မှတ်ရယူနိုင်ပြီးနောက် အသင်းဟောင်း အဲဗာတန်နှင့်ပွဲ၌ အသင်းအနေဖြင့် ယုံကြည့်မှုအပြည့်အဝရယူနိုင်မည်ဟု ဝက်စ်ဟမ်း နည်းပြဒေးဗစ်မိုယက်စ်က ယုံကြည်နေ သည်။
  • Tue 28 Nov 2017 - 00:15
     မြန်မာနိုင်ငံက လက်ခံ ကျင်းပမည့် အာရှဘိလိယက်နှင့် စနူကာပြိုင်ပွဲအတွက် လက်ရွေး စင် ဘိလိယက်ကစားသမား ရွေး ချယ်ပွဲကို ရန်ကုန်မြို့ အောင်ဆန်း ကွင်းရှိ ဘိလိယက်နှင့် စနူကာအ ဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာ ၁ ရက်၌ ကျင်းပမည်ဖြစ်သည်။ အာရှဘိလိယက်နှင့်စနူကာ ပြိုင်ပွဲကို ၂၀၁၈ မတ်လ ၂၄ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး အလွတ်တန်းဘိလိ ယက်ပြိုင်ပွဲ၊ အသက်(၂၁)နှစ် အောက် အမျိုးသားစနူကာပြိုင်ပွဲနှင့် အမျိုးသမီးစနူကာပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။
  • Tue 28 Nov 2017 - 00:14
    ရန်ကုန်မြို့တွင် ကျင်းပ နေသည့် ၂၀၁၇ အာရှဖိတ်ခေါ် အမျိုးသားဟော်ကီပြိုင်ပွဲ၌ အိမ် ရှင်မြန်မာအသင်းသည် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ထားသည်။ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင် ဘာ ၂ ရက်ထိ ရန်ကုန်မြို့သိမ်ဖြူ မြက်ခင်းတုဟော်ကီကွင်း၌ ကျင်း ပသည့် ယင်းဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနှင့်အတူ ဟောင် ကောင်၊ တိုင်ပေ၊ ဘရူနိုင်းအ သင်းတို့ အုပ်စုပတ်လည်စနစ်ဖြင့် နှစ်ကျော့ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နှစ်ကျော့ပေါင်း ရလဒ်အမှတ်အများဆုံး အသင်း က ချန်ပီယံဆု ဆွတ်ခူးမည်ဖြစ် သည်။
  • Tue 28 Nov 2017 - 00:14
     မြန်မာယူ-၂၁ အသင်း သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအ တွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲပြီးပါက ခြေစွမ်းကောင်းမွန်သည့် ကစားသမားများ ထပ်မံအားဖြည့်မည်ဖြစ် ကြောင်း နည်းပြချုပ်ဦးကြည်လွင်က ပြောသည်။ မြန်မာယူ-၂၁ အသင်းသည်နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ မွန်ဂိုလီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်းရာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာယူ-၂၁ အသင်းသည် ဒီဇင် ဘာအတွင်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ဖိတ်ခေါ်ပြိုင်ပွဲအကြို မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းခြင်းဖြစ်သည်။
  • Tue 28 Nov 2017 - 00:12
     မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းပွဲ၌ ကစားပုံကြမ်းတမ်း၍ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရ သည့် နောက်ခံလူ သီဟထက် အောင်ကို အရေးယူမည်ဟု မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ပြောကြားသည်။ နိုဝင်ဘာ ၂၆ ရက်က ရန် ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် သည့် ယင်းပွဲတွင် ပွဲချိန် မိနစ် ၄၀ ၌ မြန်မာနောက်ခံလူ သီဟထက် အောင်က မွန်ဂိုလီးယားကစား သမားကို ကြမ်းတမ်းစွာ ကစားခဲ့ ၍ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံ ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် မြန်မာအသင်းအနေဖြင့် လက်ကျန် မိနစ် ၅၀ ကျော်အထိ တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး ပွဲအပြီးတွင် မွန်ဂိုလီးယားအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
  • Tue 28 Nov 2017 - 00:10
     အေစီမီလန်နည်းပြ ဗင် ဆန်ဇိုမွန်တဲလားကို အသင်းတာဝန်ရှိသူများက ထုတ်ပယ်ပြီး ကစားသမားဟောင်း ဂတ်တိုဆို အား အစားထိုးခန့်အပ်ခဲ့သည်။ အေစီမီလန်သည် စီးရီးအေ တွင်  ရမှတ်၂၀ ဖြင့် နံပါတ် (၇) နေရာ၌ရှိနေကာ ပြီးခဲ့သည့် ကိုး ပွဲ၌လိဂ်ပွဲနှစ်ပွဲသာ အနိုင်ရခဲ့ပြီး ထိပ်ဆုံးမှ နာပိုလီထက် ၁၈ မှတ်လျော့နေသည်။
  • Tue 28 Nov 2017 - 00:09
    ဘာစီလိုနာနှင့် ၂၀၂၁ အထိ စာချုပ်သက်တမ်းတိုးခဲ့ သော အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ကမ္ဘာပေါ်တွင် လစာအများဆုံးဘောလုံးသမားဖြစ် လာသည်။ ဘာစီလိုနာက မက်ဆီကို တစ်ရာသီလစာ ယူရိုသန်း ၃၀ ပေးထားသော်လည်း အခြားပေး ငွေများနှင့် ပေါင်းပါက ယူရို ၄၃ သန်းအထိရှိသည်ဟု El Mundo သတင်းဌာနက တွက်ချက်ဖော်ပြ သည်။
  • Mon 27 Nov 2017 - 22:31
    ပရီးမီးယားလိဂ်ပွဲတွင် ဘန်လေကို အနိုင်ရရှိပြီး သုံးမှတ်ရရှိခြင်းသည် ပြီးခဲ့သည့်တစ်ပတ်က မြို့ခံပြိုင်ဘက်စပါးကိုနိုင်ခြင်းထက် ပို၍အရေးပါသည်ဟု အာဆင်နယ်နောက်တန်းလူ လော်ရင့်ကွန်စီယယ်နီကပြောပြီး ဘန်လေမှာ ယှဉ်ပြိုင်ရခက်ခဲသောအသင်းဟုဆိုသည်။ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသော ဝက်စ်ဘရွန်းအသင်း၏ နည်ပြရာထူးအတွက် အသင်းနှင့်ဆွေးနွေးနေသည်ဟု ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း အလန်ပါဂျူးကပြောကြားသည်။ ဝက်စ်ဘရွန်းက ၎င်းတို့နည်းပြ တိုနီပူးလစ်ကို ယခုသီတင်းပတ်အတွင်းက ဖယ်ရှားခဲ့သည်။  
  • Mon 27 Nov 2017 - 22:31
    မန်စီးတီး၏ နွေရာသီ အသုံးစရိတ်က အသင်းကောင်း တစ်သင်းအဖြစ် တိုးတက်စေခဲ့ ကြောင်း ချယ်လ်ဆီးနည်းပြ ကွန် တီက ပြောကြားပြီး ၎င်းတို့အနေဖြင့် အပြောင်းအရွှေ့ဈေးကွက် တွင် ယင်းကို မပြင်ဆင်နိုင်လျှင် ပရီးမီးယားလိဂ်ထိပ်သီးအသင်း များ၏ နောက်ကောက်ချခံရနိုင် သဖြင့် ကွန်တီက စိုးရိမ်နေသည်။
  • Mon 27 Nov 2017 - 22:30
    ယမန်နေ့က ကစားခဲ့သည့်ဂျီနိုအာနှင့် တစ်ဂိုးစီသရေကျ သောပွဲတွင် စိတ်မထိန်းနိုင်ခဲ့ခြင်း အတွက် ရိုးမားအသင်းမှ ဝါရင့်ကွင်းလယ်လူ ဒယ်နီရယ်ဒီရော့စီ က ပြန်လည်တောင်းပန်ခဲ့သည်။
  • Mon 27 Nov 2017 - 22:29
    ဗလင်စီယာနှင့် တစ်ဂိုးစီသရေကျသောပွဲတွင် မက်ဆီ သွင်းယူသော ဂိုးမှာ ဂိုးစည်းအား သိသိသာသာကျော်သော်လည်း ဒိုင်လူကြီးက ခွင့်မပြုဘဲ သရေပွဲ ဖြင့်ပြီးဆုံးပြီးနောက် ဘာစီလိုနာ နည်းပြဗယ်လ်ဗာဒီက ဘောလုံး ပြိုင်ပွဲ၌ ဗီဒီယိုနည်းပညာအကူ အညီ (VAR) ရယူသင့်သည်ဟု ပြောသည်။
  • Sun 26 Nov 2017 - 23:35
    မြူးနစ်- ဘိုင်ယန်မြူးနစ်က ဂလာဘက်ကို ၂-၁ ဂိုးဖြင့် ရှုံးသော ပွဲတွင် ဦးခေါင်းထိခိုက်မိသည့် တိုက် စစ်မှူး ဂျိမ်းစ်ရိုဒရီဂွတ်ဇ်သည်ခေတ္တမျှ မှတ်ဉာဏ်ဆုံးရှုံးခဲ့ပြီး ပထမပိုင်း ဂိုးရလဒ်ပင် မမှတ်မိကြောင်း ဘိုင်ယန်မြူးနစ် နည်းပြ ဟေး နက်စ်က ပြောကြားသည်။
  • Sun 26 Nov 2017 - 22:48
     မြန်မာ ယူ-၂၃ အသင်း နှင့် မွန်ဂိုလီးယား လက်ရွေးစင်အ သင်း ခြေစမ်းပွဲတွင်  မြန်မာအ သင်းက ၂-၁ ဂိုးဖြင့်  ရှုံးနိမ့်ခဲ့ သည်။
  • Sun 26 Nov 2017 - 22:47
     မြန်မာလိဂ်ကလပ် ရတ နာပုံအသင်းသည် လာမည့် ၂၀၁၈ ဘောလုံးရာသီတွင်  ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်ရန်စီစဉ်နေကြောင်း အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။
  • Sun 26 Nov 2017 - 01:04
    တိုကျို- ဂျပန်ကလပ်အူရူဝါသည် စနေနေ့က ဆော်ဒီအာရေးဗီးယား ကလပ် အယ်လ်ဟိုင်လယ်ကို ၁-၀ ဂိုးဖြင့် နိုင်ပြီး နှစ်ကျော့ပေါင်း ၂-၁ ဂိုးရလဒ်ဖြင့် အာရှချန်ပီယံ လိဂ်ဖလား ရရှိခဲ့သည်။
  • Sun 26 Nov 2017 - 01:03
    ဘာစီလိုနာ- စတုတ္ထမြောက် ရွှေ ဖိနပ်ဆု ရရှိခဲ့သော အာဂျင်တီး နားတိုက်စစ်မှူး မက်ဆီကို ဘာ စီလိုနာက ၂၀၂၁ အထိဆက်ရှိ စေမည့် စာချုပ်သစ်တစ်ရပ်ချုပ် ဆိုပြီး စာချုပ်ဖျက်သိမ်းမည်ဆို ပါက ယူရိုသန်း ၇၀၀ အနည်းဆုံး ပေးရမည်ဟု သတ်မှတ်သည်။
  • Sat 25 Nov 2017 - 21:29
    ♦ ချယ်လ်ဆီးဂိုးသမား ကော့တွိုက်စ်သည် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ကြောင်း နည်းပြကွန်တီက ပြောကြားပြီး ယင်းဘယ်လ်ဂျီယံ လက်ရွေးစင်ကို ဆက်လက်သက်တမ်းတိုးရေး စိတ်အားထက်သန်နေသည်။ ♦ ဝက်စ်ဟမ်းကို စတင်တာဝန်ယူပြီး ပထမဆုံးကစားသော ဝက်ဖို့ဒ်နှင့်ပွဲတွင် မကျေနပ်မှုများ ပြသခဲ့သော်လည်း ယမန်နေ့က လက်စတာနှင့် တစ်ဂိုးစီသရေကျသောပွဲ၌ အသင်းကို အင်တိုက်အားတိုက်အားပေးခဲ့သော ဝက်စ်ဟမ်းပရိသတ်များအား နည်းပြသစ် မိုယက်စ်က ချီးကျူးသည်။
  • Sat 25 Nov 2017 - 21:29
     အာမေးနီးယားတိုက်စစ် မှူး မစ်ခီတာယန်ကို ပြန်လည် ခေါ်ယူစာချုပ်ရန် အသင်းဟောင်း ဒေါ့မွန်က စိတ်ဝင်စားနေစဉ် မန်ယူနည်းပြ မော်ရင်ဟိုက ၎င်း၏ လတ်တလော စွမ်းဆောင်ရည် နှင့်ပတ်သက်၍ ဝေဖန်ပြောကြား သည်။ ၂၀၁၆ ဇူလိုင်က ပေါင် ၂၆ ဒသမ ၃ သန်းဖြင့် မန်ယူသို့ ရောက်ရှိလာသူ မစ်ခီတာယန်(၂၈)နှစ်သည် မန်ယူအသင်း၏ နောက်ဆုံးနှစ်ပွဲတွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရသည်။ မစ်ခီတာယန်၏ စွမ်းဆောင်ရည်များသည် တစ်ဆင့်ချင်း လျော့ကျလာကြောင်း မော်ရင်ဟိုက ပြောသည်။
  • Sat 25 Nov 2017 - 21:28
     မြန်မာ့ဘောလုံးဖွံ့ဖြိုး ရေး ထောက်ပံ့ပေးနိုင်ရန် မြန်မာ နေရှင်နယ်လိဂ်နှင့် MPT တို့ သုံးနှစ်စာချုပ်ချုပ်ဆိုပြီး ၂၀၁၈ အ တွက် ကန်ဒေါ်လာ တစ်သန်းခွဲထောက်ပံ့မည်ဖြစ်သည်။ နိုဝင်ဘာ ၂၅ ရက်က ရန် ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် စပွန်ဆာပေးအပ် ခြင်း လက်မှတ်ထိုးပွဲ၌ မြန်မာလိဂ်နှင့် MPT တို့ ၂၀၁၈ က စတင် ကာ ၂၀၂၀ အထိ စပွန်ဆာပေး အပ်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာ လိဂ်အပြင် လူငယ်ပြိုင်ပွဲများ၊ တက္ကသိုလ်ပြိုင်ပွဲများ ကျင်းပရ မည်ဖြစ်ကြောင်း မြန်မာလိဂ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း က ပြောသည်။
  • Sat 25 Nov 2017 - 21:27
     စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် ရွှေ့ ဆိုင်းရသည့် ကာဂျစ္စတန်အသင်း နှင့် မြန်မာအသင်းတို့၏ အာရှ ဖလားခြေစစ်ပွဲကို ကြားကွင်း၌ ယှဉ်ပြိုင်ရန် အာရှဘောလုံးအဖွဲ့ ချုပ်က ဆုံးဖြတ်ခဲ့သည်။

Pages

Subscribe to Sports