Sports

Schedule:

Standing:

Toplist:

Teams:

  • Wed 27 Sep 2017 - 23:13
     မန်စီးတီးအသင်းက စာချုပ်သစ်တစ်ရပ်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်ဆိုသော သတင်းများကို သတိမထားမိဟု ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်စ်က ပြောသည်။ ဂျီးဆပ်စ်သည် ဇန်နဝါရီက မန်စီးတီးသို့ ရောက်လာပြီးနောက်၁၉ ပွဲ ကစားကာ ၁၂ ဂိုးသွင်းယူ ထားပြီး ခြေစွမ်းကောင်းများ ပြသ နေသည်။
  • Wed 27 Sep 2017 - 22:59
     မြန်မာလိဂ်ပြိုင်ပွဲမှ နုတ် ထွက်ရန် တင်ပြထားသည့် GFA အသင်းနှင့် ပတ်သက်၍ လိဂ်ကော်မတီက အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာလိဂ် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ စက်တင်ဘာ ၁၅ ရက်က မြန်မာလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီသို့ GFA အသင်းက နုတ်ထွက်စာ တင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအဝင် အသင်းပိုင်ရှင်များ ပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို အဖွဲ့ချုပ်ရုံးတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး လိဂ်ကော်မတီအစည်းအဝေး၌ ယင်းကိစ္စ ဆွေးနွေးမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
  • Wed 27 Sep 2017 - 22:58
     တောင်ကြီးမြို့၌ ယှဉ်ပြိုင်သည့် ရှမ်းနှင့် ရန်ကုန်အသင်းတို့ပွဲတွင် ပရိသတ်အချို့က ကွင်းအတွင်းသို့ အရာဝတ္တုများဖြင့် ပစ်ပေါက်သဖြင့် ရှမ်းအသင်းကို ဒဏ်ကြေး ကျပ် ၁၀ သိန်း ပြစ်ဒဏ်ချမှတ်ကြောင်း ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မာင်ကြိုင် ကပြောသည်။  စက်တင်ဘာ ၂၄ ရက်က မြန်မာလိဂ် ပွဲစဉ်(၁၉)အဖြစ် ယှဉ်ပြိုင်သည့် ယင်းပွဲ ဒုတိယပိုင်း၌ ပရိသတ်အချို့က အရာဝတ္တုများဖြင့် ပစ်ပေါက်သဖြင့် ပွဲကို ခေတ္တရပ်နားခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်အပေါ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပွဲမှတ်တမ်းကို ပြန်လည်သုံးသပ်ပြီးနောက် ရှမ်းယူနိုက်တက်အသင်းကို ဒဏ်ကြေး ကျပ် ၁၀ သိန်း ချမှတ်ခဲ့ သည်။
  • Wed 27 Sep 2017 - 22:58
     အာရှယူ-၁၆ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု(ဇ) ဒုတိယပွဲတွင် အိမ်ရှင်မြန်မာအသင်းက တောင်ကိုရီးယားအသင်းကို လေးဂိုးပြတ်ရှုံးနိမ့်ကာ နှစ်ပွဲဆက်အရှုံးဖြင့် လက်ကျန်တစ်ပွဲ ကျန်ရှိသေးသော်လည်း ခြေစစ်ပွဲမှ နှုတ်ဆက်ခဲ့ရသည်။ စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ် ပြိုင်သည့် အဆိုပါပွဲတွင် အာရှ ထိပ်သီး တောင်ကိုရီးယားအသင်း က ဖိအားပေးကစားကာ မြန်မာ အသင်းက ခံစစ်ဦးစားပေး ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းက တန်ပြန်တိုက်စစ်ကို အသုံးပြုသော်လည်း တောင်ကိုရီးယား နောက်တန်းကို မကျော်နိုင်ခဲ့ပေ။
  • Wed 27 Sep 2017 - 12:15
    ယခုသီတင်းပတ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့ ခေါင်းဆောင်များ အတူတကွ ဓာတ်ပုံရိုက်ကြပြီး မိန့်ခွန်းများ ပြောကြားနေစဉ် ပိုမိုကြီးထွားလာသော ကမ္ဘာ့အဖြစ်အပျက်တစ်ခုက ၎င်းတို့ကြားတွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။
  • Wed 27 Sep 2017 - 11:15
    ဂျွန်ဖို့ဘ်စ်ကယ်ရီဟာ ၂၀၁၃ က နေ ၂၀၁၇ အထိ ၆၈ ယောက် မြောက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရာထူးကို တာဝန်ယူခဲ့တဲ့  နိုင်ငံရေးသမား တစ်ယောက်ပါ။ ဒီမိုကရက်တစ်ယောက်ဖြစ်တဲ့ သူ ဟာ ၁၉၈၅ ကနေ ၂၀၁၃ အထိ မန်ဆာချူးဆက်ပြည်နယ်ကို ကိုယ် စားပြုပြီး အမေရိကန်လွှတ်တော် မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၀၄ သမ္မတရွေးကောက် ပွဲအတွက် ဒီမိုကရက်တို့ရဲ့ အမည် စာရင်းတင်သွင်းခံရသူဖြစ်ခဲ့ပြီး ရီ ပက်ဘလေကန်သမ္မတ ဂျော့ခ်ျဒ ဗလျူဘုရှ်ကို ရှုံးနိမ့်ခဲ့တယ်။
  • Wed 27 Sep 2017 - 11:10
    ဟာလီမာယာကွတ်သည် စင်ကာပူနိုင်ငံ၏ နိုင်ငံရေးသမားဖြစ်ပြီး လက်ရှိသမ္မတလည်း ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၃ ဇန်နဝါရီ မှ ၂၀၁၇ သြဂုတ်အထိ စင်ကာပူပါလီမန်၏ ကိုးဦးမြောက် ပါလီမန်ဥက္ကဋ္ဌဖြစ်ခဲ့သည်။
  • Wed 27 Sep 2017 - 10:55
    နေမာကို ကမ္ဘာ့စံချိန်တင်ဈေးယူရို ၂၂၂ သန်းနဲ့ ဝယ်ယူလိုက်ချိန်က  ပါရီစိန့်ဂျာမိန်း (ပီအက်စ်ဂျီ) အ သင်းရဲ့ ပရိသတ်တွေ မိုးမမြင် လေ မမြင် ပျော်ရွှင်နေခဲ့ဖူးပါတယ်။  ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ အသင်းရဲ့စည်းလုံးမှုကို ထိခိုက် လာနိုင်တဲ့ သက်ရောက်မှုတွေရှိ လာမလားဆိုတာကိုတော့ ကြို တွေးခဲ့ဟန်မရှိဘူး။
  • Wed 27 Sep 2017 - 10:54
    အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင် ပွဲအအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူ ဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ရန် စီစဉ် ထားကြောင်း နည်းပြချုပ် ဦးဌေး မြင့်က ပြောသည်။
  • Wed 27 Sep 2017 - 10:52
    ၂၀၁၆ အာဆီယံအကောင်းဆုံး အမျိုးသမီးဒိုင်လူကြီးဆု ရရှိခဲ့၍ အနာဂတ်တွင် ပိုမိုကြိုးစားရမည် ဖြစ်ပြီး တာဝန်ပိုကြီးကြောင်း ဒေါ်သိန်းသိန်းအေးက ပြောသည်။
  • Wed 27 Sep 2017 - 10:50
    စက်တင်ဘာ ၂၄ ရက်က ကျင်းပပြီးစီးခဲ့သည့် ဂျာမနီရွေးကောက် ပွဲရလဒ်များအရ အများမျှော်လင့် ထားသည့်အတိုင်း အဓိပတိ အန်ဂျလာမာကယ်၏ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီနှင့် ခရစ် ယာန်လူမှုယူနီယံပါတီညွန့်ပေါင်း အဖွဲ့ (CDU-CSU)က မဲအများ ဆုံးဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့်လည်း မာကယ်သည် နိုင်ငံ၏ အဓိပ တိအဖြစ် လေးနှစ်သက်တမ်းကို စတုတ္ထအကြိမ်ဆက်တိုက် ထမ်း ဆောင်ရတော့မည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲတွင် ဥရောပတိုက်ရော၊ နိုင်ငံတကာ အသိုက်အ ဝန်းကပါ အထူးတလည် စိတ်ဝင် တစား စောင့်ကြည့်နေကြသည်မှာ ဂျာမနီအတွက် ပြုပြင်ပြောင်းလဲ ခြင်းပါတီ (AfD)၏ အလားအလာ ဖြစ်သည်။
  • Tue 26 Sep 2017 - 19:59
    အတိတ်က ရီးရဲလ်မက် ဒရစ်နှင့် ဆက်နွှယ်မှုကြောင့် ချန် ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အ ဖြစ် ယနေ့ညကစားမည့် အက် သလက်တီကိုမက်ဒရစ်နှင့် ပွဲတွင် တိုက်စစ်မှူး မိုရက်တာအနေဖြင့် နွေးထွေးစွာ ကြိုဆိုခံရဖွယ်မရှိ ကြောင်း ချယ်လ်ဆီးဂိုးသမား ကော်တွိုက်စ်က ပြောသည်။
  • Tue 26 Sep 2017 - 19:59
    ပရီးမီးယားလိဂ်ပွဲစဉ် (၆)အဖြစ် နောက်ဆုံးယှဉ်ပြိုင်ခဲ့ သည့် အာဆင်နယ်နှင့် ဝက်စ်ဘ ရွန်းပွဲတွင် အာဆင်နယ်အတွက် နှစ်ဂိုးစလုံးသွင်းယူခဲ့သော တိုက်စစ်မှူးလာကာဇက်သည် ၁၉၈၈စက်တင်ဘာက ဘရိုင်ယန်မားဝုဒ် နောက်ပိုင်း လိဂ်ပြိုင်ပွဲပထမဆုံး အိမ်ကွင်းသုံးပွဲ၌ ပွဲတိုင်း ဂိုးသွင်းနိုင်သည့် ပထမဆုံးအာဆင်နယ် ကစားသမားဖြစ်လာ
  • Tue 26 Sep 2017 - 18:45
     မြန်မာအသင်းမှ ကစား သမားသုံးဦးသည် ဆေးစစ်ချက် ကျရှုံးသဖြင့် အာရှ ယူ-၁၆ ခြေ စစ်ပွဲတွင် ပါဝင်ခွင့်မရခဲ့ကြောင်း မြန်မာ ယူ-၁၆ အသင်းနည်းပြ ချုပ် ဦးညီညီလတ်က ပြောသည်။
  • Tue 26 Sep 2017 - 00:19
     အားကစားတွင် အလားအလာရှိသူများကို အစိုးရ ၀န်ထမ်းအဖြစ် ခန့်အပ်ရန် စီစဉ် မည်ဟု ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြော သည်။
  • Tue 26 Sep 2017 - 00:18
    ပီအက်စ်ဂျီ၏ ပြီးခဲ့သည့် နွေရာသီကငွေသုံးကြမ်းမှုကြောင့် ဘိုင်ယန်၊ ဂျူဗင်တပ်နှင့် ရီးရဲလ်အသင်းတို့၏ တိုက်တွန်းမှုများနှင့်အတူ ယူအီးအက်ဖ်အေက ပီအက်စ်ဂျီအနေဖြင့် ဘဏ္ဍာငွေမျှတစွာယှဉ်ပြိုင်ရေး (FFP) စည်းကမ်းများနှင့်မကိုက်ညီလျှင် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှချန်လှပ်ခံရမည်ဟု သတိပေးကြောင်း EL Paris သတင်းက ဖော်ပြသည်။
  • Tue 26 Sep 2017 - 00:17
    လတ်တလောဂိုးပြတ်ရ လဒ်များဖြင့် အနိုင်ရနေသော မန်စီးတီး၏ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်ဖလား ပြိုင်ဘက်များ ဖြစ်သော မန်ယူနှင့် ချယ်လ်ဆီးအ သင်းတို့ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ဟု မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ပြောသည်။
  • Tue 26 Sep 2017 - 00:17
    ယနေ့ညနေ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အဖြစ် စပါးတပ်မော်စကိုသို့ သွားရောက် ကစားမည့် ပွဲစဉ်၌ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ယခုနှစ်ရာသီ ဂိုးများခွင့်ပြုနေရခြင်း ရပ်တန့်ရန် စိတ်ပိုင်းဖြတ်ထားသော်လည်း လက်ရှိအသင်းကစားပုံကို ယုံကြည်နေသည်။
  • Tue 26 Sep 2017 - 00:17
     ရီးရဲလ်မက်ဒရစ်အ သင်းတွင် ကြယ်ပွင့်ကစားသမား အများအပြားဒဏ်ရာရနေစဉ် ယနေ့ည ဒေါ့မွန်နှင့် ပွဲလူစာရင်း ၌် ကွင်းလယ်လူ တိုနီခရူးစ်ပါဝင် လာရာ ရီးရဲလ်အတွက် စိုးရိမ်မှု များ လျော့ပါးစေခဲ့သည်။
  • Tue 26 Sep 2017 - 00:16
     အမာခံအစွန်းရောက် ပရိသတ်များကို လက်မှတ်များ ရောင်းချခဲ့သဖြင့် ဂျူဗင်တပ်ဘော လုံးအသင်းဥက္ကဋ္ဌ အန်ဒရေးအက် နယ်လီကို အီတလီဘောလုံးအ ဖွဲ့ချုပ်က တစ်နှစ်ပိတ်ပင်သည်။ ဂျူဗင်တပ်အသင်းကိုလည်း တရားရုံးက ယူရို သုံးသိန်းဒဏ်ငွေ ချမှတ်သည်။

Pages

Subscribe to Sports