Sports

Schedule:

Standing:

Toplist:

Teams:

  • Wed 04 Jul 2018 - 21:09
     စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ဟော်ကီစီးရီးအိုးပင်း ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အ မျိုးသားဟော်ကီအသင်းက အ ဆင့် (၄)နေရာသာ ရရှိခဲ့သည်။
  • Wed 04 Jul 2018 - 21:08
     ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဆင့် ပထမအ ကျော့ပွဲစဉ်များကို စက်တင်ဘာ တွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ် ပြန်သည်။ ယင်းပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့် ပထမအကျော့ကို မူလက ဇူလိုင်တွင် ကျင်းပရန် စီစဉ်ခဲ့ သည်။ သို့သော် နောက်ဆုံးအ တည်ပြုချက်အရ အကြိုဗိုလ်လုပွဲ နှစ်ကျော့အပါအဝင် ဗိုလ်လုပွဲကို စက်တင်ဘာအတွင်း ကျင်းပနိုင် ရန် ပြိုင်ပွဲဝင်အသင်းများနှင့် ညှိနှိုင်းခဲ့ကြောင်း မြန်မာလိဂ်ကော် မတီ တာဝန်ရှိသူတစ်ဦးက ပြော သည်။
  • Wed 04 Jul 2018 - 21:07
     ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ရုရှားသံရုံးတွင် ကြည့်ရှုရန် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီ ကိုလိုင်းလီစတိုပါဒေါ့ဗ်က ဘော လုံးဝါသနာရှင်များအား ဖိတ်ကြားကြောင်း ရုရှားသံရုံးက ထုတ်ပြန် သည်။ ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ၌ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းဗိုလ်လုပွဲကို မြန်မာဘောလုံးဝါသနာ ရှင်များ ရုရှားသံရုံးတွင် အတူတကွကြည့်ရှုရန် ဖိတ်ကြားခြင်း ဖြစ်ပြီး ဇူလိုင် ၁၃ ရက် နောက်ဆုံးထားကာ သတ်မှတ်ထားသည့် အချက်အလက်များ ရုရှားသံရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်၌ ပါရှိသည်။
  • Wed 04 Jul 2018 - 21:07
    အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည့် အာဆီယံပြိုင်ပွဲ အုပ်စုဒုတိယပွဲတွင် ပွဲထွက်ကစား သမား ငါးဦးခန့် အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်း နည်းပြချုပ် ဦးဝင်းသူမိုး က ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ နေသည့် အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) အဖွင့်ပွဲ တွင် မြန်မာအသင်းက ဖိလစ်ပိုင် အသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီး အသင်းသည် ဇူလိုင် ၅ ရက်(ယနေ့)၌ အုပ်စုဒုတိယပွဲအဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။
  • Wed 04 Jul 2018 - 11:52
    အီတလီ ပြည်ထဲရေးဝန်ကြီး မက်တီယိုဆယ်လ်ဗီနီဟာ လူပြိန်း ကြိုက်ဝါဒီတစ်ယောက်၊ သွေး မြောက်သူတစ်ယောက် ဖြစ်ပေ မယ့် အကြောက်အရွံ့ကင်းမဲ့တဲ့ ဗျူဟာကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင်မှုအပေါ် သူ့ရဲ့သဘောထားတင်း မာတဲ့ချဉ်းကပ်ပုံက ဂျာမနီအဓိပ တိအန်ဂျလာမာကယ်ရဲ့ ရာထူး သက်တမ်းကိုသာမဟုတ်ဘဲ ဥ ရောပသမဂ္ဂတစ်ခုလုံးကိုပါ အန္တ ရာယ်ကျရောက်စေပါတယ်။
  • Wed 04 Jul 2018 - 11:49
    ချားလော့ဆယ်လ်ဝါအီတာ အီမက်စ်မက်စ်သည် ဗာနူအာတူ နိုင်ငံရေးသမားဖြစ်ပြီး စာရင်းကိုင် ဟောင်းနှင့် နိုင်ငံရေးအကြံပေး ဟောင်းဖြစ်သည်။၂၀၁၆ ဖေဖော် ၀ါရီ ၁၁ ရက်တွင်ရွေးကောက် တင်မြှောက်ခံရပြီးနောက်ဗာနူအာ တူနိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဗာနူအာတူ နိုင်ငံသည် တောင်ပစိဖိတ်သမုဒ္ဒ ရာတွင်တည်ရှိပြီး ဩစတြေးလျ နိုင်ငံမြောက်ပိုင်းအရှေ့စူးစူးရှိ မိုင်  ၁,၀၉၀ အကွာ၌တည်ရှိသည်။  
  • Wed 04 Jul 2018 - 11:47
    ၂၀၁၆ ဇူလိုင်တွင် ဖိလစ်ပိုင် အစိုးရက မီးကုန်ယမ်းကုန်မူးယစ် ဆေးဝါးနှိမ်နင်းမှုများ စတင်ချိန်က စ၍ ရဲတပ်ဖွဲ့၏စစ်ဆင်ရေးများ၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားသူနှင့် သုံးစွဲမှုမသင်္ကာသူ လေးထောင်ကျော် သေဆုံးခဲ့သည် ဟု အစိုးရကပြောသည်။
  • Wed 04 Jul 2018 - 11:37
    အာဆီယံပြိုင်ပွဲ အုပ်စုဒုတိယပွဲမတိုင်မီ တိုက်စစ်ပိုင်းအဆုံး သတ်အားနည်းချက်ကို ပြင်ဆင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်ဦးဝင်းသူမိုးက ပြောသည်။ 
  • Wed 04 Jul 2018 - 11:35
    မြန်မာလိဂ်ပွဲစဉ်(၁၈)အပြီးတွင် ဂိုးသွင်းအများဆုံး ကစားသမား စာရင်း၌ ဧရာဝတီအသင်းတိုက် စစ်မှူး ပက်ထရစ်က သွင်းဂိုး ၁၄ ဂိုးဖြင့် ဦးဆောင်ထားသည်။ 
  • Wed 04 Jul 2018 - 11:31
    ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် အသင်းသစ်ငါးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိပ်ဆုံးသုံးသင်း ခြေ စစ်ပွဲအောင်မြင်မည်ဖြစ်သည်။
  • Wed 04 Jul 2018 - 11:29
    မလေးရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၁၈ အရှေ့တောင်အာရှ ကျောင်းသားအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံက ကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
  • Wed 04 Jul 2018 - 11:27
    လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု လောက်က ဘာစီလိုနာနဲ့  စပိန် လက်ရွေးစင် အသင်းတွေ ထူ ထောင်ခဲ့တဲ့ တီကီတာကာ ကစား ဟန်ဟာ ကမ္ဘာ့ဘောလုံးလောက ကို အကြီးအကျယ် ကိုင်လှုပ်ခဲ့ဖူးပါ တယ်။ ပြိုင်ဘက် ခြေထောက်ထဲ  ဘောလုံးလုံးဝနီးပါး မရောက် အောင် ပိုင်ဆိုင်မှု တစ်ဖက်သတ် အသာစီးယူပြီး ထိုးဖောက်တိုက် စစ်ဆင်တဲ့ ကစားဟန်နဲ့အတူ စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ ဖလား၊ ၂၀၀၈ နဲ့ ၂၀၁၂ ဥရောပ ဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါ တယ်။
  • Wed 04 Jul 2018 - 11:24
    အမေရိကန်ကဦးစီးပြီး ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး နိုင်ငံ တကာရေတပ်ပူးပေါင်းလေ့ကျင့်မှု အစီအစဉ်တစ်ရပ်ကို အစပြုခဲ့သည်။ တစ်ချိန်တည်းတွင် တရုတ်ကလည်း ကိုယ်ပိုင်ရေတပ်လေ့ကျင့်မှုတစ်ခုကို တစ်ပြိုင်တည်းလိုလို အကောင်အထည်ဖော်လာသည်။ ထိုအခြေအနေများက ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခု၏ ရေတပ်များကြား ပစိဖိတ်သမုဒ္ဒရာတွင် ဩဇာလွှမ်းမိုး ရန် အပြင်းအထန်အားပြိုင်နေမှုကို ပိုမိုထင်ဟပ်လာစေခဲ့သည်။
  • Tue 03 Jul 2018 - 18:55
    လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ဘရာဇီးအသင်း အ ကောင်းဆုံးဖြစ်ကြောင်း နားလည် ထားရမည်ဟု ဘယ်လ်ဂျီယံနည်း ပြ မာတီနက်ဇ်က ပြောသည်။
  • Tue 03 Jul 2018 - 18:55
     တိုက်စစ်မှူးကာဗာနီသည် ပြင်းထန်သောဒဏ်ရာ ရှောင်လွှဲ နိုင်ခဲ့သဖြင့် ဇူလိုင် ၆ ရက်တွင် ပြင်သစ်နှင့် ကစားမည့် ကွာတား ဖိုင်နယ်ပွဲ၌ ပါဝင်ရန် အခွင့်အရေး ရှိကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ ချုပ် (AUF) က ထုတ်ပြန်သည်။
  • Tue 03 Jul 2018 - 18:31
     နှစ်ဂိုးပြတ် ဦးဆောင်နေရာမှ ၃-၂ ဂိုးဖြင့် ဘယ်လ်ဂျီယံကို ရှုံးနိမ့်ပြီးနောက် ဂျပန်နည်းပြ နီရှီနိုက ကိုယ့်ကိုယ် ကိုယ် အပြစ်တင်ခဲ့သည်။ ‘‘ပြိုင်ပွဲတစ်ခုလုံး အသင်းနဲ့ အတူ ပျော်ရွှင်ခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ ကစားသမားတွေက ယုံကြည်မှုရှိရှိနဲ့ ကောင်းကောင်း ကစားခဲ့တာကြောင့်ပါ။ သူတို့က တတ်နိုင်တာထက်ကျော်ပြီး ကြိုး စားခဲ့ပါတယ်။ ကစားသမားတွေ ကို အပြစ်တင်လို့ မရဘူးလို့ ထင်ပါတယ်။ ဒါက ကျွန်တော့်အမှားပါ’’ ဟု နီရှီနိုက ပြောသည်။
  • Tue 03 Jul 2018 - 18:30
    ဂျပန်ကို နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ ၃-၂ ဂိုး ဖြင့် အနိုင်ရလဒ်ထွက်ပေါ်အောင် လူစားဝင်ကစားသမားများက စွမ်းဆောင်ပေးခဲ့ကြောင်း ဘယ်လ်ဂျီ ယံအသင်းခေါင်းဆောင် ဟာဇက် က ပြောသည်။ ဘယ်လ်ဂျီယံသည် ဂျပန်ကို ၅၂ မိနစ်အထိ နှစ်ဂိုးပြတ်ရှုံးနေ သော်လည်း ၆၉၊ ၇၄ နှင့် ၉၀ မိနစ်တို့တွင် သုံးဂိုးဆက်သွင်းယူပြီး ချေပဂိုးနှင့် အနိုင်ဂိုးကို လူစားဝင် ကစားသမားနှစ်ဦးဖြစ်သော ဖယ်လိုင်နီနှင့် နက်ဆာချက်ဒ်လီ က သွင်းယူပေးခဲ့သည်။
  • Tue 03 Jul 2018 - 18:29
    ဘရာဇီးတိုက်စစ်မှူး နေမာ၏ သရုပ်ဆောင်ချက်သည် ဘောလုံးလောကအတွက် နမူနာ ကောင်းတစ်ခုမဟုတ်ကြောင်း မက္ကဆီကိုနည်းပြ ဂျူအန်ကား လို့စ်အိုဆိုရီယိုက ပြောသည်။ မက္ကဆီကိုကို ၂-၀ ဂိုးဖြင့် အနိုင်ရသောပွဲတွင် တစ်ဂိုးသွင်း ကာ တစ်ဂိုးဖန်တီးပေးခဲ့သော နေ မာသည် ယခု ကမ္ဘာ့ဖလား၌ မူယာမာယာလွန်ကဲစွာ ဟန်ဆောင်လှဲ ချလွန်းသည်ဟု စွပ်စွဲခံနေရ သည်။
  • Tue 03 Jul 2018 - 18:28
    - ကမ္ဘာ့ဖလားပြိုင်ပွဲမှ အံ့အားသင့်ဖွယ်ထွက်ရသော်လည်း ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရင်ဒဲလ်၏ ဆက်လက်ထောက်ခံမှုရရှိပြီး နောက် ရာထူး၌ ဆက်လက်ရှိနေရန် နည်းပြဂျိုအာချင်လိုက ဆုံးဖြတ်သည်။
  • Tue 03 Jul 2018 - 00:46
    မိမိတို့အနေဖြင့် ကမ္ဘာ့  ဖလားပြိုင်ပွဲ၌ မည်သည့်အသင်း ကိုမျှ (သို့မဟုတ်) ပင်နယ်တီအ ဆုံးအဖြတ်  ခံယူရခြင်းကို မ ကြောက်ရွံ့ကြောင်း အင်္ဂလန် ကွင်းလယ်လူ  ဒယ်လီအလီ (၂၂) နှစ်က ကိုလံဘီယာနှင့်ပွဲမတိုင်မီ ပြောကြားသည်။

Pages

Subscribe to Sports