ပြည်ပသို့ အလည်အပတ် သွားရောက်မှု ၅၀ ရာခိုင်နှုန်း လျော့ကျဟုဆို

ယခုနှစ် မေလကုန်ကစ၍ ပြည်တွင်းမှ နိုင်ငံတကာခရီးစဉ်များသို့ အလည်အပတ်သွားရောက်မှု ၅၀ ရာခိုင်နှုန်းခန့်လျော့ကျသွားကြောင်းမြန်မာနိုင်ငံ Outbound ခရီးသွား လုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ ဦးလင်း ထိန်က ပြောသည်။ 


‘‘ပြည်ပကို အလည်အပတ် သွားရောက်တဲ့ဦးရေက အရမ်းကြီးတော့ မရှိဘူး။ ရံဖန်ရံခါလောက်ပဲ သွားကြတယ်။ အနည်းဆုံးတော့ ၅၀ ရာခိုင်နှုန်းလောက် လျော့ကျ သွားတယ်။ သီးခြားအလုပ်ကိစ္စ သွားတာတို့၊ ဆေးသွားကုတာတို့ ကတော့ ပုံမှန်ရှိပါတယ်။ မဖြစ်မ နေသွားတဲ့လူတွေပေါ့။ တကယ် တမ်း အလည်အပတ်ခရီးသည်အ နေနဲ့ သွားတဲ့လူကတော့ နည်းပါ တယ်’’ဟု ဦးလင်းထိန်က ပြော သည်။ 

ပြည်ပမှ နိုင်ငံတကာခရီးစဉ် များသို့ အလည်အပတ်သွားလာမှု သည် မေလကုန်ပိုင်းကစ၍ သိသိသာသာ လျော့ကျလာပြီး လေ ကြောင်းလိုင်း ခရီးစဉ်များကို ဈေးနှုန်းလျှော့ချပေးခြင်းများရှိ သော်လည်း အလည်အပတ်ခရီး သွားရောက်သူ အနည်းငယ်သာရှိကာ အစိုးရရုံးပိတ်ရက် ရှည်ကာလများ ဖြစ်သည့် အောက်တိုဘာမှသာ ပြန်လည် မြင့်တက်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။ 

‘‘ငါးလပိုင်းကုန်လောက်က နေ စပြီးတော့ လျော့ကျလာတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကုမ္ပဏီ တွေက Trip လိုက်ပို့တဲ့ခရီးစဉ်တွေ တော့ ရှိပါတယ်။ ရက်ရှည်ပိတ် ရက်တွေ များတဲ့ ၁၀ လပိုင်း လောက်မှ ပြန်ပြီးတော့ မြင့်တက် လာမှာ ဖြစ်ပါတယ်’’ဟု ဦးလင်း ထိန်က ဆိုသည်။ 

ပြည်တွင်းမှ နိုင်ငံတကာခရီး စဉ်များသို့ သွားရောက်လည်ပတ် သူ ဦးရေသည် တစ်နှစ်လျှင် လေးသိန်းခန့်ရှိကြောင်း Outbound ခရီးသွားလုပ်ငန်းများ အဖွဲ့မှ သိရှိရသည်။