နိုင်ငံခြားဧည့်သည်အလာများသည့် ဒေသများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆွေးနွေးပွဲများ ပြုလုပ်မည်

နိုင်ငံခြားသားဧည့်သည် သွားရောက်မှုများပြားသည့် ပုဂံ၊ အင်းလေး၊ မန္တလေးစသည့်နေရာဒေသများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) က
ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


လာမည့် အောက်တိုဘာ တွင် နေပြည်တော်၌ ကျင်းပမည့် Myanmar Tourism Summit 2017 ၌ မြန်မာ့ခရီးသွား လုပ်ငန်း၏ လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲများကို တင်ပြနိုင်ရန် ပုဂံ၊ မန္တလေး၊ အင်းလေး၊
ကျိုက်ထီးရိုး၊ မော်လမြိုင်၊ မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင်ဆွေးနွေးပွဲများ ပြုလုပ်ရန်စီစဉ်ထားကြောင်း UMTA အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းမိုးဝေကပြောသည်။

 အောက်တိုဘာ၌ ပြုလုပ် မည့် Myanmar Tourism Summit 2017 ကိုအထောက်အ ကူပြုစေရန် UMTA ကဦးဆောင်၍ Destination Management & Sustainable Tourism Workshop ကို ဇွန်လ ၂၃ ရက်က ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲ ၌ ခရီးသွားလုပ်ငန်းရှင်များ၊ ခရီး သွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်အချို့တို့ ပါဝင်ဆွေးနွေးခဲ့ သည်။

ဆွေးနွေးပွဲ၌ အာဆီယံဒေသ တွင်းနိုင်ငံများဖြစ်သော အိမ်နီး ချင်းထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ သို့ နိုင်ငံခြားဧည့်သည်ဝင်ရောက် မှုအခြေအနေနှင့် နှိုင်းယှဉ်ဆွေး နွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာ့ ခရီးသွားလုပ်ငန်း တိုးတက်၍ နိုင်ငံတကာမှ ဧည့်သည်များပိုမို လာရောက်နိုင်ရေး လိုအပ်သည့် အချက်များကို ဆွေးနွေးခဲ့ကြကာ လက်ရှိဖြစ်ပေါ်နေသည့် အခက် အခဲများ၊ ပြဿနာများကို တင်ပြ ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးရရှိ မှုများကို သက်ဆိုင်ရာ ဟိုတယ်၊ ခရီးဝန်ကြီးဌာနသို့ ပေးပို့တင်ပြ မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ အခုခေတ် သစ်စနစ်မှာ Tourism က ထင် သလောက်မရွေ့ဘဲ အီလည် လည်ဖြစ်နေတာကို အဖြေရှာရ မယ်။ ဆေးမြီးတိုနဲ့ လုပ်နေခဲ့တာ ကြာပြီ။ ဒါကို ထိထိရောက်ရောက် တိုးတက်လာဖို့အတွက် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာ ဆွေး နွေးကြရပါမယ်’’ ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသက်လွင်တိုးက ပြော သည်။ ၂၀၁၇ ဇန်န၀ါရီက ပြုလုပ် ခဲ့သည့် အာဆီယံခရီးသွားဖိုရမ်က ထုတ်ပြန်သော ကိန်းဂဏန်းအ ချက်အလက်များအရ မြန်မာနိုင်ငံ သို့ ၂၀၁၅ က နိုင်ငံခြားသားခရီး သွားဧည့်သည် ၄ ဒသမ ၆ သန်း ကျော် ၀င်ရောက်ခဲ့သော်လည်း အစိုးရသစ်လက်ထက် ၂၀၁၆ တွင်  ၂ ဒသမ ၉ သန်းကျော်သာ ၀င်ရောက်ခဲ့၍ ၃၈ ရာခိုင်နှုန်းကျ ဆင်းခဲ့သည်။

 သို့သော် ကမ္ဘာလှည့်ခရီး သွားဦးရေ လျော့နည်းခြင်းသည် ယခင်ကကဲ့သို့ နယ်စပ်မှ အချိန်ပိုင်း အလုပ်ကိစ္စဖြင့် လာရောက်သူများကို စာရင်းမသွင်းဘဲ အမှန် တကယ်ခရီးသွားများကိုသာ ရေ တွက်ခြင်းကြောင့်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။