တိုက်ပွဲများကြောင့် နမ့်ဆန်မြို့နယ် ဒေသခံ ၃၀၀ ခန့် လားရှိုးမြို့သို့ လာရောက်တိမ်းရှောင်

တပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ် ကျေးရွာအချို့မှ ဒေသခံ ၃၀၀ ခန့် သည် လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်းဒေသတွင်း အစိုးရတာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးလုပ်နေသော ဒေသခံလူမှုရေးအဖွဲ့များက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာ ၀န်းကျင်တွင် ဇွန်လ ၂၀ ရက်မှ စကာ တပ်မတော်နှင့် TNLAတိုက် ပွဲများဖြစ်ခဲ့ပြီး ဒေသခံ ၂၉၇ ဦး သည် လားရှိုးမြို့သို့ တိမ်းရှောင် လာကြောင်းနှင့် စစ်ဘေးရှောင် များအတွက် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ပြီး ထောက်ပံ့ကူညီ ထားကြောင်း ရှမ်းပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (လားရှိုး)ဦးစီးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။ စစ်ရှောင်စခန်းငါးခုတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအ၀င် အမျိုးသား ၁၂၃ဦး၊ အမျိုးသမီး ၁၇၄ ဦး ပါဝင်ခဲ့သည်။

‘‘ဒီအတိုင်းပဲ ထွက်လာရ တော့ အ၀တ်အစားတွေ မပါကြ ဘူး။ စစ်ရှောင်တွေအတွက်လတ်တလော လိုအပ်တာကတော့ အ၀တ်အထည်နဲ့ စောင်တွေ။ ဒေသခံတွေကလည်း လှူတာတော့ရှိတယ်’’ဟု ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့မြောက် ဒေသ နမ့်ဆန်မြို့နယ် မန်လန်း ကျေးရွာအနီးတောတွင်းတစ်နေ ရာတွင် TNLA ကအကြမ်းဖက် လုပ်ရပ်များဆောင်ရွက်ရန် သင် တန်းဖွင့်လှစ်နေကြောင်း သတင်း အရ ဇွန်လ ၂၀ ရက်မှစ၍ နယ် မြေရှင်းလင်းကာ ဇွန်လ ၂၁ ရက် တွင် TNLA ၏စခန်းပုန်းတစ်ခုကို အဆောက်အအုံများ၊ TNLA ယူနီ ဖောင်းများ၊ ဆေးမျိုးစုံနှင့်စား သောက်ဖွယ်ရာများ၊ ဒေသန္တရ တိုက်မိုင်းများနှင့်အတူ တွေ့ရှိခဲ့ ကြောင်း ဇွန်လ ၂၃ မှ ဇွန်လ ၂၆ ရက်အထိ နယ်မြေရှင်းလင်း ရာ တိုက်ပွဲပြင်းထန်စွာ ငါး ကြိမ်ဖြစ်ပွားပြီး အရာရှိ၊စစ်သည် အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရကာ အချို့ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်းနှင့် ရန်သူထံမှအ လောင်းလေးလောင်းနှင့် လက် နက်များသိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော်က ဇွန်လ ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။

ထို့အပြင် ကွတ်ခိုင်မြို့အနီး ဝန်းကျင်ရှိ နယ်မြေခံတပ်များကို KIA/TNLA တို့က ဇွန်လ ၂၆ ရက်နေ့လယ်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ် မြေခံတပ်များမှ ပြန်လည်ပစ်ခတ် ခဲ့ကြောင်း အဆိုပါဖြစ်စဉ်၌ ကွတ် ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ် အနီးသို့ KIA/TNLA  တို့၏ လက် နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့သဖြင့်  ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက် မီတာ ၄,၀၀၀ ခန့်အကွာရှိ ပိန်းဟွယ် ကျေးရွာနေ ဒေသခံနှစ်ဦး လက် နက်ကြီးစ ထိမှန်၍ သေဆုံးပြီး  တစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြောင်း တပ်မတော်က ဇွန်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၍ ဇွန်လ ၂၆ ရက် နေ့ လယ်တွင် ပိန်းဟွယ်ကျေးရွာမှ လူနေအိမ်များထိမှန်ပြီး ရွာသား နှစ်ဦး ထိခိုက်သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

Top News