တလွဲဆံပင်သန်လှချည်ရဲ့

ရုံးရောက် ဂါတ်ရောက် အခြေအ နေမို့ကွယ်××× ကြေးရုပ်နှစ်ခု ကြောင့် ရင်နာရတယ်××× အကွဲအပြဲများက နေရာတကာမှာပဲ×× ×နွားကွဲခဲ့ရင်×××ကျားဆွဲလိမ့် မယ်×××ဗိုလ်ချုပ်ကတော့ ဝမ်း နည်းနေမှာပဲ××× နေရာတကာ အလွယ်တကူကွဲ×××အကြံတူ နေရင် ရန်သူပဲ××× မလိုသူတွေ မှာ ဒါခွင်ပဲ ××× လှောင်ကာ ပြောင်ကာရယ်နေမယ်×××

အင်း... ကွဲမယ့် နွားတွေ အမြင်မသင့်ရင်တော့ ဆွဲမယ့် ကျားအတွက် အဆင်သင့်ပေါ့လို့ ဆိုရတော့မလို ဖြစ်နေပါရဲ့။ တစ် ချိန်တုန်းက လှိုင်းထဲလှေထဲ မုန် တိုင်းထဲမှာ တစ်ယောက်ရင်အုပ် တစ်ယောက် ကာဗာလုပ်ခဲ့ကြသူ တွေ၊ တစ်ယောက်ကျောပြင် တစ် ယောက်ကာကွယ်ခဲ့ကြသူတွေ၊ တစ်ယောက်လက်တစ်ယောက် တွဲ မီးလျှံထဲ ဖြတ်ရဲခဲ့ကြသူတွေ၊ ခုတော့ ကမ်းခြေအရောက်မှာ အတ္တတွေဖောက်လာကြမှာကို တော့ဖြင့် စိုးရိမ်လှပါရဲ့။ ရှေးစာ ဆိုဂန္ထဝင်ဆြာညှပ်ပြောခဲ့ သလိုပ မုန်တိုင်းထဲမှာတော့ ဒုက္ခသည် အားလုံးအတူတူပါပဲ။ ကမ်းခြေ ရောက်တော့ အပန်းဖြေပုံတွေ စတင်ကွဲပြားသွားကြတယ်ဆိုတာ လေး သတိရမိသေး။

အင်း...ပြောမယ့်သာပြောရ တယ်။ ရင်နာစရာတော့ကောင်း လှပါရဲ့။ တစ်ခေတ်တစ်ခါက ဗိုလ်ချုပ်အောင်ဆန်းပုံလေး ချိတ်  ထားမိရင် ထောင်ထဲ ပုဒ်မဆင် လိုက်အိပ်ရတဲ့ ကာလဆိုးကြီး ကွယ်ပျောက်သွားတာ ဘာမှမ ကြာသေး။ ခုတော့ သူများဘေး တီးသွေးခွဲစရာမလို၊ သူ့အလိုလို Ready Made သွေးကွဲစရာအ ကြောင်းရှာလာကြပေါ့။ ခုတော့ လွတ်လွတ်လပ်လပ်လေး အထိမ်းအမှတ်နေ့တွေ ကျင်းပခွင့်၊ ဂါရဝ ပြုဖို့ ဗိုလ်ချုပ်ကြေးရုပ်တွေ သွန်း လုပ်ခွင့်၊ ဗိုလ်ချုပ်ပုံတူတွေ ထုလုပ်ခွင့်ရတာ ဘာမှ မကြာသေး။ တစ် ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တစ် ယောက် ငါက ပိုချစ်၊ သူက ပိုချစ် နဲ့ လည်ပင်းထညှစ်ကြတော့မယ့် ပုံမျိုး ဖြစ်နေကြပါလေရဲ့။ အချစ် ပြိုင်ကြသူတွေကိုယ်စား ဗိုလ်ချုပ် ကို အားနာလှပေါ့။

ဗိုလ်ချုပ်ရုပ်တုကို အပြိုင်အ ဆိုင်ချစ်နေကြပြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့ အမှာစကားတွေ မေ့ထား ကြသလို ဖြစ်နေကြတော့ နော်ဝေး ဒဿနဆရာယောစတိုင်းဂါးရဲ့ အဆုံးအမစကားလေး သွားသတိ ရမိတယ်။ ဗုဒ္ဓက တစ်နေရာကို လက်ညှိုးညွှန်ပြတယ်။ ဒါပေမဲ့ လူတွေက လက်ညှိုးကိုပဲ မြင် တယ်။ ညွှန်ရာကို မမြင်ကြဘူးတဲ့။ ခုလည်း ဆံပင်တော့ ကောင်းနေ ကြပါရဲ့။ ဒါပေမဲ့ နေရာလွဲနေ တုန်းပေါ့။

ခုတော့ မချစ်တတ်တော့ နှစ်သတ်သလို ဆိုတဲ့ ငယ်ငယ်က ကြားဖူးတဲ့ ဘီလူးပုံပြင်လေး သတိ ရမိသေး။ ဘီလူးလင်မယားနှစ် ယောက် လင်ခန်းမယားခန်းပြတ် စဲတော့ မွေးခါစ သားငယ်လေး ကို အချစ်ပိုပြီး သူပိုင် ငါပိုင်လုကြ သတဲ့။ ညှိမရတဲ့အဆုံး ဖခင်ဘီလူးကြီးက ညာလက်နဲ့ ညာခြေကို ကိုင်၊ မိခင် ဘီလူးမကြီးက ဘယ် လက်နဲ့ ဘယ်ခြေကို ကိုင် နှစ်ခြမ်း ခွဲပြီး ယူလိုက်ကြသတဲ့။ ခုလည်း အချစ်ပိုပြီး ဘီလူးစီးသလိုဖြစ်နေ ကြသူတွေ၊ တကယ်လို့များ မဟော်သဓာရဲ့ သားတရားစီရင် ခန်းလို ဘယ်သူကများ မေတ္တာ စိတ်နဲ့ အလျှော့ပေးလေမလဲ စောင့်ကြည့်ရုံသာရှိပေမပေါ့။ ခုတော့ တစ်ချိန်က ဗိုလ်ချုပ်ကို မလိုလားသူတွေ အားရအောင် တမင်လုပ်နေသလား ထင်မှတ်ရ ပါရဲ့။ ဒီလိုတော့လည်း မဖြစ်နိုင် သေး။ ကြည်ညိုလွန်းလို့၊ လေးစားလွန်းလို့၊ ချစ်လွန်းလို့၊ အားပြိုင် ရင်း တရားယိုင်သွားတာ ဖြစ်နိုင် ပါရဲ့။

အင်း...ရင်နာစရာတော့ ကောင်းလှပါရဲ့။ မကြာသေးမီက မွန်ပြည်နယ် ချောင်းဆုံတံတား ကိစ္စကြောင့် ကမ္ဘာက လေးစားရ တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ် ချုပ်အောင်ဆန်းအမည်နာမ ထိ ခိုက်ခဲ့ရသေး။ အခုလည်း နောက် ထပ်တစ်မျိုး မရိုးရအောင် ကြုံရ ပြန်ပေါ့။ အဖြစ်အပျက်ကတော့ ဒီလိုပါခင်ဗျ။ ရန်ကုန်မြို့ တောင် ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာ ပန်းခြံမှာပါ။ လက်ဝှေ့ပြိုင်ပွဲမ ဟုတ်ပေမယ့် ဗိုလ်ချုပ်ချစ်သူ အနီထောင့်နဲ့ ဗိုလ်ချုပ်ချစ်သူ အပြာ ထောင့်တို့က အချစ်ပြိုင်၊ အားပြိုင် နေကြတဲ့ပွဲပါ။ အပြာရောင်အဖွဲ့ ကိုတော့ တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ဦးဆောင်ပြီး ဗိုလ် ချုပ်ကြေးရုပ်တစ်ခု သွန်းလုပ်ခဲ့ တယ်ဆိုပါရဲ့။ အနီရောင်အဖွဲ့ကို လည်း ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး က ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်ခဲ့ တယ်ဆိုပါတယ်။

 ခုတော့ သာမန်ပန်းခြံလေး မှာ အပြာရောင်အဖွဲ့က ဆိုင်း ဘုတ်အပြာ၊ အမိုးအပြာနဲ့ နေရာ ယူထားပြီး အနီရောင်အဖွဲ့က လည်း ဆိုင်းဘုတ်နီနီ၊ အမိုးနီနီနဲ့ အပြိုင်ကြဲနေကြသတဲ့။ တစ်နည်း အားဖြင့် ဗိုလ်ချုပ်ကိုယ်စီရှိကြ သည်လို့ ဆိုရတော့မလို သူ့လူထု နဲ့ သူ့ဗိုလ်ချုပ်၊ ကိုယ့်လူထုနဲ့ ကိုယ့်ဗိုလ်ချုပ်၊ ဗိုလ်ချုပ်တစ်ယောက် တည်း နှစ်ကိုယ်ခွဲပြီး နီလိုက်ပြာ လိုက်၊ ပန်းပန်းလျလျ သရုပ်ဆောင်ရတော့မလို ဖြစ်နေပါရဲ့။ နှစ် ပေါင်း ခုနစ်ဆယ်ခန့် ရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးရဲ့ ငြိမ်းချမ်းရေး အခြေအနေဘယ်လိုရှိ၊ မရှိ အတိ အကျ မသိပေမယ့် အနီရောင် ဗိုလ်ချုပ်ချစ်သူများနဲ့ အပြာရောင် ဗိုလ်ချုပ်ချစ်သူများအဖွဲ့ကတော့  ခုချိန်အထိ ညှိမရသေးတာတော့ သေချာပါရဲ့။

ခုတော့ အပြာရောင်အဖွဲ့ က ကြေးပိဿာချိန် ၂၇၀ ကျော်နဲ့ တန်ဖိုးငွေ သိန်း ၁၃၀ ခန့်အကုန် ခံပြီး ဗိုလ်ချုပ်ပန်းခြံက ကြေးရုပ် တုရဲ့ ရုပ်တုပုံအတိုင်း သွန်းလုပ် ထားပြီး အနီအဖွဲ့က ကြေးပိဿာ ချိန် ၃၀၀ ခန့်နဲ့ တန်ဖိုးငွေသိန်း ၁၃၀ သုံးစွဲထားပြီး အောင်ဆန်း အက်တလီစာချုပ် ချုပ်စဉ်က ပုံစံ အတိုင်း အင်္ကျီအိတ်ထဲ လက်နှိုက် ထားတဲ့ ပုံစံအတိုင်း သွန်းထား တယ် ဆိုပါရဲ့။ ရင်နာစရာ အ ကောင်းဆုံးက ဗိုလ်ချုပ်ချင်းပြိုင် ဘယ်သူနိုင်ဆိုသလို တစ်ဖွဲ့၊ ဗိုလ် ချုပ်ရုပ်တုကို တစ်ဖွဲ့ ပုတ်ခတ် ပြောဆိုနေကြခြင်းပါပဲ။ လွတ် လပ်ရေးဖခင်ကြီးကိုယ်စား၊ ပြည် သူတွေကိုယ်စား ရင်နာစရာ ကောင်းလှပါရဲ့။ နှစ်ဖက်ပဋိပက္ခ ကြားမှာ ဗိုလ်ချုပ်ခမျာ ကြားညပ် လို့ နေနေပါရဲ့။

သတင်းဂျာနယ်တစ်စောင် မှာ ဖတ်ရတာတော့ နှစ်ဖက်အ တိုက်အခံပြောကြပုံများ ကြားရ နားဝမသက်မသာရှိလှပါရဲ့။ နား နဲ့မနာ ဖဝါးနဲ့နာပါခင်ဗျ။ တစ်ဖွဲ့ က ‘‘သူ့ဗိုလ်ချုပ်ရုပ်တုက မျောက် ရုပ်ပေါက်တယ်လို့ဆိုတော့ တစ် ဖက်က သူ့ရုပ်တုက ရုပ်ဆိုးတယ်’’ လို့ ပြန်ချေပသတဲ့။ အပြာရောင် အဖွဲ့ ဦးဆောင်သူတစ်ဦးက ‘‘သူ တို့ဗိုလ်ချုပ်ရုပ်တုက တစ်နိုင်ငံလုံး အဆိုးရွားဆုံး ဗိုလ်ချုပ်ပုံမှာ ပါ တယ်လေ’’ ဆိုတော့ အနီအဖွဲ့ဝင် တစ်ဦးက ‘‘ဆေးသုတ်ထားတဲ့ ဗိုလ်ချုပ်ရုပ်ကြီး’’ လို့ ပြန်ပက် သတဲ့။ ညှပ်ကြီးတို့ပြည်သူတွေက တော့ ပြောမရရင် အတ္တချင်းတော့  ကြိုက်သလိုပြိုင်ပါ။ လွတ်လပ် ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုတော့ ချမ်းသာပေးပါလို့ ကမ္ဘာ့တောင်းပန်နည်းမျိုးစုံနဲ့ တောင်း ပန်ရုံသာရှိပေမပေါ့။

တောင်ဥက္ကလာပမှာ နေသူ တစ်ဦးကတော့ ရယ်စရာကြီးဖြစ် နေကြောင်းနဲ့ သူများပန်းခြံတွေလို တစ်ရုပ်တည်းထားရင် ဗိုလ်ချုပ်ပျင်းနေမှာစိုးလို့ စကားပြောဖော်လေးရအောင် နှစ်ရုပ်ထားတာလို့ ဟာသလုပ်ပြီး ပြောခဲ့တယ်ဆိုပါ ရဲ့။  ပန်းခြံတစ်ခုမှာ ရုပ်တုတစ်ခု စိုက်ထူဖို့ ကိုယ့်သဘောနဲ့ကိုယ် လုပ်မရတာကြောင့် အစိုးရအဖွဲ့ မှာ တာဝန်ရှိတာတော့ အသေအ ချာပါပဲ။ ခုတော့ မလိုလားအပ်တဲ့ သွေးကွဲမှုတွေ ဖြစ်ကြ၊ တိုင်ကြ တန်းကြနဲ့ စာရွက်စာတမ်းဖိုး ဆယ်သိန်းကျော်ခဲ့ပြီလို့ ဆိုပါရဲ့။

ညှိမရတဲ့အဆုံး ရန်ကုန်မြို့ တော်ဝန်က ရုပ်တုနှစ်ခုစလုံးကို သုမင်္ဂလာပန်းခြံထဲမှာ လာမယ့် အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်နေ့ မှာ တစ်ပြိုင်တည်း စိုက်ထူပြီး ကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေး မယ်လို့ ဆိုပါရဲ့။ ဘယ်ရုပ်တု ဘက်မှ မသွားဘဲ သမာသမတ်ကျ ကျ အလယ်မှာ ရပ်ကာ အခမ်းအ နားဖွင့်ပေးရန် တောင်းဆိုထား တော့ ကြေကွဲရမယ့်အစား ရယ် စရာကြီးဖြစ်နေပြီး သူ့ရုပ်တုသူ အလေးပြု၊ ကိုယ့်ရုပ်တုကိုယ်အ လေးပြုနေကြရင်တော့... ဗိုလ်ချုပ်ရေ... တလွဲဆံပင်တွေ သန် လှချည်ရဲ့လို့ ဆိုလိုက်ချင်သေး။

(ဖော်ပြပါ သရော်စာသည်  စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)