‘‘အမျိုးသမီးအရေး လုပ်တယ်ဆိုရင် သိပ်ပြီး လက်မခံချင်ကြဘူး’’

အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာရခြင်းဟာ ရိုးရာယဉ်ကျေးမှုအကြောင်းပြဖိနှိပ်မှုနဲ့လည်း သက်ဆိုင်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ထွယ်ဖောင်းဒေးရှင်း ဒါရိုက်တာ ဒေါ်နန်ပူ (ဓာတ်ပုံ − အိချယ်ရီအောင်/Myanmar Now)

အမျိုးသမီးအမျိုးသား တန်းတူရေးလှုပ်ရှားမှုဟာ ယဉ် ကျေးမှု အဟန့်အတားကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ် လို့ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်ဖောင်ဒေးရှင်း (Htoi Gender and Development Foundation) ဒါရိုက်တာ ဒေါ်နန်ပူကပြောပါတယ်။

ဒေါ်နန်ပူတို့ ဖောင်ဒေးရှင်း ကအမျိုးသား၊ အမျိုးသမီးတန်းတူ ညီမျှရေးဆိုင်ရာ သင်တန်း၊ဆွေး နွေးပွဲနဲ့ တခြားလှုပ်ရှားမှုတွေ လုပ် ဆောင်နေတာ (၁၀)နှစ်ကျော်ရှိပါ ပြီ။

မကြာသေးခင် တွေ့ဆုံရာ မှာ ဒေါ်နန်ပူက ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များ၊ အမျိုးသမီး တို့အကြမ်းဖက်ခံရပြီး နောက် ဆက်တွဲအခြေအနေ၊ ဒုတိယပင် လုံညီလာခံရဲ့ အားနည်းချက်တွေ အကြောင်း ပြောပြထားပါတယ်။

ကချင်ဒေသ အမျိုးသမီးအရေး ဆောင်ရွက်ရာမှာ ဘယ်လိုအခက် အခဲတွေ တွေ့ရသလဲ။

အခက်အခဲတချို့ကိုဖြေရှင်း နိုင်ပေမယ့် တချို့အခက်အခဲတွေ ကတော့ ဆက်ပြီးတော့ ကြုံတွေ့ နေရတယ်။ ကချင်အသိုင်းအဝိုင်း မှာ သြဇာအာဏာလွှမ်းမိုးတဲ့သူ တွေက အမျိုးသားတွေဖြစ်တယ်။ ကချင် ၉၉ ဒသမ ၉ ရာခိုင်နှုန်းက ခရစ်ယာန်တွေလေ။ ခရစ်ယာန် တွေရဲ့ ခေါင်းဆောင်တွေက အမျိုးသားတွေဖြစ်နေတော့ အမျိုးသား ကြီးစိုးတဲ့ အဖွဲ့အစည်းလိုဖြစ်နေ တာ။ ရိုးရာယဉ်ကျေးမှုအစွဲအ လမ်းအရ အမျိုးသမီးတွေကို အ ရမ်းပဲနှိမ်ထားတဲ့အခါမှာ သူတို့ အမျိုးသမီးတွေ၊ သူတို့သမီးတွေ ကျွန်မတို့ရဲ့ ကျား၊ မရေးရာသင် တန်း၊အလုပ်ရုံဆွေးနွေးပွဲ လာပြီ ဆိုရင် သူတို့ကလက်မခံဘူး။ တ ချို့ကလက်မခံတဲ့ပုံမပြပေမယ့် ယောက်ျားနိုင်တဲ့ပညာတွေ သွား သင်နေတာလား ဆိုပြီးတော့ ပြောင်သလို၊ နောက်သလို၊ နှိမ်သ လိုပြောတာတွေရှိပါတယ်။ သင် တန်းတွေပေးတယ်၊ နားလည်ကြ တယ်၊ လက်တွေ့မှာ မလုပ်နိုင်ကြ ဘူး။ ကိုယ်တိုင်ပြောင်းလဲချင်ပေ မယ့် လူ့အသိုင်းအဝိုင်းနဲ့ရိုးရာယဉ် ကျေးမှု အစွဲအလမ်းအရ အရမ်းပဲ ခိုင်မာနေတော့ ကျော်လွှားဖို့ခက် တယ်။ အဲဒါက ကျွန်မတို့ရဲ့စိန် ခေါ်မှုပါပဲ။

ကျွန်မတို့စီမံကိန်းတွေ၊ မူဝါ ဒတွေရေးဆွဲမယ်ဆိုရင် နိုင်ငံတ ကာအဆင့်မီ လုပ်ချင်ကြတော့ ကိုယ်က လှည့်ကြည့်လိုက်ရင်ပါ လာမယ့်သူမရှိဘူး။ စွမ်းဆောင် ရည်မြင့်တဲ့ အမျိုးသမီးတွေမရှိ တာလည်း အခက်အခဲတစ်ခုပဲ။ တစ်ခုခုလုပ်တော့မယ်ဆိုဟော ပြောနိုင်တဲ့သူက လိုက်ရှာရင်ပြော တတ်တဲ့သူက တစ်ယောက်၊ နှစ်  ယောက်ပဲရှိတယ်။ တစ်ခါလာ လည်း ဒီဆရာမ၊ နောက်တစ်ခါ လည်းဒီဆရာမပဲ။ သူတို့ကလည်း ခေါ်တဲ့သူများတော့ မြစ်ကြီးနား မှာ မရှိ။ ယဉ်ကျေးမှုကြောင့် အ တားအဆီးတွေ၊ အခက်အခဲတွေ များတယ်။ နည်းပညာပိုင်းဆိုင် ရာ၊ ငွေကြေးပိုင်းဆိုင်ရာချို့တဲ့ တယ်။ ကချင်ပြည်နယ်မှာ အရပ် ဘက်အဖွဲ့အစည်းတွေအများ ကြီးရှိတယ်။ သူတို့တွေဆွေးနွေး ပွဲတွေ၊ လှုပ်ရှားမှုတွေလုပ်ရင် က ချင်အသိုင်းအဝိုင်းက အဲဒီလောက် ကြီး ပိတ်ပင်၊ ငြင်းဆန်တာမရှိဘူး။ဒါပေမဲ့ အမျိုးသမီး၊ အမျိုးသား တန်းတူရေး၊ အမျိုးသမီးအရေး လုပ်တယ်ဆိုရင်သိပ်ပြီး လက်မခံ ချင်ကြဘူး။

ပဋိပက္ခအတွင်းအကြမ်းဖက်ခံရ တဲ့ အမျိုးသမီးတွေရဲ့ ထိခိုက်နစ် နာမှုတွေအကြောင်း ပြောပြပေး ပါ။

ကချင်ပြည်နယ်တစ်ခုလုံး က ပဋိပက္ခဒေသအတွင်းမှာပါဝင် နေတယ်။ လက်နက်ကိုင်တပ်တွေ က ကချင်တိုင်းရင်းသားအမျိုးသ မီးတွေကို လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်တာ တော်တော်များ များရှိပါတယ်။ တစ်နေရာမှာအ မျိုးသမီးတစ်ဦး လိင်အကြမ်းဖက် ခံရရင် အခြားနေရာက အမျိုးသမီးတွေကလည်း လွတ်လပ်မှုမရှိ တော့ဘူး။ ဘယ်အချိန်မှာ ကိုယ့်ကိုလာပြီးတော့ အကြမ်းလာဖက်မ လဲဆိုတာကို စိုးရိမ်နေရတာပဲ။ အဲဒါကြောင့် ပဋိပက္ခဒေသမှာ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေက တရားမျှတမှုမ ရဘူးဆိုတာကို တွေ့ရပါတယ်။ သေချာ၊ကောင်းမွန်တဲ့စုံစမ်းစစ် ဆေးရေးအဖွဲ့၊ ကောင်းမွန်တဲ့ နည်းစနစ်တွေ ရှိမနေဘူး။ စစ်ဖြစ် တဲ့အခါ အမျိုးသားတွေရော၊ အ မျိုးသမီးတွေရော စစ်ပြေးရတယ်။ စစ်ပြေးတဲ့အခါ အမျိုးသမီးတွေ က ထိခိုက်ရှနာလွယ်တဲ့ လူအုပ်စုထဲမှာပါတယ်။  စစ်ပြေးဒုက္ခ သည်တွေအတွက် ထမင်းထုပ် ပေးတယ်ဆိုရင် ကိုယ်ဝန်ဆောင် က တစ်ထုပ်နဲ့မလောက်ဘူး၊ နှစ် ထုပ်စားရမယ့် အခြေအနေရှိပေ မယ့် လုံလောက်တဲ့အစားအာဟာ ရတွေမရဘူးဆိုတာ တွေ့ရတယ်။ နို့တိုက်မိခင်ဆိုရင်  ကလေးက လည်းငို၊ စစ်ကလည်း ပြေးနေရ တော့ လုံခြုံတဲ့နေရာရောက်ရင် ဖျားပြီးတော့ အသက်ဆုံးရှုံး၊ စစ် ဒဏ်ကြောင့် (ရှိရင်းစွဲ) အသက် ထက်ကိုပိုပြီးအိုမင်းရင့်ရော်တာ တွေလည်းရှိပါတယ်။ ဒုက္ခသည် စခန်းထဲမှာလည်း အမျိုးသမီး တွေရဲ့ လိုအပ်ချက်တွေသေသေ ချာချာစီစဉ်ပေးမှုအားနည်းတာ တွေ့ရတယ်။

ရိုးရာယဉ်ကျေးမှုအရအမျိုးသမီး ကို ဦးစားမပေးကြဘူး။ ဒါဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်သ လဲ။

တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုက အမျိုးသမီးတွေကို ဖိနှိပ်ထားတယ်။ ရိုးရာအစွဲအ လမ်းအရ အမျိုးသမီးတွေကို နှိမ် ထားတာအစိုးရကလည်း ပပျောက် အောင်လုပ်ဆောင်မှုတွေမရှိ တော့ အဲဒီလိုအမျိုးသမီးတွေကို နှိမ်တဲ့ အသိုင်းအဝိုင်းမှာ စစ်ပဋိ ပက္ခဖြစ်လာတဲ့အခါ အမျိုးသမီး ကို အလွယ်တကူလိင်အကြမ်း ဖက်လိုက်ဖို့ရှိနေတယ်။ အဲဒါ ကြောင့် ပဋိပက္ခဒေသမှာရှိတဲ့အ မျိုးသမီးတွေပိုပြီးတော့ အကြမ်း ဖက်ခံရမှု ရာခိုင်နှုန်းပိုများလာနိုင် ပါတယ်။

ကချင်ပြည်နယ်ဘက်ကလိင်အ ကြမ်းဖက်ခံရမှုတွေက ဘယ်လို အဆုံးသတ်သွားတတ်သလဲ။

အကြမ်းဖက်ခံရသူအများစု ကသူတို့ရဲ့နီးစပ်တဲ့အမေ (သို့မ ဟုတ်) အစ်မတွေကို ရင်ဖွင့်တယ်။တချို့အမျိုးတွေက ရယ်လိုက်၊ ငို လိုက်နဲ့စိတ်ဂနာမငြိမ်ဖြစ်သွား တယ်။ မိသားစုဝင်တွေက ရဲတွေ၊ တရားရုံးတွေကို မသွားဘဲရိုးရာ လူကြီးတွေဆီကို သွားပါတယ်။ တရားစီရင်တဲ့ရိုးရာလူကြီးတွေက အမျိုးသားတွေပဲဖြစ်နေတယ်။ငွေ ကြေးအနည်းငယ်ချမ်းသာမလား၊ များများချမ်းသာမလား၊ အရာရှိ ဖြစ်မလားစတဲ့ အခြေအနေတွေရှိ တဲ့ အမျိုးသားတွေက ပိုပြီးတော့ ကျူးလွန်ကြပါတယ်။ ရိုးရာလူကြီး တွေက လိင်ပိုင်းဆိုင်ရာကျူးလွန် ခံရတဲ့မိန်းကလေးဘက်မှာ ရပ် တည်မှု မရှိဘဲနဲ့ မုဒိမ်းမှုကျူး လွန်တဲ့လူကြီးရဲ့ ဂုဏ်သိက္ခာကို ငဲ့တဲ့အပိုင်းတွေရှိပါတယ်။

ပင်လုံညီလာခံအပြီး တနိုင်းဘက် မှာ တိုက်ပွဲဖြစ်တာကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

တနိုင်းဝန်းကျင်က ကချင် ရွာကိုးရွာက ရွာသားတွေကို ကျွန် မတို့အင်တာဗျူးထားတယ်။ အခု စစ်ပြေးနေရတဲ့ အမျိုးသမီးတွေ ဒုက္ခ ရောက်နေတယ်ဆိုတာကို လည်း သိရပါတယ်။ ကျောင်းစ ဖွင့်တဲ့အချိန် ကလေးတွေအတွက် ကျောင်းစာအုပ်၊ လွယ်အိတ်၊ ကျောင်းစရိတ်ကို စီစဉ်နေရတဲ့ အချိန်မှာ စစ်ပြေးရတော့ အများ ကြီးထိခိုက်နစ်နာပါတယ်။ အနာ ဂတ်တွေ ပျောက်ဆုံးနေသလိုဖြစ် နေတယ်။ တနိုင်းမှာ မြန်မာ့တပ်မ တော်က လေယာဉ်နဲ့ဖြန့်တဲ့စာထဲ မှာ ဘာပါလဲဆို ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံးရွှေ့ ပါ။ မရွှေ့ရင် KIO/KIA (ကချင် လက်နက်ကိုင်အဖွဲ့)နဲ့ဆက်သွယ် တဲ့ အကြမ်းဖက်သောင်းကျန်းသူ အဖြစ် သတ်မှတ်မှာဖြစ်တယ်။ နောက်ပြီးတော့ အဲဒီဒေသက သဘာဝနဲ့ဂေဟစနစ်ပျက်စီးသွား ပြီဖြစ်တဲ့အတွက် ကာကွယ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်မှာဖြစ် တဲ့အတွက်ဆိုပြီး စာထဲမှာရေး ထားပါတယ်။ စစ်တပ်ရဲ့အ ကြောင်းပြချက်က သဘာဝနဲ့ဂေ ဟစနစ် ပျက်စီးနေတာကြောင့် ကာကွယ်ဖို့အတွက်လို့ ပြော တယ်။ တကယ်က သဘာဝပတ် ၀န်းကျင်အပျက်စီးဆုံးက ဖား ကန့်ဒေသ။ အဲဒီတကယ်ဖြစ်နေ တဲ့ နေရာကို ဘာမှမလုပ်ဘဲ ဘာ မှမဖြစ်တဲ့နေရာကို လုပ်တယ်။

ဒုတိယပင်လုံ ဆွေးနွေးမှုတွေကို ဘယ်လိုမြင်လဲ။

ကျွန်မတို့ ကချင်ဒေသက လက်နက်ကိုင်ဖြစ်တဲ့ KIO/KIA က တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးစာချုပ် (NCA) မှာ လက် မှတ်မထိုးထားတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ပါဝင်ခွင့်မရှိဘူး။ ကချင်ပြည်နယ်အရေးကို တိုင်း ရင်းသားလက်နက်ကိုင်ဘက်က အသံပြင်းပြင်းနဲ့ ပြောဆိုမယ့်သူ မရှိဘူးလို့မြင်ပါတယ်။ ဒီငြိမ်းချမ်း ရေးဖော်ဆောင်မှုက အရွေ့တစ်ခု နဲ့သွားနေပါတယ်ဆိုပြီး ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့ပေ မယ့် ကျွန်မတို့ ကချင်ပြည်နယ် အတွက်ကြတော့ မပါပါဘူး။ အဲဒါ ပြီးတာနဲ့ စစ်ပွဲကြီးအကြီးကြီးပြန် ဖြစ်လာတာလေ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက ဆက်မသွားသင့် ဘူးလို့ ထင်တယ်။ ပဋိပက္ခဒေသ မှာဖြစ်နေတဲ့လူတွေရဲ့ ကိုယ်စား ပြုမှုက ဒီငြိမ်းချမ်းရေးဖော်ဆောင် မှုမှာ မပါဘူး။

ကျွန်မက မြေယာနဲ့သဘာဝ ပတ်ဝန်းကျင်ကို သွားလေ့လာ တယ်။ အခြေခံမူတစ်ချက်နဲ့ ပတ် သက်ပြီးတော့ အဖွဲ့အစည်း ငါးခု က ငါးမိနစ်ဆွေးနွေးခွင့်ရှိတယ်။ ဘယ်အကြောင်းအရာကိုပဲ ဆွေး နွေး၊ ဆွေးနွေး အဲဒီလူပုဂ္ဂိုလ်ပဲငါးကြိမ်မှာ သူက လေးကြိမ်လောက်ဆွေးနွေးတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ် ၂၀ကျော်ထဲမှာ ဆွေးနွေးတဲ့သူက နှစ်ယောက်လောက်ပဲ။ မပြင်ဆင်ထားဘူးလားဆိုတာ မေးခွန်းထုတ်စရာပါ။ မေးကြည့်တော့ အခြေခံမူက ပွဲမလုပ်ခင် ညနေကမှရတာလို့ပြောတယ်။ စစ်တပ်ဘက်ကကျတော့ ခေါင်းစဉ်ပြောလိုက်တာနဲ့ လူတစ် ယောက်ကထပြီးတော့ သေသေ ချာချာရိုက်ပြီးထားတဲ့ စာရွက်နဲ့ ထုတ်ထားတဲ့ စာကိုဖတ်နေတာ လေ။ ထပြောတိုင်းမှာ သူတို့ ဘက်ကတော့ လူမထပ်ဘူး။ တို့ ပြည်တို့မြေဆိုပြီး ကာကွယ်ချင် တယ်။ လိုချင်တယ်။ တို့ပြည် တို့ မြေမှာ တို့ခြေထောက်နဲ့ တို့ရပ် တည်ချင်တယ်ဆိုတဲ့ဟာနဲ့ နှစ် ပေါင်း ၅၀၊ ၆၀ ကျော်တိုက်ပွဲဝင် နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေ မြေယာနဲ့သဘာဝခေါင်း စဉ်အောက်မှာ ဘာလို့ မဆွေး နွေးနိုင်တာလဲ။

ဒုတိယပင်လုံညီလာခံမှာ ကချင်ပြည်နယ်အရေးနဲ့ပတ် သက်ပြီးတော့ ကျွန်မစိုးရိမ်ပါ တယ်။ ပြောချင်တာက မြန်မာ တွေက အများကြီးလို့ပြောချင် တာ။ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆိုတာ တိုင်းရင်းသားအရေး ပဋိပက္ခကို ဖြေရှင်းတာဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားက နည်း နည်းပဲပါနေတယ်။ ဘာမှပဋိပက္ခ မဖြစ်တဲ့တိုင်းနဲ့ပြည်နယ်တွေက ကိုယ်စားပြုတဲ့ လူတွေက ငါး ယောက်၊ ပဋိပက္ခဒေသမှာ ကိုယ် စားပြုတဲ့သူတွေက ငါးယောက်၊ အဲဒါက အချိုးညီမျှတယ်လို့ ပြော လို့မရဘူး။ ဥပမာ ကျွန်မတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးက ထမင်းနှစ်ပန်းကန်၊ လူနှစ် ယောက်စာစားရမှာလေ။ ကိုယ် ၀န်မဆောင်တဲ့ ကျွန်မက တစ် ပန်းကန်မစားဘူး။ တစ်ဝက်ဆို ၀ပြီ။ အကုန်လုံးကို ထမင်းတစ် ပန်းကန်ပဲပေးတာ။ အချိုးညီညီမျှ မျှပေးတာမဟုတ်ဘူး။ ပြောချင် တာက မလိုတဲ့သူကို လျှော့၊ လို တဲ့သူကို များများခေါ်ရမှာလေ။ အချိုးညီညီမျှမျှဆိုတာ ထမင်း စားဝပြီလားလို့ မေးလိုက်ရင် အားလုံးညီညီမျှမျှနဲ့ဝပြီလို့ ပြောမှ ညီမျှတယ်လို့ပြောရမှာပါ။ ငြိမ်း ချမ်းရေးဖော်ဆောင်မှုမှာ ပဋိပက္ခ ဖြစ်တဲ့ဒေသနဲ့ မဖြစ်တဲ့ဒေသ ကိုယ်စားပြုမှုအရေအတွက် အ တူတူခေါ်တာ။ ကိုယ်စားလှယ် ကိုယ်စားပြုမှုလုပ်တာတရားမျှတ မှု မရှိဘူး။

ပြည်သူလူထုပါဝင်မှ ခိုင်မာ တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်မယ်။ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက် မှုဖြစ်မယ်။ ပြည်သူလူထုထဲမှာ အမျိုးသမီးကိုယ်စားလှယ်၊ လူ ငယ်ကိုယ်စားလှယ်၊ နိုင်ငံရေး ခေါင်းဆောင်၊ အရပ်ဘက်လူ့အ ဖွဲ့အစည်းဆိုတဲ့ လေးခုရှိတယ်။ အဲဒီလေးခုမှာ အရပ်ဘက်လူ့အ ဖွဲ့အစည်းက လေ့လာသူပဲ၊ အမျိုးသမီးလည်း လေ့လာသူအ ဆင့်ပဲရတယ်။ လူငယ်ကတော့ ဇီးရိုးပဲ (လုံးဝမရ)။ ဘာသာရေး ခေါင်းဆောင် ဇီးရိုးပဲ။ ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲလုပ်ရမယ်။ အဲဒါက NCA ထိုးပြီးမှ လုပ်ရမှာလေ။ KIO/KIA က မထိုးထားရင် တက် ရောက်ခွင့်မရှိဘူး။ အဲဒီတော့ ကချင်တွေက ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရဘူး။

ဒုတိယပင်လုံမှာ အမျိုးသမီး ၁၇ ရာခိုင်နှုန်းပါဝင်လာတာကို ဘယ် လိုမှတ်ချက်ပြုချင်လဲ။

ငြိမ်းချမ်းရေးဖော်ဆောင်မှု မှာ အမျိုးသမီးပါဝင်ရေး ကျွန်မ တို့ပြောတယ်။ ပြောတဲ့အတိုင်း ၁၇ ရာခိုင်နှုန်းတက်လာတယ်။ ကျွန်မလေ့လာသူအဖြစ် တက် ရောက်ခွင့်ရခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ ပဋိပက္ခဖြေရှင်း တဲ့ အစည်းအဝေးဆိုပေမယ့် အ မျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်ခံရတာနဲ့ပတ်သက်ပြီး တော့ မည်သူတစ်ဦးတစ်ယောက် မှ ဆွေးနွေးခြင်း၊ ပြောခြင်းမရှိ ဘူး။ ဆွေးနွေးတဲ့ အခြေခံဥပဒေ ခြောက်ချက်ထဲမှာလည်း မပါ ဘူး။ အရမ်းယေဘုယျဆန်နေ လားဆိုတာကိုတော့ ဆွေးနွေးဖို့ လိုပါတယ်။

ပြည်တွင်းစစ်အရှိန်လျော့လာ အောင် တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်တပ်တွေက ဘာလုပ်သင့်ပါသလဲ။

၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်သရွေ့ပြည်တွင်းစစ် ငြိမ်းလာမယ်လို့ မထင်ပါဘူး။ တပ်မတော်က ၂၀၀၈ ကိုပြင်ဖို့ ဆန္ဒရှိ ဖို့လိုပါတယ်။ တပ်မတော် က ထိုးစစ်ဆင်တာကို ရပ်ဖို့လို ပါတယ်။ ထိုးစစ်ဆင်တာရပ်ဖို့ တော့ ပိုပြီးအရေးကြီးပါတယ်။ အခု ဆွမ်ပရာဘွမ်၊ ပူတာအိုဘက် တွေမှာဆို လမ်းပေါ်မှာစစ်ကား တွေပြည့်နေတာပဲ။ တပ်မတော် ကိုပြောဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားလိုပါတယ်။

More in Interview Section