ဗြိတိသျှစစ်သားများယူသွားသော ရွှေမော်ဓောဘုရားမှ ရှေးဟောင်းပစ္စည်းများကို အမွေဆက်ခံသူများက ပြန်လည်ပေးအပ်မည်

nzherald.co.nz/screenshot

ဗြိတိသျှစစ်သားဟောင်းကြီး များ၏ အဆက်အနွယ် နယူးဇီ လန် မိသားစုတစ်စုက လွန်ခဲ့ သော နှစ်ပေါင်း ၁၆၀ ကျော်က အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ အပြီး မြန်မာဘုရင်တစ်ပါးဆီက နေ သူတို့အဘိုးများ ယူလာခဲ့ သော ရှားပါးရှေးဟောင်းလက်ရာ ပစ္စည်းများကို မြန်မာနိုင်ငံသို့ လာ မည့်တစ်ပတ်တွင် ပြန်လည်ပေး အပ်သွားမည်ဟု သိရသည်။ သူတို့မိသားစုပိုင် ယဉ်ကျေးမှု လက်ရာများကို မူလပိုင်ဆိုင်သည့် နိုင်ငံကို ပြန်လည်ပေးအပ်ရေးအစီ အစဉ်ဖြင့် လာရောက်ပေးအပ် မည်ဟုဆိုသည်။

နယူးဇီလန်နိုင်ငံ ဝန်ဂါရီ အရပ်က မိသားစု၏ ယာမြေမှာ ကြီးပြင်းလာသည့် ဂါရပ်ဘိုဒယ်လ် သည် သူတို့အိမ် မီးလင်းဖိုအပေါ် က ကျောက်ပြားပေါ်မှာ တင်ထား သည့် ငွေနှင့်ကျောက်ရုပ်တုများ ကို နှစ်သက်သဘောကျခဲ့သည်။ ထိုရုပ်တုများသည် ကလေးများ ကိုင်တွယ်ကစားရသည့် အရာ မဟုတ်။ သူတို့သည် တန်ဖိုးကြီး ပြီး အလွန်စိတ်ဝင်စားစရာကောင်း သော၊ တိုင်းတစ်ပါးကလာသော ပစ္စည်းများဆိုတာကို သူသတိ ထားမိသည်။

သူ၏ နှစ်ဖက်မိဘများက အဘေးနှစ်ဦးစလုံးသည် အင်္ဂလိပ် -မြန်မာ ဒုတိယစစ်ပွဲမှာ တိုက် ခိုက်ခဲ့ကြသည်။ ထိုစစ်ပွဲသည် ၁၉ ရာစုနှစ်များဆီက အင်္ဂလိပ်နှင့် မြန်မာတို့အကြား တိုက်ခိုက်ခဲ့သောစစ်ပွဲသုံးခု ၁၈၅၂ ခုနှစ်မှာ တိုက်ခဲ့သော ဒုတိယစစ်ပွဲဖြစ်သည်။

ထိုစစ်ပွဲအတွင်း ဗြိတိသျှ စစ်သားများသည် မြန်မာမှာ အမြင့်ဆုံး ဘုရားတစ်ဆူဖြစ်သည့် အမြင့် ၁၁၄ မီတာရှိ ပဲခူးရွှေမော် ဓောဘုရားကို သိမ်းပိုက်ခဲ့ကြ သည်။ ထိုဘုရားသည် လွန်ခဲ့ သော နှစ်တစ်ထောင်က မွန်လူ မျိုးများတည်ထားခဲ့ပြီး မြန်မာ ပြည်၏ တန်ခိုးအကြီးဆုံးဘုရား တစ်ဆူလည်း ဖြစ်၏။ ထိုဘုရား သည် ဗုဒ္ဓ၏ ရှားပါးသော ဓာတ် တော်မွေတော် အများအပြားကို ဌာပနာပူဇော်ထားပြီး ၁၉၂၉ အထိ ဗြိတိသျှစစ်တပ်များ ထိန်း သိမ်းအုပ်ချုပ်မှုအောက်မှာ ရှိခဲ့ သေးသည်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ပွဲအတွင်း အမှုထမ်းခဲ့ကြသည့် ဗိုလ်ကြီးဒေါ်နယ်လ်ဂျော့ရှ်အန် ဂပ်စ်ဒါရော့ခ်ျနှင့် ရေတပ်အရာရှိ ပေါက်စ ဂျော်ခ်ျဘိုဒယ်လ်တို့ နှစ် ဦးစလုံးသည် မြန်မာပြည်ကနေ မထွက်ခွာခင် ရွှေမော်ဓောဘုရား က ရှေးဟောင်းဘုရားပစ္စည်းများ ကို အမှတ်တရအဖြစ် ယူဆောင် ခဲ့ကြသည်။

ဘိုဒယ်လ်၏သား ဂျော့ခ်ျ သည် ဒါရော့ခ်ျ၏သမီး အယ်လီ ဇာကို လက်ထပ်ခဲ့ပြီး ၁၈၈၅ မှာ နယူးဇီလန်သို့ ပြောင်းရွှေ့လာခဲ့ သည်။ ဂျော့ခ်ျက အောက်ကလန် မှာ ဆရာဝန်ဖြစ်လာပြီး သူပြောင်း လာစဉ်က သူနှင့်အတူ မြန်မာ ပြည်က ရှေးဟောင်းပစ္စည်းများ ကိုပါ သယ်လာခဲ့သည်။ သူတို့ မျိုးရိုးအစဉ်အဆက် မိသားစု နေ အိမ်များမှာ ဘုရားရုပ်တုများအပါ အဝင် ပစ္စည်းတချို့ကို အလှပြ ထားလာခဲ့ကြသည်။ တချို့ကို လည်း လူမြင်ကွင်းကနေ သိမ်း ထားခဲ့ကြသည်။ သို့သော် ယခု အခါ ထိုပစ္စည်းများကို ပိုင်ရှင် အစစ်အမှန်များဆီသို့ ပြန်ပေးရန် သူတို့မိသားစုက ဆုံးဖြတ်ခဲ့ကြ သည်ဟု ရှေ့နေတစ်ဦးဖြစ်သော ဂါရပ်ဘိုဒယ်လ်က ပြောကြား သည်။

‘‘ဒီပစ္စည်းကို တန်ဖိုးထားပြီး ကျွန်တော်တို့ ထိန်းသိမ်းလာခဲ့ကြ တယ်။ ဒါက ကျွန်တော် ဒီပစ္စည်း တွေကို ဘယ်လိုအမွေဆက်ခံရရှိ ခဲ့တယ်ဆိုတဲ့အကြောင်းပါ’’ဟု အသက် (၆၀)အရွယ် ဘိုဒယ်လ် က ပြောကြားသည်။

‘‘ဒါပေမဲ့ ဒီပစ္စည်းတွေက ဘယ်ကလာခဲ့သလဲ၊ သူတို့နဲ့ သင့်တော်တဲ့အရပ်ကဘာလဲ။ ဒါ တွေက တကယ်တော့ ကျွန်တော် တို့ရဲ့ပစ္စည်းတွေ မဟုတ်ပါဘူး။ ဒီပစ္စည်းတွေက ကျွန်တော့်ငယ် ဘဝမှာ အရေးပါတဲ့ နေရာကရှိခဲ့ ပေမယ့် သူတို့ဟာ ကလေးတွေ မရောက်နိုင်တဲ့ ဧည့်ခန်းကနေရာ မှာ ရှိနေခဲ့တာပါ။ ဒါကြောင့် ဘာ ကိုဦးစားပေးသင့်သလဲ၊ အားလုံး ကို ပြန်ပေးလိုက်ရင် ဘယ်လိုဖြစ် လာမလဲ။ သူတို့ သဘောကျ မလား၊ ကျွန်တော်တို့ စပြီးစဉ်း စားကြည့်တယ်’’

ထို့နောက် နယူးဇီလန်နိုင်ငံ ခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာနကတစ်ဆင့် ဘိုဒယ်လ်က မြန်မာပြည်က တာဝန်ရှိသူများဆီ ချဉ်းကပ်ဆက်သွယ်ခဲ့သည်။

‘‘သည်ဟာတွေရဲ့ ငွေကြေး ပမာဏတန်ဖိုးကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ ရည် ရွယ်ချက်က သူတို့ရဲ့ ကာလတန် ဖိုးကိုသိဖို့။ ကျွန်တော်တို့ကိုဆု ငွေပြန်ချီးမြှင့်ရအောင်လို့ မဟုတ် ပါဘူး။ ကျွန်တော်တို့ကိုယ် ကျွန် တော်တို့ ဒီပစ္စည်းတွေကို ထိန်း သိမ်းစောင့်ရှောက်ရသူတွေလို့ပဲ ယူဆပါတယ်။ ဒီပစ္စည်းတွေကို သူတို့လာတဲ့နေရာကို ပြန်ရောက် စေချင်တာ ကျွန်တော်တို့ရဲ့ဆန္ဒ ပါ။ ဒီပစ္စည်းတွေက ကျွန်တော် တို့မိသားစုနဲ့ ရှိခဲ့တယ်။ မိသားစု ကလည်း စိတ်ဝင်စားစွာနဲ့ ထိန်း သိမ်းစောင့်ရှောက်ခဲ့တယ်ဆိုတာ ကို ကိုယ်တိုင်ကိုယ်ကျ အသိအမှတ်ပြုတာကိုပဲ လိုချင်ပါတယ်’’ ဟို ဘိုဒယ်လ်က မြန်မာရှေး ဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက် ညွှန်ကြားရေး မှူးချုပ်ဆီသို့ စာရေးသားပေးပို့ခဲ့သည်။

သူတို့၏ သမိုင်းကြောင်း အမွေအနှစ်ပစ္စည်းလက်ရာများ ပြန်လည်ရရှိမှာကို မြန်မာဘက်က တာဝန်ရှိသူများကလည်း စိတ်ဝင် တစား အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၇ ရက် တွင် ဘိုဒယ်လ်နှင့် မိတ်ဆွေ ဂျနီ ဖာဂျော့ခ်ျတို့သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အဆိုပါ ရှေး ဟောင်းအနုပညာလက်ရာပစ္စည်း များကို မြန်မာအစိုးရထံ အပ်နှံမည်ဖြစ်သည်။ ပစ္စည်းများကို သင်္ဘောဖြင့် အရင်တင်ပေးလိုက် ပြီဖြစ်၏။

သူတို့၏ မြန်မာနိုင်ငံသို့ ကိုး ရက်ကြာခရီးစဉ်တွင် ၁၈၅၂ ခုနှစ် အင်္ဂလိပ်−မြန်မာစစ်ပွဲအတွင်းက တိုက်ပွဲဖြစ်ရာနေရာများ အပါအ ဝင် အရေးပါသော နေရာများသို့ သွားလည်ရန် မြန်မာအာဏာပိုင်များက ကူညီလိမ့်မည်ဟု ဘို ဒယ်လ်က မျှော်လင့်သည်။ ထိုစဉ် က သည်နေရာမှာ ဘာတွေရှိခဲ့ သလဲ၊ သည်ပစ္စည်းများကို သူတို့ ၏ တိုင်းပြည်ကို ပြန်လည်ပို့ပေး ခြင်းဖြင့် သည်နေ့အချိန်မှာ ဘာ တွေဖြစ်လာမလဲဆိုတာကို နား လည်ရန်အတွက်ဟု ဘိုဒယ်လ် က ပြောကြားသည်။

‘‘မြန်မာနဲ့ ဆက်နွှယ်နေမှု ကြောင့် ဒီလို အဝေးကြီးကို ကျွန် တော်တို့ လာခဲ့ရတာက ရုပ်တု တွေကို ဧည့်ခန်းထဲမှာ ဒီအတိုင်း ထားတာထက် ပိုပြီးအဓိပ္ပာယ်ရှိ တယ်။ ဒီဆက်နွှယ်မှုက ပိုပြီး အ ဓွန့်ရှည်ကြာမယ်လို့ ကျွန်တော် ထင်ပါတယ်’’

(Family vows to return price-less altefacts taken from Bur-mese temple by conqueringancestors ကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

More in News Section

Top News