Gaming လက်ပ်တော့တွေရဲ့ခေတ်သစ်ကို ယူဆောင်လာတဲ့ Nvidia Max-Q ဒီဇိုင်းနည်းပညာသစ်

အခုလဆန်းက တိုင် ပေမှာ ကျင်းပသွား တဲ့ Computex ကွန် ပျူတာ နည်းပညာပြပွဲမှာ Nividia က စွမ်းဆောင်ရည်မြင့် Laptop တွေ တည်ဆောက်ဖို့ ဒီဇိုင်း ဗိသုကာ စိတ်ကူးသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Max-Q လို့ နာမည်ပေးထားတဲ့ ဒီနည်း ပညာ ပလက်ဖောင်းသစ်ဟာ ပုံမှန်အားဖြင့် ကြီးမားလေးလံပြီး ကိုယ်ထည်ထူထဲတဲ့ Gaming Laptop တွေကို Apple က ထုတ်တဲ့ Macbook Air တွေလို ပေါ့ပါး ကျစ်လျစ်သွားအောင် ပြောင်းလဲသွားစေနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် Laptop တစ် လုံးက ထိန်းချုပ်ကိုင်တွယ်နိုင် တဲ့ စွမ်းဆောင်ရည်ကဏ္ဍကို လည်း သိသိသာသာ မြင့်တက် လာစေမယ်လို့ ကွန်ပျူတာ Chip ကုမ္ပဏီကြီးက ညွှန်းဆိုခဲ့ပါတယ်။ Computex မှာ Nvidia က Max-Q ဗိသုကာ နည်းပညာနဲ့ ဖန်တီးထားတဲ့ Gaming Laptop မျိုးဆက်သစ်တချို့ကိုလည်း မိတ် ဆက်ခဲ့ပါသေးတယ်။


Max-Qဆိုတာ

Max-Q က ဒီဇိုင်းစံသတ် မှတ်ချက် အသစ်တစ်မျိုးလို့ ခြုံငုံပြီး သုံးသပ်ရပါမယ်။ Nvidia က Laptop တွေကို စွမ်းဆောင်ရည်ပိုမြှင့်တင်ရင်း တစ်ချိန်တည်းမှာ ပိုပြီးကျစ်လျစ်ပါးလွှာအောင် တည်ဆောက်ဖို့ စနစ်တကျသုတေသန ပြု ဖန်တီးထားတဲ့ ပုံစံသစ်ဖြစ်ပါ တယ်။ ဒီနည်းပညာနဲ့ တည် ဆောက်ထားတဲ့ Gaming Laptopတွေဟာ ပဉ္စလက်ဆန်တဲ့ စွမ်း ဆောင်ရည်မျိုးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ကိုင်တွယ်နိုင်မယ့်အပြင်အလေးချိန်ကလည်း ပိုပေါ့သွား မှာပါ။ ပြီးတော့ Nvidia ရဲ့ GeForce GTX 1080 လို အကြမ်းစား Graphic စီးရီးတွေကိုပါ အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။ Max-Q ဟာ လေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာ ပညာရပ်နဲ့ အာကာသထဲ လွှတ်တင်တဲ့ ဒုံးကျည်တွေ ရဲ့ တည်ဆောက်မှု ပုံစံတွေကို မှီငြမ်းထားတယ်လို့လည်း သိရပါ တယ်။


ဘယ် Laptop တွေမှာ အသုံးပြု ထားသလဲ

လောလောဆယ်တော့ Asusရဲ့ ROG Zephyrus, Acer Predator Triton 700, MSI GS63Stealth Pro၊ Aorus X5 MD နဲ့ Clevo P950HR တို့ဟာ Max-Q ဒီဇိုင်းကို အသုံးပြုထားတဲ့ Laptopတွေအဖြစ် ရွေးချယ်ခွင့်ရှိနေပါ တယ်။ ဒါပေမဲ့ လာမယ့်နှစ်ကုန် ပိုင်းမှာ Max-Q ကို အခြေခံထားတဲ့ နောက်ထပ် Laptop တော်တော်များများ ထပ်မံထွက်ပေါ် လာမယ်လို့ ယုံကြည်ရတယ်။ Max-Q နဲ့ လိုက်ဖက်အောင် အသုံးပြုနိုင်တဲ့ Graphic စီးရီးက တော့ သုံးမျိုးပဲရှိပါတယ်။ Nvidia က ထုတ်လုပ်တဲ့ အမြင့်ပိုင်း Graphic Chip တွေဖြစ်တဲ့ GTX 1080၊ GTX 1070 နဲ့ GTX 1060 တို့ပါ။

ဘယ်လို အလုပ်လုပ်သလဲ

Nvidia ဟာ Max-Q ဒီဇိုင်းအခြေခံနဲ့ လိုက်ဖက်တဲ့ Laptop တွေ တည်ဆောက်ဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီတိုင်းနဲ့ နီးနီး စပ်စပ် ထိတွေ့ပူးပေါင်းပြီးမှ ဖန်တီးထားတာပါ။ Max-Q ဒီဇိုင်းနဲ့Laptop အားလုံးဟာ စွမ်းဆောင် ရည် မြင့်မားခြင်း၊ ပါးလျခြင်းနဲ့ အပူစွန့်ထုတ်မှု ကောင်းမွန်ခြင်း အစရှိတဲ့ ကောင်းကွက်တွေ ပိုင်ဆိုင်ထားတယ်။ Max-Q နည်း ပညာနဲ့ Laptop တစ်လုံးဟာ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ မောင်းနှင် နေချိန်မှာတောင် စွမ်းအင်အသုံးပြုမှုကို လျှော့ချထိန်းညှိထားတာ ကြောင့် အပူစွန့်ထုတ်မှုကလည်း နည်းပါတယ်။ ဒါကြောင့် အပူစွန့်ယူနစ်တွေရဲ့ ပန်ကာတွေက လည်း များများလည်နေစရာမလို ဘူး။ Graphic အထိုင်နေရာ သတ် မှတ်ချက်ကလည်း GTX 1080 လို အမြင့်စား Chip တွေအတွက် အံဝင်ခွင်ကျဖြစ်လောက်အောင် ကျယ်ဝန်းပါတယ်။

အသံပိုတိတ်ဆိတ်မလား

 စွမ်းဆောင်ရည်မြင့်မြင့် Software တွေ၊ Game တွေကို မောင်းနှင်လိုက်တဲ့အခါ ကွန်ပျူတာက ရုန်းအားကြောင့် ပန်ကာသံ ကျယ်ကျယ်ထွက်လာတာ ကြားဖူးပါလိမ့်မယ်။ Max-Q ရဲ့ ဒီဇိုင်းက ဆူညံသံတွေကို လျှော့ချနိုင် မလားလို့မေးခဲ့မယ်ဆိုရင် အဖြေ ကတော့ Yes ပါလို့ Nvidia က ဆိုတယ်။ Max-Q အထိုင်နဲ့ Laptop တွေမှာ Nvidia ရဲ့ WhisperMode ဆိုတာကို ထည့်ပေးထားပါတယ်။ Game တွေရဲ့ Frame မြန်နှုန်းကို ကွန်ပျူ တာ စွမ်းဆောင်ရည်နဲ့ အထိ ရောက်ဆုံး ကိုက်ညီနိုင်အောင် ချိန်ညှိပေးထားပြီး ပန်ကာလည် ပတ်မှုကို လိုအပ်ချက်အနိမ့်ဆုံး ဖြစ်နေစေမှာပါ။ ဒါကြောင့် အသံတိုးတိတ်တဲ့အပြင် စွမ်းအင်သုံးစွဲ မှုလည်း လျော့နည်းသွားပါတယ်။

Max-Qရဲ့ အားသာချက်ကဘာလဲ

Max-Q ဒီဇိုင်းပလက်ဖောင်း ဟာ Laptop ရဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းအင်အသုံးပြုမှုကို နိုင်နိုင်နင်း နင်း ထိန်းချုပ်ညှိနှိုင်းဖို့ ဖြစ်ပါ တယ်။ စွမ်းဆောင်ရည်အမြင့်ဆုံး လုပ်ဆောင်ချက်ကို တောင်းဆိုခဲ့ ရင်တောင် စွမ်းအင်အသုံးပြုမှုကို အတတ်နိုင်ဆုံး လျှော့ချထားနိုင် မှာ ဖြစ်ပါတယ်။ Game တွေကို Graphic အမြင့်ဆုံး Setting မှာထားကစားရင်တောင် စွမ်းအင် သုံးစွဲမှု၊ အပူစွန့်ထုတ်မှုတွေအားလုံးက ခပ်ပါးပါးလောက်ပဲ ရှိမယ့်သဘောပါ။ Nvidia ဟာ GamingLaptop တွေကို အဓိကရည်ရွယ် ပြီး ဒီဗိသုကာပလက်ဖောင်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Max-Q ကွန်ပျူတာတွေအ တွက် အထောက်အပံ့ပေးထား တဲ့ ဂိမ်းပေါင်း ၄၀၀ လောက်ရှိ ကြောင်း Nvidia က ပြောကြား ထားပါတယ်။ 

—Ref:CNet

 

Top News