မောင်တောမြို့နယ်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ

(State Counsellor Office Information Committee)

 မောင်တောမြို့နယ် မြောက်ပိုင်းပြောင်ပစ်ကျေးရွာအ နီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှု ကြောင့် ဘင်္ဂါလီအမျိုးသား သုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ ကြောင်း နယ်ခြားစောင့်ရဲဌာနချုပ် (ကျီးကန်းပြင်)မှသတင်းရရှိသည်။

ဇူလိုင် ၁၅ ရက်နေ့လယ်က ပြောင်ပစ်ကျေးရွာအနီး ပေါက်ကွဲသည့် အသံကြားရသဖြင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းခဲ့ရာ ဒဏ်ရာကြောင့်သေဆုံးနေသည့် ဘင်္ဂါလီတစ်ဦးကို တွေ့ရှိခဲ့ပြီးဒဏ်ရာရှိသူ သုံးဦးအား မောင်တောမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်မှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘ပေါက်ကွဲမှုဖြစ်စဉ်ကို စစ် ဆေးနေပါတယ်။ မိုင်းအမျိုးအ စားဘာလဲဆိုတာကိုလည်း ရှာနေ ပါတယ်။ လက်လုပ်မိုင်းဖြစ်ဖို့များ ပါတယ်’’ ဟု အထက်ပါအရာရှိက ဆိုသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏ ဒဏ်ရာများကိုမောင် တောမြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ရှိသူများက စစ်ဆေးနေ ကြောင်း တွေ့ရသည်။

မောင်တောနယ်စပ်ဒေသ တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်ရန် သ တင်းများရရှိထားပြီး အသေခံဗုံး ခွဲတိုက်ခိုက်မှုများလည်း ပြုလုပ် လာနိုင်သဖြင့် လုံခြုံရေးကိုအထူး ဂရုပြုရန် နယ်ခြားစောင့်ရဲဌာန ချုပ်က သက်ဆိုင်ရာရဲစခန်းများသို့အကြောင်းကြားထားကြောင်း နယ်ခြားစောင့် ရဲအရာရှိ တစ်ဦးကပြောသည်။

ယခုပေါက်ကွဲမှုဖြစ်ပွားသည့် ပြောင်ပစ်ကျေးရွာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာက အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် တပ်မတော်သားအချို့ ကျဆုံးခဲ့သည်။

 ပြီးခဲ့သည့် ဧပြီအတွင်းက လည်း ဘူးသီးတောင်မြို့နယ်သဲနီ ကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့သဖြင့် ဘင်္ဂါလီခုနစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

More in Regional Section

Top News