ဂျင်းဈေးကွက်မှာ ပျော်ပျော်ကြီး ဂျင်းထည့်ခံသူများ

ဂျင်းဈေးကွက်က ရွှေပြည်ကြီးမှာ တစ်နေ့တခြား ကြီးထွားလာနေတယ်။ နောက်ထပ်လည်း ကာလအတန်ကြာတဲ့အထိ ကြီးထွားနေဦးမယ့် သဘောရှိနေတယ်။ ဂျင်းထည့်ခံရသူတွေကလည်း သိသိကြီးနဲ့ ပျော်ပျော်ကြီး ဂျင်းထည့်ခံ နေကြတယ်။ ဂျင်းဈေးကွက်က ရောင်းသူ၊ ၀ယ်သူအသံတူနေကြတဲ့ ပျော်စရာ ဈေးကွက်ကြီးလို့တောင် ဆိုနိုင်ပါတယ်။ ဂျင်းထည့်တယ်ဆိုတာ ခေတ်ပေါ်ဗန်းစကားဖြစ်ပြီး ၀န်ဆောင်မှုနဲ့ ကုန်စည်တွေကို တန်ရာတန်ကြေးထက်ပိုပြီး ဈေးမြှင့်ယူသည်လို့ အဓိပ္ပာယ်ထွက်တယ်။

ဂျင်းထည့်မယ့်ဈေးသည်နဲ့ ၀န်ဆောင်မှုပေးမယ့်သူတွေက ဈေးကွက်သဘောကိုနောကျေနေအောင်သိကြတယ်။ ဈေးဝယ် တွေအကြိုက် အသစ်အဆန်းဖြစ် အောင် လုပ်ပေးတယ်။ ဂျင်းအ ထည့်ခံမယ့် စားသုံးသူတွေကို လို ချင်စိတ်ဖြစ်လာအောင် နှိုးဆွနိုင် စွမ်းရှိကြတယ်။ သိသိကြီးနဲ့ ဂျင်းအထည့်ခံချင်တဲ့ ဈေးဝယ် တွေကလည်း ဒီလိုပစ္စည်းတွေကို ဒီလိုဈေးပေးသုံးတာဆိုပြီး ဂုဏ်ခံချင်ကြသူတွေ ဖြစ်တယ်။ ဥပမာ ဆိုပါစို့။ စားသောက်ကုန်တစ်ခုက ဈေးကွက်မှာ အပြင်အဆင် ဒီဇိုင်းလန်းလန်းနဲ့ အသစ်အဆန်း ထွင်ပြီး ဈေးကွက်တင်ရောင်းတယ် ဆိုပါစို့။ ဂျင်းထည့်ခံချင်သူတွေက အဲဒီဆိုင်မှာသွားစားရင် ဈေးများမှန်းသိပေမယ့် တခုတ်တရသွားစားကြတယ်။ အဲဒီလို ကိုယ်တိုင်သွားရောက် စားသောက်ရုံမက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာပါ တင်လိုက်ပါသေးတယ်။

ဒီနေ့ခေတ်မှာ ကြွားချင်ဝါ ချင် ပလွှားချင်သူတွေက ဘယ် ခေတ်နဲ့မှမတူအောင် ပေါတယ်။ ဒီလိုဆိုင်မျိုးကို ဒီလိုဈေးကြီးပေး ပြီး စားနိုင်၊ သောက်နိုင်တယ်ဆိုတာ လူတကာသိစေချင်ကြတယ်။ ဆိုင်ကအစားအစာကို ကိုယ်တိုင် ကြိုက်လို့ စားတာထက် ဒါမျိုးစား နိုင်တယ်ဆိုတာ ဂုဏ်ခံချင်တဲ့ စိတ်က ပိုများတယ်။ အ၀တ်အစားမှာလည်း ကိုယ်တိုင်ကြိုက်လို့ ၀တ် တာထက် ဒီလိုအ၀တ်အစားမျိုး ၀တ်နိုင်တယ်ဆိုပြီး လူအထင်ကြီး ခံချင်ကြတယ်။ ၀န်ဆောင်မှုတွေ မှာလည်း ဒီအတိုင်းပဲ။ ၀န်ဆောင် မှုကို ကြိုက်တယ်ဆိုတာထက် လူ တွေရဲ့ အထင်ကြီးလေးစားမှုကို ခံချင်ကြလို့ ၀န်ဆောင်မှုကိုယူတဲ့ သူတွေကလည်း ရှိသေးတယ်။ အသုံးအဆောင်တွေ ဈေးကြီးနေ လည်း ဂျင်းထည့်ခံရမှန်းသိပေ မယ့် ပျော်ပျော်ကြီးအထည့်ခံနေ ကြတယ်။ ဂုဏ်ခံချင်တဲ့စိတ်များ နေတော့ ဂျင်းထည့်ခံရလည်း မမှုကြဘူး။

ဂျင်းထည့်လို့ကောင်းတဲ့သူ တွေထဲမှာ အမျိုးသမီးငယ်တွေ လည်း ပါတယ်။ သူတို့လေးတွေ အကြောင်းကို အမျိုးသမီးစက် ချုပ်ဆိုင်တွေက ကောင်းကောင်း သိပြီး အသုံးချတယ်။ နဂိုမူလက အမျိုးသမီးဝတ် စက်ချုပ်ဆိုင်တွေ မှာ အင်္ကျီအတိုင်းအထွာတွေကို လက်မနဲ့ တိုင်းတာပြီးချုပ်လုပ် ပေးခဲ့ကြတယ်။ အမျိုးသမီးငယ် တွေရဲ့ စိတ်မှာအတိုင်းအထွာယူ နစ်တွေကို လက်မနဲ့တိုင်းတာတဲ့ အခါမှာ ကလီရှေးကျပြီး ခေတ်မ မီတော့ဘူးလို့ ခံစားလာရတယ်။ အမျိုးသမီးထုရဲ့ အသစ်အဆန်း တွေပေါ် အာရုံတိမ်းညွတ်တဲ့ စိတ် ခံစားချက်ကို စက်ချုပ်ဆိုင်တွေက ကောင်းကောင်းသဘောပေါက် တယ်။

စက်ချုပ်ဆိုင်ရှေ့မှာ ဆိုင်း ဘုတ်ကောက်တပ်လိုက်တယ်။ ‘ခေတ်မီစင်တီမီတာဖြင့် ချုပ်ပေး သည်’ဆိုတဲ့ ဆိုင်းဘုတ်က စက် ချုပ်လာအပ်သူ အမျိုးသမီးထုကြီး ကိုကောင်းကောင်းဆွဲဆောင်နိုင် ခဲ့တယ်။ စက်ချုပ်တဲ့ ပုံစံဒီဇိုင်း လည်း မပြောင်းလဲ၊ ရက်ချိန်းလည်း အရင်အတိုင်းဖြစ်ပေမယ့် စင်တီ မီတာဖြင့် ချုပ်သည်ဆိုတဲ့ ဆိုင်း ဘုတ်ကြောင့် စက်ချုပ်ခက လက် မနဲ့ ချုပ်တဲ့ဈေးထက် ပိုယူလို့ရ သွားပါတယ်။ ကာစတန်မာတွေ ကလည်း စက်ချုပ်ဆိုင်က သတ် မှတ်လိုက်တဲ့ ဈေးအတိုင်းလိုလို လားလား ပေးလိုက်ကြပါတော့ တယ်။ တကယ်တော့ လက်မနဲ့ စင်တီမီတာဆိုတာ အတိုင်းအ တာယူနစ်သာကွဲပြီး ပမာဏက တူတူပါပဲ။

ဂျင်းဈေးကွက်ဖော်ဆောင် သူတွေက ဂျင်းထည့်ရမယ့်သူတွေ ကို အသေအချာတွက်ချက်ပြီးမှ ဂျင်းထည့်တာပါ။ ဂျင်းထည့်ခံကြရ သူတွေကလည်း အသစ်အဆန်း ဖြစ်ပြီးရော ဂျင်းထည့်တော့လည်း ခံရုံပဲဆိုတဲ့ စိတ်အခံနဲ့သွားကြတာ ဖြစ်တယ်။ တခြားသူတစ်ယောက် က ဒီနေရာသွားပြီး ဒီပစ္စည်းကို ဒီလောက်ပေးဝယ်ခဲ့ရတယ်ဆို သည့်တိုင် ဂျင်းအထည့်ခံချင်သူ တွေလည်း အဲဒီနေရာကို ရောက် အောင်သွားပြီး အဲဒီပစ္စည်းကိုပဲ အဲဒီဈေးအတိုင်း လိုလိုချင်ချင် ၀ယ်ခဲ့ကြတာပါပဲ။ ဂျင်းမားကက်ရေရှည်တည်တံ့ စေချင်သူတွေထဲ မှာ ဂျင်းထည့်တဲ့ ဈေးသည်တွေရဲ့ စိတ်ခံစားမှု ထက်မလျော့တဲ့ခံစားချက်မျိုး ဂျင်းအထည့်ခံသူတွေမှာလည်း ရှိတယ်။

ခေတ်မီသူတိုင်း ဂျင်းအ ထည့်ခံနေတဲ့ခေတ်မှာ မိတ်ဆွေ ကော ဂျင်းအထည့်ခံပြီးပြီလား။ ဂျင်းအထည့်မခံရသေးရင် ကုန် ပစ္စည်းချင်းတူရင် ဈေးကြီးတာကို ရွေးဝယ်ပါ။ ၀န်ဆောင်မှုချင်းတူ ရင် ဈေးပိုပေးရတဲ့ ၀န်ဆောင်မှု ကို ရယူပါ။ ဂျင်းအထည့်ခံရ ကြောင်း လူမှုကွန်ရက်မှာ ကြော် ငြာထိုးပါ။ ပျော်စရာ ရွှင်စရာ ဂျင်းကမ္ဘာက မိတ်ဆွေတို့ကို ကြို ဆိုနေပါတယ်။

(ဖော်ပြပါ ဆောင်းပါးသည်  စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News