ဒဏ္ဍာရီထဲက ထွက်ပြေးလာတဲ့ ကြက်တူရွေး

(တစ်)

တိရစ္ဆာန်တွေဟာ လူတွေလောက် မယဉ်ကျေးဘူး ဘာညာဆိုတာက တော့ ဂျက်ကွမ်းခြံကုန်းလည်း စာ တတ်ပေတတ် ကမ္ဘာကို ပတ်နေ တဲ့ သူတစ်ယောက် အနေနဲ့ ကောင်းကောင်းကြီး သဘော ပေါက်နားလည်ပြီးသားပေပ။ ဒါ ပေမဲ့ အဲသည့်တိရစ္ဆာန်ရိုင်းပုံ ရိုင်း နည်းကတော့ လက်ဖျားတွေသာ မက ခြေဖျားတွေပါ ခါရလောက် အောင် ရိုင်းတာပါဗျာရယ်။ အ ကောင်က သေးသေးလေးမို့သာ ပ။ အစွယ်နဲ့၊ အဆိပ်နဲ့ အကောင် အကြီးကြီးများဆိုရင် ဂျက်ကို ဝါး တောင်စားလေမလားမသိ။

ကြက်တူရွေးကလေးရယ် ပါဗျာ။ ဟုတ်တယ်လေ။ ဟိုးရှေး ရှေးအခါက ကျေးသားဘာညာ ခေါ်ခဲ့ဖူးတဲ့ ငှက်ကလေးရယ်ပေါ့။ ဂျက်ကို ခေါ်ထည့်လိုက်ပုံကြီးက ကြည့်ပါဦး။

‘‘ဟေ့ကောင် ဂျက်’’တဲ့။

ကိုယ့်ဂုဏ် ကိုယ့်ဒြပ်နဲ့ ကိုယ့်အရပ်မှာ ဆရာတစ်ဆူလုပ်နေတဲ့ ဂျက်ကိုများ ခေါ်ပုံက ဟေ့ကောင် တဲ့။ ပြီးတော့ ဂျက်တဲ့။ လူတိုင်း လူတိုင်းက ဂျက်အရှေ့မှာ ရိုးရိုး ဆရာတောင်မှ မဟုတ်။ ကြီးဆိုတဲ့ နာမဝိသေသနကို ထည့်ကာ ဆရာ ကြီးဂျက်ရယ်လို့ အလေးဂရုပြု ကာ ခေါ်နေကြရတဲ့ ဂျက်ကို ဟေ့ ကောင်လို့ လုပ်ထည့်လိုက်ပုံကြီး က တော်တော်ကြီးတော့ ရင့်သီး လွန်းလေသပေါ့။ အနို့သော်လည်း လိုရင်းကို ရောက်ပါစေဆိုတဲ့စိတ် နဲ့ ဂျက်က သည်းခံလို့ နားထောင် ရပါတယ်။

‘‘ဟေ့ကောင် ဂျက် မင်းငါ့ သိလား’’ တဲ့။

‘‘ဟုတ်ကဲ့...သိပါတယ် ကြက်တူရွေးပါ’’

‘‘ဟာကွာ... ကြက်တူရွေးဆို တာတော့ သိမှာပေါ့ကွ။ ငါက ဘယ်လိုကြက်တူရွေးလဲဆိုတာ မေးနေတာ’’

‘‘အဲဒါတော့...ဘယ်သိနိုင်ပါ့ မလဲဗျာ’’

‘‘ငါထင်တယ်။ မင့်သောက် ခွက်ကို မြင်ရုံနဲ့’’

သြော်...ရိုင်းလိုက်တဲ့ကြက် တူရွေး။ မျက်နှာကိုတောင် သောက်ခွက်တဲ့။ အဲသည့်ကြက် တူရွေးက ပြောပြောဆိုဆို သူ့ လက်ကိုင်အိတ်ထဲမှာ ထည့်ထား တဲ့ စာအုပ်တစ်အုပ်ကို ထုတ်ပြီး  ဂျက်ရှေ့မှာ ချပေးလာပါတယ်။

လက်ရွေးစင်တိရစ္ဆာန်ပုံပြင် များတဲ့ ခင်ဗျ။

‘‘ဟေ့ကောင်...မင်း ငါ့ကို ကြည့်မနေနဲ့။ အဲသည့်ဘုတ်အုပ် ထဲက စာမျက်နှာ-၄၀ မှာ ပါတဲ့ပုံပြင်ကို အရင်ဖတ်လိုက်... ပြီးရင် ငါပြောမယ်’’

ရိုင်းစိုင်းခက်ထန်မှုကနေ တစ်ပြားသားမှ လျော့မသွားတဲ့ ကြက်တူရွေးက ပုံပြင်စာအုပ်ကို ဂျက်ဖတ်ဖို့ ညွှန်းပြီးတဲ့နောက်မှာ ဖတ်ဖို့ အချိန်ပေးတဲ့အနေနဲ့ သစ် ပင်ကြီးတစ်ပင်ရဲ့ကိုင်းပေါ်ကို ပျံ တက်သွားကာ အတောင်အလက် တွေကို သင်နေခဲ့ပါရဲ့။

(နှစ်)

ကြက်တူရွေးညွှန်းတဲ့ ပုံပြင် စာအုပ်ထဲက စာမျက်နှာ-၄၀ ကို လှန်လိုက်တော့ ကျေးညီနောင်တဲ့ ခင်ဗျ။ ခေါင်းစဉ်မြင်တာနဲ့ကိုယ် ဖတ်ဖူးတဲ့ ပုံပြင်ပဲဖြစ်မှာပါလို့ ဂျက်က ထင်လိုက်မိတာ။ ထင်တဲ့အ တိုင်းပဲ ခင်ဗျ။

လေပြင်းမုန်တိုင်းတွေကျတဲ့ တစ်ညမှာ ကျေးသားညီနောင်ဟာ တစ်ကောင် တစ်နေရာဆီကို ရောက်သွားခဲ့ကြပါလေသတဲ့။ တစ်ကောင်က ရသေ့ရဟန်းတို့ရဲ့ ကျောင်းသင်္ခမ်းရှိရာ၊ တစ်ကောင် က သူခိုးဓားပြတို့ရဲ့နေရာ။

အခါတစ်ပါးမှာ ဘုရင်ကြီး တစ်ပါးဟာ တောကစားထွက် လာရင်းနဲ့ မျက်စိလည်လမ်းမှား ကာ ရသေ့ရဟန်းတို့ရဲ့နေရာကို ရောက်လာလေသတဲ့။ အဲ့သမှာ ကျေးသားခေါ် ကြက်တူရွေးက လေးက ...

‘‘ကြွပါ ခင်ဗျာ...အနားယူ လှည့်ပါ။ လတ်ဆတ်တဲ့ သစ်သီး၊ သစ်ဥတို့ကို သုံးဆောင်လှည့်ပါ။ ကြည်လင်အေးမြတဲ့ ရေစင်ကို  သောက်တော်မူလှည့်ပါ။ ရေမိုးချိုး ၍ ကိုယ်လက်သန့်စင်ကာ မှေး စက်လှည့်ပါ’’ စတဲ့ ပီယဝါစာ ချစ် ဖွယ်သော စကားတွေနဲ့ ခရီးဦးကြို ဆိုခဲ့လေသတဲ့။

အဲသည့်နောက် ဘုရင်ကြီး က ခရီးဆက်လက်ထွက်ခွာသွား ရာက သူခိုးဓားပြတို့နေရာကို ရောက်သွားခဲ့ပြန်ပါလေသတဲ့။ အဲသမှာ အဲသည့်ကိုရောက်နေတဲ့ ကျေးသားနဲ့တိုးပါတယ်။

‘‘လာကြဟေ့...ဟောသမှာ မျက်နှာစိမ်း၊ ထုကြ၊ နှက်ကြ၊ ရိုက်ကြ၊ ပုတ်ကြ။ သည်ခွေးမသားဆီ က ပစ္စည်းတွေကို လုကြ၊ မအေ ပေးကို မသနားမိစေနဲ့။ ကာလနာ တိုက်သွားချင်သလားလို့ မေး လိုက်’’ တဲ့။ ဖရုသဝါစာခေါ် ကြမ်း တမ်းခက်ထန်လွန်းလှတဲ့ စကား တွေနဲ့ ခရီးဦးကြိုဆိုနေခဲ့လေသ တဲ့။ အဲသည့်ပုံပြင်။

‘‘ဘယ့်နှယ် ဂျက်ဆိုတဲ့ ခွေးမသား...အဲသည့်ပုံပြင်ကို သိတယ် မဟုတ်လား...။ အဲဒါ သောက်တ လွဲဖြစ်နေတဲ့ ပုံပြင်ဟ...ငနွားရ။ အဲသည့်အထဲက ရိုင်းစိုင်းကြမ်း တမ်းတဲ့ စကားတွေနဲ့ ပြောနေတဲ့ ကြက်တူရွေးဟာ ငါပဲပေါ့...ကြည့်မှတ်မိပလား...ဒီမှာ ကြည့်လေ’’ တဲ့။

သည်တော့မှ ငါ့သိသလား လို့ မေးနေတဲ့ ကြက်တူရွေးကို ခပ် ရေးရေးကလေးမှတ်မိသလိုဖြစ် သွားတာ။ ဟုတ်တာပေါ့။ နှုတ် ကြမ်း၊ နှုတ်ရမ်းတဲ့ ကြက်တူရွေး ဥစ္စာ။

‘‘ဘယ့်နှယ် မှတ်မိပြီ ထင်ပါ့ ...သည်မှာ ပြောချင်တာက အဲ သည့်ပုံပြင်ဟာ သောက်တလွဲပုံ ပြင်ဆိုတာ ပြောချင်တာ’’

‘‘မသိဘူးဗျာ။ လွဲပုံကလေး မိန့်ပါဦး’’

‘‘အောင်မာ ဟေ့ကောင် ဂျက်ရာ မိန့်ပါဦးတွေ၊ ဘာတွေနဲ့ ပြော စမ်းပါဆို ပြီးတဲ့ဥစ္စာ။ သည်မှာ... ငါ့ကို မုန်တိုင်းကြောင့် သူခိုးဓားပြ တွေဆီ ရောက်သွားသလေး ဘာ ညာနဲ့ ထင်ရာတွေရေးထားလိုက် တာ။ တကယ်က... မင်းတို့အမေ လင်ဆီ ရောက်သွားတာဟ ဟေ့ ကောင်ရ။ ဘတ်စ်ကားစပယ်ယာ တွေဆီကို ရောက်သွားတာ။ သည်မှာ ငါ အသံဖမ်းထားတာ ဖွင့်ပြ မယ် နားထောင်’’

ကြက်တူရွေးက ရီကော်ဒါ (Recorder) လို့ခေါ်တဲ့ အသံဖမ်း စက်ကလေးကို ဖွင့်ပြပါတယ်။ စပယ်ယာအသံတွေက ဆူညံလို့။

‘‘ဟိုအရှေ့က သေခါနီးကြီး တိုးထားမယ်...ဆင်းရင် မှတ်တိုင် ကို ကြိုပြောနော်။ ကပ်ပြောရင် မရပ်ဘူး။ ဒါ ခင်ဗျားပထွေးကား မဟုတ်ဘူး...။ ရှေ့မှာ မျဉ်းကျားက မအေပေးပွတ်ဆွဲထည့်လိုက်စမ်း ပါဗျာ...။ ခွေးသားက နန်းဆန်နေ လိုက်တာ။ နောက်က ကပ်ပါလာ တယ်။ လမ်းပေါ်မှာ ခွရပ်ထား လိုက်၊ ခွရပ်ထားလိုက်စမ်းပါ။ ကာလနာကရအောင် ကျော်သွား ပြီ...။ တောက် သေခြင်းဆိုးက...။ ကဲ... ကားခလေးတွေ ထုတ်မယ်။ သူခိုးလိုလို၊ ကြမ်းပိုးလိုလို လုပ် မနေနဲ့။ အောင်မယ်...ရှေ့က တက္ကစီက မကြည်သလိုလိုအ ပေါက်နဲ့...။ အစ်ကိုရေ ကျော်ပြီး ပိတ်ရပ်ထားလိုက်စမ်းပါ...။ သံ ပိုက်လုံး ကျုပ်ကိုပေး...ခွေးဝဲစား ကို ရှင်းရအောင်’’

ကြက်တူရွေးက သူ့ရီကော် ဒါကို ခဏပြန်ပိတ်ပါတယ်။ တွေ့ လားတဲ့။ သူက ဘတ်စ်ကား စပယ်ယာတွေဆီကို ရောက်သွား တာတဲ့။ ပုံပြင်ဆရာက မှားပြီး သူခိုးဓားပြတွေဆီ ရောက်သွား တယ်လို့ ရေးလိုက်တာတဲ့။ ဆက် ဖွင့်ပြဦးမယ်တဲ့ ။

‘‘ဘာကွ... ဖြည်းဖြည်း မောင်း ဟုတ်လား...။ ဒါ မင့်အမေ လင်ကားမဟုတ်ဘူး...။ မကျေနပ် ရင် ကိုယ်ပိုင်ကားဝယ်စီး။ ဘာလဲ မင်းက ရှင်းချင်လို့လား။ ပေးစမ်း သံပိုက်လုံး။ ဟေ့ကောင် မင်းက ဘတ်စ်ကားတက်စီးပြီး လူပါးဝလို့ကားပေါ်က ဆင်းကွာ၊ ဟေ့ကောင် ခွေးသား’’

ဂျက်က ကြက်တူရွေးကို လက်ကာပြလိုက်ပါတယ်။ အသံ ဖမ်းစက်ကို ပိတ်လိုက်ပါတော့လို့။

ဟုတ်တယ်ဗျ။ မုန်တိုင်းထဲ မှာ ကြက်တူရွေးတစ်ကောင် ရောက်သွားတာဟာ သူခိုးဓားပြ တွေရှိရာဆိုတာ မဟုတ်နိုင်ဘူး။ ဘတ်စ်ကားစပယ်ယာတွေဆီ ရောက်သွားတယ်ဆိုတာ ဟုတ် မှာ။ ကာယကံရှင် ကြက်တူရွေး က ဝန်ခံနေပြီပဲဥစ္စာ။      ။

(ဖော်ပြပါ သရော်စာသည်  စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)