လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အပြီး ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဇူလိုင် ၁၅ ရက်က ဆန္ဒထုတ်ဖော်နေကြစဉ် (ဓာတ်ပုံ − စိုင်းဇော်)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးရပ်ဆိုင်း ပေးရန် လက်ပံတောင်းတောင်အ ရေးလှုပ်ရှားသူများက တရုတ်သံ ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို လိုက်သည်။

ဇူလိုင် ၁၅ ရက် ညနေတွင် လက်ပံတောင်းတောင်အရေး လှုပ် ရှားသူ ၅၀ ခန့်သည် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှ ဒဂုံမြို့နယ် တရုတ်သံရုံးအရှေ့ထိ ချီတက် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ ခြင်းဖြစ်သည်။

အစီရင်ခံစာကို ချိုးဖောက် နေသည့် ကြေးနီစီမံကိန်းအား အရေးယူပေးရေး၊ အစီရင်ခံစာ ပါ အစားထိုးမြေဧက ၁,၉၀၀ မဖော်ထုတ်ပေးသော ကြေးနီစီမံ ကိန်း ဖျက်သိမ်းပေးရေးနှင့် သ ဘာဝပတ်ဝန်းကျင် ထိခိုက်ပျက် စီးစေသည့် ကြေးနီစီမံကိန်းဖျက် သိမ်းပေးရေး စသည့်အချက်သုံး ချက်ကို တောင်းဆိုခြင်းဖြစ်သည်။

၂၀၁၂ က ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့်စုံစမ်းစစ် ဆေးရေးအစီရင်ခံစာတွင် ပါရှိ သည့် အတိုင်း ၀မ်ပေါင်ကုမ္ပဏီက ယနေ့အချိန်ထိ လိုက်နာဆောင် ရွက်ခြင်းမရှိသဖြင့် ကြေးနီစီမံ ကိန်းကို ပြန်လည်စုံစမ်းစစ်ဆေး ပေးရန် ဆန္ဒပြသူများက တောင်း ဆိုခဲ့သည်။

‘‘ကျွန်တော်တို့မြန်မာနိုင်ငံ မှာရှိတဲ့ လယ်သမားတွေ၊ သယံ ဇာတတွေကို ဖျက်ဆီးနေတယ်။ တောင်တွေလည်း ကုန်သွားပြီ။ လက်ရှိအခြေအနေမှာ လယ်သ မားတွေက သီးနှံလျော်ကြေး လည်းမရကြဘူး။ ဒေါ်အောင် ဆန်းစုကြည်က အစီရင်ခံစာကို ဖော်ဆောင်ပေးတယ်။ ဒါကို မလိုက်နာဘူး။ အဲဒါကြောင့်တွန်း အားတစ်ခုအနေနဲ့ အသိပေးတာ ပါ’’ ဟု လက်ပံတောင်းတောင် အရေးဆန္ဒပြရာတွင် ဦးဆောင်သူ ကိုသန်းဆွေက ပြောသည်။

ဆန္ဒပြသူများသည် ‘‘လူ သတ်မြေသိမ်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဒို့အရေး၊ ကျွန် ဇာတ်သွင်းမည့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ဒို့အရေး၊ ပြည်သူ ကို ထိခိုက်စေတဲ့စီမံကိန်းများ ဖျက်သိမ်းရေးဒို့အရေး’’ စသည် တို့ကို အော်ဟစ်ဆန္ဒပြခဲ့သည်။

‘‘လက်ပံတောင်းတောင်မှာ လည်း လက်ရှိအချိန်မှာ ကျပ် တည်းနေတယ်။ ဒေသခံတွေ တအားနစ်နာတယ်။ ဟိုမှာလည်း ခဏခဏဆန္ဒပြကြတာပဲ။ အဓိ ကက စုံ/ကော်ရဲ့ အစီရင်ခံစာကို လုပ်ပေးဖို့လိုတာပါ။ ဒေါ်အောင် ဆန်းစုကြည်လည်း ဒါကိုသိစေ ချင်လို့ ဆန္ဒပြတာပါ’’ ဟု လက်ပံ တောင်းတောင်အရေးလှုပ်ရှားသူ ဒေါ်နော်အုံးလှက ပြောသည်။

တရုတ်သံရုံးရှေ့သို့ လာ ရောက်ဆန္ဒပြမှုကြောင့် ရန်ကုန် တိုင်းရဲတပ်ဖွဲ့က အင်အား ၁၀၀ ခန့်ဖြင့် တရုတ်သံရုံးကို လုံခြုံရေး ယူပေးခဲ့သည်။

More in News Section