အနုပညာရှင်တွေရဲ့ရင်သွေးငယ်တွေကို ပွဲထုတ်ရိုက်ကူးထားတဲ့ရုပ်ရှင်

အနုပညာရှင်များ၏ရင် သွေးများ အဓိကဇာတ်ဆောင်အ နေဖြင့် ပါဝင်ထားသည့် ‘ဆယ်လီ’ ရုပ်ရှင်ဇာတ်ကားကို သြဂုတ်အ တွင်း  ရုံတင်ပြတော့မည်ဖြစ် ကြောင်း  ယင်းဇာတ်ကားထုတ် လုပ်သူ ကိုပေါက်က ပြောသည်။ 

‘‘ဒီဇာတ်ကားမှာ အဓိက ပေးချင်တာက အဖြူအစိမ်းလေး တွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ အချိန် ကုန်နေကြတဲ့ အကြောင်းကို နည်းပညာဆိုတာ သုံးတတ်ရင် ကိုယ့် အတွက်ဆေးဖြစ်တယ်၊ မသုံး တတ်ရင် ဘေးအန္တရာယ်ဖြစ်တတ် တယ်ဆိုတာကို ပုံဖော်ထားတာ ပါ။ ဒီကားမှာ ကျွန်တော်က ဗီလိန် ဇာတ်ရုပ်နေရာကနေ အမိုက်ရိုင်း ဆုံး၊ အကောင်းဆုံးပို့ (သရုပ် ဆောင်ပေး)ပေးပါတယ်’’ဟု ၎င်း က ပြောသည်။ 

 ယင်းဇာတ်ကားတွင် လက် ရှိ ရုပ်ရှင်ဈေးကွက်၏နာမည်ကြီး သရုပ်ဆောင်များမပါဝင်ဘဲ ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ အရိုင်း၊ ဟိန်းမင်း၊ ဒိန်းဒေါင်၊ မျိုးမျိုးခိုင်၊ တင်ဇာဝင်းပြည့် စသော အနုပညာရှင်များ၏ သားသမီးများက အဓိကပါဝင်သရုပ်ဆောင်ထား ကြောင်း ၎င်းက ဆိုသည်။ 

အခြားသရုပ်ဆောင်များအ နေဖြင့် ရဲအောင်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ မိုးပြည့် ပြည့်မောင်၊ နန်းခင်ဇေယျာ၊ ခင် ဝင့်ဝါ၊ ယွန်းရွှေရည် စသည့်အနု ပညာရှင်များလည်း ပါဝင်ပြီး ယင်းသရုပ်ဆောင်များက ကလေးများ အတွက် ဇာတ်ပို့အနေဖြင့် ပါဝင် ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။ 

ယင်းဇာတ်ကားသည် ကို ပေါက်၏သော်ဝန်းကြာဖြူထုတ် လုပ်ရေးမှ ပထမဆုံးရိုက်ကူးထား သည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အ တွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထား သည်။ 

‘‘ဒါက လမ်းကြောင်းအသစ် စဖောက်တာဖြစ်တဲ့အတွက် အနု ပညာအတွက်ရော၊ စေတနာရော လက်ရှိဖြစ်နေတဲ့ အခြေအနေ လေးကို ချပြတယ်။ ကိုယ့်သား သမီးအရွယ်လေးတွေ၊ ကိုယ့်ညီမ ရွယ်လေးတွေ အချိန်မီဒုက္ခမ ရောက်အောင် ဒီဇာတ်ကားလေး ကို ကြည့်ရင်းနဲ့ မိဘတွေအနေနဲ့၊ အစ်ကိုတွေအနေနဲ့ ထိန်းကျောင်း ပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်’’ ဟု ကိုပေါက်က ပြောသည်။ 

ယင်းဇာတ်ကားကို သြဂုတ် အတွင်း ရုံပြိုင်အနေဖြင့် ပြသပေး မည်ဖြစ်ပြီး ရုံတင်ရက်အတိအကျ ကို မပြောနိုင်သေးကြောင်း ကို ပေါက်က ပြောသည်။ 

Top News