ဥက္ကဋ္ဌလုပ်ပိုင်ခွင့်ကို ဆွေးနွေးသည်ဆိုကာ ဆွေးနွေးချက် ပြန်လည်ရုပ်သိမ်းရန် လွှတ်တော်အမတ်ကို ဥက္ကဋ္ဌသတိပေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေးချက်သည် ရန်လိုသည့် သဘောဆောင်နေဟု ရခိုင်အမတ်ဝေဖန်
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တွေ့ရသည့် ဥက္ကဋ္ဌ ဦးဝင်းမြင့် (ဓာတ်ပုံ − စိုင်းဇော်)

 ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် ကိုယ်စားလှယ်တစ်ဦးက ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ရှိသည့် ကော်မတီဖွဲ့ စည်းခြင်းဆိုင်ရာ ကိစ္စရပ်ကို ဆွေး နွေးခဲ့၍ ယင်းဆွေးနွေးချက်ကိုပြန် လည်ရုပ်သိမ်းမှ ဆက်လက်ဆွေး နွေးခွင့်ပြုမည်ဟု ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်က သတိ ပေးပြောကြားသည်။


‘‘ဒီရင်းနှီးမြှုပ်နှံမှုနဲ့စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မ တီရဲ့ အစီရင်ခံစာပေါ်မှာ ဆွေး နွေးမှာလား၊ ဒါမှမဟုတ်လို့ရှိရင် ကော်မတီဖွဲ့စည်းတာကို ဆွေး နွေးမှာလား။ ကော်မတီဖွဲ့စည်း တာ ဥက္ကဋ္ဌအလုပ်၊ ဆွေးနွေးစရာ အကြောင်းမရှိဘူး’’ ဟု ဇူလိုင် ၁၃ရက်ကပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။

ဇူလိုင် ၁၃ ရက်ကကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် မအူပင်မဲဆန္ဒနယ်မှ  ကိုယ်စားလှယ်ဦးစိန်ဝင်းကပြည် သူ့လွှတ်တော်တွင် ရင်းနှီးမြှုပ်နှံမှု နှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ အစီရင်ခံစာအ ပေါ် ဆွေးနွေးရာတွင် လွှတ်တော် ကော်မတီများ၏ လုပ်ငန်းတာဝန် များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောဆိုမှုသည် ရန်လိုသည့်သ ဘောဆောင်နေကြောင်း ရခိုင် ပြည်နယ်မြေပုံ မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဖေသန်းကပြောသည်။

‘‘သူ့လုပ်ပိုင်ခွင့်ကို ပြော တယ်ဆိုလည်း သူမကြိုက်ရင် လည်း ညင်ညင်သာသာလေး ပြောရင် ကောင်းတာပေါ့။ ဦးစိန်ဝင်း ဆွေးနွေးအပြီးမှာ ဒါဟာ ဥက္ကဋ္ဌရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ ကော်မ တီရဲ့ အစီရင်ခံစာကိုပဲဝေဖန်ပါလို့ ညင်ညင်သာသာပြောလိုက်ရင် ပြီးတာပေါ့။ သူ့ရဲ့အပြုအမူကတော့ နည်းနည်းရန်လိုတဲ့ သဘောပေါ့ နော်’’ ဟု ဦးဖေသန်းက ပြောကြား သည်။

ဦးစိန်ဝင်းက ကော်မတီ၏ တာဝန်များသည် အစိုးရတာဝန် နှင့် လိုက်လျောညီထွေရန် လိုအပ် ကြောင်း၊ အစိုးရဌာနလေးခုရှိ၍ အမြဲကော်မတီ လေးခုအပြင်အ စိုးရဌာနအလိုက် ၂၂ ခုဖြင့်ဖွဲ့ စည်းသင့်ပြီး ယင်းသို့ ဖွဲ့စည်းပါ က အစိုးရဌာနတစ်ခုချင်းစီ၏ မူဝါဒ လုပ်ငန်းစဉ် ဘတ်ဂျက်များကို ကော်မရှင်တစ်ခုချင်းစီက ပိုင်ပိုင် နိုင်နိုင်တာဝန်ယူ၊ တာဝန်ခံဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း လွှတ် တော်တွင် ဆွေးနွေးပြောကြားခဲ့ သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အနေဖြင့် ဦးစိန်ဝင်း စ တင်ဆွေးနွေးခဲ့သည့် ကော်မတီ အကြောင်းအရာ ကိစ္စများကို ပြန် လည်ရုပ်သိမ်းရန် ပြောကြားခဲ့ သည်။

‘‘အရှေ့ပိုင်းကပြန်ရုပ်၊ အခု ဖြုတ်သိမ်း၊ မဆိုင်တာ လာမဆွေး နွေးနဲ့၊ ကော်မတီ ဖွဲ့စည်းတာ ဘယ်နှခုဖွဲ့မလဲ၊ ဘယ်လောက်ဖွဲ့ မလဲ၊ ဥက္ကဋ္ဌအလုပ် ရင်းနှီးမြှုပ်နှံမှု နဲ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက် ရေးကော်မတီရဲ့အစီရင်ခံစာပေါ် မှာ ဆွေးနွေးဖို့တင်ထားတာ။ အဲဒီ အတိုင်းပဲဆွေးနွေး၊ ပထမပိုင်း ဆွေးနွေးတာကို အခုချက်ချင်း ရုပ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောကြားခဲ့သည်။

ထို့ကြောင့်ဦးစိန်ဝင်းက ၎င်း ပြောဆိုခဲ့သည်များကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ပျဉ်းမနားဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသန်းစိုးအောင်က ‘‘လုပ် ထုံးလုပ်နည်းနဲ့ နည်းဥပဒေအ တိုင်း ကိုယ်စားလှယ်တွေ လိုက်နာ အောင်  ကော်မတီဖွဲ့စည်းပုံပြော တော့ တကယ်ဆွေးနွေးရမှာကအ စီရင်ခံစာကို။ အဲဒါကြောင့်လမ်း ကြောင်းလွှဲပြီး ဥက္ကဋ္ဌကြီးကတည့် မတ်ပေးတာပါ။ ကျွန်တော်အ ကောင်းမြင်တာလည်း မဟုတ် ဘူး။ အဆိုးမြင်တာလည်း မဟုတ် ဘူး’’ဟု မှတ်ချက်ပြုသည်။

Top News