ပုံမှန်ပွဲထွက်ခွင့်ရရေး ဝီလ်ရှိုင်းယား တိုက်ပွဲဝင်ရမည်ဟု အာစင်ဝင်းဂါးသတိပေး

လာမည့်ဘောလုံးရာသီ တွင် အာဆင်နယ်၌ ဂျက်ဝီလ်ရှိုင်း ယားဆက်ရှိနေမည်ဟု နည်းပြ အာစင်ဝင်းဂါးက ပြောကြားသော် လည်း ၎င်းအနေဖြင့် အသင်းပွဲ ထွက် လူစာရင်းတွင် နေရာရရှိ ရန်တိုက်ပွဲဝင်ရမည်ဟု ပြောသည်။


အေစီမီလန်နှင့် ဆမ်ဒိုရီး ယားသို့ ပြောင်းရွှေ့ရန် ဆက် သွယ်မှုများရှိနေသူ အင်္ဂလန်လက်ရွေးစင် ဝီလ်ရှိုင်းယား (၂၅)နှစ် သည် ပြီးခဲ့သည့်ဘောလုံးရာသီ က ဘုန်းမောက်သို့ အငှားဖြင့် သွားရောက်ကစားခဲ့ရသည်။

ပြီးခဲ့သည့်ဧပြီက တော့တင် ဟမ်ဟော့စပါးကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ခြေထောက် မကျိုးမီ ဝီလ်ရှိုင်းယားသည် နည်းပြအက်ဒီဟိုဝီ၏ လက် အောက်၌ ပရီးမီးယားလိဂ် ၂၇ ပွဲကစားခဲ့သည်။

၎င်း၏ ကြံ့ခိုင်မှုအပေါ် စိုး ရိမ်ပူပန်မှုများနှင့် ပြည်ပကလပ် များက စိတ်ဝင်စားမှုကြောင့် ဝီလ် ရှိုင်းယား၏ အနာဂတ်နှင့် ပတ်သ က်၍ မေးခွန်းများ ဖြစ်ပေါ်စေခဲ့ ပြီး လက်ရှိစာချုပ်သက်တမ်း တစ် နှစ်သာကျန်ရှိတော့သည်။

ဝီလ်ရှိုင်းယား၏ အပြောင်း အရွှေ့ကို အာစင်ဝင်းဂါးက ပယ် ချခဲ့သော်လည်း ၎င်းအနေဖြင့် ပထမပွဲထွက်လူစာရင်းတွင် ပြန် လည်ပါဝင်ခွင့်ရရှိရေး တိုက်ပွဲ ဝင်ရလိမ့်မည်ဟု သတိပေးသည်။

‘‘ဝီလ်ရှိုင်းယားက နောက် နှစ်ရာသီမှာ အာဆင်နယ်နဲ့အတူ ရှိနေမယ်လို့ ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အလွန်တိကျတဲ့ အ ဖြေကို ပေးပါမယ်။ အဲဒါက ဘာ လဲဆိုတော့ ဝီလ်ရှိုင်းယားအနေနဲ့ အသင်းမှာ နေရာတစ်နေရာအ တွက် တိုက်ပွဲဝင်ရမှာဖြစ်ပြီး အ ပြင်းအထန်အလုပ်ကြိုးစားရမှာ ဖြစ်ပါတယ်’’ဟု အာစင်ဝင်းဂါးက ပြောကြားသည်။   —Ref:Goal

Top News