မြန်မာ လိဂ်-၂ ပြိုင်ပွဲတွင် စီးတီးရန်ကုန်အသင်း ရှုံးပွဲမရှိ စံချိန်ဖြင့် ဗိုလ်စွဲ

၂၀၁၇ မြန်မာလိဂ်-၂ ချန်ပီယံ စီးတီးရန်ကုန်အသင်း ဆုဖလားနှင့်အတူ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − ရွှေဘုတ်)

 ၂၀၁၇ မြန်မာနေရှင် လိဂ်-၂ ပြိုင်ပွဲနောက်ဆုံးပွဲစဉ်များ အပြီးတွင် စီးတီးရန်ကုန်အသင်း က ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်စွဲခဲ့သည်။

ဇူလိုင် ၁၆ ရက်က အောင် ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် လိဂ် -၂ နောက်ဆုံးပွဲစဉ်တွင် စီးတီး ရန်ကုန်အသင်းသည် ဒုတိယနေ ရာမှ မဟာအသင်းနှင့် အကြိတ် အနယ်ယှဉ်ပြိုင်ကစားပြီး တစ် ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ၂၀၁၇ မြန်မာ လိဂ်-၂ ပြိုင်ပွဲတွင် စီးတီးရန်ကုန်အသင်း သည် ၁၆ ပွဲနိုင်၊ သုံးပွဲသရေ၊ ရှုံး ပွဲမရှိဘဲ ရမှတ် ၅၁ မှတ်ဖြင့် ချန်ပီ ယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


မဟာယူနိုက်တက်အသင်း က ရမှတ် ၄၃ မှတ်ဖြင့် ဒုတိယနေ ရာ၌ ရပ်တည်ခဲ့ပြီး ချန်ပီယံစီးတီး ရန်ကုန်အသင်းနှင့်အတူ မြန်မာ လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့် ရရှိခဲ့သည်။ ယခုနှစ် မြန်မာလိဂ် -၂ ပြိုင်ပွဲအပြီးတွင် ချန်ပီယံစီးတီးရန်ကုန်အသင်း၏ ယူဂန်ဒါတိုက် စစ်မှူး ဂျိုးဇက်က သွင်းဂိုး ၃၁ ဂိုး ဖြင့် ဂိုးအများဆုံးသွင်းယူခဲ့သည်။

‘‘ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆု ရတဲ့အတွက် အရမ်းဂုဏ်ယူပါ တယ်။ တာဝန်လည်း ပိုကြီးပါ တယ်။ အားလုံးကြိုးစားမှုကြောင့် ရခဲ့တာပါ။ လာမယ့်နှစ်မှာ အရင် နှစ်ကလို တန်းတက်ပြီး ချက်ချင်း တန်းပြန်ဆင်းရတာမျိုး မဖြစ် အောင် သေချာပြင်ဆင်သွားမှာ ပါ’’ဟု စီးတီးရန်ကုန်အသင်း မန် နေဂျာ ဦးကျော်ကျော်ဦးက ပြော သည်။

၂၀၁၇ မြန်မာနေရှင်နယ် လိဂ်-၂ ရာသီပိတ်ပွဲစဉ်များအပြီး တွင် ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ကာ ချန်ပီယံစီးတီးရန်ကုန်အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၃၀၀၊ ဒုတိယရရှိသည့် မဟာယူနိုက်တက်အသင်းအား ကျပ်သိန်း ၁၅၀ နှင့် တတိယရရှိသည့် မြဝတီအသင်းအား ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။ စီးတီးရန်ကုန်နှင့် မဟာယူနိုက်တက် အသင်းတို့ သည် လာမည့် ၂၀၁၈ ရာသီတွင် မြန်မာလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိမည်ဖြစ်ပြီး လိဂ်-၁ ပြိုင်ပွဲမှ အမှတ်ပေးဇယားအောက်ဆုံးနှစ်သင်းက လိဂ်-၂ သို့ တန်း ဆင်းရမည်ဖြစ်သည်။

Top News